"ဗုဒ္ဓအလိုကျ အိပ်ယာထနည်း"
********
နံနက်(၄)နာရီခန့် နိုးလာကြပြီး စိတ်နိုးကိုယ်ထ အသက်ဝင်ပြလာသည်နှင့် မျက်နှာအသစ် ပြုလုပ်ပေးကာ တဖန် ဘုရားထံမှောက် အရောက် ဝင်ရပါမည်။
မိမိ မနောဓါတ်ဖြင့် ထိတွေ့ထားပြီး မိမိ မနောတံခါး ဖွင့်လိုက်ရာ မနောဝိဉာဏ် အသိစိတ် ကပ်ပါလာတော့သည်။
ထိုအခါ ညက ပြုကျင့်မြဲ ဝတ်အတိုင်း ဘုရားဂုဏ်ကို စိတ်ကလည်း အာရုံယူ, နှုတ်ကလည်း အကူဝင်ပွားကာ ကိုယ်ကလည်း အရိုအသေ ပြုလျှက်သားဖြင့် လူသားသွေးတိုး နိုးပေးရပါမည်။
မေတ္တာဘာဝနာ ပွားပေးရပါမည်။ ကြိုက်ရာဘာဝနာ ပွားပေးရပါမည်။
သည့်နောက် မိမိကိုယ်မိမိ စိတ်က စောင့်ရှောက်နေပြီ ဖြစ်သောကြောင့် ညအစောင့် ချထားသော နတ်များ ကိုယ့်ဗိမာန် ကိုယ်ပြန်နိုင်ပြီဖြစ်ကြောင်း ကြေညာပေးရပါတော့မည်။( ဂစ်ဆန်တုဒဝေတာဂတာ )
နတ်များ ပြန်ကြပြီး မိမိကိုယ် တစ်နေ့တာလုံး အန္တရာယ် မကျရောက်စေရန် ဤ အရံအတား ပရိတ်တော်ကို ရွတ်ပါလေ။
သဗ္ဗဗုဒ္ဓေါ ဗလပတ်တာ
ပစ္စေကာနဉ္စ ယံ ဗလံ
အရဟန္တာနဉ္စတေဇေန
ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
( ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့၏ အစွမ်းတန်ခိုး အာနုဘော်တို့ဖြင့် အခါခပ်သိမ်း အကာအကွယ် အစောင့်အရှောက်ကို ငါဖွဲ့၏။ )
ဤကား နံနက်နိုးထချိန် နေ့စဉ် ပြုလုပ်ရမည်ဖြစ်သော အကျင့်ပေတည်း။
( ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ) 🙏🙏🙏