06.05.202502:01
ဆွမ်းဦးပုညရှင်စေတီတော်၏ စိန်ဖူးတော်၊ ငှက် မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို ပြုပြင်မွန်းမံရန်ပင့်ဆောင်
မန္တလေးငလျင်ကြီးဒဏ်ကြောင့် တိမ်းစောင်းမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံကိုးဆင့်တို့အား ပြန်လည်ပြုပြင်မွန်းမံရန် မေ ၅ ရက်နံနက် ၇ နာရီကပင့်ဆောင်တော်မူခဲ့ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီးဦးဆောင်၍ ပင့်ဆောင်တော်မူခဲ့ခြင်းဖြစ်ကာ စိန်ဖူးတော်ပင့်ဆောင်တော်မူမည့် အဖွဲ့သားများက သီတဂူဆရာတော်ကြီးထံမှ ငါးပါး သီလခံယူခဲ့ကြပြီး ဧရာ၀တီဖောင်ဒေးရှင်းမှ ကရိန်းအဖွဲ့သားများ၏အကူအညီဖြင့် စိန်ဖူးတော်၊ ငှက် မြတ်နားတော်၊ ဆပ်သဖူးတော်၊ ရွှေထီးတော်ဘုံကိုးဆင့်တို့ကို တစ်ဆင့်ခြင်းပင့်ဆောင်တော်မူခဲ့ကြသည်။

27.04.202517:03
👉မန္တလေး တိုင်းအတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား ကျောင်းသူများနှင့် တိုင်းဝန်ကြီးချုပ် တွေ့ဆုံ
👉အမြန်လမ်းတွင် ကားတစ်စီးတိမ်းမှောက် (၁၃)ဦးဒဏ်ရာရ
👉ထိုင်းငလျင်အကူအညီပေးရေးလုပ်သား နောက်တစ်သုတ်ရောက်ရှိ
👉တရုတ်ဉာဏ်ကြီးရှင် ကိုယ်စားလှယ်အဖွဲ့အမေရိကသို့သွားရောက်ဆွေးနွေးခဲ့
👉အီရန်၌ဆိပ်ကမ်းပေါက်ကွဲ၍လူ 28 ဦးထက်မနည်း ေ-သဆုံး
👉စူးအက်နှင့်ပနားမားတူးမြောင်းများအခမဲ့ဖြတ်သန်းခွင့်ရသင့်--ထရမ့်ပ်
👉ဒဂုံမြို့သစ်(၂)မြို့နယ်တွင် တစ်ရက်တည်း ပိုင်ရှင်မဲ့အလော င်း (၂)လောင်း တွေ့ရှိ
👉မျိုးဆက်သစ်လူငယ် အခြေခံဂေါက်ဖ်ရိုက်သင်တန်းအား ဒုတိယအကြိမ်မြောက်အဖြစ် အခမဲ့သင်ကြားပို့ချမည်
👉ငလျင်ဒဏ်သင့် Golden City Hotel အား ရှင်းလင်းရာမှ အမျိုးသမီး ရုပ်အလောင်း(၁)လောင်းနှင့် ရွှေငွေများ တွေ့ရှိ
👉မေးခိုင်ကာကွယ်ဆေးနှင့် ကာလဝမ်းရောဂါကာ ကွယ်ဆေးများကို တရုတ်နိုင်ငံကပေးပို့လှူဒါန်း
👉ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ဦးကျော်ကျော် ကိုခန့်အပ်
👉ငလျင်ဘေး (၁)လပြည့်ကုသိုလ်ပြုပွဲအား မနက်ဖြန် ဧပြီ ၂၈ ရက်တွင်ကျင်းပမည်
👉တိုင်းအစိုးရ ညွှန်ကြားမှုဖြင့် စစ်ကိုင်းတောင်ရိုးတွင် စုပေါင်းအမှိုက်ကောက်
👉ဗြိတိန်ဝန်ကြီးချုပ်က ရောမ၌ ယူကရိန်းသမ္မတဇယ်လန်းစကီးနှင့်တွေ့ဆုံခဲ့
👉ကျောက်သေတ္တာစေတီအနီးတွင် ဘူမိ/ရူပဗေဒတိုင်းတာခြင်းများပြုလုပ်
👉ဗန့်ကူးဗားတွင်လမ်းပေါ်ပွဲဈေး၌လူအုပ်ကိုကားဝင်တိုက်၊အများအပြားသေ

