Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Action ဇာတ်ကားစုံ»»🎬 avatar

Action ဇာတ်ကားစုံ»»🎬

TGlist रेटिंग
0
0
प्रकारनिजी
सत्यापन
असत्यापित
विश्वसनीयता
अविश्वसनीय
स्थान
भाषाअन्य
चैनल निर्माण की तिथिКвіт 23, 2025
TGlist में जोड़ा गया
Квіт 23, 2025

Action ဇာတ်ကားစုံ»»🎬 के लोकप्रिय पोस्ट

से पुनः पोस्ट किया:
MDG Movie Thak avatar
MDG Movie Thak
21.04.202517:59
L›egends of the C›ondor H›eroes: The G›allants (2025)

India ဇာတ်ကားကောင်းတွေကြည့်ချင်သူများအတွက်☃️🎋
Channel Link🖇
https://t.me/+BqgNJmVzPugwN2Y1
से पुनः पोस्ट किया:
MDG Private avatar
MDG Private
23.04.202505:41
N›erkonda P›aarvai [2019]


Action ဇာတ်ကားကောင်းများ❤️🎬
https://t.me/+lJVTRwHkZ_thN2Q1

India ဇာတ်ကားကောင်းများ🎬💌
https://t.me/+BqgNJmVzPugwN2Y1
से पुनः पोस्ट किया:
MDG Movie Thak avatar
MDG Movie Thak
21.04.202518:01
The W›ild B›lade of S›trangers [2024]
से पुनः पोस्ट किया:
MDG Private 1 avatar
MDG Private 1
23.04.202501:08
O›nly the B›rave [2017]

Action ဇာတ်ကားကောင်းများ❤️🎬
https://t.me/+lJVTRwHkZ_thN2Q1

India ဇာတ်ကားကောင်းများ🎬💌
https://t.me/+BqgNJmVzPugwN2Y1
The W›ild B›lade of S›trangers [2024]
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရှီးအန်းမော့ဓားတပ်ရဲ့ခေါင်းဆောင်ထျန်အန်းယဲ့ဟာ အလွန်အရည်အချင်းရှိပြီး နယ်စပ်ကို နှစ်ပေါင်းများစွာစောင့်ကြပ်ပေးခဲ့သူဖြစ်ပါတယ်

ဒါပေမဲ့ နိုင်ငံရေးအငြင်းပွားမှုတစ်ခုမှာ မဆီမဆိုင် အမှုပတ်ခံရပြီး သူစောင့်ကြပ်တဲ့ လျန်မြို့ပိတ်ဆို့ခံရကာ မော့ဓားတပ်ညီအကိုသုံးရာကျော်ရက်စက်စွာအသတ်ခံခဲ့ရပါတယ်
ထျန်အန်းယဲ့လည်း ကိုယ့်ကိုကိုယ်အပြစ်တင်ပြီး စိတ်ဓာတ်ကျကာ လော့ယန်မြို့ပြင်မှာပဲ မီးသွေးရောင်းကာ အသက်မွေးတော့မယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်

ဒီလိုနဲ့ ‌တနေ့ ဘုရင်သစ်နန်းတက်ချိန်ကျရောက်လာခါနီးမှာ ထျန်အန်းယဲ့တစ်ယောက် မြို့ထဲ၀င်ကာ မီးသွေးပို့ရင်း လိုက်သတ်ခံနေရတဲ့ အမျိုးသမီးငယ်နဲ့ မွေးကင်းစကလေးကို ကယ်တင်ပေးခဲ့မိပါတယ်
နောက်မှ သိလိုက်ရတာက အဲဒီမွေးကင်းစကလေးငယ်က လုပ်ကြံခံခဲ့ရတဲ့ အိမ်ရှေ့စံရဲ့ တော်၀င်သွေးသားဖြစ်နေတဲ့အခါ
से पुनः पोस्ट किया:
MDG Private 1 avatar
MDG Private 1
23.04.202501:07
H›ijack 1971 (2024)

