Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Popular Journal avatar

Popular Journal

TGlist 评分
0
0
类型公开
验证
已验证
可信度
不可靠
位置
语言其他
频道创建日期May 12, 2021
添加到 TGlist 的日期
Sep 08, 2024
关联群组

记录

19.01.202519:33
33.7K
订阅者
04.09.202423:59
0
引用指数
10.02.202511:41
1.7K
每帖平均覆盖率
26.02.202523:59
1.9K
广告帖子的平均覆盖率
11.01.202523:59
12.09%
ER
10.02.202511:41
5.05%
ERR

Popular Journal 热门帖子

08.02.202501:19
ရန်ကုန်မြို့ရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ၂ ရက်ကြာကျင်းပမည်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နံနက် ၁၀ နာရီမှနေ့လည် ၃ နာရီအထိ ၂ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲ၌ ဂျပန်နိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ အ သက်မွေးဝမ်းကျောင်းကောလိပ်များနှင့် ဂျပန်နိုင်ငံသင်တန်းကျောင်းများမှ တာဝန်ခံဆရာ၊ဆ ရာမများကရှင်းလင်းပြောကြားမှုများ၊ မြန်မာ နိုင်ငံဆိုင်ရာဂျပန်သံရုံး၊ MAJA Education Center၊ OJEIC တို့၏ပါဝင်ဆွေးနွေးမှုများလည်းပါဝင်မည်ဖြစ်ကာ ဂျပန်-မြန်မာစကားပြန်များထားရှိပေးမည်ဖြစ်၍ တိုက်ရိုက်မေးမြန်းဆွေးနွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရန်ကုန်မြို့ရှိ-m-tower-၌-ဂျပန်/
08.02.202510:08
အပြင်းအထန်လေ့ကျင့်နေသည့် ကယန်းလက်ဝှေ့မယ်ဘရော်နီကာ

One Championship နှင့်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံသူ ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည့် လာမည့် ဖေဖော်ဝါရီ ၁၄ ရက်ညတွင် One Championship ၌ ၎င်း၏ပထမဆုံးပွဲစဥ်အဖြစ် ONE Friday Fights 97 တွင် ချီလီနိုင်ငံသူ ဖရန်စစ္စကာ ဗီရာ နှင့်ယှဥ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ထိုသို့ ယှဥ်ပြိုင်ထိုးသ-တ်ရာ၌ ရလဒ်ကောင်းများရရှိစေရန် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည့်ပုံရိပ်များအား ၎င်း၏ ချစ်ပရိသတ်များအတွက် ကယန်းလက်ဝှေ့မယ်ဘရော်နီကာက ပြန်လည်မျှဝေထားသည်။

Photo- ဘရော်နီကာ(FB)
၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို " ဘိုးတော်ကင်း" ဇာတ်ကားဖြင့် ခြူးလေး ရရှိ

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကဲဖြတ်အဖွဲ့က စိစစ်အကဲဖြတ်ကာ ချီးမြှင့်ခဲ့သည့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို သရုပ်ဆောင် ခြူးလေးက " ဘိုးတော်ကင်း" ဇာတ်ကားဖြင့် ရရှိခဲ့သည်။

"ဘိုးတော်ကင်း" ဇာတ်ကားကို ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော်အရုဏ်ဦး က ဖန်တီးပုံဖော်ထားခြင်း ဖြစ်သည်။

" ဘိုးတော်ကင်း" ဇာတ်ကားတွင် အကယ်ဒမီ မြင့်မြတ် ၊ အိချောပို ၊ ခြူးလေး ၊စည်သူဝင်း ၊ ထက်ထက်ထွန်း ၊ ဥဩသံသာ ၊ သံစဥ်ဆည်းဆာ ၊ လှနုထွန်းတို့ ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်သည်။
06.02.202517:16
👉အမေရိကနှင့်ဆွေးနွေးမှုပိုမိုတိုးတက်လာ--ခရမ္မလင်

👉သရပါတံခါး ခေတ္တပိတ်ထားမည်

👉မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်မတိုင်မီ UNESCO တင်သွင်းမည်

👉ဂါဇာတွင် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားခြင်းမလုပ်ရန် ကုလအကြီးအကဲ သတိပေး

👉လူကုန်ကူးခြင်းများကို နိုင်ငံတကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်မည်ဟု DKBA ကြေညာချက်ထုတ်

👉မဲဆောက်မှ မြဝတီဘက်သို့ ပြန်လည်ဝင်ရောက်မည့် မော်တော်ယာဉ်အားလုံး စက်သုံးဆီ အပိုတင်ဆောင်လာမှုများ တင်းတင်းကြပ်ကြပ်စစ်ဆေး

👉ရှမ်းတိုင်းရင်းသားများ သမိုင်းဝင်ပြခန်း RCSS ဥက္ကဋ္ဌ ဖွင့်လှစ်ပေး

👉ထရမ့်ကို စွပ်စွဲပြစ်တင်ခြင်း စတင်ရန် ဒီမိုကရက်အမတ်တောင်းဆို

👉မြန်မာနိုင်ငံတွင် မူ-းယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း(၄၀)ဆောင်ရွက်ခဲ့