26.04.202514:04
ချောက်မြို့၏ နေ့အပူချိန် ၄၅.၂ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ယမန်နေ့ ဧပြီ (၂၅) ရက်က ၄၅.၂ ဒီဂရီ စင်တီဂရိတ်အထိ နေ့အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပြီး ယခု ဧပြီလ၏ ပျမ်းမျှ အပူချိန်ထက် ၂ ဒီဂ ရီစင်တီဂရိတ် မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်းကြားမှုဦးစီးဌာန၏ ယနေ့ အသိပေးချက်အရ သိရသည်။
စံချိန်တင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅.၂ ဒီဂရီစင်တီဂရိတ် ၊ မင်းဘူးမြို့တွင် ၄၃.၂ ဒီဂရီစင်တီဂရိတ်၊ မြင်းမူမြို့တွင် ၄၃.၁ ဒီဂရီစင်တီဂရိတ် ၊ မကွေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် ၄၃.၀ ဒီဂရီစင်တီဂရိတ်တို့ရှိကြောင်း သိရသည်။
အလားတူ မြင်းခြံမြို့တွင် ၄၂.၈ ဒီဂရီစင်တီဂရိတ်၊ ဆင်ဖြူကျွန်းမြို့နှင့် မင်းကင်းမြို့တို့တွင် ၄၂.၅ ဒီဂရီစင်တီဂရိတ်၊ အောင်လံမြို့နှင့် ကလေးဝမြို့တို့တွင် ၄၂.၃ ဒီဂရီစင်တီဂရိတ်နှင့် မုံရွာမြို့တွင် ၄၂.၂ ဒီဂရီစင်တီဂရိတ်တို့ အသီးသီး ရှိကြောင်းသိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ချောက်မြို့၏-နေ့အပူချိန/

19.04.202511:35
စစ်ပွဲအဆုံးသတ်ရေးဓ-ါးစာခံအားလုံးလွှတ်ပေးရန်အသင့်ရှိ--ဟားမတ်စ်
ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခအဆုံးသတ်ရေးအတွက် ပိုမိုကြီးမားသော သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအားဖြင့် လက်ကျန် ဓ-ါးစာခံအားလုံးကို အလဲအလှယ်လုပ်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုကိုချက်ချင်းလုပ်ဆောင်ရန် ဟားမတ်စ်အဖွဲ့က အသင့်ရှိကြောင်း ဟားမတ်စ် စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခါလစ် အယ်ဟေယာက ဧပြီလ၁၇ ရက် နေ့တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့အနေဖြင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပယ်ချခဲ့ကြောင်း ရုပ်သံမိန့်ခွန်းတွင် အယ်ဟေယာက ပြောကြားခဲ့သည်။
“အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ သူ့အစိုးရအဖွဲ့ဟာ ပျက်သုန်းမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲကို အခြေခံတဲ့ သူတို့ရဲ့ နိုင်ငံရေးအစီအစဉ်ကို ဖုံးကွယ်ဖို့ရာ တစ်စိတ်တစ်ပိုင်း သဘောတူညီချက်တွေကို အသုံးချနေပါတယ်။ ဒါကို ကျွန်တော်တို့ လက်မခံပါဘူး” ဟု အယ်ဟေယာက ဆိုခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/စစ်ပွဲအဆုံးသတ်ရေးဓ-ါးစာ/

19.04.202507:39
ငလျင်ဘေးသင့် ဒေသများတွင် သန့်ရှင်းသည့် ရေနှင့် သန့်ရှင်းရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများမှ လူဦးရေ (၄.၃) သန်းကျော်အတွက် သန့်ရှင်းသည့် ရေနှင့် သန့်ရှင်းရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း United Nation OCHA Myanmar က ထုတ်ပြန်ထားသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ရေပေးရေးစနစ်များ ပျက်စီးကုန်ပြီး ငလျင်ကြောင့် အိမ်သာအလုံးရေ (၄၂,၀၀၀) ကျော် ပြိုကျခဲ့သည့်အပြင် လျှပ်စစ်မီး မမှန်ခြင်းကြောင့် ရေတင်ရာတွင်လည်း အခက်အခဲရှိနေကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ငလျင်ဘေးဒဏ်ခံရသည့် ထိခိုက်လွယ်သူ (၁) သန်းကို အခြေအနေများ ပိုဆိုးမလာခင် ဘေးကင်းသည့်ရေ၊ အရေးပေါ်အိမ်သာနှင့် တကိုယ်ရေသန့်ရှင်းရေးအကူအညီများပေးသွားရန် လူသားချင်းစာနာသည့်မိတ်ဖက်အဖွဲ့အစည်းများက ရည်မှန်းထားကြကြောင်း United Nation OCHA Myanmar က ဆိုသည်။

