Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Myanmar National Post avatar

Myanmar National Post

Рэйтынг TGlist
0
0
ТыпПублічны
Вертыфікацыя
Не вертыфікаваны
Надзейнасць
Не надзейны
РазмяшчэннеРосія
МоваІншая
Дата стварэння каналаFeb 04, 2021
Дадана ў TGlist
Aug 22, 2024
Прыкрепленая група

Апошнія публікацыі ў групе "Myanmar National Post"

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက် သောက်သုံးရေကန်ပြန်လည်တူးဖော်

ရန်ကုန်၊ ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက် သောက်သုံးရေကန်ကြီးအားမြေဖို့ထားသည်ကို ပြန်လည်တူးဖော်လျက်ရှိကြောင်း သိရသည်။
ယနေ့ ပြန်လည်တူးဖော်နေသည့် အခြေအနေ တွေ့ရှိချက်ကို ရန်ကုန်မြို့မှ ဆက်သွယ်သတင်းပေးပို့ထားသည်။
သောက်သုံးရေကန်ကြီးအား မြေဖို့နေခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ဖြေကြားရာတွင် "ဒေါ်စန်းစန်းနွယ်အားခွင့်ပြုချက်မဲ့ မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်သည့်အတွက် ၁၉.၃.၂၅ ရက် နေ့တွင် ရပ်ဆိုင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားစာပေးခဲ့ပါသည်။ မြေဖို့ခြင်းလုပ်ငန်းဆက်လက်ဆောင်ရွက်နေသည့်အတွက် ၂၁.၃.၂၅ ရက်နေ့တွင် ထပ်မံ၍ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားစာပေးခဲ့ပါသည်။ သို့ရာတွင် လုပ်ငန်းဆောင်ရွက်နေသည့်အတွက် ၂၄.၃.၂၅ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေ ပုဒ်မ ၃၁၂(ဃ) အရ ဒေါ်စန်းစန်းနွယ်အား မြို့နယ်တရားရုံး (စည်ပင်သာယာ) အမှတ် (၂) လသာမြို့နယ် မှ ဒဏ်ကြေးငွေကျပ် (၃)သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်နေကြောင်းတွေ့ရှိရသဖြင့် ဂရန်ပယ်ဖျက် ခဲ့ပြီး ဖြစ်ပါသည်။" ဟု ဖြေကြားထားသည်။

https://t.me/MyanmarNationalPost
အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၃၇)ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်

ကမ္ဘောဒီးယား၊ ဧပြီ ၂၃
အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ပြုလုပ်ခဲ့သည့် (၃၇) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးကို အာဆီယံ-ကမ္ဘောဒီးယားအဆင့်မြင့် အရာရှိကြီး H.E. KUNG PHOAK နှင့် အမေရိကန် အာဆီယံဆိုင်ရာအဆင့်မြင့် အရာရှိကြီး H.E. SEAN O’Neill တို့က ပူးတွဲသဘာပတိများအဖြစ် ကြီးမှူးကျင်းပခဲ့သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့်ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာအသိုက်အဝန်း ဒုတိယအတွင်းရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများအပြင် တီမောလက်စ်တေကိုယ်စားလှယ်က လေ့လာသူအဖြစ်ပါဝင်တက်ရောက်ခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/04/blog-post_130.html
မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး Thai-Myanmar Cultural and Economic Cooperation Association အဖွဲ့ကို လက်ခံတွေ့ဆုံ

ဗန်ကောက်၊ ဧပြီ ၂၃
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် Thai-Myanmar Cultural and Economic Cooperation Association အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး (ငြိမ်း) Vichit Yathip နှင့် ကိုယ်စားလှယ်အဖွဲ့ကို ၂၂-၄-၂၀၂၅ ရက်၊ နံနက် ၁၀ ၃၀ နာရီအချိန်တွင် မြန်မာသံရုံး၊ ဗန်ကောက် မြို့၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။

https://t.me/MyanmarNationalPost
ပေါင်မြို့နယ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

ပေါင်၊ ဧပြီလ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယမန်နေ့က ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/04/blog-post_122.html
Пераслаў з:
Myanmar National Post avatar
Myanmar National Post
ညစ်ပတ်သူတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ နေရတာ ကံဆိုးတယ်ဆိုတဲ့ ဆရာ ဦးဌေး