👉ရှီနှင့် ပေတုံတန် တွေ့ဆုံ

👉လူကု-န်ကူးခံရသည့် နိုင်ငံခြားသား (၆၁) ဦးကို BGF က ထိုင်းကို ပြန်လွှဲပေး

👉သဘာဝတောများမှ နှစ်စဉ်ဝါးနှင့်ကြိမ်အလုံးရေသန်း (၄၀၀) ခန့်ထုတ်လုပ်နိုင်

👉ဆိုလာစီမံကိန်းများ ဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပံ့ပိုးကူညီသွားမည်

👉အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ နှစ်ရက်တာ ကျင်းပမည်

👉ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး

👉ဒလမြို့မှ မီးဘေးသင့်အိမ်ထောင်စု(၅)စုအတွက် အကူအညီများလိုအပ်‌နေ

👉NCA အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်ဖွင့်လှစ်

👉ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒပြသူများက ဟာစီနာ၏ ဖခင်အိမ်ကို မီးရှို့

👉AHA Centre အနေဖြင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးတွင် ကာလရှည်အကျိုးရှိစေမည့် ဦးဆောင်ဦးရွက်ပြုမှုများကိုဆောင်ရွက်စေလို

👉သြဇီအမတ်တစ်ဦးကသူ့ကိုယ်သူ“သြဇီ ထရမ့်ပ်”ဟုအမည်ပြောင်း
" FTCCI Experiential Tourism MICE Fair 2025" တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်

အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနားပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (Federation of Telegana Chambers of Commerce & Industry – FTCCI, India) မှ ကြီးမှူး၍ “FTCCI Experiential Touris m MICE Fair 2025” တွင် မြန်မာလုပ်ငန်းရှင်များပါဝင်ပြသရန်ဖိတ်ခေါ်ထားသည်။

အဆိုပါ ပွဲကို ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်မှ (၂၇) ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ရိုးရာယဉ်ကျေးမှုများကြွယ်ဝ၍ လှပသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထူးခြားသောဘုရား ပုထိုးများ၊ တမူထူးခြားသော သဘာဝရှုခင်းမြင်ကွင်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကြောင့် ကျော်ကြားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယဉ်ကျေးမှုနှင့် သဘာဝ အလှတရားတို့ကို အကောင်းဆုံးဖော်ထုတ်ပြသလျက်ရှိခြင်းကြောင့် FTCCI Experiential Tourism MICE Fair 2025 ပြပွဲတွင်

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ftcci-experiential-tourism-mice-fair-2025-တွင်-မြန်မာလုပ်ငန/
မြန်မာ့ရိုးရာသနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းတင်သွင်းရန် သဘောထားမှတ်ချက်စစ်တမ်း စတင်ကောက်ယူနေ

မြန်မာ့ရိုးရာ သနပ်ခါးကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းတင်သွင်းနိုင်ရန်အတွက် သဘောထားမှတ်ချက်စစ်တမ်း စတင်ကောက်ယူနေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

မြန်မာ့ရိုးရာ သနပ်ခါးကို UNESCO ၏ Representative List of The Intangible Cultural Heritage of Humanity သို့ အမည်စာရင်းတင်သွင်းမည့်ကိစ္စနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ကို စစ်တမ်းပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းမှာ အမည်၊ အသက်၊ နေရပ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ မြန်မာ့ရိုးရာ သနပ်ခါးကို UNESCO ၏ Representative List of The Intangible Cultural Heritage of Humanity သို့ အမည်စာရင်းတင်သွင်းမည့်ကိစ္စ သ‌ဘောတူမတူစသည့် အချက်များဖြည့်ပေးရန် ဖော်ပြထားသည်။

"မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့" UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက (၂၀၂၅) ခုနှစ် မတ်လ (၃၁)ရက်မတိုင်မီ ပြန်လည်တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စင်ကာပူရောက် မြန်မာနိုင်ငံသားများ မလေးရှားနိုင်ငံသို့ နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်မည်ဆိုပါက အဝင်တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး စိစစ်ရန်တိုက်တွန်း

စင်ကာပူနိုင်ငံတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားနိုင်ငံသို့ စင်ကာပူနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များမှတဆင့် ဖြတ်သန်းသွားလာမည်ဆိုပါက မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာန အဝင်တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး စိစစ်ရန် စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထို့ကဲ့သို့ သတိပေးရသည့် အကြောင်းရင်းမှာ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးသည် ဇန်နဝါရီလ (၂၅) ရက်တွင် Woodland Checkpoint အားဖြတ်သန်း၍ မလေးရှားနိုင်ငံ Johor Bahr u သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ဇန်နဝါရီ (၂၆) ရက်တွင် စင်ကာပူနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် မလေးရှားဘ က် Johor Bahru Immigration ဂိတ်အရောက်တွင် ၎င်း၏ နိုင်ငံကူးလက်မှတ်ပေါ်၌ ဝင်ရောက်ခဲ့စဉ်က မလေးရှားဘက် တံဆိပ်တုံးရိုက်နှိပ် ထားခြင်းမရှိသည်ကို အကြောင်းပြလျ က်

