Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ခင် ညို ချော avatar

ခင် ညို ချော

Freelance Journalist
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaMar 31, 2023
TGlist-ga qo'shildi
Sep 20, 2024

Rekordlar

15.04.202509:15
6.1KObunachilar
15.02.202523:59
1400Iqtiboslar indeksi
31.10.202423:59
40.7KBitta post qamrovi
08.01.202523:59
40KReklama posti qamrovi
15.02.202523:59
75.00%ER
30.09.202423:59
450.26%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
OCT '24JAN '25APR '25

ခင် ညို ချော mashhur postlari

ခရိုနီဆိုတာ ဘယ်လောက်ပဲကြီးကြီး ဘယ်လိုအခြေအနမျိုးရောက်ရောက် တည်ဆဲအစိုးရကို အဆင်ပြေအောင် ပေါင်းသင်းပြီး သူ့အကျိုးစီးပွားကို ကာကွယ်လေ့ရှိပါတယ်…

ခင်ညိုချော
03.04.202511:19
နေပြည်တော်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ကျောက်စိမ်းမြို့တော်ဟိုတယ် အဆောက်အဦပြိုကျ၍ ပိတ်မိနေသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
Ref: Myanmar Fire Services Department
*ငလျင်ဒဏ်ကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးစာရင်း*
ငလျင်ကြောင့် ပျက်စီးဆုံးရှုးခဲ့မှုများအတွက် ပေးလျော်ရမည့် ခန့်မှန်းလျော်ကြေးငွေကျပ်(၈၀) ဘီလီယံခန့်ရှိ

မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံး ရှုးခဲ့မှုများအတွက် ပေးလျော်ရမည့် ခန့်မှန်းလျော်ကြေးငွေကျပ်(၈၀) ဘီလီယံခန့်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း၊ မီးအာမခံလျော်ကြေးဌာနမှ သိရပါတယ်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုးမှုများအပေါ် မြန်မာ့အာမခံ လုပ်ငန်းတွင် မီးနှင့်မြေငလျင်ဘေးဒဏ် အကာအကွယ်ဖြင့် အာမခံထားရှိမှုများသည် လက်ရှိတွင် မြန်မာ့အာမခံလုပ်ငန်းသို လျော်ကြေးတောင်းခံစာ လက်ရှိ အစောင်ရေ(၁၅၈)စောင်ရှိပြီး ပေးလျော်ရမည့် ခန့်မှန်းလျော်ကြေးငွေကျပ် (၈၀) ဘီလီယံခန့်ရှိကြောင်း သိရပါတယ်။

မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်သူများကို ငလျင်အာမခံ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာမခံအသင်းမှ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
#News
ရုရှားသမ္မတ၊ ဘီလာရုစ်သမ္မတနှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာတဲ့ မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ကို အာဆီယံခေါင်းဆောင်များလည်း တွေ့ဆုံတော့မှာဖြစ်ပါတယ်။
-
နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခုပေါ့။
❤️
-
ခင်ညိုချော
ဗန်းမော်မှာ KIA ရာကျော်သေဆုံး၊ အညာ PDF တွေနဲ့ စိတ်ဝမ်းကွဲ၊ PDF တွေ ထွက်ပြေးပြီး ဗန်းမော်ထိုးစစ် ရပ်တန့်သွားတယ်လို့ စစ်တပ်ထောက်ခံလော်ဘီတွေရဲ့ Account မျာ သတင်းတွေဖြန့်နေတယ်....

KIA ၊ PDF ပူးပေါင်းပြီး အင်းတော်တိုက်ပွဲမှာ လက်နက်များ အများအပြားသိမ်းဆည်းရမိကြောင်း ခေတ်သစ်က ပုံတွေနဲ့ တင်တယ်…

ခေတ်သစ်ကတင်တဲ့ ပုံတွေမှာ အင်းတော်တစ်ဝိုက်မှာ မရှိတဲ့ တပ်တွေရဲ့ လက်နက်ပုံတွေပါနေလို့ KIA သိမ်းဆည်းရမိတဲ့ လက်နက်ပုံတွေက အဟောင်းတွေကို ရောသုံးထားကြောင်း သိရှိရပါတယ်…