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် နှင့် ပတ်သက်၍ ပညာရေးနယ်ပယ်မှ ဆရာ ဦးဌေး အား ဆက်သွယ်မေးမြန်းထားပါတယ်။
ဆရာဦးဌေး က "ပညာရေးကို အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားရှာတဲ့ စနစ်ဖန်တီးလိုက်ပြီ၊ အဲဒီလိုဖန်တီးတာ စစ်အစိုးရမဟုတ်ဘူး။ ပညာရှင်ဆိုတဲ့ လူတွေက လူယုတ်မာတွေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမိုင်းရိုင်းသွားလိမ့်မယ်၊ ပညာရေးဌာနက လူတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တမင်မုန်းအောင် လုပ်နေတာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နာမည်ပျက်အောင် လုပ်နေတာ၊ ပညာရေးနဲ့ ခေါင်းပုံဖြတ်တဲ့ လူတန်းစားတစ်စုဟာ စစ်အစိုးရမဟုတ်ဘူး၊ ခေတ်အဆက်ဆက် ပညာရှင်တွေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဒေါက်တာခင်မောင်ညို၊ ဆရာကြီးတိုးလှ တို့နဲ့ တိုင်ပင်ပြီး ပညာရေးစနစ်ကို ပြင်ပါ၊ ပြန်ဖြေရမယ်ဆိုတဲ့ အမိန့်ကို ပယ်ဖျက်ပါ" လို့ ဆွေးနွေးပြောဆိုထားပါတယ်။

https://t.me/MyanmarNationalPost
အီစတာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ရုရှား - ယူကရိန်း အပြန်အလှန် စွပ်စွဲ

ဧပြီ - ၂၂ ( အင်္ဂါနေ့ )
တနင်္လာနေ့ အီစတာပွဲတော်နေ့အတွက် နာရီ ၃၀ ကြာ အပစ်ရပ်ရေးအတွက် ရုရှား ဘက်က တစ်ဖက်သတ် ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ အဲ့ဒိကြေညာချက်ကို ယူကရိန်းဘက်က အကြိမ်ရေ ၄၉၀၀ ချိုဖောက်ခဲ့တယ်လို့ ရုရှားဘက်က စွပ်စွဲခဲ့သလို ယူကရိန်းဘက်ကလည်း ရုရှားတွေက အကြိမ်ရေ ၃၀၀၀ ချိုးဖောက်ခဲ့တယ်လို့ ပြန်လည် စွပ်စွဲခဲ့ပါတယ်။ အခုတော့ ၂ ဘက်စစ်တပ်တွေ တိုက်ခိုက်မှု ပြန်လုပ်နေပါပြီ။
အပစ်ရပ်ကြေညာချက် သက်တမ်းကုန်သွားပြီဖြစ်လို့ ရုရှားစစ်တပ်တွေက ယူကရိန်းနိုင်ငံထဲကို ဝင်ပြီး စစ်ဆင်ရေးတွေ ပြန်လုပ်နေပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ကျနော်တို့ကတော့ မှန်လိုပဲ သူတို့ တစ်ခုလုပ်ရင် ကျနော်တို့ ပြန်လုပ်မှာပဲ။ ကျနော်တို့က ရုရှားတွေရဲ့ ကျူးကျော်မှုကို ခုခံနေတာပါ။ တိတ်တိတ်လေး လုပ်မှာ လို့ ပြောသွားပါတယ်။

REF: RT
https://t.me/MyanmarNationalPost
ပြည်ထဲရေးဝန်ကြီးရဲ့ ပိုက်ဆံအိတ် စားသောက်ဆိုင်မှာ အခိုးခံလိုက်ရ

