Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Eleven Media Group avatar

Eleven Media Group

TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilgan
Ishonchnoma
Shubhali
JoylashuvІндія
TilBoshqa
Kanal yaratilgan sanaFeb 06, 2025
TGlist-ga qo'shildi
Aug 22, 2024
Muxrlangan guruh

Eleven Media Group mashhur postlari

Exhuma သရုပ်ဆောင်ကင်ဂိုအွန်းက ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်သန်း ၅၀ လှူဒါန်း
တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သည့် ကင်ဂိုအွန်းက အင်အားပြင်းငလျင် ဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများနှင့် ကလေးများအတွက် ဝမ်သန်း ၅၀ လှူဒါန်းထားကြောင်း ကလေးသူငယ်များအရေး အဓိကဆောင်ရွက်သည့် နိုင်ငံတကာအန်ဂျီအိုအဖွဲ့ Good Neighbors က ဧပြီ ၂ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါလှူဒါန်းငွေများကို မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် အရေးပေါ်ကူညီထောက်ပံ့ရေး အစီအစဉ်များတွင် ထည့်သုံးစွဲသွားမည်ဖြစ်သည်။Good Neighbors အဖွဲ့က မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းအပြင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင်လည်း အရေးပေါ်ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိသည်။
လူပြောများသည့် Exhuma ဇာတ်ကားမှ ခေါင်းဆောင်မင်းသမီး ကင်ဂိုအွန်းက “ မြန်မာပြည်သူတွေ အကြောင်း ကြားရတာ ကျွန်မကြေကွဲရတယ်။ တစ်ခဏတည်းနဲ့ အိမ်တွေပျောက်ခဲ့ရတယ်။ ငလျင်ဒဏ်သင့်ဒေသမှာ နေထိုင်ကြတဲ့သူတွေကို ကျွန်မရင်ထဲက အားပေးနေပါတယ်” ဟု ၎င်း၏ခံစားချက်ကို ထုတ်ဖော်ထားသည်။
Website Link >>>>https://news-eleven.com/article/301668
■အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ ငလျင်​ဘေးအတွက် ဗြဟ္မာစီမံချက်ဖြင့် ကူညီကယ်ဆယ်​ရေးပစ္စည်းများ တန်ချိန် ၆၂၅ မက်ထရစ်တန် ပို့ဆောင်ထားပြီးဖြစ်
■မန္တ​လေးတွင် အိန္ဒိယတပ်မ​တော်က ခုတင် ၂၀၀ ဆံ့ ယာယီ​ဆေးရုံတည်​ဆောက်၍ ​ဆေးကုသမှုများ ​ဆောင်ရွက်​ပေး​နေ
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ ငလျင်​ဘေးအတွက် ဗြဟ္မာစီမံချက်ဖြင့် ကူညီကယ်ဆယ်​ရေးပစ္စည်းများ တန်ချိန် ၆၂၅ မက်ထရစ်တန် ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်၌ မြန်မာနိုင်ငံတွင် ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ ပြီးနောက် ရှာဖွေကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ သဘာဝဘေးကယ်ဆယ်ရေးနှင့် ဆေးဝါးအကူ အညီများအပါအဝင် လိုအပ်သောပံ့ပိုးကူညီမှုများပေးရန် အတွက် Operation Brahma (ဗြဟ္မာစီမံချက်)ကို စတင် ဆောင်ရွက်ခဲ့​ကြောင်း၊ အိမ်နီးချင်းဒေသ၌ အခက်အခဲဖြစ်ပေါ်သည်အချိန်တွင် ပထမဆုံး တုံ့ပြန်ကူညီသည့်နိုင်ငံအနေဖြင့် ဗြဟ္မာစီမံချက်သည် အိန္ဒိယနိုင်ငံအစိုးရ တစ်ရပ်လုံး၏ ကြိုးပမ်းအားထုတ်မှု စုပေါင်းအားဖြင့် မြန်မာနိုင်ငံ၏ ကြီးမားသော ပျက်စီးမှုများကို တုံ့ပြန်ကူညီဆောင်ရွက်ခြင်းဖြစ်​​​ကြောင်း သိရသည်။
>>>> Website link :....https://news-eleven.com/article/301660
မန္တလေး Sky Villa ကွန်ဒိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း