19.04.202502:54
နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားမည်
အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ ဧပြီ ၁၈ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
" နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့စီစဉ်နေပါတယ်။ တွက်ချက်လို့ရတဲ့ ငလျင်ကြောပေါ်မှာရှိနေတဲ့ အဆောက်အဦတွေကို ပြောင်းရွှေ့နေရာချထားဖို့အတွက်ဆောင်ရွက်ရပါမယ်” ဟု နစကဥက္ကဋ္ဌကပြောသည်။
ထို့ပြင် ငလျင်မကြာခဏလှုပ်ခတ်နေသည့် နိုင် ငံများ၏ အဆောက်အဦများကို နမူနာယူ တည်ဆောက်ရန်၊ အဆောက်အဦများအား မြေစမ်းသပ်မှု(Soil Test)များဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းတို့ကိုဆောင်ရွက်သွားရန် မှာကြားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/နေပြည်တော်၏-မြို့အကွက်ခ/

05.05.202504:20
ယုံကြည်ရသည့် ရုရှား-တရုတ်ဆက်ဆံရေးကကမ္ဘာကြီးကိုတည်ငြိမ်စေနိုင်
မော်စကို၊မေ ၄
ယုံကြည်စိတ်ချရပြီး တည်ငြိမ်သည့်ရုရှားနှင့်တရုတ်တို့၏ဆက်ဆံရေးသည် ကမ္ဘာကြီးကို ပိုမို တည်ငြိမ်ရေးစေနိုင်ကြောင်း ရုရှားသမ္မတပူတင်က မှတ်ချက်ပြုပြောကြားခဲ့သည်ဟုသိရသည်။
ရုရှားအနေဖြင့် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ပြီး ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို တက်ကြွစွာဖော်ဆောင်လျက်ရှိပြီး ကမ္ဘာ့မငြိမ်မသက်မှုများဖြစ်ပေါ်လျက်ရှိသည့် လက်ရှိအချိန်၌ နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုလေးနက်သည့်အနေအထားသို့ရောက်ရှိလာနေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
“အခုလိုမငြိမ်သက်နေတဲ့ကမ္ဘာ့အခြေအနေတွေကြားထဲမှာမှ ကျွန်တော်တို့နှစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ယုံကြည်စိတ်ချရပြီးတည်ငြိမ်တဲ့ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်ထားပါတယ်” ဟုလည်း သမ္မတပူတင်ကပြောကြားခဲ့သည်။
Source : ရှင်းဟွာ

27.04.202515:35
ဗြိတိန်ဝန်ကြီးချုပ်က ရောမ၌ ယူကရိန်းသမ္မတဇယ်လန်းစကီးနှင့်တွေ့ဆုံခဲ့
လန်ဒန်၊ဧပြီ ၂၆
ဗြိတိန်ဝန်ကြီးချုပ်ကီးရ်စတာမာသည် စနေနေ့မွန်းလွဲပိုင်းက ရောမမြို့၌ ယူကရိန်းသမ္မတဇယ်လန်းစကီးနှင့်တွေ့ဆုံခဲ့ကြောင်း ဒေါင်းနင်းလမ်းပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
၎င်းတို့တွေ့ဆုံစဉ် ယူကရိန်း၌ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုများကို အလေးထားဆွေးနွေးခဲ့ကြပြီး မကြာမီအချိန်အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးရန်လည်းသဘောတူခဲ့ကြကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ဗြိတိန်သည် လွန်ခဲ့သည့်လက လန်ဒန်၌ပြုလုပ်သည့်ထိပ်သီးအစည်းအဝေးတွင် ကြေငြာခဲ့သော ပဋိပက္ခလွန်အစီအစဉ်တစ်ခုဖြစ်သည့် ညွန့်ပေါင်းအဖွဲ့ကိုဦးဆောင်ရန်ဆန္ဒရှိကြောင်းလည်း ထပ်ေလာင်းအတည်ပြု ပြောကြားခဲ့သည်။