ဧပြီ - ၂၂ ( အင်္ဂါနေ့ )
အမေရိကန်နိုင်ငံပြည်ထဲရေး ဝန်ကြီး ခရစ္စတီနိုအမ် ရဲ့ လက်ကိုင်အိတ် ကို မြို့တော် ဝါရှင်တန်ဒီစီက စားသောက်ဆိုင် တစ်ဆိုင်မှာ သူခိုးတစ်ယောက်က ခိုးယူသွားတယ်လို့ သိရပါတယ်။ အခိုးခံလိုက်ရတဲ့ အဲ့ဒိအိတ်ထဲမှာ ဝန်ကြီးရဲ့ ယာဉ်မောင်းလိုင်စင်၊ ဒေါ်လာ ၃သောင်း ( ငွေသား )၊ ပတ်စ်ပို့ နဲ့ အခန်းသော့၊ ပြည်ထဲရေးဝန်ကြီးဌာန တံဆိပ် နဲ့ ချက်စ်စာအုပ် ( အလွတ်) တွေ ပါပါတယ်။ စီစီတီဗီ မှတ်တမ်းအရ မျက်နှာမှာ မက်စ်တပ်ထားတဲ့ လူတစ်ယောက်က သူမရဲ့ အိတ်ကို ခိုးယူသွားတယ်လို့ ဖော်ပြထားပါတယ်။

REF: India express
https://t.me/MyanmarNationalPost
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ရခြင်း အကြောင်းအရင်းကို ဗာတီကန်က ထုတ်ဖော်

ဧပြီ - ၂၂ ( အင်္ဂါနေ့ )
အီစတာ တနင်္လာနေ့တွင် ကွယ်လွန်သွားသည့် အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် လေဖြတ်ပြီးနောက် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း ဗာတီကန်က အတည်ပြုပြီး ပုပ်ရဟန်းမင်းကြီး ၏ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို အကြမ်းဖျင်းဖော်ပြခဲ့သည်။
ဖရန့်စစ် သည် ဧပြီလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်၌ ဗာတီကန်စီတီး၊ ကာဆာဆန်တာမာတာ ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားကြောင်း ဟိုးလီးဆီး မှ ကြေညာခဲ့သည်။ သေဆုံးရခြင်း၏ တရားဝင် အကြောင်းရင်းကို “လေဖြတ်ခြင်း၊ နောက်မှ မေ့မြောခြင်းနှင့် နောက်ပြန်မဆုတ်နိုင်သော နှလုံးသွေးကြောများ ပြိုကျခြင်း” ဟု စာရင်းသွင်းထားကြောင်း ဗာတီကန်စီးတီးပြည်နယ် ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ညွှန်ကြားရေးမှူး ဒေါက်တာ အန်ဒရီယာ အာကန်ဂီလီ မှ ပြောကြားခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/04/blog-post_186.html
ငလျင်ဒဏ်ခံစားရသူများအတွက် လှူဒါန်းငွေများကို မြန်မာကောင်စစ်ဝန်ချုပ်ရုံးက လက်ခံရရှိခြင်း

ဟောင်ကောင်၊ ဧပြီ ၂၂
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်အတွင်း ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကောင်စစ်ဝန်ချုပ်ရုံးက ငလျင် ဒဏ်သင့်သူများအတွက် လှူဒါန်းငွေ ဟောင်ကောင်ဒေါ်လာ ၂,၁၄၂,၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၁,၃၈၉ ကို လက်ခံရရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost
ညစ်ပတ်သူတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ နေရတာ ကံဆိုးတယ်ဆိုတဲ့ ဆရာ ဦးဌေး

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် နှင့် ပတ်သက်၍ ပညာရေးနယ်ပယ်မှ ဆရာ ဦးဌေး အား ဆက်သွယ်မေးမြန်းထားပါတယ်။
ဆရာဦးဌေး က "ပညာရေးကို အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားရှာတဲ့ စနစ်ဖန်တီးလိုက်ပြီ၊ အဲဒီလိုဖန်တီးတာ စစ်အစိုးရမဟုတ်ဘူး။ ပညာရှင်ဆိုတဲ့ လူတွေက လူယုတ်မာတွေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမိုင်းရိုင်းသွားလိမ့်မယ်၊ ပညာရေးဌာနက လူတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တမင်မုန်းအောင် လုပ်နေတာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နာမည်ပျက်အောင် လုပ်နေတာ၊ ပညာရေးနဲ့ ခေါင်းပုံဖြတ်တဲ့ လူတန်းစားတစ်စုဟာ စစ်အစိုးရမဟုတ်ဘူး၊ ခေတ်အဆက်ဆက် ပညာရှင်တွေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဒေါက်တာခင်မောင်ညို၊ ဆရာကြီးတိုးလှ တို့နဲ့ တိုင်ပင်ပြီး ပညာရေးစနစ်ကို ပြင်ပါ၊ ပြန်ဖြေရမယ်ဆိုတဲ့ အမိန့်ကို ပယ်ဖျက်ပါ" လို့ ဆွေးနွေးပြောဆိုထားပါတယ်။

https://t.me/MyanmarNationalPost
ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားသည့် အောင်ကိုမိုးအား ဖမ်းဆီးထားပြီဟုဆို

