အင်ဒိုနီးရှားနိုင်ငံ၌ အင်အား ၆ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့
ဂျကာတာ၊ဧပြီ ၂၂
အင်ဒိုနီးရှားနိုင်ငံ၏ ဆူလာဝေစီပြည်နယ်မြောက်ပိုင်း၌ အင်အား ၆ ဒသမ ၆ အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း နိုင်ငံ၏မိုးလေဝသ၊ရာသီဥတုနှင့်ဘူမိရူပအေဂျင်စီကပြောကြားခဲ့သည်။
အဆိုပါငလျင်သည် ဂျကာတာစံတော်ချိန် ညနေ ၅ နာရီ ၁၇ မိနစ်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်သည် Kepulang Talad Regency ၏အရှေ့တောင်ဘက် ၆၇ ကီလိုမီတာအကွာ ပင်လယ်ကြမ်းပြင်အောက်အနက် ၁၀၇ ကီလိုမီတာအကွာကိုဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ငလျင်အင်အား ၆ ဒသမ ၆ အဆင့်ရှိသော်လည်း ဆူနာမီအန္တရာယ်သတိေပးချက်ကို မထုတ်ပြန်ခဲ့ကြောင်းလည်း အေဂျင်စီက ဆက်လက်ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် ငလျင်လှုပ်ခတ်မှုပြင်းထန်သည့် ပစိဖိတ်မီးကွင်းပေါ်တွင်တည်ရှိနေသဖြင့် မကြာခဏဆိုသလို ငလျင်လှုပ်ခတ်များရှိခဲ့ပြီး မီးတောင်ရှင်ပေါင်းလည်း ၁၂၇ ခုရှိသည်ဟုဆိုသည်။
Source : ရှင်းဟွာ
Crd Popular