R›ockin’ on H›eaven’s D›oor (2013)
Comedy, Drama
IMDb : 6.9/10
Channel Myanmar : 7/10
Hong-ki Lee နဲ့ Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ တစ်ခါကြည့်ပြီး တစ်သက်မမေ့နိုင်ဖို့ ဒီတစ်ခေါက်ပရိသတ်ကြီးအတွက်ထင်မထားရလောက်အောင် ရင်ထဲမှာစွဲကျန်ရစ်ခဲ့မယ့် “Rockin On Heaven’s Door”ဆိုတဲ့ ဒီဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းကိုတော့ ထင်ရာဆိုင်းတတ်တဲ့ ခပ်ဆိုးဆိုးအိုင်ဒေါအနုပညာရှင်လေး ချွန်အွီနဲ့ အစချီထားပါတယ်တစ်နေ့ ချွန်အွီတစ်ယောက် ကလပ်မှာပြဿနာရှာမိပြီးစေတနာ့ဝန်ထမ်းအဖြစ်နဲ့ အပြစ်ပြန်ဆပ်ရဖို့ အကြောင်းဖန်လာပါတယ်
ချွန်အွီလုပ်ပေးရမယ့်နေရာကတော့ နယ်မြို့လေးတစ်ခုက “ဒုံးဟျွန်း”ဆိုတဲ့ဆေးရုံတစ်ခုမှာပေါ့ဆေးရုံကို မုန်းပါတယ်ဆိုတဲ့ ချွန်အွီအတွက်အဲဒီဆေးရုံက လူတွေကလည်း ထူးဆန်းနေပြန်ပါတယ်
နောက်ဆုံးထွက်သက်ရောက်တော့မယ့်လူနာအဘွားအိုကို အသက်ရှူစက်တပ်မပေးတာမျိုး လူနာတွေကို ဆေးလိပ်သောက်ခွင့်ပေးတာမျိုးကလပ်သွားခွင့်ပေးတာမျိုး စသည်ဖြင့်ပေါ့
အဲဒီလိုဆေးရုံက လုပ်ရပ်တွေကို သဘောမကျလို့ချွန်အွီ ထွက်ခဲ့မယ်လို့ကြံမယ့်နေ့မှာပဲ ..နောက်ကွယ်ကအကြောင်းအရာတွေကိုအန်နာဆိုတဲ့ စေတနာ့ဝန်ထမ်းကောင် မလေးပြောလို့ချွန်အွီသိသွားခဲ့တဲ့အခါ