25.04.202523:34

19.04.202510:53
တိုးတက်မှုမမြန်လျှင်ရုရှား-ယူကရိန်းအရေးကြားမဝင်တော့--မာကိုရူဘီယို
ပါရီ၊ဧပြီ ၁၈
ပါရီ၌ပြုလုပ်ခဲ့သည့် ရုရှား-ယူကရိန်းအရေးဆွေးနွေးပွဲအပြီးရက်ပိုင်းအတွင်း တိုးတက်မှု မရှိလျှင်အမေရိကအနေဖြင့် ရုရှား-ယူကရိန်းအရေးတွင် ကြားဝင်တော့မည်မဟုတ်ကြာင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကပြာကြားခဲ့သည်။
"ရုရှား-ယူကရိန်းကိစ္စကို လကနေနှစ်ချီတဲ့အထိ အာရုံစိုက်လုပ်သွားမှာမဟုတ်ပါဘူး၊ဆွေးနွေးပြီးရက်ပိုင်းအတွင်း သိသိသာသာပြာင်းလဲမှုဖြစ်ရင်ဖြစ် မဟုတ်ရင်ကျွန်တော်တို့မှာ တခြားဦးစားပေးလုပ်ဆာင်ရမဲ့အရာတွေရှိသေးလို့ပါ" ဟုလည်းဆိုခဲ့သည်။
အမေရိက၊ယူကရိန်းနှင့်ဥရောပတို့သည် ဇန်နဝါရီလက သမ္မတဒေါ်နယ်ထရမ့်ပ်ရာထူးရလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့ရက်ပိုင်းက ပြင်သစ်၌ တွေ့ဆုံညှိနှိုင်းကြခြင်းလည်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/တိုးတက်မှုမမြန်လျှင်ရု/

19.04.202506:48
မိုင်းဖုန်းဆရာတော်ကြီး၏ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့ရေးခရီးစဥ်စတင်
မန္တလေးငလျင်ကြီးဒဏ်သင့် နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့၌ ကူညီထောက်ပံ့လှူဒါန်းမှုများပြုလုပ်ရန် မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များ ယနေ့ ဧပြီ ၁၉ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ မိုင်းဖုန်းမှထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များသည် ကားအစီး(၄၀)ခန့်ဖြင့် တာချီလိတ်-မိုင်းဆတ်သွားကားလမ်းအတိုင်းကြွရောက်၍ မိုင်းပန်မြို့၊ တောင်ကြီးမြို့၊ မန္တလေးမြို့တို့တွင် ညအိပ်တော်မူကြမည်ဖြစ်ကာ မန္တလေးမြို့၌ ငလျင်ကူညီထောက်ပံ့ရေးပစ္စည်းများကိုလှူဒါန်းပြီးနောက် ပြင်ဦးလွင်မြို့တွင် ညအိပ်တော်မူမည်ဖြစ်သည်။
ထို့ပြင် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ပြန်လည်ကြွရောက်ပြီး နေပြည်တော်သို့ဆက်လက်ကြွရောက်ကာ ငလျင်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းပြီးနောက် နေပြည်တော်တွင် ညအိပ်တော်မူပြီး ရန်ကုန်မြို့သို့ထပ်မံကြွရောက်ကာ ရန်ကုန်မြို့တွင် ၃ ရက်ခန့် အပူဇော်ခံပြီးညအိပ်တော်မူမည်ဖြစ်ကာ ထိုမှတစ်ဆင့်
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/မိုင်းဖုန်းဆရာတော်ကြီ-20/

19.04.202502:11
ယူကရိန်းပဋိပက္ခ မကြာမီငြိမ်းချမ်းရေးရနိုင်သည်ဟု ထရမ့်ယုံကြည်
ယူကရိန်းတွင် စစ်ပြေငြိမ်းရေးနှင့် ပဋိပက္ခ အဖြေရှာရေး သဘောတူညီမှုများ ရရှိရန် ဖြစ်စဉ်တွင် အဖြေတစ်ခုနီးကပ်နေပြီဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
"ဒါကိုဖြေရှင်းနိုင်မလား ကြည့်ရမယ်" ဟု သူကဆိုသည်။ အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားရာတွင် စစ်ပြေငြိမ်းရေးနှင့် အဖြေရှာမှုကို ရည်ညွှန်းကာ၊ "ဒါကိုဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခု ရှိတယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ အရေးပါတဲ့အဆင့်ကို ရောက်နေပြီ" ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ယူကရိန်းပဋိပက္ခ-မကြာမီင/

