"မုန့်တီရောင်းပြီး ဘတ်ဂျက်ဖြည့်ခဲ့တဲ့ AA"
======
ရှက်ရမ်းရမ်း တယ်လို့ ခေါ်မလားပဲ။ AA စီးပွားရေးတာဝန်ခံတွေ ရန်ကုန်မှာ ဆေးပြား ကုန်ကူးလို့ မိတာ ဒီတစိကြိမ်တည်း မကတော့ဘူး။ ရှေ့မှာလည်း အကြိမ်ကြိမ် ဖမ်းခံရပြီးသား။ ဒါကို ခုမှ မဟုတ်ပါဘူး၊ မပတ်သက်ပါဘူး ထရှင်းတာတော့ ကြောင်သူတော် ကြွက်သူခိုး ဖြစ်တာပေါ့။
တချို့ကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်လာလို့၊ ARSA ခေါင်းဆောင် ဖမ်းမိလို့ AA တပ်ဖွဲ့ကို နိုင်ငံရေး သိက္ခာ ချတယ်လို့ ဆိုသတဲ့။ နေပါဦး AA ရခိုင်တပ်ဖွဲ့က ဘယ်တုန်းက သိက္ခာ ရှိခဲ့လို့လဲ။
ပလက်ဝ စီမံကိန်းအတွက် လိုအပ်တဲ့ ပစ္စည်း တွေ သွားပို့တဲ့ ကုမ္ပဏီ ဝန်ထမ်းတွေကို ဖမ်းခဲ့တာလည်း AA ပဲ။ NLD လွှတ်တော်ကိုယ်စားလှယ်ကို အကြောင်းမဲ့ ဖမ်းသွားတာလည်း AAပဲ။ ၂၀၁၉ လွတ်လပ်ရေးနေ့မှာ မောင်တောထဲက ရဲစခန်း ၂ ခုကို စတိုက်ခဲ့တာလည်း AA ပဲ။ ကရင်ပြည်နယ်မှာ ရခိုင်တပ်သားတွေပို့ပြီး ကြေးစား ဆန်ဆန် ဆန်ပေး၊ ဆီယူ လုပ်နေတာကလည်း AA ပဲ။ ဒီတကြိမ်မှ မဟုတ်ဘူး။ ရှေ့ အကြိမ်တိုင်းမှာလည်း AA ရဲ့ စီးပွားရေး တာဝန်ခံတွေ ဆေးပြားကုန်ကူးလို့ မိထားတာလည်း ဒီ ရခိုင့် AA ပဲ။
ဆိုစမ်းပါဦး ။ မင်းတို့ AA ရခိုင့်တပ်တော်က မုန့်တီရောင်းပြီး လက်နက်ခဲယမ်းတွေ ဝယ်ကြတာလား။ 😇😇😇