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/စင်ကာပူရောက်-မြန်မာနို-2/
၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို "နှောင်" ဇာတ်ကားဖြင့် အာကာကျော်ရရှိ

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကဲဖြတ်အဖွဲ့က စိစစ်အကဲဖြတ်ကာ ချီးမြှင့်ခဲ့သည့် ရုပ်ရှင်အတတ်ပညာရှင်ဆုတစ်ခုဖြစ်သည့် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို " နှောင် " ဇာတ်ကားဖြင့် အာကာကျော်က ရရှိခဲ့သည်

" နှောင်" ဇာတ်ကားသည် ဒါရိုက်တာ ဩရသ ဖန်တီးပုံဖော်ထားသည့် မောတ္တာဖွဲ့ အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီ ဆန်ကာတင်စာ ရင်းဝင် ဇာတ်ကားတစ်ကား ဖြစ်သည်။

"နှောင်" ဇာတ်ကားတွင် အကယ်ဒမီ နေတိုး ၊ နော်ဖောအယ်ထား ၊ ပိုးမမီသာ ၊ သူရိယ ၊ ကောင်းဆက်ပိုင် ၊ ဖြိုးငွေစိုး ၊ တင်မောင်ဆန်းမင်းဝင်းတို့ ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုပါ ဇာတ်ကားဖြင့် အကယ်ဒမီနေတိုး အကယ်ဒမီရရှိနိုင်ကြောင်းလည်း ခန့်မှန်းမှုများ ရှိထားရာ ခန့်မှန်းမှု မှန်မမှန်ကို မကြာမီအချိန်အတွင်း၌ပင် တွေ့မြင်ရတော့မည် ဖြစ်သ ည်။
အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ယခင်နှစ်က မတွေ့ရှိခဲ့သည့် ရေပျော်မျိုးစိတ်(၄)မျိုးကို ယခုနှစ်တွင် ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ် ဒေသများတွင် ယခင်နှစ်က မတွေ့ရှိခဲ့သည့် ဒုံးမြီးကွက်ငှက် (၃)ကောင်၊ ဘဲကျားလေး (၁၃ ဝ)ကောင်၊ အမောက်ပါတစ်တီးတူး (၁၀)ကောင်နှင့် ဂေါ်ပြားနှုတ်သီးပုံဘဲ (၃၀)ကောင်စသည့် ရေပျော်မျိုးစိတ်(၄)မျိုးကိုပါ ယခုနှစ်တွင် ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်း ကောက်ယူရာ၌လည်း ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း(၄၆)မျိုး၊ ကောင်ရေ (၂၀၂၀၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အင်းတော်ကြီးအိုင်နှင့်/
"ဘိုးတော်ကင်း" လား ၊ "နို့ထမင်း" လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။

"ဘိုးတော်ကင်း" နှင့် " နို့ထမင်း" ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင် မြင့်မြတ်လည်း ပါဝင်နေခြင်းဖြစ်သည်။

အကယ်၍ ယနေ့ည ကျင်းပမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် သရုပ်ဆောင်မြင့်မြတ်သာ အကယ်ဒမီရရှိပါက ၎င်းအနေဖြင့် အကယ်ဒမီ (၃) ဆုရှင် လူငယ်သရုပ်ဆောင်တစ်ယောက်ဖြစ်လာမည် ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဘိုးတော်ကင်း-လား-၊-နို့ထ/
(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင် အကယ်ဒမီဆုရှင် ဖြစ်လာနိုင်ချေရှိနေသည့် နီနီခင်ဇော်

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင် ထူးထူးခြားခြားအနေဖြင့် ဂီတနှင့် ရုပ်ရှင်တွဲဖက်ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားပါဝင်နေသည်။

" အိပ်မက်ကာရန်" အမည်ရ အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က ဖန်တီးပုံဖော်ထားပြီး အကယ်ဒမီနေတိုးနှင့် အဆိုတော် နီနီခင်ဇော်က အဓိကဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီ ဓိရာမိုရ်က Music Director အနေဖြင့် တာဝန်ယူထားခြင်း ဖြစ်သည်။

ရုပ်ရှင်အသိုင်းအဝိုင်းနှင့် ပရိသတ်အချို့က နီနီခင်ဇော်အကယ်ဒမီရနိုင်သည်ဟု ထင်ကြေးပေးခန့်မှန်းမှုများလည်း ရှိနေသလို အဆိုပါ ဇာတ်ကားမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ရနိုင်သည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/၅-ဦးမြောက်-လူငယ်-အဆိုတော/
登录以解锁更多功能。