04.05.202514:30
မို-င်းခွဲဖျက်ဆီးခံခဲ့ရသည့် မိုးကောင်းတံတားအား ယာယီပြင်ဆင်ပြီး၍ ကားများပြန်လည်ဖြတ်သန်းခွင့်ပြု
မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်ရှိ မိုးကောင်းတံတားအား ဒုတိယအကြိမ်အဖြစ် လက်နက်ကိုင်အဖွဲ့ဝင်များမှ မေ ၃ ရက်ညပိုင်းက မို-င်းခွဲဖျက်ဆီးခဲ့သဖြင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ဖြတ်သန်းသွားလာခွင့်ယာယီပိတ်၍ ခရီးသွားလာသူများအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုများမရပ်တန့်စေရေးတို့အတွက် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပျက်စီးသွားသည့် မိုးကောင်းတံတားနေရာအား မြေဖို့ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသဖြင့် ယနေ့ မေ ၄ ရက်ညနေပိုင်းတွင် ခရီးသည်တင်ကားများ၊ အိမ်စီးကားများ၊ ကုန်တင်ကားများကိုပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

26.04.202514:48
(၂၄) နာရီအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် မိုးများနိုင်
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းဖြစ်သည့် တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းစသည့် မြို့များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နှင့် မိုင်းဆတ်မြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် (၂၄) နာရီအတွင်း 60mm (၂) လက်မခွဲခန့် အထိ မိုးရွာသွန်းနိုင်ပြီး မိုးအလွန်များနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေး ရေးသားထားသည်။
ဧပြီ (၂၆) ရက် နံနက်အစောပိုင်း ရရှိသည့် Meteoblue ၏ Multi-model ခန့်မှန်းချက်များအရ ဧပြီ (၂၈)ရက်၊ (၂၉) ရက်၊ (၃၀) ရက်နှင့် မေလ (၁) ရက်များအတွင်း အဆိုပါ ဒေသများတွင် မိုးအလွန်များနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/၂၄-နာရီအတွင်း-ပဲခူးတိုင/

24.04.202517:20
👉Max Cement က ငလျင်ဒဏ်သင့် ဒေသများရှိ အများပြည်သူနှင့်ဆိုင်သည့် အဆောက်အဦးများနှင့် ပြည်သူလူထု၏ နေအိမ်အဆောက်အဦးများအတွက် ဘိလပ်မြေများကို စက်ရုံတိုက်ရိုက်ဈေးဖြင့် ရောင်းချပေးနေ
👉ငလျင်ဘေးသင့် ပြည်သူများအတွက် သက်သာသော စျေးနှူန်းဖြင့် ကြက်ဥနှင့် ကြက်သားများ ရောင်းချပေးမည်
👉မန္တလေးမှတဆင့် မူဆယ်သို့ ကုန်စည်လမ်းကြောင်းပြန်ပွင့်ရန် နှစ်ဖက်ဆွေးနွေးမှုများရှိနေ
👉Block stamp အထူးထုတ် (၂,၄၀၀ကျပ်တန်) တံဆိပ်ခေါင်းသစ် တစ်မျိုးရောင်းချပေးမည်
👉သီတဂူ ကရုဏာအလှူတော်တရားပွဲအား ရန်ကုန်မြို့၌ကျင်းပမည်
👉မန္တလေးမြို့ ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများကိုတရုတ်လူငယ်လုပ်ငန်းရှင်များငွေကြေး ထောက်ပံ့
👉မန္တလေးငလျင် ပြန်လည်ထူထောင်ရေးကာလ Mobile Toilet များ ထောက်ပံ့မည်
👉ထူးခြားမြစ်ရေ မြင့်တက်ခဲ့သည့် ဧရာဝတီမြစ်
👉YUFC ၏ ဒုတိယဆုနေရာကို ချေဖျက်မည့် နည်းပြချုပ်ဦးကျော်ဒွန်း အသင်းဖြင့် (၁)နှစ် စာချုပ်သက်တမ်းတိုး
👉ငလျင်လှုပ်ခတ်မှု အင်အားလျော့ကျကာ အကြိမ်အရေအတွက်မှာလည်း လျော့နည်းသွားပြီဟု ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင် သုံးသပ်
👉ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ Bright Kid မူကြိုကျောင်း အပျက်အစီးများကြားက တွေ့ရတဲ့ ကျောင်းသားငယ်များရဲ့ အသုံးအဆောင်များကို မိဘများလာယူသည့် မြင်ကွင်း ၊
👉Sky Villa အားရှင်းလင်းရာ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား(၄)ဦး၏ရုပ်အလောင်းတွေ့ရှိ
👉သောက်သုံးရေကန်ကိုမြေဖို့ခဲ့သူအား ဒဏ်ကြေး(၃) သိန်းချမှတ်ပြီး ဂရန်ပယ်ဖျက်ခဲ့
👉တိုင်းနှင့်ပြည်နယ်အနှံ့တွင် ဧပြီ ၂၈ ရက်မှ မေ ၃ ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်
👉ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ စစ်ကိုင်းမြို့နယ်အတွင်း ထောက်ပံ့လှူဒါန်းမှုများပြုလုပ်
👉ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု
👉မြန်မာယူ-၂၀ လိဂ် ဂိုးသွင်းဘုရင် စိုင်းဇေယျာကျော် အား YRFC အသင်း သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူ
👉နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လို

