ရိုးရိုးသားသားပြောရရင်တော့ ဒီတရုတ်ကားက သာမန်ကျောင်းသားအချစ်ကားပါပဲ။ You’re the apple of my eyeတို့လို စတိတ်ကျောင်းမှာတွေ့ ကြိုက် ကောလိပ်မှာဇာတ်လမ်းဆက် ဒီလိုပုံစံပါပဲ။ ရိုက်ကူးပုံတို့ စီနီမာတို့ အရောင်တို့ကလည်း ထိုနည်းလည်းကောင်းပဲပြောရမယ်။ You’re the apple of my eyeလောက်ကြီးတော့ မကောင်းပေမဲ့ အခြေခံအရသာအရတော့ ခပ်ဆင်ဆင်ပါပဲ။ You’re the apple of my eyeက မဆုံလိုက်ရတဲ့ဘဝတွေအကြောင်းဆိုတော့ ပိုနတ်ကြီးတာပေါ့။ ဒီရုပ်ရှင်က ပစ်မှတ်ထားတဲ့ ပရိသတ်ကတော့မတူဘူးရယ်။ အဲဒီလိုပုံစံခပ်ဆင်ကိုမှ LDRSအချစ်အကြောင်းကို ဦးစားပေးထားတာဆိုရမယ်။ မင်းသား မင်းသမီးတွေကလည်း ချောပေမဲ့ မြင်နေကြုံနေကျ ရုပ်တွေလိုနဲ့ မထူးခြားနားပြထားတော့ သဘာဝကျတယ်လို့တော့ ခံစားလို့ရတယ်။