Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
✍ 𝗠𝗶𝗻 𝗗𝗶𝗻 ✍️ avatar

✍ 𝗠𝗶𝗻 𝗗𝗶𝗻 ✍️

To share knowledge, literature and information
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaВер 17, 2021
TGlist-ga qo'shildi
Вер 11, 2024
Muxrlangan guruh

✍ 𝗠𝗶𝗻 𝗗𝗶𝗻 ✍️ mashhur postlari

မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial(L-23)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ် ကမ်း MITT တံတားသို့ ရောက်ရှိ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ယနေ့ရောက်ရှိလာသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်တွင် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်ကြသည့် ဆန်(၄၀၅)တန်၊ ဟင်းချက်ဆီ (၃၀)တန်၊ ဘီစကွတ်(၅)တန်နှင့် အသင့်စားခေါက်ဆွဲ (၂) မက်ထ ရစ်တန်အပါအဝင် စားနပ် ရိက္ခာနှင့် ဆေးဝါးများပါဝင်ပြီး စုစုပေါင်းတန်ချိန်(၄၄၂)တန်ခန့်ပါလာကြောင်းသိရှိရ။
29.03.202517:08
၂၉-၃-၂၀၂၅ စင်ကာပူနိုင်ငံ မှ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်(၉၄)ဦး ရောက်ရှိ
နီပိန်းတွေ သံပုံးတွေတီး၊ မဖဲဝါ ပါဖောမင့်တွေ လုပ်ပြီး ဆန္ဒပြခဲ့ကြတာ ကာလနာတွေ တိုက်ကုန်ရောပဲ။

#နီပိန်းတိုက်ဖျက်ရေး
17.04.202517:29
မြင်ခဲ့ရသလောက်
*****************

မန္တလေးမြို့ထဲက ငလျင်ဒဏ်ခံရတဲ့ နေရာတော်တော်များများကို လျှောက်ကြည့်ကြပါတယ် ။ နာမည်ကြီး စကိုင်းဗီလာဆိုရင် သူ့ဘေးနားမှာ ပြိုကျနေတာ မမြင်ရသလောက်ပါပဲ ။ အဆောက်အဦး အနိမ့်တွေကြောင့် မပြိုတာလည်း ဖြစ်မယ်ထင်ပါတယ် ။

တချို့နေရာတွေမှာ ဘေးနားက တိုက်တွေ ဘာမှ မဖြစ်ပဲ တိုက်တလုံးတည်း ယိုင်ရွဲ့ပြိုကျနေတာလည်း တွေ့ရပါတယ် ။ ဒါမျိုး ပျောက်တိပျောက်ကြား ပြိုကျနေတာ မြို့သစ်ဘက် များပါတယ် ။ ၆၂ လမ်းမကြီး တလျှောက် အတွင်းပိုင်းတွေ မမြင်ရပေမယ့် အပြင်ဖက်ကတော့ ပြိုကျတဲ့ အဆင့် နည်းပါတယ် ။

နောက် ၈၀ ၊ ၈၁ ၊ ၈၂ ၊ ၈၃ ၊ ၈၄ တကျောမှာတော့ လမ်းရဲ့ ဒေါင့်တိုက်တွေ ပြိုကျနေတာ များပါတယ် ။ ကြားထဲမှာ တလုံးထဲပြိုကျနေတာမျိုးဆိုရင် တိုက်အိုတိုက်ဟောင်းတွေ များပါတယ် ။

တွေ့ခဲ့ရတာကတော့ ပြိုကျတဲ့တိုက် ၁၀ လုံးဆိုရင် ၇ လုံးက လမ်းဒေါင့်မှာ တည်ထားတဲ့ တိုက်တွေဖြစ်ပါတယ် ။ လဲပြိုကျတဲ့ အကြောင်းရင်း တချက်က တိုက်အမိုးပေါ်က အုတ်ရေကန်ကြီးတွေ ရဲ့ ရေဘောင်ဘင်ခတ်ပြီး ဆွဲလှဲသလို ဖြစ်ရတဲ့ အချက်ကြောင့်လည်း ပါမယ်လို့ တွက်ဆကြပါတယ် ။

