(၂၃၊ ၃၊ ၂၀၂၅) ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းအနောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်အတွင်း ပစ်ခတ်မှု အချို့ဖြစ်ခဲ့တယ်။ ဒီအကြောင်း မြန်မာဘာသာ လူမှုကွန်ရက်အသုံးပြုသူများကြား အဖြစ်မှန်ထက် ပိုမိုချဲ့ကားတဲ့ သတင်းမှားများ ပျံ့လွင့်ခဲ့ကြောင်း တွေ့ရပါတယ်။
..
နိုင်ငံတကာ ဘာသာပြန် သတင်းဆောင်းပါးများကို ရေးသားနေတဲ့ ကျွန်တော်ဟာ ဧရာဝတီတိုင်းအတွင်း လုံခြုံရေးနဲ့ ပတ်သက်တဲ့သတင်းများကို အခါအားလျော်စွာ ရေးသားလာခဲ့တာ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းခန့်မှ ဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒါ ကျွန်တော့် စာပေ Field မဟုတ်ပါ။ သတင်းတု/သတင်းမှားများ မိုးလုံးပြည့်ဖြစ်နေပြီး ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း ကောင်းရောင်း ကောင်းဝယ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ပဲ အလုပ်ပျက် အကိုင်ပျက် စီးပွားရေး-လူမှုရေး-ကျန်းမာရေး-ပညာရေး ထိခိုက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီအ ကြောင်းတုန့်ပြန်ရေးသားဖို့ နယ်မြေခံ မိတ်ဆွေများရဲ့ အားပေးကူညီမှုလည်း ပါပါတယ်။
.
မတ်လ ၁၆ ရက် ညပိုင်းမှာ ရေကြည်မြို့နယ် ရွှေစေတီတစ်ထောင် ချင်းလယ်ရွာအတွင်း ဝါးခုတ်သမားများကို ရက္ခိုင့်တပ် AA နဲ့ PDF တို့က စစ်မှုထမ်းရန် အတင်းအကျပ် ဝင်ရောက်ဖမ်းဆီးတဲ့အတွက် တစ်ရွာလုံး ဝရုန်းသုံးကား ထွက်ပြေးကြပါတယ်။ ညသန်းကောင်ခန့်မှာ တပ်မတော်ရောက်ရှိလာပြီး ရှင်းလင်းရာ ဓါတ်ခဲနဲ့ ပဒတ်အလောင်းအချို့ ရရှိခဲ့တယ်။ အဲ့ဒီက ကြွင်းကျန်များဖြစ်ပုံရတဲ့ သောင်းကျန်းသူများဟာ လေးမျက်နှာနဲ့ ရေကြည်မြို့နယ်ကြား စက်စက်ယို ကျေးရွာအနီး ရိုးမတောင်ခြေ တောစပ်မှာ တပ်မတော်နဲ့ ပြည်သူ့စစ်ကင်းပုန်းများနဲ့ ထထိပ်တိုက်တိုးပြန်ပါတယ်။ တပ်မတော်လှုပ်ရှားစစ်ကြောင်းများဟာ သောင်းကျန်းသူများနောက်လိုက်လံရှင်းလင်းနေရာ လေကြောင်းအကူအညီ ရယူခဲ့ကြောင်း တွေ့ရှိရပါတယ်။
..
ရက်ခြားပြီး တကယ်ဖြစ်ခဲ့တာ ရေကြည်-လေးမျက်နှာမြို့နယ် ရိုးမတောင်ခြေ သစ်ခိုးလမ်းများ-တောစပ်များမှာ ကွက်ကြားဖြစ်ခဲ့ပေမယ့် ခုနစ်ခိုင်နဲ့ မီဒီယာအမည်ခံ တော်လှန်ရေးထောက်ခံများရဲ့ ချဲ့ကားရေးသားနေကြပါတယ်။ အမှန်တကယ်ထိတွေခြင်း မရှိတဲ့ ကျေးရွာများ၊ မရှိတဲ့ တပ်စခန်းများ အသိမ်းခံရပြီး ပြည်ဖျက်သောင်းကျန်းသူအင်အားကို အလွန်အမင်းချဲ့ကား ရေးသားကြပါတယ်။ အဲ့ဒီသတင်းဟာ ဒေသခံများအတွင်း ကောလဟလများဖြစ်ပေါ်စေပြီး နီးစပ်ရာ ကျေးရွာ နေများကို ကြောက်လန့်ထွက်ပြေးစေပါတယ်။
.