19.04.202509:27
ငလျင်ဒဏ်သင့်ခဲ့သည့် တရုတ်နိုင်ငံသားများ နေရပ်ပြန်လိုပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆောင်ရွက်ပေးနေ
မြန်မာနိုင်ငံအတွင်း နေထိုင်ရင်း ငလျင်ဒဏ်သင့်ခဲ့သည့် တရုတ်နိုင်ငံသားများ အနေဖြင့် နေရပ်ပြန်လိုပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆောင်ရွက်ပေးနေသည်။
မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီး၏ သက်ရောက်မှုကြောင့် လတ်တလောတွင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသည် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် လျှောက်လွှာများကို လက်ခံနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် မန္တလေးမြို့ကောင်စစ်ဝန်ချုပ်ရုံးမှ လျှောက်လွှာများ ပြန်လည်လက်ခံနိုင်ချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို ကိုယ်စားလက်ခံပေးနေကြောင်း သိရသည်။
ထို့ပြင် ငလျင်ဒဏ်သင့်ခဲ့ရသည့် တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန် ခရီးသွားလက်မှတ်များ လျှောက်ထားရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာတရုတ်နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်/ ခရီးသွားလက်မှတ်လျှောက်လွှာများအတွက်
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ငလျင်ဒဏ်သင့်ခဲ့သည့်-တရု/

19.04.202505:30
ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်
ယခု ၂၀၂၅ -၂၀၂၆ ရာသီ MNL League Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင် ပွဲများအတွက် ဧရာဝတီယူနိုက်ဘောလုံးအသင်းသည် နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း အသင်းက အသိပေးထားသည်။
နည်းပြချုပ် ဦးချစ်ခိုင်သည် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း အစရှိသည့် အသင်းများအား ၁၉၉၉ - ၂၀၀၀ ပြည့်နှစ်များမှ စတင်ကာ နည်းပြချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး အားကာသိပ္ပံ (မန္တလေး)မှတဆင့် နိုင်ငံ့လက်ရွေးစင်ကစားသမားများအား မွေးထုတ်ပေးခဲ့သူတစ်ဦးဖြစ်သည်။
ထို့ပြင် မြန်မာ့လက်ရွေးစင် ယူ ၁၉၊ ယူ ၂၁ အသင်းများ၏ နည်းပြချုပ်အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်အတူ အာဆီယံ အမျိုးသမီးချန်ပီယံဆုကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် နည်းပြချုပ် ပိုပေါ့ကိုင်တွယ်သော မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းနှင့်အတူ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် တတိယ ကြေးတံ ဆိပ်ဆုကိုလည်းကောင်း
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ဧရာဝတီယူနိုက်တက်အသင်း-န/

