Bago Division News 2025
ပဲခူးတိုင်းဒေသကြီးသတင်းများကို တိကျမှန်ကန်စွာဖော်ပြပေးလျှက်ရှိပြီး ပဲခူးတိုင်းအစိုးရအဖွဲ့ဆောင်ရွက်ချက်များ၏ဂုဏ်တစ်ရပ်ကိုမြှင့်တင်မယ်။
TGlist rating
0
0
TypePublic
Verification
Not verifiedTrust
Not trustedLocation
LanguageOther
Channel creation dateFeb 27, 2023
Added to TGlist
Jan 22, 2025Linked chat
Latest posts in group "Bago Division News 2025"
15.04.202513:13
နေ့စဉ်မိုးလေဝသ သတင်း
=================
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့
ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။
---------------------------------------------------
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းတို့တွင်
တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊
ကျန်ဘင်္ဂလားပင်လယ်အော်တွင်
တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။
----------------------------------------------------------
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း
ဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်
နေရာအနှံ့အပြား၊
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့်
ချင်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်၊
မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင်
နေရာကျဲကျဲနှင့်
ရခိုင်ပြည်နယ်တွင်
နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊
မန္တလေးတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့်
စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းနှင့်
ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍
မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်
ဖြစ်ပါ သည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။
===========================
မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး
အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်
တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊
အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ
လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊
မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်
မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ
ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်
အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။
================
လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။
===========================
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့်
ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်
မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်။
===============================
တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍
နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်းပြည့်
ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။
==============================

နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း
၈၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်

မိုးအသင့်အတင့်ရွာမည်။ ရွာရန်ရာနှုန်းပြည့်
ဖြစ်ပါသည်။
မိုး/ဇလ

15.04.202513:12
ပဲခူးမြို့၊ မဇင်းဆည်အတွင်း လူငယ်တစ်ဦးရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံး
==========
သင်္ကြန်အကြတ်နေ့၊ ဧပြီလ(၁၅)ရက်နေ့ ညနေ(၅:၃၀)နာရီအချိန်ခန့်က ပဲခူးမြို့၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ ဘက်ခြမ်းရှိ မဇင်းဆည် အတွင်း လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။
ရေနစ်သူမှာ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီတိုက်တန်းနေ အောင်ကိုကို(ဘ)ဦးတင့်လွင်ဦး (၂၃)နှစ်ဖြစ်ပြီး ၎င်းသည် သူငယ်ချင်းများနဲ့အတူ ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သိရှိရဖြင့် ပရဟိတအဖွဲ့များမှ ဆည်အတွင်းရှာဖွေလျက်ရှိသော်လည်း ပြန်လည်တွေ့ရှိခြင်း မရှိသေးပါကြောင်း နှင့် ညမိုးချုပ်ပြီး အလင်းရောင်မရှိတော့သဖြင့် နောက်တစ်နေ့
မနက်တွင် ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း သိရှိရပါသည်။
https://t.me/bagonews2024

15.04.202512:29
မဟာသင်္ကြန်အကြတ်နေ့တွင် ပဲခူးမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာ ကျင်းပလျက်ရှိ(MRTV)
15.04.202510:06
ပဲခူးမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့အား ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာ ကျင်းပပြုလုပ်လျက်ရှိ
============
ပဲခူး ဧပြီ ၁၅
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့အား ရိုးရာယဉ်ကျေး မှုနှင့်အညီ အေးချမ်းသာယာစွာ ကျင်းပပြုလုပ်လျက်ရှိသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့က အေးချမ်း သာယာသောသင်္ကြန်(အေးသင်္ကြန်)ပွဲတော်အား မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သပြေခတ်နှင့် ရေပက်ဖျန်းပြီး ပဲခူးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် အကြတ်နေ့အား ပြည်သူများနှင့်အတူ ပါဝင်ဆင်နွဲခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွဲကြသည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား နေ့စဉ် မနက်၊ ညနေစဉ်ဆက်မပြတ် ကျွေးမွေး လျက် ရှိသည့် စတုဒီသာမဏ္ဍပ်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယခုနှစ် ပဲခူးမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် တိုက်ဆိုင်လျက်ရှိသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပလျက်ရှိ သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွဲခြင်းအပြင် လာရောက်လည်ပတ်ကြသူအချင်းချင်း မြန်မာ့ သနပ်ခါးအလှ လိမ်းချယ်ခြင်းများကိုလည်း ချစ်စရာဓလေ့တစ်ခုအဖြစ် ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)

