တရားမဝင်ရွှေ့ပြောင်း ၃၀,၀၀၀ အထိ ထိန်းသိမ်းထားရေးအတွက် ဂွါတာနာမိုထောင်ကို ပြင်ဆင်ထားရန် သမ္မတဒေါ်နယ်ထရန့် ညွှန်ကြား
သမ္မတဒေါ်နယ်ထရန့်က အမေရိကန် ပြည်ထောင်စုလူဝင်မှုကြီးကြပ်ရေးဥပဒေကြမ်းဖြစ်သည့် Laken Riley Act ကို ဇန်နဝါရီ ၂၉ ရက်တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်သောကြောင့် ရာဇဝတ်မှုကျူးလွန်သူများဟု စွပ်စွဲခံရသော တရားမဝင်ရွှေ့ပြောင်းများကို ပြန်ပို့ရေးအတွက် ဖက်ဒရယ်အာဏာပိုင်များအနေဖြင့် ပိုမိုကျယ်ပြန့် သော လုပ်ကိုင်ခွင့်အာဏာရှိလာတယ်လို့ဆိုပါတယ်။
၎င်း၏အစိုးရသည် အဆိုးဆုံးရာဇဝတ်မှုကျူးလွန်သော တိုင်းတစ်ပါးသားများကို ကျူးဘားရှိ ဂွါတာနာမိုထောင်သို့ ပို့ရန်စီစဉ်ထားသည်ဟု လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ထရန့်က ပြောကြားခဲ့ပါတယ်။