19.04.202500:16
04.05.202514:26
မနီလာလေဆိပ် ဝင်ပေါက်အတွင်း ယာဉ်တို-က်မှုဖြစ်၍ လူနှစ်ဦး ေ-သဆုံး
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ နီနွိုင်အကွီနို နိုင်ငံတကာလေဆိပ်(အင်န်အေအိုင်အေ) ဝင်ပေါက်အတွင်း ယနေ့ မေလ ၄ ရက်နေ့က ယာဉ်တို-က်မှုဖြစ်ခဲ့သောကြောင့် လေးနှစ်အရွယ် မိန်းကလေးအပါအဝင် လူနှစ်ဦး ေ-သဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။
ယာဉ်သည် အင်န်အေအိုင်အေ တာမင်နယ်ဝမ်း ဝင်ပေါက်အနီးရှိ အပြင်လက်ရန်းကို ဝင်တို-က်ကာ လျှောက်လမ်းအတွင်း ဝင်ရောက်ခဲ့သည်ဟု ယာဉ်တို-က်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် လေဆိပ်က ပြောကြားခဲ့သည်။
“အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှ ပျံ့နှံ့ခဲ့တဲ့ ဓါတ်ပုံတွေကြောင့် ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ နားလည်းပါတယ်။ ထင်ယောင်ထင်မှား သုံးသပ်တာမျိုးတွေ မလုပ်ကြဖို့နဲ့ မကြာခင်ထုတ်ပြန်လာမယ့် အတည်ပြုချက်တွေကို စောင့်ကြဖို့ တိုက်တွန်းပါတယ်” ဟု အင်န်အေအိုင်အေ ၏ သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/မနီလာလေဆိပ်-ဝင်ပေါက်အတွ/

26.04.202514:32
မြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် လူငယ် (၃၀၀) ကျော် လာရောက်ရွေးချယ်ခံ
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များကို ယနေ့ ဧပြီ (၂၆)ရက်တွင် ပဏာမအဆင့် စတင်ရွေးချယ်ရာ လူငယ် (၃၀၀)ကျော် လာရောက်ရွေးချယ်ခံခဲ့ကြောင်း သိရသည်။
ရန်ကုန်ဇုန် တစ်ခုတည်းအတွက် ရွေးချယ်ခေါ်ယူခြင်းဖြစ်ပြီး မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ဘောလုံးအကယ်ဒမီ ပဏာမ လူရွေးချယ်ရေးများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
ပဏာမ လူရွေးချယ်ခြင်းအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာမိတကဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြို့နယ်အလိုက် အား/ကာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသခံလက်ရွေးစင်ဟောင်းများနှင့် ဆက်သွယ်၍ အကယ်ဒမီ ကျောင်းသားသစ်ရွေးချယ်ရေး အစီအစဉ်များကို ဆက်လက်သတင်းထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်ဟု အသိပေးထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/မြန်မာ့-ဘောလုံးအကယ်ဒမီ-က/

21.04.202513:31
အီစတာပွဲတော်အတွက် အပစ်အခတ်ရပ်စဲကြောင်း သမ္မတပူတင်ကြေငြာ
မော်စကို၊ဧပြီ ၁၉
ရုရှားသမ္မတဗလာဒီမာပူတင်သည် အီစတာပွဲတော်အထိမ်းအမှတ်အနေဖြင့် နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲမည်ဟု သတင်း ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။
သို့သော် ယူကရိန်းသမ္မတဇယ်လန်းစကီးကမူ ပူတင်၏အပစ်အခတ်ရပ်စဲရေးသည် တစ်ဖက်သတ်သာဖြစ်ပြီး စစ်ဆင်ရေးကိုအရှိန်မြှင့်လိုခြင်းဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုကဆက်ရှိနေသဖြင့် အပစ်အခတ်ရပ်မည်မဟုတ်ကြောင်းတုန့်ပြန်ပြောကြားခဲ့သည်။
"အပစ်အခတ်ရပ်မယ်သာပြောတာပါ ယူကရိန်းမှာလေကြောင်းတိုက်ခိုက်မှုအချက်ပေးသံကညံနေပြီး တကယ်တော့ ဒီအပစ်ရပ်မှုက ပူတင်ရဲ့ လူ့အသက်တွေနဲ့ကစားပွဲတစ်ခုပါပဲ၊အပစ်ရပ်မယ်ပြောပြီး လေကြောင်းတိုက်ခိုက်မှုလုပ်နေတာက အီစတာနဲ့လူတွေအပေါ်ထားတဲ့သူ့ရဲ့သဘောထားအမှန်ပါ" ဟုလည်း ဇယ်လန်းစကီးကဆိုသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/အီစတာပွဲတော်အတွက်-အပစ်အ/

