Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Yangon Division News 2025 avatar
Yangon Division News 2025
Yangon Division News 2025 avatar
Yangon Division News 2025
07.05.202515:54
မေတ္တာရပ်ခံ အသိပေးခြင်း
(7-5-2025) ယနေ့ ညနေ အချိန်တွင် YBS 31 ကားပေါ်တွင်
အကြားအာရုံ မသန်စွမ်းသူ ၊ နားမကြား စကားမပြောနိုင်သူ
မောင်ရန်ပြေဦး၏ ဖုန်း ခ့ါးပိုက်နှိုက်ခံလိူက်ရပါတယ်
ဖုန်း ကာဗာ ထဲတွင် မှတ်ပုံတင် နှင့် မသန်စွမ်းကဒ် လည်း ထည့်ထားသည့် အတွက် ထို အရေးကြီး ကဒ်များပါ ပါသွားခဲ့ပါတယ်
မသန်စွမ်းသူ တစ်ယောက်အတွက် အရေးကြီးသော ကဒ်များဖြစ်ပါတယ်
ဖုန်းထဲတွက်လည်း မသန်စွမ်းသူတစ်ယောက်ရဲ့ အရေးကြီး ဒေတာများလည်း ရှိနေပါတယ်
နှိုက်ယူသွားသူ လူကြီးမင်း အနေဖြင့် ထိုကဒ်များနှင့် အတူ
ပြန်လည် ပေးအပ်ဖို့ မေတ္တာ ရပ်ခံ အပ်ပါတယ်

မောင်ရန်ပြေဦး အနှိုက်ခံရတဲ့ ဖုန်းနံပါတ်က 09673922208

ဝိုင်းဝန်းကူညီပေးကြပါရှင့်

ရန်ပြေဦး မိခင် ဒေါ်နှင်းဆီ ဖုန်း 09256086115 ကို ဆက်သွယ်ပေးပါ
25.04.202507:03
တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်များ၊ ရေယာဉ်နှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဧပြီ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၇၅၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Myanmar Yangon Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ညောင်ခါးရှည်ကျေးရွာ Famous ဆီဆိုင်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၉၅၁၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hyundai Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၀၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်း မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၁၅၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၄၂၀၁၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၈၃၈ တန်၊ အခြားသစ် ၂ ဒသမ ၆၄၁ တန်၊ မီးသွေး ၅ ဒသမ ၃၃၁ တန်၊ ရှားမျှောအလုံး ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၄၂၃၃)ကို သစ်တောဥပဒေအရလည်းကောင်း၊ အောင်လံမြို့နယ် ကျွဲသေကျေးရွာအနီး၌ တရားဝင် သယ်ဆောင်ခွင့် အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် နွားအထီးလေးကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀) ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရလည်းကောင်း၊ မကွေးမြို့ မြို့အဝင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၃၄၂၃၃ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှတောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆၂၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ပလိပ်မြို့ Denkoဆီဆိုင်အနီး၌ မော်တော်ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိ သည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၉၉၆၀၅)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ထုံးဘို ခုနစ်မိုင် ကတ္တားဂိတ်အနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၄၀၂၅၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Win Myanmar Pickup တစ်စီး၊ Toyota Dyna Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်- မန္တလေးလမ်းဟောင်းကျောက်ဆည်မြို့ရှောင်လမ်း၌ လုပ်ငန်းသုံးပစ္စည်း ၁၉ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၈၀၉၃၇၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Shiegx Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၄၈၃၅၈၀၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Reposted from:
MRTV avatar
MRTV
19.04.202512:00
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ် တရားတော်နာ ရွတ်ဖတ်ပူဇော်ပွဲသို့ တက်ရောက်၊ မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ ဘိုးဘွားရိပ်သာများအား သွားရောက်ကြည့်ရှုအားပေး
Breaking

စပယ်ဦး ( ခ )သောင်းသောင်း KNU. တောတွင်း သင်တန်းဆင်း ၂၁. ကြည့်မြင်တိုင် တစ်ဘက်ကမ်း အေးရွာနေအိမ်တွင် ဖမ်းဆီးရမိသည်။

