မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial(L-23)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ် ကမ်း MITT တံတားသို့ ရောက်ရှိ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ယနေ့ရောက်ရှိလာသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်တွင် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်ကြသည့် ဆန်(၄၀၅)တန်၊ ဟင်းချက်ဆီ (၃၀)တန်၊ ဘီစကွတ်(၅)တန်နှင့် အသင့်စားခေါက်ဆွဲ (၂) မက်ထ ရစ်တန်အပါအဝင် စားနပ် ရိက္ခာနှင့် ဆေးဝါးများပါဝင်ပြီး စုစုပေါင်းတန်ချိန်(၄၄၂)တန်ခန့်ပါလာကြောင်းသိရှိရ။