ရုရှားနှင့် နယ်မြေခြင်းတိုက်ရိုက်ဖလှယ်ရန်စီစဉ်နေ--ဇလန်းစကီး
ကိဗ်၊ဖေဖော်ဝါရီ ၁၂
ယူကရိန်းသမ္မတဇလန်းစကီးက အမေရိကန်သမ္မတထရမ့်ပ်အနေဖြင့် ကိဗ်နှင့်မော်စကို တို့ကို ညှိနှိုင်းရေးစားပွဲသို့ခေါ်ယူရန် ဆောင်ရွက်နိုင်ပါက ရုရှားနှင့် နယ်မြေချင်းတိုက်ရိုက်ဖလှယ်မည်ဟုပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ နယ်မြေတစ်ခုချင်း တိုက်ရိုက်ဖလှယ်တာမျိုးလုပ်သွားမှာပါ" ဟုလည်း ၎င်းကပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် ၎င်းတို့သိမ်းထားသည့် ရုရှားပိုင်နက် ကာ့စ်ဒေသကို စွန့်လွှတ်ရန်အသင့်ရှိနေကြောင်းဆိုခဲ့ပြီး အပြန်အလှန်အဖြစ် မည်သည့်နယ်မြေ ကိုပြန်လိုချင်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။
"ဘာတွေဆက်ဖြစ်လာမယ်ဆိုတာမသိသေးပေမဲ့ ကျွန်တော်တို့နယ်မြေအားလုံးက ကျွန်တော်တို့အတွက်အရေးကြီးတာပါပဲ၊ဦးစားပေးယူရမဲ့နေရာဆိုတာမရှိပါဘူး" ဟုလည်း၎င်းကဆိုခဲ့သည်။
Source : ရှင်းဟွာ