#Fighter
07.04.202509:08
ရန်ကုန်မြို့...အထူးသတိ

ရန်ကုန်မြို့သို့ အမြို့မြို့အနယ်နယ်မှ စစ်ဘေး၊ငလျင်ဘေးဒဏ် သင့် ရှောင် ပြည်သူများနှင့်ရောယောင်၍ အကြမ်းဘက်များ သွားလာလှုပ်ရှားနေကြောင်းး

မြေအောက်UGများနှင့်ဆက်သွယ်၍ ရန်ကုန်မြို့ရဲ့ တည်ငြိမ်နေမှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်ထုတ်မှုများပြုလုပ်ရန်ကြံစည်နေကြောင်းး

သတင်းပေးပို့မှုများရှိလာသဖြင့် လုံခြုံရေး အဖွဲ့များ သတိရှိစွာဖြင့် နေ့ည မပြတ်ဆောင်ရွက်ကြပါရန်နှင့်ဧည့်စာရင်းစစ်ဆေးမှုများ နေ့စဥ် ပြုလုပ်ပါရန်နှင့်အေးချမ်းစွာနေထိုင်ကြလိုသော မိဘပြည်သူများက သတင်းပေးပို့ပူးပေါင်းပေးကြပါရန် တင်ပြအပ်ပါတယ်။

#YDNa@Yangonnews2024
#ပေးပို့သတင်း
#AdminTeams2025
27.04.202513:36
ရန်ကုန် တိုင်းဒေသကြီးတရားလွှတ်တော်၊တရားသူကြီးချုပ်အဖြစ် ဦးကျော်ကျော်အားခန့်အပ်တာဝန်ပေး


#YDN
25.04.202507:03
အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၂၂ ရက်တွင် လပွတ္တာမြို့နယ် မင်းကုန်းကျေးရွာ၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဧပြီ ၂၃ ရက်တွင် မြန်အောင်ခရိုင်၊ ကျုံပျော်ခရိုင်နှင့် ပုသိမ်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၆၉၆ တန်၊ အခြားသစ်တန် ၇ ဒသမ ၁၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၆၄၇၁) ကို သစ်တောဥပဒေ အရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၆၄၇၁ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၂၃ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင်၊ ရေးခရိုင်နှင့် ကျိုက်ထိုခရိုင်တို့အတွင်း၌ တရားမဝင်အခြားသစ် ၇ ဒသမ ၅၄၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၉၈၂၉) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းထက်မင်းဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ် တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၇၇၆၅၀၅) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် MV. MCL-7 ရေယာဉ် တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တိုက်ကြီးမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၃၈၆ တန်၊ အခြားသစ် ၃ ဒသမ ၇၁၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၅၀၇၂) နှင့် အဆိုပါသစ်များတင်ဆောင်ထားသည့် Toyota Probox မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို သစ်တောဥပဒေ အရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၉၆၄၆၁၅၇၇ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၇) မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၉၃၈၀၈၀၁၅) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက် ယှဉ်ပြိုင်နိုင်မှုစွမ်းအားကျဆင်းခြင်းတို့ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံး နစ်နာခြင်းများဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှသိရသည်။
19.04.202511:59
မိုင်းဖုန်းဆရာတော်င်္ကြး​၏ငလျင်ဘေးသင့်ခဲ့သော တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များသို့ သွားရောက်ကူညီထောက်ပံ့ လှူဒါန်းခြင်းခရီးစဉ်

(၁၉-၄-၂၀၂၅) ရက်နေ့ (၀၇:၃၀) နာရီတွင် မိုင်းဖုန်းမှ စတင်ထွက်ခွာပြီး တခလ-မိုင်းဆတ် လမ်း ကြောင်းအတိုင်း ကြွရောက်မည်ဖြစ်ပြီး  မိုင်းပန်မြိုတွင်ညအိပ်ရပ်နား မည်။

(၂၀-၄-၂၀၂၅) ရက်နေ့ တောင်ကြီးမြို့တွင် ညအိပ်ရပ်နားမည်။

(၂၁-၄-၂၀၂၅) ရက်နေ့ မန္တလေးမြို့တွင် ညအိပ်ရပ်နားမည်။

(၂၂-၄-၂၀၂၅) ရက်နေ့ မန္တလေးမြို့တွင်  လှူဘွယ်ပစ္စည်းများလှူဒါန်းပြီး ပြင်ဦးလွင်မြို့တွင် ညအိပ်ရပ်နားမည်။

