.
☯️
အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ် တခုထဲ မလာဘူး၊ အတွဲလိုက်လာတယ်ဆိုတာ မှန်ပါ့၊
တတိယအကောင်းသတင်းကတော့ ဘဏ္ဏာရေးဝန်ကြီး Bessent က အမေရိကန်-တရုတ် ကုန်သွယ်ခွန်တင်းမာမှုတွေ မကြာခင်မှာလျော့ကျသွားမယ်လို့မျှော်လင့်တယ်... လို့ပြောလိုက်တယ်၊
( အမေရိကန် စတော့တွေ တခါထဲပြန်ထောင်သွားတယ်၊ ကမ္ဘာ့ရွှေက ချက်ချင်းထိုးကျသွားတယ်၊ နိုင်ငံရေးနဲ့စီးပွားရေး ဘယ်လောက်ဆက်စပ်မှုကြီးတယ်ဆိုတာကိုပြလိုက်တာ )
Bessent က -
" အမေရိကန်နဲ့တရုတ် တင်းမာမှု ကုန်သွယ်စစ်က ရေရှည်ဖြစ်ရင် အဆင်မပြေနိုင်ဘူး၊ ဒါကြောင့် ပြန်လျော့ချရမယ် "
.... လို့ပြောလိုက်တာပါ၊
ထရမ့်ကြီးလဲ သွေးအေးသွားတော့ ပြန်သုံးသပ်မိမှာပေါ့၊ ဆင် (၂) ကောင်ဝှေ့ရင် (၂) ကောင်လုံးနာကြမှာပဲ၊ ဘယ်သူပိုနာမလဲ၊ ဘယ်လောက်ကြီးကြီး အနာခံနိုင်မလဲက အဆုံးအဖြတ်ပေးကြမှာ၊
Dow, S&P, Nasdaq အပါ စတော့တွေ မနေ့က အစိမ်းရောင်တွေလွှမ်းသွားကြပါပြီ ။
BaMg ☯️
.