Reposted from:
News Of Myanmar NOM

12.04.202514:25
မင်းလှမြို့နယ်၊ သင်တောကန်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NOM ဧပြီ ၁၁၊ ၂၀၂၅
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သင်တောကန်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်လှိုင် (၄၆) နှစ်သည် ဧပြီလ ၁၁ ရက်နေ့၌ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့မှ နေအိမ်သို့ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် သင်တောကန်ကျေးရွာအနီး သင်တောကန်-စစ်ကွင်းသွားမြေနီလမ်းမပေါ်အရောက်တွင် ဆိုင်ကယ်နှစ်စီးဖြင့် PDF အကြမ်းဖက်သမားလေးဦးက နောက်မှမောင်းနှင် လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးကြည်လှိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

11.04.202515:44
ငလျင်ဘေးဒဏ်ကြောင့် အသက်အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ကူညီထောက်ပံ
========================================
ဧပြီ ၁၁၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မတ်လ ၂၈ ရက်နေ့တွင် အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ ပြည်သူများအား တတ်စွမ်းသမျှ ကူညီထောက်ပံ့လျက်ရှိပြီး သိန်းပေါင်း(၆)ထောင်အထိ အသုံးပြုသွားမည်ဖြစ်ပါသည်။
ထိုသို့ကူညီဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၁ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးလှသိန်း၊ ဦးအေးလွင်၊ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းနှင့် ပါတီတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံကြီးအတွက် အလှူငွေ (၁၀)သိန်းကျပ်၊ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာများရရှိပြီး အကြီးစားကုသမှုခံယူနေရသူ (၆)ဦးအတွက် (၁၂)သိန်းကျပ်၊ စောင်၊ ခြင်ထောင်၊ ဖျာ (၆)စုံ၊ လူနာအားလုံးအတွက် နေ့လည်စာ ထမင်းဘူး(၄၀၀)နှင့် ရေသန့်ဘူး (၄၀၀)ဘူးတို့အား လှူဒါန်းခဲ့ပြီး အားပေးစကားများပြောကြားခဲ့ပါသည်။
ထို့နောက်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြိုကျပျက်စီးပြီး အသက်အိုးအိမ် အဆောက်အဦများဆုံးရှုံးခဲ့သည့် ကန်တော်ဗလီ သွားရောက်ပြီး အသက်ဆုံးရှုံးမှုရှိခဲ့သော မိသားစု (၆)စုအတွက် (၆)သိန်းကျပ်၊ စောင်၊ ခြင်ထောင်၊ ဖျာ အစုံ (၅၀)၊ အအေးဘူး (၁၀၀)ဘူးအား ကူညီထောက်ပံ့ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဝေဠုဝန်ကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား အလှူငွေ (၁၀)သိန်းကျပ်၊ ဆန် (၁၀)အိတ်၊ ဆီ (၁)ပုံးတို့အား လှူဒါန်းခဲ့ပြီး ကျောင်းဝန်းအတွင်းရှိဓမ္မာရုံပြိုကျမှုကြောင့် အသက်ဆုံးရှုံးမှုရှိခဲ့သောကလေးများ၏ မိသားစု (၆)စုအတွက် အလှူငွေ (၆)သိန်းကျပ်၊ စောင်၊ ခြင်ထောင်၊ ဖျာ အစုံ(၅၁)စုံအား ကူညီထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် တောင်ငူခရိုင်ပါတီရုံးသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် တိမ်းရှောင်နေရသူများအတွက် စောင်၊ ခြင်ထောင်၊ ဖျာ အစုံ (၈၀)စုံအားလှူဒါန်းခဲ့ပြီး ငလျင်ဘေးအန္တရာယ်ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားများပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