19.04.202508:34
ငလျင်ဘေးကူညီရန် ကျင်းပပြုလုပ်မည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့
ငလျင်ဘေးကူညီရန် ရည်ရွယ်၍ ဧပြီ (၂၇)ရက်တွင် ကျင်းပမည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့ပြုလုပ်မည်ဖြစ်ကြောင်း MFC မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းကျောင်းက ယနေ့တွင် အသိပေးထားသည်။
ယင်းသို့ ရက်ပြောင်းရွှေ့ရခြင်းသည် ငလျင်ဘေးဒဏ်နှင့်စပ်ဆက်၍ ပရိတ်သတ်များ၊ ကစားသမားများ နှင့် အခြားသော အထွေထွေ စီစဉ်ဆောင်ရွက်မှုများ စီစဉ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိသဖြင့် ရက်အနည်းငယ်ရွှေ့ဆိုင်းပြီးကျင်းပပြုလုပ်သွားမည်ဖြစ်ဟု အသိပေးထားပြီး ပြန်လည် ကျင်းပမည့်ရက်ကိုမူ သီးခြားအသိပေးထားခြင်းမရှိပေ။
အဆိုပါ ထိုင်း-မြန်မာ နှစ်နိုင်ငံ လက်ဝှေ့ စိန်ခေါ်ပွဲမှ ရရှိလာမည့် ရုံဝင်ခ၊ ကြော်ငြာ အစရှိသည့် အမြတ်ငွေများအားလုံးကို ငလျင်သင့်ဒေသသို့ တစ်ပြားမကျန်အကုန်လှူဒါန်းသွားမည်ဟု မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းက အသိပေးထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ငလျင်ဘေးကူညီရန်-ကျင်းပပ/

19.04.202504:42
ငလျင်ကူညီကယ်ဆယ်ရေး နစကဥက္ကဌနှင့် ဆွေးနွေးခဲ့--အန်ဝါ
တိုင်းပြည်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အရေးကြီးကြောင်း၊ မကြာသေးခင်က ငလျင်လှုပ်ခဲ့ခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် မြန်မာအစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။
အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီး သုံးပတ်အကြာတွင် တွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်တစ်ဦးက ရှားရှားပါးပါး ဆွေးနွေးပြောဆိုမှုဖြစ်သည်။
“ယာယီဆေးရုံ ဖြန့်ကျက်ချထားရေး အပါအဝင် ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု အန်ဝါ က X ပေါ်တင်ခဲ့သော ပို့စ်တွင် ပြောဆိုခဲ့ပြီး မြန်မာအစိုးရက အကျဉ်းသားထောင်ပေါင်းများစွာကို မကြာခင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းကို ကြိုဆိုကြောင်းကိုလည်း ရေးသားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ငလျင်ကူညီကယ်ဆယ်ရေး-နစကဥ/

18.04.202511:32
ယူအက်စ်အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလအခမ်းအနားကျင်းပမည်--တရုတ်
ပေကျင်း၊ဧပြီ ၁၈
ဝါရှင်တန်၏ အနိုင်ကျင့်သည့်သဘောပါသော အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလသမဂ္ဂအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။
လာမည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပရန်စီစဉ်ထားသည့် အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးကိုဖိတ်ခေါ်ထားပြီး အခွန်ကိုအဆမတန်စည်းကြပ်မည့် ဝါရှင်တန်ကို ပေကျင်းက ပြင်းပြင်းထန်ထန်ရှုံ့ချမည်ဖြစ်သည်ဟုလည်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံစုံမူဝါဒကိုကာကွယ်နိုင်ရန်အတွက် ကျန်နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရန်ကြိုးပမ်းနေပြီး အမေရိက၏ ကိုယ်ကျိူးစီးပွားကာကွယ်ရေး မူဝါဒကို တန်ပြန်ရန်ကြိုးပမ်းလျက်ရှိသည်။
“အမေရိကဟာ နိုင်ငံတွေကို အပြင်းအထန်ဖိအားပေးနိုင်ဖို့ အခွန်ကိစ္စကို လက်နက်တစ်ခုလိုအသုံးချနေခြင်းဟာ နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနဲ့ဘက်စုံကုန်သွယ်မှုစနစ်ကိုထိခိုက်စေခဲ့ပါတယ်” ဟုလည်း
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ယူအက်စ်အခွန်စည်းကြပ်မှ/

显示 1 - 24 共 477
登录以解锁更多功能。