တောင်ငူမြို့ ဝေဠုဝန်သာသနာ့ရိပ်သာရှိ သံဃာတော်များအတွက်အလှူငွေလှူဒါန်းပြီး ငလျင်ကြောင့် သေဆုံး/ ထိခိုက်ခဲ့သူများ၏မိသားစုဝင်များအား တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသွားရောက်လှူဒါန်း
တောင်ငူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များသည် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ရှိ ဝေဠုဝန်သာသနာ့ရိပ်သာသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမျှော်၍ ဆွမ်းကိစ္စအခက်အခဲမရှိစေရေးအလှူငွေများလှူဒါန်းခြင်း ၊ ငလျင်ဒဏ်သင့်၍ သေဆုံး/ထိခိုက်ခဲ့ရသော မိသားစုဝင်များ ကာယကံရှင်များအား ကူညီထောက်ပံ့ငွေများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည် ။
ထိုသို့နယ်မြေကွင်းဆင်းခဲ့ရာတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် တိုင်းပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီဝင်များ ၊ ပါတီ၏လူငယ်ရေးရာအဖွဲ့များလိုက်ပါခဲ့ပြီး ရှေးဦးစွာ ဝေဠုဝန်သာသနာ့ရိပ်သာ ရှိကျောင်းထိုင်ဆရာတော်ထံ ဆွမ်းကိစ္စများနှင့်သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားကာ ကျောင်းတိုက်အတွက်ဆွမ်းကိစ္စများအဆင်ပြေစေရန် နဝကမ္မဝထ္ထူအလှူငွေ ငါးသိန်းကျပ် ၊ ငလျင်ဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရသူ/သေဆုံးခဲ့ရသော ကလေးငယ် ၆ ဦး၏ မိသားစုဝင်များအတွက် တစ်ဦးလျှင်တသိန်းကျပ် စုစုပေါင်း ၇ ဦးစာအတွက် စာနာထောက်ပံ့ငွေ ၇ သိန်းကျပ်တို့အား ပေးအပ်ထောက်ပံ့ခဲ့ပြီး မိသားစုဝင်များအား အားပေးနှစ်သိမ့်စကားပြောကြားခဲ့ပြီး ကျောင်းတိုက်၏အရေးပေါ်လိုအပ်လျှက်ရှိသော မီးနှင့်ရေ ရရှိရေးအတွက် စီစဥ်မှာကြားခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းပါတီဥက္ကဋ္ဌဦးဆောင်သောအဖွဲ့သည် တောင်ငူမြို့နယ် ပွတ်စုကျေးရွာရှိပါတီဝင်တစ်ဦး၏နေအိမ် ငလျင်ဒဏ်ခံခဲ့ရမှုအား သွားရောက်ကြည့်ရှုကာ ထောက်ပံ့ကူညီလှူဒါန်း နှစ်သိန်းကျပ်အား ပေးအပ်ထောက်ပံ့ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီသည် ငလျင်ဒဏ်သင့်ပြည်သူများအား အရေးပေါ်ကူညီ ကယ်ဆယ် ထောက်ပံ့လှူဒါန်းနိုင်ရန်နှင့် ငလျင်ဒဏ်သင့်မြို့နယ်ဥက္ကဋ္ဌများအားခေါ်ယူ၍ သဘာဝဘေးဒဏ်အရေးပေါ်တုံ့ပြန်ကယ်ဆယ် ကူညီ ထောက်ပံ့ရေးကော်မတီအားဖွဲ့စည်းကာ ဆောင်ရွက်နေကြောင်းသိရသည်။
#Myanmar #USDP #bago