(၂၃-၄-၂၀၂၅) ရက်နေ့ ပြင်ဦးလွင်မြိုမှ မန္တလေး မြို့သို့ ပြန်ကြွလာပြီး မန္တလေးမြို့တွင် ညအိပ်ရပ်နားမည်။

(၂၄-၄-၂၀၂၅) ရက်နေ့ နေပြည်တော်သို့ ခရီးဆက်ပြီး နေပြည်တော်တွင် ညအိပ်ရပ်နားမည်။

(၂၅-၄-၂၀၂၅) ရက်နေ့ နေပြည်တော်တွင် ထပ်မံ ညအိပ်ရပ်နားမည်။

(၂၆-၄-၂၀၂၅) ရက်နေ့ နေပြည်တော်မှ ရန်ကုန်မြို့သို့ကြွရောက်ပြီး ရန်ကုန်မြို့တွင် ညအိပ်ရပ်နားမည်။

(၂၇-၄-၂၀၂၅) ရက်နေ့ ရန်ကုန်မြို့တွင် ထပ်မံ ညအိပ်ရပ်နားမည်။

(၂၈-၄-၂၀၂၅) ရက်နေ့ ရန်ကုန်တွင် ထပ်မံ ညအိပ်ရပ်နားမည်။

(၂၉-၄-၂၀၂၅) ရက်နေ့ ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ပြန်လည် ကြွရောက်ပြီး ညအိပ်ရပ်နားမည်။

ဆရာတော်၏ ခရီးစဉ် တလျှောက်လုံးတွင် မိုင်းဖုန်း(က)အုပ်စုအုပ်ချုပ်ရေးမှူး ဦးအိုက်လာ (09899996995) နှင့်အတူ မော်တော်ယာဉ် ၃၈ စီး၊ အလှူရှင် ၉၃ ဦး တို့ လိုက်ပါသွားမည်ဖြစ်သည်။

Photo Kyaw win Naing
18.04.202513:45
ယနေ့ညနေမှ ၂၀-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
https://t.me/Yangonnews2024
09.04.202513:54
07.04.202507:02
ဧပြီလ ၇ ရက် နံနက်ပိုင်းမှာ တွေ့ရတဲ့ ဂြိုဟ်တုတိမ်ပုံတွေနဲ့ D-PRINT (DeeP learning - IR INtensity of TCs) အချက်အလက်များအရ 92B က အားကောင်းလာခြင်းမရှိပါ။ 14knots to 16 knots(တနာရီ ၁၆.၁၁ မိုင်မှ ၁၈.၄၁ မိုင်နှုန်းခန့်သာ 92B ရဲ့ ဗဟိုအနီးလေတိုက်နှုန်းရှိနေကြောင်း တွေ့ရပါတယ်။
အားပျော့တဲ့ လာနီညာဆက်လက်ဖြစ်ပေါ်နေဆဲအခြေအနေကြောင့် အရှေ့လေစီးကြောင်းအားကောင်းနေတာလဲ တွေ့ရပါမယ်။

လက်ရှိအချိန်မှာ INVEST-92B မှ ဆက်ပြီး ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်သက်ရောက်မှုက ဧပြီလ အတွင်း ၅ ရက် (၁၁/၁၂/၁၃/၁၄/၁၅ နေ့တွေ) မှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းး ဒေသတွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။

ကျန်ပြည်နယ်တိုင်းဒေသများမှာဖြစ်ပေါ်နိုင်မဲ့ မိုးလေဝသအခြေအနေများအတွက် ကြည့်ရန် link :
https://www.mmweather.org/divisional-cities-weather

တရားဝင်မိုးလေဝသဌာနများမှ မနေ့က - နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တယ်လို ကြေညာထားကြောင်းလဲ တင်ပြထားပြီးဖြစ်ပါတယ်။

⚠️ အခုအချိန်မှာ ငလျင်ဒဏ်သင့်ဒေသများ မိုးများနိုင်မဲ့ အခြေအနေရှိနေတာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်ထားကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။