နေပြည်တော်၊ ဧပြီ ၂၂
အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားသည့် ဝတ်စားဆင်ယင်မှု ပြုလုပ်ခဲ့သည့် အောင်ကိုမိုးအား တရားစွဲဆိုထားရာ ယနေ့ (၂၂-၄-၂၀၂၅) ရက်နေ့ ရုံးချိန်းတွင် အောင်ကိုမိုးအား ရဲတပ်ဖွဲ့မှ ရုံးတင်လာကြောင်း တရားလိုထံမှ သိရသည်။
လေးချိန်းမြောက် ရုံးချိန်းတွင် အောင်ကိုမိုးအား ဖမ်းဆီးထားသည်ကို တွေ့ရသည့် အခြေအနေနှင့် ပတ်သက်၍ တရားလို က "ဒီနေ့ ရုံးချိန်းက (၄)ချိန်းမြောက်ပေါ့။ ဒီနေ့ အောင်ကိုမိုး ကို ဖမ်းဆီးထားပြီ၊ ရုံးထုတ်လာတယ်။ သူ့ဘက်ကက အကျိုးဆောင်ရှေ့နေက ပါဝါတင်တယ်။ နောက်ထပ်ရုံးချိန်း ထပ်ချိန်းတယ်။ တရားရုံးလုပ်ငန်းစဉ်အရ တရားသူကြီးနဲ့ နှစ်ဖက်ရှေ့နေတွေ အစည်းအဝေးထိုင်ရမှာပေါ့။ အကို့ဘက်က ရှေ့နေက ဒီနေ့ တခါတည်း အစည်းအဝေးထိုင်လိုက်ဖို့ ပြောပေမယ့် အောင်ကိုမိုး ရဲ့ ရှေ့နေက အခုမှ ပါဝါတင်တာဆိုတော့ အမှုတွဲကူးအုံးမှာနဲ့ နောက်တစ်ပတ်မှ ထိုင်ဖို့ ပြောတယ်။ နောက်တစ်ပတ်ရုံးချိန်မှာတော့ အမှုကို ဘယ်လိုဆက်လက်စစ်ဆေးမယ်ဆိုတာ ထွက်လာပေါ့။" ဟု ပြောသည်။
၂၉-၄-၂၀၂၅ ရက်နေ့ကို ထပ်မံချိန်းဆိုထားပြီး ယနေ့ရုံးချိန်းတွင် ရှမ်းပြည်နယ်မှ ဆရာတော်များ၊ နေပြည်တော်မှ လိုပြသက်သေတွင် ပါဝင်သည့် ဆရာတော်များ ဝန်းရံလိုက်ပါခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ MICC-2 တွင် ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် အောင်ကိုမိုး ဆိုသူက ဗုဒ္ဓမြတ်စွာဘုရားကို ခေါင်းဖြတ် တုတ်ထိုးလာခြင်းဖြစ်ကြောင်း၊ ဝတ်စားဆင်ယင်ပုံမှာလည်း သံဃာတော်များကဲ့သို့ ဝတ်ဆင်လာခြင်း ဖြစ်ကြောင်း လိုပြသက်သေတွင် ပါဝင်သည့် ဆရာတော် ဦးပညာက သုံးသပ်ပြောဆိုထားသည်။

https://t.me/MyanmarNationalPost
ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားသည့် အောင်ကိုမိုးအား ဖမ်းဆီးထားပြီဟုဆို
မန္တလေးမြို့သို့ ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ဖူးမြော်

ချမ်းအေးသာစံ ဧပြီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဖုန်းဒေသတွင် သီတင်းသုံးတော်မူသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရမိုင်းဖုန်းဆရာတော်ကြီးအား ဧပြီလ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ်ရှိ ခေတ္တသီတင်းသုံးသည့်နေရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေများ ကပ်လှူခဲ့သည်။
ဖတ်ရူရန် >>>>>.
https://www.mmnationalpost.com/2025/04/blog-post_196.html
မန္တလေးငလျင်ဒဏ်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လာရောက်လှူဒါန်း

