.
☯️
ငလျင်အကြောင်း နကန်းတလုံးမှမသိပါဘူး
1975 ပုဂံငလျင်မှာ ပိသုကာကျောင်းသားတဦးအနေနဲ့ သွားပြီးတိုင်းထွာ ပုံပြန်ထုတ်ခဲ့ရဘူးတယ်၊
ဒီတကြိမ် မန္တလေးငလျင်ဖြစ်ပြီးတော့မှ ငလျင်အကြောင်းတွေ နဲနဲပါးပါးလေ့လာဖြစ်တယ်၊
✅ ငလျင်ထပ်လှုပ်ဦးမယ်လို့ပြောကြသူတွေရှိသလို
✅ နောက်ထပ် နှစ် (၇၀-၉၀) လောက်မှလှုပ်မယ်လို့လဲပြောကြရေးကြတာတွေ့ရတယ်၊
သမိုင်းကိုပြန်ကြည့်လိုက်တော့
➡️ Aug.1929 ( 6.6 m ) ပျဉ်းမနားတောင်ဖက်
➡️ May.1930 ( 7.4 m ) ပဲခူးအနီး
➡️ Dec.1930 ( 7.5 m ) ဖြူးအနီး
➡️ Jan.1931 ( 7.5 m ) မြစ်ကြီးနား
(၁၇) လအတွင်း ငလျင်ကြီး (၄) ခုလှုပ်သွားတာကိုတွေ့ရတယ်၊
အဖြေက ဘာရသလဲဆိုရင်
✅ လှုပ်ချင်လှုပ်မယ်၊ မလှုပ်ချင်မလှုပ်ဘူး
ဆိုတာကိုတွေ့ရတယ်၊
ဘယ်သူကမှကြိုမပြောနိုင်ဘူး၊ ဒါကြောင့် အလွန်အကျူးကြောက်စရာ မလိုသလို၊ အမှုမဲ့အမှတ်မဲ့လဲ မနေသင့်ဘူး... ဆိုတဲ့ အသိတခုဖြစ်လာစေတယ်၊
စစ်ကိုင်းပြတ်ရွေ့ကြောရဲ့အန္တရယ်အလွန်ကြီးမားပြီး၊ မြို့ရွာအတော်များများက ငလျင်လမ်းကြောင်းပေါ်မှာ တည်ရှိနေခြင်းအပေါ်ပြန်လည်သုံးသပ်ဖို့ လိုနေပြီဆိုတဲ့ အတွေးတခုရလိုက်တယ်၊
( 7+ m ) ပြင်းအားရှိတဲ့ ငလျင်ကြီးမျိုးဟာ မြန်မာနဲ့ မစိမ်းတော့ဘူး ဆိုတာလဲ သိလိုက်ရတယ်၊
BaMg ☯️
.