နောက်တချက်က ပြိုလဲမှု အနေအထားအရ လှေကားရှိရာ အခြမ်းဘက်ဆီသို့ ငိုက်ကျလဲပြိုတာတွေလည်း တွေ့ရပါတယ် ။ လှေခါးဝိတ်က ဆွဲလှဲသလား တွေးစရာတွေပါ ။ အပြင်ပန်းက တွေ့ရသလောက် လုံးဝလဲပြိုနေတဲ့ အရေအတွက်က နည်းပါတယ် ။ သူ့ဘေးမှာ မလဲပြိုပဲ လူနေထိုင်လျှက်ရှိတဲ့ တိုက်တွေ တသီတတန်းကြီးလည်း ရှိနေပါတယ် ။

အတွင်းပိုင်း အနာအဆာများတော့ မြင်ခွင့်မရလို့ မသိပါဘူး ။ နောက် စစ်ကိုင်းမှာလည်း ဒီလိုပါပဲ ။ စစ်ကိုင်းမြို့ပေါ်မှာ လူ ၂၀၀ ကျော် သေမယ်လို့ ပြောကြပါတယ် ။ ဗလီပြိုတဲ့နား မေးကြည့်တော့ ဗလီ ၃ လုံး နဲ့ အဲဒီ ရပ်ကွက်ထဲက သေခဲ့ရတဲ့ မွတ်ဆလင်ဘာသာဝင်က ၁၇၀ ကျော်တယ်လို့ သိရပါတယ် ။

ပြန်လာတော့မှ ကျောက်ဆည်ကို ဝင်ကြည့်ပါတယ် ။ ကားလမ်းမတလျှောက် ပြိုကျနေတာ မနည်းလှပါဘူး ။ ဇလုတ်တိုက် ပြိုကျနေတာတော့ မဟုတ်ပါဘူး ဟိုနားတလုံး ဒီနားတလုံးပေါ့ ။

ကူမဲမှာတော့ အပြိုအပျက် သိပ်ပြီး မမြင်ရပါဘူး ။ အဆောက်အဦးတွေကလည်း အမြင့်သိပ်မရှိလို့ ဖြစ်ပါမယ် ။ ထိခိုက်မှု နည်းပါတယ် ။

နာမည်ကျော် ပျော်ဘွယ်ကတော့ ကားလမ်း အရှေ့ဘက်ခြမ်းမှာ စျေးပတ်ချာလည် အပြိုအပျက်များစွာ တွေ့ရပါတယ် ။ အားလုံးနီးပါး ဖြိုချပြီးနေပါပြီ ။ ကားလမ်းမ အနောက်ဘက်ခြမ်းကတော့ အပျက်အစီး အနည်းငယ်ပဲ တွေ့ရပါတယ် ။

ဝမ်းတွင်းမြို့မှာလည်း လမ်းမတလျှောက် အပျက်အဆီး တချို့ မြင်ခဲ့ရပါတယ် ။ ပျဥ်းမနားမြို့ကတော့ အတော်လေး ပျက်ဆီးပါတယ် ။ ရှမ်းကန်ကနေ အရှေ့ဖက် စျေးအနီး ပတ်ချာလည် ပြိုကျနေတာ များစွာ တွေ့ရပါတယ် ။ သူပြိုကျတဲ့ စကေးက မန္တလေးထက် များပါတယ် ။

မန္တလေးက ဘလော့တခုကို တိုက် ၃ / ၄ လုံး ပြိုကျရင် သူက ဘလော့တခုလုံး နီးပါး ပြိုကျခြင်းဖြစ်ပါတယ် ။ လူထူထပ်ရာ စျေးအနီးမို့ ပျော်ဘွယ်လိုပဲ သူလည်း အထိအခိုက်များပါတယ် ။

နေပြည်တော်မှာတော့ သပြေကုန်းစျေး အပျက်အဆီး ပဲ မြင်ခဲ့ရပါတယ် ။ ဝန်ထမ်းလိုင်းခန်းများသို့ မသွားတော့ပဲ မာရဝိဇိယ ဘုရားသွားကြပါတယ် ။ အပြင်ဘက် အုတ်တံတိုင်း အနည်းငယ် အက်နေပါတယ် ။ အတွင်းဘက်မှာတော့ ကတ္တရာလမ်း အချို့နေရာတွေမှာ အက်ရာအချို့ တွေ့ရပါတယ် ။

ဆင်းတုတော်နဲ့ အဆောက်အအုံများ ဘာမှ မဖြစ်ကြပါဘူး ။ နေပြည်တော်ကနေ အမြန်လမ်းတက်ပြီး ပြန်ခဲ့ကြပါတယ် ။ အမြန်လမ်းက မောင်းလို့ရနေပေမယ့် မချောမွေ့သေးပါဘူး ။