မန္တလေး Sky Villa ကွန်ဒိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မတ် ၃၁ ရက် နံနက်မှစတင်ပြီး ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် လမ်း ၆၀၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြားရှိ Sky Villa ၁၁ ထပ်ကွန်ဒို အဆောက်အအုံသည် ငလျင်ဒဏ်ကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူရာပေါင်းများပိတ်မိနေခြင်းဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကယ်ဆယ်မှုရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ဒီမနက်မှာပဲ စတင်ရပ်နားလိုက်ပြီ။ ပြည်ပကလာတဲ့အကူညီအဖွဲ့တွေမှာ detector လို ကိရိယာတွေပါလာတာကြောင့် အသက်ရှင်ကျန်သူမရှိတော့ဘူးလို့ သုံးသပ်ပြီး ရပ်နားလိုက်လို့ သိရတယ်” ဟု ရှာဖွေကယ်ဆယ်ရေးအခြေနေနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
30.03.202513:51
■ ရန်ကုန် ဆွိတီးဟုမ်း စက်ရုံမှ သိန်း၂၀၀၀ ခန့်တန်ဖိုးရှိ ကိုင်းခြင်ထောင်နှင့် ခေါင်းအုံးများအား ငလျင်ဒဏ်ခံစားရသည့် မိသားစုများထံ လှူဒါန်းရန် ပို့ဆောင်

ရန်ကုန် ဆွိတီးဟုမ်းစက်ရုံမှ သိန်း၂၀၀၀ ခန့်တန်ဖိုးရှိ ကိုင်းခြင်ထောင်နှင့် ခေါင်းအုံးများအား ငလျင်ဒဏ်ခံစားရသည့် မိသားစုများထံ လှူဒါန်းရန် စတင်ပို့ဆောင် နေပြီဖြစ်ကြောင်း ဆွိတီးဟုမ်းက အသိပေးကြေညာထားကြောင်း သိရသည်။

မန္တလေးမြို့ရှိ ဆွိတီးဟုမ်း ကုမ္ပဏီပိုင် စက်ရုံနှင့် ဂိုဒေါင်များသည်ပျက်စီးမှု့ရှိပြီး လက်ရှိအနေအထားအရ ဝင်ရောက်ရန်အခက်အခဲများရှိနေပါသောကြောင့် မန္တလေးမြို့ပေါ်ရှိ ငလျင်ဒဏ်ကြောင့် ဆုံးရှုံးမှုရှိခဲ့သော မိသားစုများထံသို့ လတ်တလော လိုအပ်နိုင်မည့် ကိုင်းခြင်ထောင် ၊ခေါင်းအုံးတို့အား အချိန်မှီရောက်ရှိ လှူဒါန်းနိုင်ရန်အတွက် ကာလတန်ဖိုး သိန်း၂၀၀၀ ဝန်းကျင်ရှိ ကိုင်းခြင်ထောင်နှင့် ခေါင်းအုံးများအား ရန်ကုန် ဆွိတီးဟုမ်းစက်ရုံမှ မန္တလေးမြို့နှင့်လမ်းတလျှောက်သို့ ယခုစတင်ပို့ဆောင်ပြီး လှူဒါန်းနိုင်ရန် သွားရောက်နေပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ဟု ဆွိတီးဟုမ်းမှ သိရသည်။

#earthquake #Myanmar_Earthquake_2025
ငလျင်ကြောင့် မန္တလေးမြို့တွင်နေထိုင်သည့် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်နှင့် သားသမီးများ၊ မြေးဖြစ်သူတို့ ကွယ်လွန်