26.03.202510:22
26.03.202510:21
စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSME ကဏ္ဍများ ဟန်ညီချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အထူး အလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား
============
ပဲခူး မတ် ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၅)ရက်နေ့၊ မွန်းလွဲ ပိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSME ကဏ္ဍများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင် ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေးနှင့် အသား၊ ငါး၊ ဥ၊ နို့ ဖူလုံပိုလျှံမှုရှိစေရေး လအလိုက် တိုးချဲ့ဆောင်ရွက်သွားရမည့် လမ်းညွှန်ချက်များ ချမှတ် ပေးထားပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပူပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီ ဖြစ်၍ သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကျေးရွာ ချင်းဆက်လမ်းများနှင့် ကုန်ထုတ်လမ်း တစ်လျှောက် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအပေါ် တစ်ပင်သေ တစ်ပင်ပြန်စိုက်စနစ်ဖြင့် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ကျောင်းသား လူငယ်များအတွက် မြို့နယ်အလိုက် ကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများ၊ အနုပညာသင်တန်း များ၊ အားကစားသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ လာမည့်မိုးရာသီတွင် စိုက်ပျိုးသွားမည့် ကော်ဖီ၊ ကိုကိုးတို့အား ယခုအချိန်ကတည်းက ပျိုးထောင်ထားရှိခြင်းများ ဆောင်ရွက် သွားရမှာဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့ကြရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း တင်ပြပေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စ ရပ်များ၊ ဘာသာ/သာသနာနှင့် ဆက်လက်ကျင်းပသွားမည့် ပွဲတော်များဆိုင်ရာကိစ္စရပ်များအား အသီးသီး အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့်ပတ်သက်၍ မြို့နယ် တစ်ခုချင်းအလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များအပေါ် အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စစ်တောင်းသစ္စာ

26.03.202505:00
နိုင်ငံ့ဝန်ထမ်းများလစာတိုးရန် အစီအစဉ်မရှိသေးဟုဆို
+++++
နိုင်ငံ့ဝန်ထမ်းများ လစာတိုးရန်အစီအစဉ်မရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဉီးဝင်းထိုက်က ပြောသည်။