တွေ့ခဲ့ရသလောက်ကတော့ မန္တလေးမြို့ကြီး ဗုံးဗုံးလဲပြီ ဘာညာ ဆိုတာ မဟုတ်ပါဘူးဗျာ ။ ဒီပုံစံလောက်ကတော့ နောက် ၃ နှစ်မကြာပါဘူး ပုံမှန်ဖြစ်သွားမှာပါ ။ မန်းသားတို့ အဲသလောက် မညံ့ပါဘူး ။
ဦးကျားကြီးမီး ဆိုတာ တချိန်တုန်းက မြို့နေရာ အတော်များများကို ပြာချပစ်ခဲ့တာပဲလေ ။ ဒါလည်း အချိန်တန်တော့ ပြန်ထလာတာပါပဲ ။

စေတီ ဘုရား ကျောင်းကန်တွေ အတွက်လည်း အချိန်တန်ရင် ပြုပြင်မွမ်းမံ ပူဇော်ကြရင်း ပြန်လည်ကောင်းမွန်သွားကြရမှာပါပဲ ။ သားစဥ်မြေးဆက် ဒီလိုပဲ ပြိုကျလိုက် ပြန်တည်ဆောက်လိုက် လုပ်လာခဲ့ကြလို့ ရွှေတိဂုံ တို့ ရွှေမောဓောတို့ တဆင့်ပြီး တဆင့် ကြည်ညိုဖွယ် တိုးလာကြရတာ မျက်မြင်ပဲလေ ။

လှေခွင်းတောင် မြင်ကွင်း နဲ့ နေပြည်တော် လမ်းလျှောက်သင်္ကြန်ကိုတော့ နောက်တပုဒ်ပေါ့ဗျာ ။

ကိုရွှေမျိုးဝင်း
ကျရှုံးလည်း သူခိုး ဒမြတွေအဖြစ်ကျန်ခဲ့ပြီး လက်နက်နဲ့ ပြည်သူအပေါ် အကြမ်းဖက်ဆပ်ကြေးကောက် ဗိုလ်ကျလို့ရတဲ့ အရသာ ကိုခံစားပြီး ပြန်လမ်းမရှိ
ဆက်မိုက်ကြမှာပါ။

အစကတည်းက အာဏာရလိုတဲ့ နိုင်ငံရေးသမားတွေရဲ့ ချီးတုံးငုံပြီးပြောတဲ့
စကားကို အဟုတ်ထင်ပြီး မိမိနိုင်ငံ မိမိ မြို့/ရွာကို ပြန်ဖျက်စီးခဲ့ကြတာပါ။

နိုင်စရာ ဘာစောက်ကြောင်းမှ မရှိမှန်း
ဥဏှောက်ရှိသူတိုင်းက သိကြပါတယ်။

#KyawSwar
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တရားရုံးတွင် ဖမ်းဆီးခံ အတိုက်အခံများ၏ ရှေ့နေအဖွဲ့နှင့် ရဲလုံခြုံရေးအဖွဲ့အကြား ပဋိပက္ခဖြစ်ပွား။
မင်္ဂလာနံနက်ခင်းပါခင်ဗျာ....စိတ်ချမ်းသာ ကိုယ်ကျန်းမာကြ၍ ဘေးအန္တရာယ်ကင်းကြပါစေ 🙏🙏🙏🙏🙏
13.4.2025
*********