လွန်ခဲ့တဲ့ ဒီဇင်ဘာနှစ်ကုန်ပိုင်းမှာ ဂွမြို့ဘက်က ၅၆၂- ၅၆၃ ဟာ အလံဖြူ ထောင်ကြောင်း အကြိမ်ပေါင်း မရေ မတွက်နိုင်အောင် ရေးသားလွှင့်တင်ခံရပြီး၊ ရခိုင်နယ်စပ် ဧရာဝတီတိုင်း ဗေဒါစစ်ဆေးရေးဂိတ်ကို သိမ်းယူတယ်လို့ အကြိမ်ကြိမ် ဓါတ်ပုံအရိုက်ခံရပါတယ်။ ဂွမြို့မှာ နေထိုင်သူ မရှိ၊ ရခိုင်ပြည်နယ်တစ်ခုလုံး ဖုန်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်နေတဲ့အတွက် သတင်းမှန်အတည်ပြုဖို့ခက်ခဲခြင်း၊ ရက်နောက်ကျခြင်းများ ဖြစ်ခဲ့ရပါတယ်။ အစဉ်အလာရှိတဲ့ တရားဝင်မီဒီယာတွေကိုယ်တိုင် “စတားလင့်” သုံးနိုင်တဲ့ “ခိုင်သုခ” တို့ ပြောစကားကို “ဒေသခံ ရခိုင်ပြည်သူ” အဖြစ် ကိုးကားနေကြပါတယ်။
.
ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်အထိ ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းရဲ့ သတင်း များကို မိတ်ဆွေများ မှတ်မိပါလိမ့်မယ်။ မကျီးဇင်၊ ဘောမိ၊ ဘောမိ ကမ်းခြေကျေးရွာများ အတွင်း AA+PDFs များ ဝင် ရောက်လာတဲ့အတွက် တပ်မတော်နဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီသတင်းကို ပုံကြီးချဲ့ရာမှာ တောင်ဘက် ရွှေသောင်ယံနဲ့ မီးလောင်ချိုင် ဝက်သဲအထိ `AA က တိုက်ခိုက် သိမ်းယူတယ်လို့ အာဘောင်အာရင်းသန်သန်နဲ့ လွှင့်ထုတ်ချက်တွေဟာ ယခုအချိန်မှာ သမိုင်းဝင် အမည်းစက်အမှား ဖြစ်သွားပါပြီ။
ဘယ်သူ/ ဘယ်မီဒီယာတွေက အမှားတွေ ပြောဆိုခဲ့ကြောင်း ကျွန်တော်တို့အပေါ် ဘယ်လောက်အထိ စေတနာ ဆိုးယုတ်ခဲ့ကြောင်း ကျွန်တော်တို့ သားစဉ်မြေးဆက် မှတ်သား ကြရပါလိမ့်မယ်။ သူူတို့တွေဟာ အမှားတွေ ပြောဆိုပြီး ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဒုက္ခပေးယုံမက အမှန်ပြောဆိုသူများကို “ဿတ်မယ်၊ ဖြတ်မယ်” ကြိမ်းမောင်းခဲ့ကြပါတယ်။ ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြပါတယ်။
.
♦ ရလဒ်ကတော့ ကြောက်လန့်ပြီး စစ်ဘေးတိမ်းရှောင်ကြတဲ့ အဲ့ဒီဘက်ကျေးရွာတွေမှာ ဖောက်ထွင်း ခိုးယူခံရပြီး အိုးခွက် ပန်းကန်မကျန် ပြောင်တေးရှင်း ဖြစ်ရခြင်းပါ။ စစ်ဘေးရှောင်များပစ္စည်းကို စိမ်ပြေနပြေ စိတ်ကြိုက်သယ်နိုင်တဲ့အတွက် အဲ့ဒီ “# ခုတ်ခွာ ” တွေက BBC, VOA, DVB, RFA နဲ့ နွေဦးတော်လှန်ရေး စပီကာများကို “အာရိ ဂတော ဂိုဇိုင်းမတ်ဆု၊ ရှဲရှဲညီ ၊ ရှိုင်းကျူး” ပါပဲ တဲ့
.
♦ ဆက်တိုက်အရေးနိမ့်ပြီး ပြန်လည်နိုးထခိုက် “သတင်းမှန်ပြန်ကြားရေး” “အချိန်နဲ့ တပြေးညီ သတင်း ထုတ်ပြန်ရေး” ဟာ #အသက်မက_အရေးကြီးကြောင်း_လက်မခံသရွေ့
.
♦ အွန်လိုင်းမှာ ဖျင်လှုပ်ကပြတဲ့ ကောင်မလေးတစ်ယောက်လောက်တောင် “Follower” “Viewers” “Liked” မရှိတဲ့ နစကရဲ့ Telegram, VK က MOI နဲ့ ကာချုပ်ရုံးစာမျက်နှာတွေကို #ထိရောက်တဲ့_သတင်းစာမျက်နှာများအဖြစ်_သတ်မှတ်နေသရွေ့
.
#ကျွန်တော်တို့_ပြည်သူတွေဟာ_ဒီပုဆိုးဝတ်တိုင်း_ဒီ_အီအီး_အပေခံနေကြရမှာပါ
.
#HtayOung #OungMarine
===