ခင်ညိုချော
မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိ

ဧပြီလ ၁၃ ရက်နေ့တွင် လွိုင်လင်မြို့အထွက် တိုးဂိတ်တွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် Alphard ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ကတ်တမင်း ၁၀၀၀ ကီလိုဂရမ် (ကာလတန်ဖိုး ကျပ် ၄ ဘီလီယံကျော်ခန့်)အား တရားခံ ၂ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသည်။
-
ဖမ်းဆီးရမိသူများရဲ့ ထွက်ဆိုချက်အရ ငွေကျပ် သိန်း ၁၀၀ ဖြင့် ရန်ကုန်သို့ပို့ဆောင်ပေးရမှာဖြစ်ပြီး ပို့ဆောင်ခိုင်းသူ ၂ ဦးအား ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
-
ခင်ညိုချော
🇲🇲 မြန်မာ-အိန္ဒိယ 🇮🇳
04.04.202511:27
*နစကဥက္ကဌရဲ့မီဒီယာလက်နက်*

နစကဥက္ကဌ နိုင်ငံခြားခရီးစဉ်တွေသွားရောက်တိုင်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေ (Current Political Situation) များပြုစုထားတဲ့စာအုပ်အပြာကို အခြားနိုင်ငံ့ခေါင်းဆောင်တွေအမြဲပေးလေ့ရှိတာကိုမြင်တွေ့ရပါတယ်။
-
အဲ့ဒီစာအုပ်ထဲမှာ ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်ပြီး တပ်မတော်ကအာဏာထိန်းရတဲ့အကြောင်းအရင်း၊ အာဏာထိန်းပြီးနောက်ပိုင်းဆူပူဆန္ဒပြမှုတွေတစ်ဆင့် နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်းနဲ့ရယူဖို့ကြိုးစားနေကြတဲ့ NUG, CRPH, PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နစကအစိုးရရဲ့ဘက်ပေါင်းစုံကလုပ်ဆောင်ချက်တွေကို နောက်ဆုံးအခြေအနေအထိ အထောက်အထားများခိုင်မာစွာဖြင့် details ကျကျပြုစုထားတယ်လို့ သိရှိရပါတယ်။
-
ဒီစာအုပ်မှာပြုစုထားတဲ့အချက်အလက်တွေကိုဖတ်ရှူပြီး နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့ နစကအစိုးရရဲ့ Legitimacy ဖြစ်မှုနှင့်နိုင်ငံတော်တည်ငြိမ်ရေးအတွက်ကြိုးပမ်းလုပ်ဆောင်နေမှုများကိုသိရှိနိုင်သလို ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေရဲ့ နိုင်ငံမတည်မငြိမ်ဖြစ်အောင် အဖျက်အမှောက်လုပ်ရပ်တွေကိုအတိအလင်းသိရှိသွားမယ်လို့မျှော်လင့်ပါတယ်။
-
အခုအိန္ဒိယဝန်ကြီးချုပ်မိုဒီလက်ထဲမှာလည်း Political Situation စာအုပ်အပြာအပြင် Information Sheet စာစောင်တစ်စောင်ကိုထပ်တွေ့ရပါတယ်။ အဲ့ဒီ Information Sheet စာစောင်မှာ မြန်မာနိုင်ငံတွင်လတ်တလောကြုံတွေ့နေရတဲ့ငလျင်ဘေးဒဏ်နဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေ၊ သဘာဝဘေးအန္တရာယ်
ကာကွယ်ရေးထုတ်ပြန်ချက်တွေ၊ ငလျင်ဒဏ်အတွင်း သေဆုံး၊ပျောက်ဆုံး၊ထိခိုက်ဒဏ်ရာရသူစာရင်းတွေ၊ စိတ်မကောင်းဝမ်းနည်းဖွယ်ရာ ဘာသာပေါင်းစုံရဲ့ဘုရားကျောင်းကန်လမ်းတံတားတွေ၊ ပြည်သူတွေရဲ့အိုးအိမ်တိုက်တာပျက်စီးဆုံးရှုံးမှုတွေ၊ နိုင်ငံတကာကပေးပို့တဲ့စာနာထောက်ထားမှုသဝဏ်လွှာတွေ၊ အခြားနိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့အားပေးနှစ်သိမ့်မှုတွေနဲ့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များရောက်ရှိမှုတွေကို အချိန်နှင့်တစ်ပြေးညီ ပြည့်စုံစွာဖော်ပြထားတယ်လို့ကြားသိရပါတယ်။
-
အဲ့ဒီစာစောင်ကို အိန္ဒိယဝန်ကြီးချုပ်မိုဒီကိုပေးအပ်ခဲ့သလို BIMSTEC အစည်းအဝေးတက်ရောက်လာတဲ့နိုင်ငံ့ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ BIMSTEC လူငယ်မျိုးဆက်သစ်ဖိုရမ်ကိုတက်ရောက်လာတဲ့အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကိုလည်းဖြန့်ဝေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
-
သတင်းတု/သတင်းအမှားတွေနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုကျဆင်းအောင်ဖျက်စီးခံနေရချိန်မှာ နိုင်ငံအတွင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို နိုင်ငံတကာထိ ရောက်ရှိအောင် ယခုလိုမျိုးအခွင့်အလမ်းကောင်းကို မိမိရရအသုံးချပြီး စာအုပ်နှင့်စာစောင်ကိုဖြန့်ဝေးပေးလိုက်တဲ့
နစကဥက္ကဌရဲ့မီဒီယာလက်နက် ဟာ ထိရောက်မှုရှိမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်ရှင့်