26.03.202503:48
ပြည်မြို့၌"သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက" ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပြည် မတ် ၂၆
ရိုးရာအားကစားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကကြီးမှူးကျင်းပသည့် "သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက" ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းနှင့် မြို့နယ်အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားနှင့် ပွဲတော်သို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်မြို့ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲကြပြီး ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဦးဌေးဝင်းနှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်ထွန်းနိုင်၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်(ဗဟိုအလုပ်အမှုဆောင်) ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓကလျာဏယုဝအသင်း(YMBA)အလုပ်အမှုဆောင် ဦးမြင့်မြတ်ကျော်တို့က ပွဲတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝေဝေမြင့်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ဝါဝါအောင်တို့က ပွဲတော်ကျင်းပခြင်းအကြောင်း၊ မြန်မာ့သနပ်ခါးအလှသမိုင်းကြောင်းနှင့် သနပ်ခါးပင်၏ဆေးဘက်ဝင်ပုံအကြောင်းတို့ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက မန္တလေးတိုင်းလက်ရွေးစင် တပင်တိုင်မင်းသမီး ပိုးအိနွယ်နှင့် လင်းလက်အောင်တို့၏ ရိုးရာတပင်တိုင်ခြင်းအလှခတ်ဖျော်ဖြေမှုကို တခဲနက်ကြည့်ရှုအားပေးကြကာ တာဝန်ရှိသူများက ဂုဏ်ပြုဆု ငွေများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ သနပ်ခါးအလှလိမ်းချယ်ပြိုင်ပွဲကျင်းပခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်လှပျိုဖြူလေးများ၏ ယှဉ်ပြိုင်နေမှုကို ဒိုင်အဖွဲ့ဖြင့် အကဲဖြတ်အမှတ်ပေး၍ ဆုချီးမြှင့်ပေးခြင်းနှင့် နိုင်ငံကျော်အနုပညာရှင်များ၏ တေးဂီတဖျော်ဖြေ မှု တင်ဆက်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အဆိုပါပွဲတော်ကို မတ်၂၅ရက်မှ ၃၁ ရက်အထိ ၇ရက်တိုင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း ရိုးရာခြင်းအလှခတ်ပွဲနှင့် ပြည်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် တက္ကသိုလ်ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်လှပျိုဖြူများ၏ အဖွဲ့အလိုက် သနပ်ခါးလိမ်းချယ်ပြိုင်ပွဲများ၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို အခမဲ့ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကာ ဒေသထွက် ထုတ်ကုန်အရောင်းဆိုင်များနှင့် ပွဲဈေးဆိုင်တန်းများ၊ ချား/ရဟတ်၊ အပျော်စီးလှေနှင့် ကလေးကစားကွင်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။
ပြည်သတင်း@ပြည့်သဲမောင်(ပြည်)
📲 09423671883
သတင်းဖတ်ရန် Telegram join
ထားပါနော် 🙏🙏🙏
https://t.me/pyaethaemaung
Poto # crd ခရိုင်(ပြန်/ဆက်)

26.03.202503:45
25.03.202523:15
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုဆွေဝင်း တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ(ပထမနေ့)တွင် ဖြေဆိုနေမှုအား သွားရောက်ကြည်ညို(MRTV)
25.03.202516:24
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီး၏(ပထမအကြိမ်)ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ
ပဲခူး မတ် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ကျင်းပပြုလုပ်သောရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်ကြီး၏ (ပထမအကြိမ်) ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲများဖြင့် မတ်လ ၂၃ ရက်နေ့မှ မတ်လ၂၉ရက်နေ့အထိ ည(၈)နာရီမှစ၍ (၇)ရက်တိုင်တိုင် ဖျော်ဖြေတင်ဆက်လျက်ရှိရာ ဘုရားဖူး လာပြည်သူများနှင့်ဒေသခံပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ကြည့်ရှု့အားပေးလျက်ရှိ သည်။
ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် ဘုရားဖူးအပန်းဖြေလာရောက်ကြသူများနှင့်ဒေသခံများအား သစ္စာမေတ္တာရွှေမန်းသဘင် တင်မောင်ဆန်းမင်းဝင်းပါဝင်သော မန်းအလင်္ကာဆန်း ဇာတ်သဘင်၊ DJနှင့်စင်တင်တေးဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်လျက်ရှိရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ၊ အပန်းဖြေလာရောက်ကြသူ (၃၅၀၀)ကျော်အေးချမ်းပျော်ရွှင်စွာလာရောက် ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

25.03.202515:31
၂၅.၃.၂၀၂၅ ရက်နေ့၊ ၂၀ ၅၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုနယ်မြေ၊ ထုံးဘိုကျေးရွာ၊ ဆေးရုံလမ်းတွင် နေအိမ် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထုံးဘိုနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၁ ၀၂ အချိန် မီးငြိမ်းပါသည်။
Records
11.04.202523:59
855Subscribers22.01.202523:59
100Citation index17.03.202502:40
252Average views per post13.03.202523:59
190Average views per ad post15.03.202514:18
7.32%ER17.03.202502:40
29.51%ERRGrowth
Subscribers
Citation index
Avg views per post
Avg views per ad post
ER
ERR
Log in to unlock more functionality.