DVB မှာ သတင်းရေးနေတဲ့ မောင်တွေက ပညာမတတ်တာလား။ ကိုယ်တိုင်ကပဲ တုံးလွန်း/ အလွန်းတာပဲလား။ တမင် မှိုင်းတိုက်ပြီး သွေးခွဲတာပဲလား ။ တစ်ခုခုတော့ တစ်ခုခုပဲ။
-----
နစက ထောက်ပံ့တဲ့ အိမ်ထောင်တစ်စုကို ၁၀ သိန်းနဲ့ပတ်သက်ပြီး ထပ်ပြီး သွေးခွဲတာ လေး ရေးလာကြပြန်တယ်။ သူတို့ တွက်တဲ့ ပုံစံက သာမန် ကလေးတွေတောင် တွက်တတ်တဲ့ ကလေး အတွေးပုံစံကြီး။ လက်ရှိ သေဆုံး ထားတဲ့ ၃၃၅၄ ဦးကို ငွေ ၁၀ သိန်းပေးရင် သိန်း ၃၀၀၀၀ ပဲ ကုန်မယ်၊ ခိုင်နှင်းဝေလို ပရဟိတ သမားတောင် သိန်း ၁၀၀ လှူနေချိန်မှာ အစိုးရထောက်ပံ့ငွေက နည်းတယ်ဆိုပြီး ဘာညာ သရကာနဲ့ ရေးကြပြန်သပေါ့လေ။
-----
အစိုးရအနေနဲ့ ကြည့်ရမှာက ရေရှည်ပလန်ပဲ။ ခုလက်ရှိ ပျက်စီးသွားတဲ့ မြို့တွေကို စက်ပစ္စည်းနဲ့ နည်းပညာတွေသုံးပြီး ရှင်းလင်းရေး လုပ်ရဦးမယ်။ ပျက်စီးသွားတဲ့ လွှတ်တော်လိုမျိုး၊ ဝန်ကြီးဌာနတွေလိုမျိုး၊ စာသင်ကျောင်း၊ အခြေခံ အဆောက်အဦတွေနဲ့ လမ်းတံတားတွေကို ပြန်ဆောက်ရဦးမယ်။ အချိန်ယူပြီး ပြန်တည် ဆောက်ကြရမယ့် ရှေ့ဟောင်းအမွေအနှစ် အဆောက်အဦတွေကိုလည်း အသေးစိတ်လေ့လာပြီး အနုစိတ် ပြန်လုပ်ရဦးမယ်။ ဆုံးရှုံးသွားတဲ့ လုပ်ငန်းစုတွေအတွက် မတည် ထောက်ပံ့တွေ ထုတ်ပေး ရဦးမယ်။ အမြန်လမ်းမှာတင် ပျက်စီးသွားတဲ့ ပေ ၁၈၀ အောက်တံတားတွေ၊ မပျက်စီး သေးတဲ့ တံတားတွေကို Check, Re-Check, Counter Check တွေ လုပ်ရဦးမယ်။ မီးလောင်သွားတဲ့ တိုင်း ၃ တိုင်းရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို အချိန်အတိုင်းအတာ ပေးပြီး ပြန်ကျင်းပရဦးမယ်။
---------
နိုင်ငံတကာက ရထားတဲ့ လှူဒါန်းငွေတွေကို လတ်တလော ဖြေရှင်းရမယ့် စား၊ဝတ်၊ နေ၊ ရေး အတွက်ပဲ သီးသန့် ကြည့်ပြီး ရော့အင့် မင်းတို့ ဖာသာ စီမံကွာဆိုပြီး လုပ်လို့ မရဘူးဆိုတာ DVB က သတင်းသမားတွေ သိပုံ မရဘူး။ ကြည့်ရတာ… နစက စီမံမှု အောက်မှာ ပြည်သူတွေ သိပ်အဆင်ပြေသွားမှာ ကြောက်ပုံပဲ။ မရ, ရတဲ့ နည်းနဲ့ သွေး ခွဲ နေကြတာ မြင်လို့တောင် မကောင်းဘူး။
(နရီမိုး)