(ဧပြီလ ၇ ရက် - ၁၂ နာရီ ၄၀ မိနစ်)
25.04.202513:56
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်၏ (၁၃)ကြိမ်မြောက်၊ (၁၄)ကြိမ်မြောက်၊ (၁၅)ကြိမ်မြောက်နှင့် (၁၆)ကြိမ်မြောက်ဘွဲနှင်းသဘင်အခမ်းအနားများကို ယနေ့ နံနက် ၉နာရီတွင်  ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Reposted from:
Sitt Naing(69) avatar
Sitt Naing(69)
25.04.202504:37
သတင်းနှင့်ဗဟုသုတမျိုးစုံအတွက် Join ထားသင့်သော Telegram ချန်နယ်များ==================1.Link ကို နှိပ်၍ ဝင်ပါ။2. Join ကို နှိပ်ပါ။

1.စစ်သတင်း၊ပြည်သူပေးပို့သတင်းများဖတ်ခြင်လျှင်
https://t.me/Sittnweoo

2.ကိုယ်တိုင်ချိတ်ဆက်၊တပ်မတော်သတင်းများနှင့်တင်ပြသတင်းများဖတ်ရန်
https://t.me/difamily007

3.မန္တလေးတိုင်းဒေသကြီးသတင်းများUp to Date ဖတ်ရှု့ရန်
https://t.me/ckkmdy969

4.InService ကိုယ်တိုင်ရေး၊ပေးပို့သတင်းများဖတ်ရှု့ရန်(AungSittThi)
https://t.me/aungsatthi

5.ပရဟိတသတင်း၊ပေးပို့သတင်းများ၊up todate သတင်းရုပ်သံများဖတ်ရှု့ရန်
https://t.me/aungnews

5.ပြည်သူပေးပို့သတင်း၊Upto Dateသတင်းများ၊တပ်မတော်ဆောင်ရွက်မှုသတင်းများဖတ်ရှု့ရန်
https://t.me/tharsitt007

6.အမျိုးဘာသာ၊သာသနာသတင်းများ၊နိုင်ငံတော်သို့ပေးစာ၊Uptodate သတင်းများ ဖတ်ရှု့ရန်
https://t.me/MnpNaungTawLay

7.ပြည်ခရိုင်သတင်းမှန်များ၊ပဲခူးတိုင်းအနောက်ခြမ်းသတင်းများဖတ်ရှု.ရန်
https://t.me/pyaytruenews

8.တပ်မတော်ဆောင်ရွက်ချက်များUp to Date DailyNews ဖတ်ရှု့ရန်
https://t.me/tatmatawnews009

9.ရန်ကုန်တိုင်းဒေသကြီးသတင်းများနေ့စဥ်ဖတ်ရှု့ရန်
https://t.me/Yangonnews2024

10.ပဲခူးတိုင်းဒေသကြီးသတင်းများ နေ့စဥ်ဖတ်ရှု့ရန်
https://t.me/bagonews2024

11.USDP ပါတီသတင်းများဖတ်ရှု့ရန်
https://t.me/kyawswarks969
https://t.me/QTu1p

12.USDP ပါတီဥက္ကဌကြီးကိုယ်တိုင် န်ိုင်ငံရေးသုံးသပ်ချက်များ၊ပါတီဝင်ထုအားသ်ိသင့်သိထိုက်နိုင်ငံ့အရေး၊ပါတီအကြောင်း၊ရှေ့လုပ်ငန်းစဥ်များ၊သတင်းဌာနအသီးသီး၏မေးမြန်းဖြေကြားမှုများ ရုပ်သံကြည့်ရှု့ရန်
https://t.me/chairmanofUSDP

13.တပ်မတော်သတင်းစဥ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏သတင်းများဖတ်ရှု့ရန်
https://t.me/cincdsmyanmar

14.မြဝတီသတင်းရုပ်သံများကြည့်ရှု့ရန်
https://t.me/mwdmmnews
https://t.me/mwdvariety

15.ပရဟိတသတင်းများ၊Usdp ပါတီသတင်း Up to date များဖတ်ရှု့ရန်
https://t.me/TunHtetOo702

Join ထားကြပါရန်..ဖိတ်ခေါ်အပ်ပါတယ်။

https://t.me/Newschannel11115
18.04.202508:57
ငလျင်နဲ့ ပတ်သက်၍ နိုင်ငံတော်၏ ထုတ်ပြန်ချက်



ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုး ဖြစ်ပါသည်။ ငလျင်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက သက်ဆိုင်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၃၄၁၁၂၆၉ နှင့် ၀၆၇-၃၄၁၁၂၅၃ တို့သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

https://t.me/Yangonnews2024
09.04.202513:52
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
==========================
၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(က) ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည် ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီ အတွင်း မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက် သို့ ပြန်ကွေ့ကာ နောက် ၃၀ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ညမှ ၁၁-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင် ပါသည်။ ၁၂-၄-၂၀၂၅ ရက်နေ့မှ ၁၇-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ များတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အကြံပြုချက်
===========
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အကြံပြုအပ်ပါသည်။
06.04.202517:41
၆.၄.၂၀၂၅ ရက်နေ့၊ ၂၃ ၂၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။Update
၂၃ ၄၈ အချိန် မီးထိန်းပါသည်။Update
၂၃ ၅၆ အချိန် မီးငြိမ်းပါသည်။
Reposted from:
U Kyaw Soe Oo avatar
U Kyaw Soe Oo
25.04.202507:15
ရန်ကုန်တိုင်း တွံ့တေးမြို့နယ် နတ်စင်စုကျေးရွာ နဲ့ ဂါတ်ကုန်း ကျေးရွာကြားက အများသုံး သောက်ရေကန်ကြီးကို ဘယ်အဖွဲ့က ရောင်းစားလိုက်တာလည်း။


ဆက်ကြည့်ကြတာပေါ့။လူမိုက်အားကိုး အုပ်စုကပဲ လုပ်နိုင်မလား ငါတို့ကပဲ ဆက်ချမလားဆိုတာ။
#CC-4462
#CC_4462

18.4.2025 (8:45) pm
သာကေတကျောက်တိုင်အနီး မှာ လူတိုက်ပြီးထွက်ပြေးသွားပါကြောင်းမျက်မြင်သက် သေတဦးမှ သတင်းပို့လာပါတယ်။

Toyota Cadina ခဲပုပ်ရောင်ဖြစ်ပြီ ဘက်မှန် တဖက်ကျကျန်ခဲ့ပါသည်။

တိုက်ခံရသူမှာ နေရာမှာတင် ပွဲချင်းပြီး D သွားပါပြီ။

#တိုက်ကြေကား
ကမာရွက်မြို့နယ်၊မြို့မရဲစခန်း ခြံစည်းရိုး နဲ့ ကားမှတ်တိုင်ကြား၌ ယမန်နေ့ည ၁၀ နာရီခန့်က ဗုံးနှစ်လုံး ပေါက်ကွဲမှု့ ဖြစ်ပေါ်ခဲ့သည်။

ထိုအုတ်တံတိုင်းအား Yangon UG Armyနှင့် OF အဖွဲ့မှ ဖောက်ခွဲခဲ့ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထိုအဖွဲ့များမှထုတ်ပြန်ထားသည်။
လှည်းကူးမိုးသည်းနေသည် - ည ၇ နာရီ ၄၅ မိနစ်

Edited ယခုမိုးသည်းသည့်မိုးရွာနှုန်းအတိုင်းရွာ တနာရီ ၁.၆၁ လက်မနှုန်း ဖြင့်ရွာနေမည်ဖြစ်သည်။
April-7

▪️လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဧပြီ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(ကပ္ပလီကျွန်းအနီး)တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဧပြီ ၇ ရက်မှ ဧပြီ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

ယနေ့ ဧပြီ ၇ ရက်မှစ၍ ဧပြီ ၁၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
06.04.202516:03
ရန်ကုန်မြို့တော်ဝန်မဏ္ဍပ် ပြန်ဖျက်လိုက်ပါပြီ
ဒီနှစ်ရန်ကုန်သင်္ကြန်ကဲခြင်သူများ စိတ်ရှော့လိုက်ကြပါတော့ ဘာပဲဖြစ်ဖြစ် အကြတ် အတက်ကတော့ ရပ်ကွပ် သင်္ကြန်ဖြစ်နိုင်ပါတယ်။

ကိုကျော်ကြီး
Shown 1 - 24 of 189
Log in to unlock more functionality.