မန္တလေး မြောက်ပြင် မှာ ၅.၅ နဲ့ ၈နာရီ ၅၅ မိနစ် ၁၃.၄.၂၀၂၅  ငလျင်လှုပ်ချိန် အိမ်အချို့ ထပ်ပြို
ဖလမ်းမြို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေရဲ့ သေဆုံးစာရင်းက အခုထိကို မပြီးနိုင်ကြသေးဘူး...ပဒက်တွေသေကြောင်း၊ ခြေပြတ်လက်ပြတ်တွေဖြစ်ကြောင်း၊ သေမတတ်ဒဏ်ရာရသူတွေများကြောင်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထုတ်ပြန်နေကြတာ မြင်တဲ့အတိုင်းပဲ...ခိုင်းတိုင်းမြှောက်ပေးတိုင်း အသက်အသေခံ၊ ခန္ဓာကိုယ်အထိခိုက်ခံပြီး ပေးဆပ်ချင်ကြတဲ့ ငမိုက်သားတွေကတော့ အမြင်မှန်မရသေးသရွေ့ ဒီထက်ဆိုးဝါးတာတွေကိုပဲ တွေ့ကြုံခံစားကြရလိမ့်ဦးမယ်ဆိုတာ သိထားပါ...
ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံများအကြား ကုန်းတွင်း အချိတ်အဆက် ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဘင်းမ်စတက်နဲ့ အာဆီယံအကြား ပေါင်းကူးပေးနိုင်သလို လုံခြုံရေးကဏ္ဍ၊ အကြမ်းဖက်နှိမ်နင်းရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့အတွက် သာမက ဘင်းမ်စတက်အဖွဲ့ကြီးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဒေသခွဲအတွင်း စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် စေမဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်တဲ့အချက်အချာနိုင်ငံတစ်ခု ဖြစ်ပါကြောင်း။
03.04.202518:35
အနိဋ္ဌာရုံကိုမြင်နေပါလျက် အနိ ဋ္ဌာရုံလို့ မသိပဲဝမ်းသာအားရဖြစ်နေတာဟာ လောဘကြီးလွန်းလို့ပါ။

ဒုက္ခရောက်နေတဲ့သူကို မြင်နေပါလျက်ကရုဏာမဖြစ်ပဲဝမ်းသာအားရ ဖြစ်နေတာဟာဒေါ်သကြီးလွန်းလို့ပါ။

မတရားတာကို မြင်နေပါလျက်
မတရားမှန်းမသိပဲဝမ်းသာအားရဖြစ်နေတာဟာမောဟကြီးလွန်းလို့ပါ။

လောဘကြီးလွန်းတဲ့သူ
ဒေါသကြီးလွန်းတဲ့သူ
မောဟကြီးလွန်းတဲ့သူတွေဆိုတာ …

ဘယ်လောက်ပဲအရောင်တောက် တောက်...ဘယ်လောက်ပဲအမြင့်နေနေ အချိန်တန် အပါယ် ၄ ပါးခရီး သွားဧည့်သည်တွေပါ ကိုယ်မပါပါစေနဲ့။

🙏ပါချုပ်ဆရာတော်ကြီး🙏
24.03.202517:59
လူဆိုတာ တန်ဖိုးရှိလေလေ တိတ်ဆိတ်လေလေပဲ။ တန်ဖိုးမဲ့လာလေ ဆူညံလေပဲ။

လူဆိုတာမြင့်မြတ်လာလေ တည်ငြိမ်လာလေပဲ။ ယုတ်နိမ့်လာလေ ဗရုတ်ကျလေပဲ။

လူဆိုတာ သီလရှိလေ စကားနည်းလေပဲ။ သီလမဲ့လာလေ စကားများလေပဲ။

လူဆိုတာ အမှားများလာလေ ဖုံးဖိနေရလေပဲ။အမှားနည်းလာလေ တည်ငြိမ်အေးချမ်းလာလေပဲ။

လူဆိုတာ အလိုကြီးလေ ရန်သူပေါလေပဲ။ အလိုနည်းလေ မိတ်ဆွေပေါလေပဲ။

လူဆိုတာ အတ္တကြီးလေ ခက်ထန်လာလေပဲ။ အတ္တနည်းလေ မျက်နှာချိုအေးလာလေပဲ။

ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
ပါမေက္ခချုပ်ဆရာတော်ကြီး
🙏🙏🙏
ပြိုကျထားတဲ့ အပျက်အစီး‌ တွေထဲမှာ အချွန်အတက်တွေနဲ့ ငလျင်ကလည်း လှုတ်လို့မပြီးသေးဘူး ။

အထဲကိုဇွတ်တိုးဝင်ပြီးတော့ ကိုယ့်အသက်ကို မငဲ့ကွက်ပဲ ကယ်ဆယ်ရေး လုပ်ပေးနေကြတဲ့မြင်ကွင်း ။