ငလျင်ကြောင့် မန္တလေးမြို့တွင်နေထိုင်သည့် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်နှင့် သားသမီးများ၊ မြေးဖြစ်သူတို့ ကွယ်လွန်ခဲ့သည်ဟု သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်သည်။

" သုခဒိုင်းမွန်းစိန်တိုက်၏ ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီ ဒေါ်မိုးသီတာရွှေနှင့် သားသမီးများမြေးလေးတို့မှာ 28.3.2025 တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကွယ်လွန်အနိစ္စရောက်သွားပါပြီရှင်။ သုခဒိုင်းမွန်းဆိုင်ခွဲများအားလုံး ခေတ္တခဏပိတ်ထားပါကြောင်း ကြေငြာလိုက်ပါတယ်ရှင့်" ဟု သုခဒိုင်းမွန်းစိန်တိုက်က ထုတ်ပြန်သည်။

ဆိုင်များပြန်လည်ဖွင့်လှစ်မည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
နစကဥက္ကဋ္ဌက အိန္ဒိယဝန်ကြီးချုပ်နှင့်တွေ့ဆုံ

BIMSTEC အစည်းအဝေးကို တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ရောက်ရှိနေသည့် နစက္ကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မကြာသေးမီက မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဆုံးရှုံးနစ်နာမှုများနှင့်ပတ်သက်​ပြီး မိုဒီက ဝမ်းနည်းစကားပြောကြားခဲ့ကာ ယခုကဲ့သို့ အလွန်အရေးကြီးသည့် အချိန်မျိုးတွင် မြန်မာနိုင်ငံမှ ညီအစ်ကိုမောင်နှမများအတွက် အိန္ဒိယက အကူအညီပေးမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် အိန္ဒိယနှင့် မြန်မာအကြား အပြန်အလှန်ဆက်ဆံရေးများ၊ အထူးသဖြင့် ဆက်သွယ်ဆောင်ရွက်မှု၊ စွမ်းဆောင်ရည်တည်ဆောက်မှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

Read More - - - >>> https://news-eleven.com/article/301744
မြန်မာအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံက အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီ ယွမ် တစ်ဘီလျံ ထပ်မံထောက်ပံ့မည်

မြန်မာအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံက အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး အကူအညီ ယွမ် တစ်ဘီလျံ ထပ်မံထောက်ပံ့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် ယွမ်ငွေ တစ်ဘီလျံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီကို ထပ်မံပံ့ပိုးပေးမည်ဖြစ်ပြီး၊ အဆိုပါငွေဖြင့် လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများစသည့် အရေးတကြီး လိုအပ်သောပစ္စည်းများပါဝင်ပြီး ကျန်းမာရေးနှင့်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့များကို ကုသရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်မည်ဖြစ်ကာ ဘေးအန္တရာယ်
အကဲဖြတ်ရေးအဖွဲ့ စေလွှတ်၍ ငလျင်ဒဏ်ခံစားရဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး မြန်မာနိုင်ငံ ဘေးဒဏ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်သည်ဟု သံရုံးက ထုတ်ပြန်သည်။
ငလျင်​ဘေးသင့်သူများအတွက် မြောက်ဦးဆရာတော်ကြီးက ပထမအကြိမ် ကျပ်သိန်း ၁၀၀၀ မတည်လှူဒါန်းမည်

ငလျင်​ဘေးသင့်သူများအတွက် မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇက ပထမအကြိမ် ကျပ်သိန်း ၁၀၀၀ မတည်လှူဒါန်းမည်ဖြစ်​ကြောင်း သိရသည်။