Action ဇာတ်ကားကောင်းများ❤️🎬
https://t.me/+lJVTRwHkZ_thN2Q1

India ဇာတ်ကားကောင်းများ🎬💌
https://t.me/+BqgNJmVzPugwN2Y1
O›nly the B›rave [2017]

Action/Thriller
IMDb : 7.6/10
Rotten Tomatoes : 87%


တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။

ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။

Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။

Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။
အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။

ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။
21.04.202517:59
L›egends of the C›ondor H›eroes: The G›allants (2025)

အားလုံးစောင့်မျှော်နေတဲ့ ကျန့်ကော (ရှောင်းကျန့်) ရဲ့ ကောကျင့်ဗားရှင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်ဒီကားလေးအတွက် ကျန့်ကောဟာ အများကြီး ပြင်ဆင်ခဲ့ရပြီး သူ့ဘဝအတွက် အမှတ်တရများစွာကို ဖန်တီးခဲ့တဲ့ ကားလေးထဲက တစ်ကားဖြစ်လို့ ကျန့်ကောရော ကောကောဖန်တွေပါ အများကြီးမျှော်လင့်ခဲ့တဲ့ကားလေးပေါ့

သိုင်းကားချစ်သူတွေအတွက်ကတော့အထွေအထူးပြောစရာမလိုလှတဲ့ ဆရာကြီးကျင်းယုံရဲ့ မက်မွန်မြေကချစ်တေးတစ်ပုဒ် ဇာတ်လမ်းတွဲက အဓိက ဇာတ်ကောင် ကောကျင့်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါပဲ

ဇာတ်လမ်းအကျဉ်းလေးကတော့ တခြားဗားရှင်းတွေနဲ့ မကွာခြားလှပါဘူး ကျင်းလူမျိုးတွေခြယ်လှယ်မင်းပြုနေချိန်မှာ ဒေသအသီးသီးကကိုယ်မြေ ကိုယ့်ရေကို ကာကွယ်ဖို့အတွက် ပုန်ကန် ကာကွယ် တိုက်ခိုက်လာကြတာပေါ့

ဒီမြေ ဒီရေနဲ့ ဒီလူမျိုးကို ကာကွယ်ဖို့ ဒီလူမျိုးပဲရှိတာကြောင့် နေရာတိုင်းမှာ စစ်ပွဲတွေဖြစ်ပြီး ရရာလက်နက်ဆွဲကိုင်ပြီး ကိုယ်ကျွမ်းကျင်ရာ လိမ်မာရာ နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့တာပေါ့ ကောကျင့်ကတော့ မူလ စုန့်လူမျိုးဖြစ်ပြီး စုန့်ပြည်ထောင် ပျက်သုဉ်းချိန်မှာ မွန်ဂိုမြေမှာ ကြီးပြင်းခဲ့သူတစ်ယောက်ပေါ့

မွန်ဂိုတို့ တတ်သင့်တဲ့ မြှားပစ်အစွမ်းကို သိကျွမ်းပေမယ့် မလုံလောက်တာကြောင့် အလယ်ပိုင်းဒေသမှာ သိုင်းပညာ လေ့လာဖို့အတွက် ရောက်လာခဲ့တာပေါ့ ဒီလိုနဲ့ ကျန်းနန်လူထူးလူဆန်း ၇ ဖော်ရဲ့ တပည့်ဖြစ်လာခဲ့တယ် တစ်ချိန်တည်းမှာ အကြောင်းကြောင့်ကြောင့် သိုင်းလောကထိပ်သီး ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်ရဲ့သမီး ဟွမ်ရုံနဲ့ အမှတ်တမဲ့ ဆုံဆည်းရာကနေ ဘဝမှာမမေ့နိုင်တဲ့ အမှတ်တရဖြစ်လာခဲ့တာပေါ့