အမြဲထာဝရလေးစားလျက်ပါ🇲🇲🫡

ဘေးကင်းကြပါစေ 🙏🙏🙏
23.03.202515:03
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့ နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉) လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ“တိတ်ရှိန်”ရွှေဆိုင်တွင် ယနေ့ မတ် ၂၃ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား(၄)ဦးမှ ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည် (၂၀) ကျပ်သားခန့်ကိုလုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Mask တပ်ဆင်ထားသည့် အမျိုး သား(၄)ဦးမှ မဟာဗန္ဓုလလမ်းပေါ်ရှိ “တိတ်ရှိန်”ရွှေဆိုင်အတွင်းသို့ရောက်ရှိလာပြီးနောက် ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူနှင့် ဆိုင်ဝန်ထမ်းများကို ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍ မှန်ကောင်တာအတွင်းရှိ ငွေကျပ်သိန်း (၁၂၀၀) ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၂၀)ကျပ်သားခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့်လုံခြုံရေးအဖွဲ့ဝင်များ နှင့် ပန်းဘဲတန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြု လုပ်ပြီးနောက် ဖြစ်စဥ်အား (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းမှုများပြု လုပ်ခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်စဥ်ကအသုံး ပြုခဲ့သည့် YGN-42 AA-1938 နံပါတ်တပ်ဆင်ထားသော Toyota Corolla (အဖြူရောင်) Taxi အားနံနက် ၁၁ နာရီခန့်တွင် ကားမောင်းသူ စည်သူကျော်(၄၃)နှစ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူများဖြစ်သည့် လင်းသန့်အောင်(၁၈)နှစ်၊ သက်ထူးဇင်(၂၀)နှစ် ၊ ကောင်းခန့်သူရ (ခ) ဝသုန်(၁၉)နှစ်၊ မင်းခန့်ကို(ခ) ဖိုးကာ(၁၉)နှစ်တို့အား အနက်ရောင်ကော်‌ေ-သနတ် (၁)လက်၊သံဖြတ် လွှ(၃)ချောင်း၊ လုယက်ယူဆောင်ရာမှရရှိသည့် ရွှေလက်ကောက်မျိုးစုံ(၅၁)ကွင်း၊ ရွှေလက်စွပ်မျိုးစုံ(၃၇)ကွင်းတို့နှင့်အတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ “တိတ်ရှိန်”ရွှေဆိုင်အား ‌ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအားလုယက်မှုကျူးလွန်သူ(၄)ဦးအားသက်သေ ခံရွှေထည်ပစ္စည်းများနှင့်အတူ အခင်းဖြစ်ပြီး (၆)နာရီအတွင်းဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
13.04.202512:23
"မဲပုတ် အောင်ပွဲမှသည်..."
**********************