"အမိမြန်မာနိုင်ငံတော်ကြီးအတွင်း ငလျင်ဘေးဒဏ်ကြောင့် ဆင်းရဲဒုက္ခရောက်နေကြသော ဒကာ ဒကာမ များအား မြောက်ဦးဆရာတော်မှ ပထမအကြိမ်သိန်း ၁၀၀၀ မတည်၍ ပြည်တွင်း ပြည်ပ ဒကာ ဒကာမများနှင့် စုပေါင်းကာ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ အလွန်အရေးကြီးနေလို့ တပည့် ဒကာ ဒကာမများမှလည်း နည်းများမဆို ဝိုင်းဝန်းလှူဒါန်းကြပါစို့။ ကပ်ကြီးသုံးပါးမှလည်း လွတ်ကင်းကြပါစေဟု မေတ္တာပို့သလျက်" ဟု မြောက်ဦးဆရာတော်ကြီးဘွဲ့အမည်ဖြင့် ဖွင့်လှစ်ထားသည့်

​​ဖေ့ဘွစ်လူမှုကွန်ရက်​စာမျက်နှာတွင် ​ရေးသားထားသည်။

■ Website Link - - - >>>https://news-eleven.com/article/301587
ငလျင်ကြောင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သင်္ကြန်ပွဲတော်ဖျက်သိမ်း

မြန်မာနိုင်ငံအတွင်း ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကို ဧပြီ ၁ ရက်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးရမှုများရှိသဖြင့် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

လက်ရှိတွင်လည်း ငလျင်ဘေးသင့်ခဲ့သည့် မြန်မာနိုင်ငံသားများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန် သံရုံးတာဝန်ရှိသူများက တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းထိုင်းသံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အီလွန်မာ့စ်၏ Space X ကုမ္ပဏီက ငလျင်ဒဏ်သင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို Starlink ပစ္စည်းများထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ကြေညာ
အီလွန်မာ့စ်၏ Space X ကုမ္ပဏီက မကြာသေးမီက အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည့် မြန်မာနှင့် ထိုင်းနိုင်ငံတို့အတွက် Starlink ပစ္စည်းများ ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ကြေညာခဲ့သည်။
မြန်မာနှင့်ထိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆက်သွယ်ရေးကဏ္ဍတွင် လိုအပ်ချက်များ ရှိနေချိန်တွင် Space X ကုမ္ပဏီက ထိုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ အစီအစဉ် အကောင်အထည် ပေါ်ပေါက်လာရေးသည် အစိုးရဆိုင်ရာ ခွင့်ပြုချက်များ ရရှိမှုအပေါ်တွင် မူတည်ကြောင်းလည်း Space X က ထုတ်ပြန်ခဲ့သည်။

Ref:Tech in Asia
■ Website Link - - - >>>https://news-eleven.com/article/301580
တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသောကာလဖြစ်သောကြောင့် ယခုနှစ်သင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်ဟု ထုတ်ပြန်

တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသောကာလဖြစ်သောကြောင့် ယခုနှစ်သင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့(ဧပြီ ၁ ရက်)တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

လက်ရှိကြုံ တွေ့နေရသော ပြင်းထန်သည့်ငလျင်ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း၌ ပြည်သူအချို့ သေဆုံးဒဏ်ရာရထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း နစကမှ ထုတ်ပြန်သည်။

ထိုကြောင့် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသောကာလဖြစ်ပါသဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ရက်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ ၌ အသက် ၆၃ နှစ်ခန့် အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက်ရှာဖွေတွေ့ရှိဖြင့် ကုတင် ၁၀၀၀ ဆေးရုံးသို့ ပို့ဆောင်

ဧပြီ ၁ ရက်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ ၌ အသက် ၆၃ နှစ်ခန့် အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက်ရှာဖွေတွေ့ရှိဖြင့် ကုတင် ၁၀၀၀ ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

ဧပြီ ၁ ရက်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ ၌ အသက် ၆၃ နှစ်ခန့် အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက်ရှာဖွေတွေ့ရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၉ နာရီ ၁၅ မိနစ်တွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ကုတင် ၁၀၀၀ ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Operation Brahma ဟု အမည်ပေးထားသည့် အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်း ၁၅ တန်ခန့် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိ

Operation Brahma ဟု အမည်ပေးထားသည့် အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်း ၁၅ တန်ခန့် မြန်မာနိုင်ငံသို့ မတ်လ ၂၉ ရက် နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စတင်ရောက်ရှိလာကြောင်း အိန္ဒိယသံရုံးမှ သိရသည်။

ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ပထမဆုံး တုံ့ပြန်ကူညီဆောင်ရွက်မှုအနေဖြင့် Operation Brahma စီမံချက်အမည်ဖြင့် အိန္ဒိယနိုင်ငံမှ ပေးပို့သည့် စောင်များ ၊ သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊ အစားအသောက်ထုပ်များ၊ မီးစက်များနှင့် မရှိမဖြစ်လိုအပ်သောဆေးဝါးများ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း ၁၅ တန်ခန့်သည် ပထမအသုတ်အဖြစ် ရန်ကုန်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား တောမီးကယ်ဆယ်ရေးတွင် ဝင်ကူညီခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသားသုံးဦး နှစ်ရှည်နေထိုင်ခွင့်ဗီဇာများ ရရှိ

နိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် မကြာသေးမီက တောမီးများလောင်ခဲ့စဉ် ကူညီကယ်ထုတ်မှုများတွင် ပါဝင်ခဲ့သည့် အင်ဒိုနီးရှားသင်္ဘောသားသုံးဦးအား F-2 နှစ်ရှည်နေထိုင်ခွင့်ဗီဇာများ ပေးအပ်လိုက်ပြီဟု တောင်ကိုရီးယားအစိုးရက ဧပြီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

" တောမီးတွေလောင်တုန်းက သက်ကြီးရွယ်အိုတွေကို ဘေးကင်းအောင် အင်ဒိုနီးရှားနိုင်ငံသားသုံးဦးက ကူညီပေးခဲ့လို့ နိုင်ငံအပေါ်သူတို့ရဲ့ အထူးစွမ်းဆောင်ချက်တွေကိုထောက်ပြီး နှစ်ရှည်နေထိုင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ကိုယ့်ကိုယ်ကိုယ်မငဲ့ဘဲ အနီးအနားနေသူတွေရဲ့အသက်ကို ကယ်တင်ပေးခဲ့လို့ သူတို့ကိုစိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ပါတယ်" ဟု တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုဘေးအန္တရာယ်နှင့်ဘေးကင်းရေး တန်ပြန်ရေးဌာနချုပ်မှ လက်ထောက်အကြီးအကဲ လီဟန်ယောင်က ပြောသည်။


Ref: The Korea Herald

■ Website Link - - - >>>https://news-eleven.com/article/301820
AW Foundation မှ ငလျင်ဘေးဒဏ်သင့်ဒေသများအား ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများပံ့ပိုးရန် ကျပ်သိန်း ၂၀၀၀၀ အား ထည့်ဝင်လှူဒါန်းခဲ့ပြီး ကူညီကယ်ဆယ်ရေးအတွက် စက်ယန္တရား ၁ဝဝကျော်ဖြင့်ပါဝင် ဆောင်ရွက်နေ

AW Foundation မှ ငလျင်ဘေးဒဏ် သင့်ဒေသများအား ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများပံ့ပိုးရန် ကျပ်သိန်း ၂၀၀၀၀ အား ထည့်ဝင်လှူဒါန်းခဲ့ပြီး ကူညီကယ်ဆယ်ရေးအတွက် စက်ယန္တရား ၁ဝဝကျော်ဖြင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ် ကြောင့် မြေကျွံကျမှှုဖြစ်ပွား သည့် နေရာများတွင် Asia World Co.,Ltd မှ စက်ယန္တရား ၁၀၀ ကျော်ဖြင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

မတ်လ ၂၈ ရက်က လှှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ကြောင့် ဒေသခြောက်ခုတွင် လမ်းတံတား အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရမှှုနှင့် သေဆုံးမှှုများ ရှိခဲ့ခြင်း ဖြစ်သည်။

■ Read More - - - >>>https://news-eleven.com/article/301675
Ko'proq funksiyalarni ochish uchun tizimga kiring.