Ella and the Little Sorcerer (2022)
ကြားဖူးနေကျ မင်းသားလေး ၊ မင်းသမီးလေးနဲ့ စုန်းမကြီးတို့ကားမျိုးပါပဲ ၊ တစ်ခါတုန်းကပေါ့ကွယ် အဲလက်စ်လို့ခေါ်တဲ့ မင်းသားချောလေးရှိသတဲ့ ၊ တစ်နေ့မှာ စုန်းမဆိုးကြီးတစ်ယောက်က မင်းသားလေးကို ကြွက်အဖြစ်ပြောင်းလိုက်ပြီး အိုလက်ဖ်လို့ခေါ်တဲ့ မင်းသားအတုနဲ့ သူ့နေရာမှာ အစားထိုးခဲ့သတဲ့ ဒီလိုနဲ့ အယ်လာနဲ့ သူ့သူငယ်ချင်းတွေဟာ အဲလက်စ် လူပြန်ဖြစ်ဖို့နည်းလမ်းကို နေ့တိုင်းရှာဖွေနေကြတာပေါ့ ၊ ကောင်းနိုးရာရာနည်းလမ်းတွေ တွေ့လိုက် စမ်းကြည့်လိုက်နဲ့ နောက်ဆုံး ဒေါက်တာအကုန်သိ လို့ခေါ်တဲ့ ပညာရှိလိပ်ကြီးဆီ အကူအညီတောင်းဖို့ ရောက်သွားကြသတဲ့ ၊ ဒေါက်တာအကုန်သိ ပြောတဲ့နည်းအတိုင်း သူတို့လိုက်လုပ်ရင်း ဘယ်လိုအခက်အခဲတွေ စွန့်စားခန်းတွေနဲ့ကြုံရမလဲ ၊ ဟာသလေးတွေနှောပြီး ရိုက်ကူးပြထားတာမို့ ကြည့်ရတာ အပျင်းလည်းပြေမယ့်ကားပါ။