#ခင်ညိုချော
AA အကြမ်းဖက်အဖွဲ့ကို ငွေကြေးတွေ ထောက်ပံ့ပေးထားတဲ့ အထောက်အထားနဲ့တကွ ဖမ်းဆီးရမိခဲ့ပါတယ်
Repost qilingan:
Ko Thet avatar
Ko Thet
05.04.202512:18
ကယ်ဆယ်ရေးလုပ်ငန်းတွင် စင်ကာပူအဖွဲ့သည် ပိုးဟပ် (၁၀)ကောင် အသုံးပြုလျက်ရှိ

စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့က မြန်မာ့ငလျင်၌ Cyborg ပိုးဟပ် ၁၀ ကောင်အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
-
စင်ကာပူကယ်ဆယ်ရေးအဖွဲ့က မြန်မာ့ငလျင်၌ Cyborg ပိုးဟပ် ၁၀ ကောင်အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု စင်ကာပူအခြေစိုက် The Straits Times သတင်းတွင် ဖော်ပြသည်။ အဆိုပါ ပိုးဟပ် ၁၀ ကောင်မှာ မြန်မာ့ငလျင် ကယ်ဆယ်ရေးအတွက် စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့(SCDF) ၏ Lion Heart အမည်ရှိ စစ်ဆင်ရေးတွင် မတ် ၃၀ ရက်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်သည်။
-
ကျောဘက်တွင် အီလက်ထရောနစ်ခြေရာခံစနစ်များတပ်ဆင်ထားသည့် ဟိုးဟပ်များကို အသုံးပြုမှုမှာ ကမ္ဘာပေါ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုတွင် ပထမဆုံးအကြိမ် အသုံးပြုခြင်းလည်း ဖြစ်သည်။ Cyborg ပိုးဟပ်ဟု ခေါ်ဆိုသည့် ပိုးဟပ်များကို နန်ယန်နည်းပညာတက္ကသိုလ်၊ Klass Engineering and Solutions တို့နှင့်အတူ Home Team Science and Technology Agency (HTX) က တီထွင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
-
ယင်းသို့ ပိုးဟပ်များကို အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခြင်းကို ဧပြီ ၃ ရက်တွင် နေပြည်တော်တွင် နှစ်ကြိမ်သုံးစွဲခဲ့သည်ဟု သတင်းက ဖော်ပြသည်။ မြန်မာ့ငလျင်အတွက် စင်ကာပူနိုင်ငံမှ ရောက်ရှိလာသည့် SCDF အဖွဲ့တွင် အင်အား ၈၀ ဦး၊ ရှာဖွေရေးခွေးလေးကောင်နှင့်အတူ ပိုးဟပ် ၁၀ ကောင်လည်း ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသို့ မတ် ၂၉ ရက်က စေလွှတ်ခဲ့ရာ ယင်းအဖွဲ့တွင် HTX အဖွဲ့မှ အင်ဂျင်နီယာများလည်း ပါဝင်ခဲ့သည်။
-
အရှည် ခြောက်စင်တီမီတာရှိသည့် မာဒါဂတ်စကာ ပိုးဟတ်များတွင် အနီအောက်ရောင်ခြည်ကင်မရာများနှင့် အာရုံခံကိရိယာများ တပ်ဆင်ထားပြီး ၎င်းတို့ကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထားစဉ် အပျက်အစီးများအောက်ရှိ သေးငယ်သောနေရာများကို သွားလာနိုင်ကာ ပိုးဟပ်များကို လှုံ့ဆော်ရန်နှင့် ၎င်းတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် အီလက်ထရွန်းနစ် စနစ်များကို အသုံးပြုထားသည်။