ချမ်းအေးသာစံ ဧပြီ ၂၂

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပြည်တွင်း ၊ ပြည်ပ စေတနာရှင်ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။ဖတ်ရူရန်>>>>>
https://www.mmnationalpost.com/2025/04/blog-post_323.html
ပညာရေးဝန်ကြီးဌာန က မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် ကြေညာ

နေပြည်တော်၊ ဧပြီ ၂၂
ပညာရေးဝန်ကြီးဌာန က မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် ကြေညာထားသည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ တို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ်၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းကို ၂၉-၃-၂၀၂၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း။ အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ၁၆-၆-၂၀၂၅ ရက်နေ့မှ ၂၁-၆-၂၀၂၅ ရက်နေ့အထိ ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် "စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂) ရွှေဘို၊ အထက(၁)ရေဦး၊ အထက(ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်) နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် ပြန်လည် ဖြေဆိုရန် မလိုပါ။" ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ က အကြံပြုချက် ထုတ်ပြန်ထားရာတွင် "၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့်ငလျင်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မလွန်ဆန်နိုင်သောဖြစ်ရပ်(Force Majeure)ဖြစ်ပါကြောင်း၊ ဤကဲ့သို့သော အခြေအနေတွင် Grade-12 စာမေးပွဲပြန်လည်ကျင်းပမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အထူးသဖြင့် ငလျင်ဘေးဒဏ်ခံစားနေရသောဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်ခံစား နေရသော ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး မလိုလားအပ် သည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အပြင် တိုက်ပွဲဒဏ်သင့်ဒေသများမှ ကျောင်းသား/သူများအတွက် ပို၍ပင် ဒုက္ခဖြစ်စေနိုင်ပါကြောင်း ထောက်ပြ ပြောဆိုထားသည်။

https://t.me/MyanmarNationalPost

Рэкорды

27.12.202423:59
34.3KПадпісчыкаў
02.02.202503:55
1275Індэкс цытавання
26.12.202423:59
4.1KАхоп 1 паста
26.12.202423:59
4.1KАхоп рэкламнага паста
02.02.202507:45
31.25%ER
26.12.202423:59
11.84%ERR

Развіццё

Падпісчыкаў
Індэкс цытавання
Ахоп 1 паста
Ахоп рэкламнага паста
ER
ERR
OCT '24JAN '25APR '25

Папулярныя публікацыі Myanmar National Post

Пераслаў з:
Myanmar National Post avatar
Myanmar National Post
22.04.202510:57
ညစ်ပတ်သူတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ နေရတာ ကံဆိုးတယ်ဆိုတဲ့ ဆရာ ဦးဌေး

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် နှင့် ပတ်သက်၍ ပညာရေးနယ်ပယ်မှ ဆရာ ဦးဌေး အား ဆက်သွယ်မေးမြန်းထားပါတယ်။
ဆရာဦးဌေး က "ပညာရေးကို အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားရှာတဲ့ စနစ်ဖန်တီးလိုက်ပြီ၊ အဲဒီလိုဖန်တီးတာ စစ်အစိုးရမဟုတ်ဘူး။ ပညာရှင်ဆိုတဲ့ လူတွေက လူယုတ်မာတွေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမိုင်းရိုင်းသွားလိမ့်မယ်၊ ပညာရေးဌာနက လူတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တမင်မုန်းအောင် လုပ်နေတာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နာမည်ပျက်အောင် လုပ်နေတာ၊ ပညာရေးနဲ့ ခေါင်းပုံဖြတ်တဲ့ လူတန်းစားတစ်စုဟာ စစ်အစိုးရမဟုတ်ဘူး၊ ခေတ်အဆက်ဆက် ပညာရှင်တွေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဒေါက်တာခင်မောင်ညို၊ ဆရာကြီးတိုးလှ တို့နဲ့ တိုင်ပင်ပြီး ပညာရေးစနစ်ကို ပြင်ပါ၊ ပြန်ဖြေရမယ်ဆိုတဲ့ အမိန့်ကို ပယ်ဖျက်ပါ" လို့ ဆွေးနွေးပြောဆိုထားပါတယ်။

https://t.me/MyanmarNationalPost
25.03.202505:25
မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် မဲစနစ်ဖြင့် ပွင့်လင်းမြင်သာ ဆောင်ရွက်