ဒီလို ခင်မင်ရင်းနီးလာရာကနေ အားလုံးသိတဲ့ ကောကျင့်ကနေ ကျင့်ကိုကိုဖြစ်လာပြီး ဟွမ်ရုံကလည်း ရုံအာဖြစ်လာတာပေါ့ မငြိမ်သက်တဲ့ သိုင်းလောကကြောင့် သူတို့နှစ်ဦး နီးစပ်ခဲ့သလို ဒီသိုင်းလောကကြောင့်လည်း သူတို့နှစ်ဦး ဝေးခဲ့ရတယ် အကြောင်းကတော့ မက်မွန်ကျွန်းအရှင် အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်က ကျန်းနန်လူထူးလူဆန်း ၇ ဖော်ကို သတ်လိုက်တယ်ဆိုတဲ့ ကောလဟလ သတင်းကြောင့်ပါပဲ

ဒီတော့ ဝေးကွာသွားတဲ့ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းနိုင်ပါ့မလား နောက်ပြီး ကောကျင့်ကရော သူဆန္ဒအတိုင်း ပြည်သူကို ကာကွယ်နိုင်တဲ့ သိုင်းပညာရှင် သူရဲကောင်းဖြစ်လာမှာလား ဒီလိုမျိုးမငြိမ်သက်တဲ့ စစ်မြေပြင်မှာ ငြိမ်းချမ်းရေးပန်းတွေ ပွင့်ဖို့ ဘာတွေပေးဆပ်ပြီး ဘာတွေကို ကျော်ဖြတ်ရဦးမှာလဲ ဘယ်လိုတွေစိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ထားတယ်ဆိုတာကို ကြည့်လိုက်ကြရအောင်နော်
N›erkonda P›aarvai [2019]

Action/Drama/Thriller
IMDb : 7.7/10


အမျိုးသမီးငယ်(၃)ယောက်ဟာ စိတ်လှုပ်ရှားလွန်းလို့စကားတောင်မပြောနိုင်ကြဘူး သူတို့(၃)ယောက်ထဲက တစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ရဲ့ခေါင်းကိုရိုက်လိုက်မိလို့

ပြင်းထန်စွာဒဏ်ရာရသွားခဲ့တယ်...ဆေးရုံရဲ့အရေးပေါ်ခန်းထဲရောက်သွားသလို ရိုက်ခဲ့တဲ့လက်နက်တစ်ခုကြောင့် မျက်လုံးထဲလည်းအစတွေဝင်သွားခဲ့တယ်

ကြည့်ရတာအမျိုးသားတစ်စုနဲ့ အမျိုးသမီး(၃)ယောက်တို့ပြဿနာတက်ခဲ့ပုံပါပဲ နောက်တစ်ခုက ဒဏ်ရာရတဲ့လူနာနဲ့ လူနာရှင်တွေဟာ ရဲစခန်းမှာအမှုဖွင့်ခဲ့ခြင်းမရှိခဲ့ပါဘူး နောက်ရက်အတန်ကြာတဲ့အခါမှာ ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားရဲ့သူငယ်ချင်းအပေါင်းအပါတွေဟာ

သူတို့ကိုလုပ်ခဲ့တဲ့အမျိုးသမီးတစ်ဉီးကိုပြန်ပေးဆွဲပြီး မုဒိမ်းကျင့်ခဲ့ပါတယ်နစ် နာသူအမျိုးသမီးဟာ ရဲစခန်းကိုအမှုဖွင့် တိုင်ကြားခဲ့ပါတယ်

အတိုင်ခံရတဲ့ မုဒိမ်းမှုကျူးလွန်သူတွေထဲမှာ မြို့ရဲ့အာဏာရှိလူကြီးတစ်ယောက်ရဲ့တူတစ်ယောက်ပါဝင်နေတာကြောင့် မုဒိမ်းမှုကျူးလွန်ခံရတဲမိန်းက လေးကိုတောင် အသားရေဖျက်မှုနဲ့တရားပြန်စွဲလိုက်ပါသေးတယ်

အင်အားကြီးသူနဲ့ ခိုကိုးရာမဲ့နေတဲ့နစ်နာသူမိန်းကလေးတို့ ယှဉ်နိုင်စွမ်းမရှိပါဘူး
H›ijack 1971 (2024)

IMDb - 6.8/10

1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ​လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း
ကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာ ကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာ တွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။

ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်း ဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကို ခံရပြီး  မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။

အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့်တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်
L›egends of the C›ondor H›eroes: The G›allants (2025)
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।