-
ပိုးဟပ်များတွင် တပ်ဆင်ထားသည့် ကင်မရာများနှင့် အာရုံခံကိရိယာများမှတဆင့် စုဆောင်းရရှိသော အချက်အလက်များကို အခြေခံပြီး အသက်ရှင်ကျန်ရစ်သူ ရှိ မရှိကို ရှာဖွေနိုင်မည်ဟု ဆိုသည်။ ယင်းပိုးဟပ်များကို ၂၀၂၄ ခုနှစ် ဧပြီလတွင် စင်္ကာပူနိုင်ငံတွင်ပြုလုပ်သည့် Milipol Asia-Pacific TechX Summit တွင် ပြသခဲ့ပြီး ၂၀၂၄ ခုနှစ်ဝန်းကျင်တွင် ဖြန့်ကျက် အသုံးပြုနိုင်ရန် စီစဉ်ထားသော်လည်း စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့(SCDF) ၏ မြန်မာ့ငလျင်ဘေးတွင် ကြိးပမ်းအားထုတ်မှုများတွင် ဖြည့်စွက်ရန် HTX က ကူညီခဲ့ခြင်းဖြစ်သည်။

Crd.
https://www.tiktok.com/@kothet8888888/photo/7489800310689402118?is_from_webapp=1&sender_device=pc&web_id=7402886078983980545
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်တို့ ဘန်ကောက်တွင် တွေ့ဆုံ၊ ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင်လည်းတက်ရောက်

(၁၇ ဧပြီ ၂၀၂၅)
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Mr. Anwar Ibrahimနှင့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုသတင်း ထုတ်ပြန်ပါတယ်။
-
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက်အဝန်းမှစည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာအာဆီယံ အသိုက်အဝန်းမှပူပေါင်းဆောင်ရွက်ရေးကိစ္စများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
-
တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra လည်း တက်ရောက်ခဲ့ တယ်လို့သတင်းရရှိပါတယ်။
-
အသေးစိတ်အချက်အလက်တွေကိုတော့ ထိုင်းနှင့် မလေးရှားဘက်ကပါ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

YGN Media

https://www.tiktok.com/@kothet8888888/photo/7494293791868816658?is_from_webapp=1&sender_device=pc&web_id=7402886078983980545
*နိုင်ငံရေးပါတီများ၏ လက်ရှိအခြေအနေ*
*ငလျင်ဘေးဒဏ်သင့် တနိုင်ငံလုံးက ပြည်သူတွေကိုစာနာထောက်ထားနားလည်တာ၊ ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့လုပ်နိုင်စေဖို့ ရည်ရွယ်တာနဲ့ တည်ငြိမ်အေးချမ်းမှုကိုရှေးရှုပြီး ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်*
06.04.202504:17
*နောက်ဆက်တွဲ မြေငလျင်များ*

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Ko'proq funksiyalarni ochish uchun tizimga kiring.