မန္တလေးမြို့၊ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက် ၁၉ ခုအတွင်း အပတ်စဉ် (၁၂)အတွက် စစ်မှုထမ်းရွေးချယ်ရေးကို မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အချို့သော ဒေသများတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ ငွေကြေးပြဿနာများ ဖြစ်ပေါ်ခဲ့သည်။

https://t.me/MyanmarNationalPost
ငလျင်ဒဏ်ကြောင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီးဆုံးရှုံးပြီး သံဃာတော်များ အဆင်ပြေသလို စုပေါင်းနေထိုင်ကြရပုံ မြင်ကွင်း

#MyanmarEartquake
https://t.me/MyanmarNationalPost
09.04.202514:17
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ညွှန်ကြားချက်ဖြင့် အကူအညီများ ထပ်မံပေးအပ်

ရန်ကုန်၊ ဧပြီ ၉
ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထပ်မံပေးအပ်ခြင်းဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ရုရှားဖက်ဒရေးရှင်းသမ္မတ ဗလာဒီမာပူတင်၏ ညွှန်ကြားချက်နှင့် ရုရှားအရေးပေါ်ဝန်ကြီးဌာန အကြီးအကဲ Alexander Kurenkov ၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အရေးပေါ်ဌာန၏ Il-76 လေယာဉ်နှစ်စင်းသည် စုစုပေါင်းအလေးချိန် ၅၉ တန်ကျော်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်ပစ္စည်းများကို ပို့ဆောင်ပေးခဲ့ကြောင်း၊ ရုရှားကယ်ဆယ်ရေးသမားများသည် ရွေ့လျားဓာတ်အားပေးစက်ရုံများ၊ ရွက်ဖျင်တဲများနှင့် စောင်များအပြင် မရှိမဖြစ်လိုအပ်သောပစ္စည်းများကို ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရသော ဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost
18.04.202516:43
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဧပြီ ၁၈
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွာထောင်ရွပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပါရမီရပ်ကွက်ရှိငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်း၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦး ပညာရှင်စေတီ၊ ဥမင်ကိုးဆယ်စေတီ၊ သီတဂူကျောင်းတိုက်နှင့် ထွဋ်ခေါင်ရပ်ကွက်ရှိရတနာထွဋ်ခေါင်စေတီများ၌ -
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/04/blog-post_220.html
အမေရိကန်ဘဏ်တွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁ဘီလီယံကို မြန်မာနိုင်ငံအား ပြန်လည်ပေးအပ်စေလိုပါသည်။
ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီများ လိုအပ်နေပါတယ်။ အမေရိကန်ဘဏ်တွင် မြန်မာနိုင်ငံမှ အပ်နှံထားသော ဒေါ်လာ ၁ဘီလီယံကို ဘိုင်ဒင်အစိုးရက ထုတ်မပေးဘဲ ထိန်းချုပ်ထားခဲ့သည်။
သမ္မတ ထရမ့်အနေဖြင့် မြန်မာပြည်သူများကို ကူညီသောအားဖြင့် မြန်မာနိုင်ငံသားများ၏ ပိုက်ဆံကို ပြန်လည်လွှဲပြောင်းပေးအပ်စေလိုပါသည်။

We want the US$1 billion deposited by Myanmar in a US bank to be returned to Myanmar.
The earthquake-stricken Myanmar needs help to return $1 billion deposited in US banks by Myanmar to the US. The Biden administration has withheld $1 billion from Myanmar.
We want President Trump to help the people of Myanmar by returning the money of the people of Myanmar.