သင်္ကြန် နှစ်ဦးမှာ တောင်ခမ်းဘက်က စစ်ကြောင်းက မဲပုတ်ကို ရပြီလို့ ကြေညာလာတာ တွေ့ရတယ်။ ကိုခိုင်ဇော်ရေးသားပုံအရဆိုရင် နှစ်ကူး လက်ဆောင်ပေါ့လေ။ တပ်မတော်က သိမ်းပိုက်နိုင်ခဲ့တဲ့ မဲပုတ်ဆိုတာက နောင်ချိုလေးနဲ့ နောင်လင်ကြားမှာ ရှိတဲ့ အနီးစပ်ဆုံးရွာပါပဲ။ အပေါ်ဘက် နဲနဲ ဆက်တိုးရင်တော့ တိမ်ပင်လယ်အများစု ရှိတဲ့ နောင်ချိုကြီးကို ရောက်လိမ့်မယ်။ အုမ္မသီးနဲ့ ဆမ္မဆယ် ဘက်ကစစ်ကြောင်းတွေလည်း တပ်တည် မခန့်မှန်းနိုင်တော့ နောင်ချို အကြောင်း ပြောရတာ ခက်ပါတယ်။
-----
မြေပြင်မှာ ရွာချင်းဆက်တွေ များလွန်းတော့ နယ်မြေရှင်းရတာ ခက်တယ်လို့ပဲ အကြမ်းဖျင်း ယူဆမိပါတယ်။ ၄ လပိုင်း အကုန်ဆိုရင်တော့ နောင်ချို နား ကပ်နိုင်လောက်ပါရဲ့။ ဒီလိုပဲ မျှော်လင့်မိရတာ‌ ပေါ့။ ကိုယ်တွေ ဘက်က လက်လွှတ်ဆုံးရှုံးရတာ များထားတော့ နယ်မြေတစ်ခု၊ ဒေသတခုကို ပြန်သိမ်းပြနိုင်ဖို့ လိုပါတယ်။ တကယ်တိုက်နေရတဲ့ စစ်သည်တွေလည်း နားရက်မရှိကြပါဘူး။ သူတို့လည်း ပင်ပင်ပန်းပန်းနဲ့ကို ပြန်တိုက်ယူ‌ေနကြရတာပါပဲ။ ဒါမှလည်း အစိုးရနဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ၊ ပြည်ထောင်စုရဲ့ အချုပ်အခြာကို အစိုးရ လက်ထဲ ပြန်ထည့်နိုင်မှာ မဟုတ်လား။
-----
သင်္ကြန်ပြီးရင်တော့ တကန့်ပျက်တွေ လားရှိုးက ဆုတ်မယ်လို့ ကြားနေရတာလည်း ကြာပြီ။ သူတို့ဆုတ်ရင်.... တန့်ယမ်းဘက်က အသင့်စုဖွဲ့ထားတဲ့ ရမခ တိုင်းက လားရှိုး ပြန်ဝင်ထိန်းမလား ဆိုတာ စောင့်ကြည့်ရမယ်။ ဒါဆိုရင်တော့.... TNLA ထိန်းထားတယ်ဆိုတဲ့ သီပေါနဲ့ ကျောက်မဲကလည်း တဖြည်းဖြည်း လက်လွှတ်ရမှာပါပဲ။ မြေငလျင်ဘေးကြောင့် စစ်ဆင်ရေးတွေ နှောင့်နှေးသွားသလား ဆိုတာတော့ မဝေခွဲတတ်တော့ဘူး။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ၆ လပိုင်းကို မြန်မြန်ရောက်စေချင်လှပါပြီ။ ငလျင် ပြန်လည် ထူထောင်ရေးကဏ္ဍက သပ်သပ်၊ စစ်ဆင်ရေးကို အာရုံစိုက်တာမျိုးက သပ်သပ် ဖြစ်စေချင်တာမျိုးပါ။
------
ဒီနေ့ စစ်ကိုင်းတိုင်းနဲ့အပြိုင် ရခိုင်နယ်ထဲက ကျောက်တော်ကို လေကြောင်းတိုင်ခိုက်မှု လုပ်ခဲ့တယ်ဆိုတဲ့ သတင်း မြင်ရတယ်။ စစ်တွေနဲ့ ကျောက်ဖြူကို ကျော်ပြီး ကျောက်တော်ကို ဗုံးကျဲတာကတော့ မျက်စိလည်ပါတယ်။ စကခ ၉ ဌာနချုပ် ရှိခဲ့တဲ့ မြို့ဆိုတော့ တစ်ခုခု သတင်းကြောင့်ပဲ ဖြစ်မှာပါ။ AA က မြို့နယ် ၁၀ ခု ကျော် သိမ်းပိုက်ထားတယ်လို့ကြေညာချိန်မှာ အဲ့ဒီမြို့နယ်တွေကို အုပ်ချုပ်ရေး ယန္တရားအပြည့် လည်ပတ်ဖို့ ဆိုတာ မလွယ်ပါဘူး။ မလွယ်အောင်လည်း ကိုယ်တွေဘက်က လုပ်ပြဖို့ လိုပါတယ်။ တိုက်ပွဲတစ်ခု ဆိုတာက အပြီးသတ် ပြီးဆုံးကြောင်း မကြေညာသေးသရွေ့တော့ အနိုင်၊ အရှုံး ပြောဖို့ စောပါတယ်။
-----
ခုလိုချိန်မှာ နယ်မြေတစ်ခုကို အသိမ်းပြနိုင်အောင် အားထုတ်ကြတဲ့ တောင်ခမ်းက မြေပြင်စစ်ကြောင်းတွေကို ဂုဏ်ယူလေးစားရ ကြောင်း ပြောလိုပါတယ်။ မဲပုတ်အောင်ပွဲမှသည် တနိုင်ငံလုံးထိ စိတ်ခွန်အား ရကြပါစေ၊ နှစ်သစ်ကူးနေ့ရက်များမှသည် အဆုံးထိတိုင် အောင်ပွဲ ဆင်နိုင်ကြပါစေလို့လည်း ဆုတောင်း မေတ္တာ ပေးပို့အပ်လိုက်ပါတယ်။

(နရီမိုး)
Ko'proq funksiyalarni ochish uchun tizimga kiring.