#Myanmar #Help
https://t.me/MyanmarNationalPost
Пераслаў з:
Myanmar National Post avatar
Myanmar National Post
20.04.202516:27
သတင်းစကား (၂၀-၄-၂၀၂၅)

မန္တလေးနှင့် စစ်ကိုင်း ငလျင်ဘေး ပြန်လည်ထူထောင်ရေး ရန်ပုံငွေပေးအပ်၊
ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်လှုပ်ရှားကျေးရွာများ၊
ငါ့သရောက်မြို့နယ်၊ မြေနဲကြီးရွာသား ၃ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်၊
KNU အကြမ်းဖက်အဖွဲ့၏ အလိမ်အညာ ထုတ်ပြန်ချက်

https://t.me/MyanmarNationalPost
04.04.202503:32
မြန်မာ - နီပေါ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

နေပြည်တော်၊ ဧပြီ ၄
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli နှင့် ယမန်နေ့က ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာ နီပေါနိုင်ငံဝန်ကြီးချုပ်က မကြာခင်က မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မိမိနှင့်အတူ နီပေါပြည်သူများ က မြန်မာပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ဆေးကုသရေးအဖွဲ့များအပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ် ထားပြီးဖြစ်ပါကြောင်း၊
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/04/blog-post_98.html
02.04.202509:53
မန္တလေး မဟာမြတ်မုနိဘုရားကြီး ပျက်စီးဆုံးရှုံးခဲ့သည့် စောင်းတန်းများ သာသနိကအဆောက်အဦးများအား တပ်မတော်သားများမှ ရှင်းလင်းဆောင်ရွက်

#MyanmarEartquake
18.04.202506:26
စစ်ကိုင်း ဥမင်ကိုးဆယ် လိုဏ်ဂူထဲ (အနောက်ဘက်တန်းမှာ) သီတင်းသုံးတော်မူတဲ့ ဆင်းတုတော်တစ်ဆူ၏ ဥဏ္ဏလုံမွေရှင်တော်မှ ဝါ နီ စိမ်း ရောင်ခြည်ဖြာ ကွန့်မြူးနေပုံ
🙏🙏🙏
မူရင်းတင်သူ... (ကရိန်းစသည်ဖြင့် ရှင်းလင်းနေသူ) ကိုသန်းလှိုင်ဦး

https://t.me/MyanmarNationalPost
27.03.202517:33
မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဉ် ကျင့်သုံးပြီး အကြပ်ကိုင်တောင်းဆိုတဲ့ ဖြစ်စဉ်တိုင်းမှာ တပ်မတော်အနေနဲ့ အလျှော့ပေး လက်ခံခဲ့တဲ့ အစဉ်အလာမရှိ

https://t.me/MyanmarNationalPost
30.03.202505:40
ဖြုဖြူထွေး
ငလျင်ဘေး ကူညီထောက်ပံ့လှူဒါန်းမှု
#MyanmarEartquake
06.04.202517:32
တရုတ်နိုင်ငံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရောက်ရှိ

နေပြည်တော်၊ ဧပြီ ၆
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ယင်းဒေသများမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/04/blog-post_37.html
31.03.202509:12
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့်မိသားစုဝင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

#News
05.04.202512:00
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းမိသားစုမှ ငလျင်ဘေးခံခဲ့ရသောဝန်ထမ်းများအား ဆန်၊ ဆီ ထောက်ပံ့လှူဒါန်း

နေပြည်တော်၊ ဧပြီ ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း မိသားစုမှ ငလျင်ဘေးခံခဲ့ရသော ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဝန်ထမ်း(၁၅၇)ဦး၊ သူနာပြုသင်တန်းကျောင်းမှ ဝန်ထမ်း(၄၇)ဦး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရုံးရှိ ဝန်ထမ်း(၅၅)ဦး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်း (၉၃)ဦး စုစုပေါင်းဝန်ထမ်း (၃၅၂)ဦးအားသွားရောက် တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။
ဝန်ထမ်း(၃၅၂)ဦးအတွက် ဝန်ထမ်းတစ်ဦးလျှင် ဆန်လေးပြည်အိတ် တစ်အိတ်နှင့် ဆီငါးဆယ်သားဗူး တစ်ဗူး ထောက်ပံ့ပေးအပ်ခဲ့ပြီး သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ငလျင်ဘေးခံရသော ဝန်ထမ်းများ ကျန်းမာရေးအတွက် ဆေးဝါးဝယ်ယူအသုံးပြုနိုင်ရန် အလှူငွေ (၃)သိန်းကျပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

#MyanmarEartquake
https://t.me/MyanmarNationalPost
Увайдзіце, каб разблакаваць больш функцый.