Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Инсайдер UA
Инсайдер UA
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Инсайдер UA
Инсайдер UA
MS M°O°V°I°E - 2 avatar

MS M°O°V°I°E - 2

For Ads Contact 📌 @Alexic56
TGlist 评分
0
0
类型私密
验证
未验证
可信度
不可靠
位置
语言其他
频道创建日期May 15, 2025
添加到 TGlist 的日期
Mar 10, 2025
关联群组

"MS M°O°V°I°E - 2" 群组最新帖子

🔥တကားလုံး ရီလဲရီနေရ ကြည့်လို့လဲကောင်းတဲ့ဇာတ်ကားလေးတကားညွန်းပေးလိုက်ပါစေ မြန်မာပရိသတ်တွေရဲ့ အချစ်တော် ဟောင်ကောင်မင်းသမီးလေးShu Qi ရဲ့ အကောင်းဆုံးတွေထဲက တကားဖြစ်ပြီး အက်ရှင်တင်မဟုတ်ပဲ Comedy sense တွေပါ ပေါင်းစပ်ထားတာကြောင့် ရီလဲရီရ အက်ရှင်လဲကြည့်ရလို့ဆိုလိုက်ရင်ပိုပြီးမှန်ပါလိမ့်မယ် မင်းသားကြီး Le၊e
Be၊om-so၊oက‌ပါ အားဖြည့်ထားတာကြောင့် ကြည့်မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး ဇာတ်လမ်းကိုဆက်ရရင်
ဟန်ကီချော ဆိုတဲ့ ဘူဟွာရပ်ကွက်ရဲ့ လူ မိုက် တစ်ယောက်....
တရက်တော့ သူဌေးရဲ့ စေခိုင်းချက်အရ ‌တရုတ်ပြည်က လာတဲ့ကောင်မလေး တစ်ယောက်ကို ဧည့်လမ်းညွန် လုပ်ခိုင်းလိုက်ပါတယ်
ဧည့်လမ်းညွန် လုပ်ပေးရတဲ့ တရုတ်မလေးကလဲ ရုပ်ကလေးလဲ ချော ခပ်ချေချေလေးဆိုတော့ ဟန်ကီချော အဖို့တော့ ဘဝကြီးကနေပျော်စရာဖြစ်‌နေပေမဲ့လုပ်ကြံသူတွေ ပေါ်ပေါ်လာခဲ့တဲ့အခါမှာတော့....


Movie Link
https://t.me/movieverse199/3795
ထောင်ထွက်ဘဲကြီးတွေနဲ့ဖွဲ့စည်းထားတဲ့လျှို့ဝှက်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့

The bad guys:Reign of chaos

ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့်ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ်….အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုတ်အထွေးတွေကိုလိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာ…
ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို… ဖိုက်တင်ခန်းတွေမှာ ဆော်ချက်တွေလည်း
တကယ့်ကိုအားရစရာပါပဲ…..တော်တော်ကြီးကို ပီပီပြင်ပြင်ဆော်ကြတာ….
အရိုးတွေချိုးတာတွေ ……ကားတိုက်ခန်းတွေ….မျက်နှာတွေမှ တေ့ထိုးချတာတွေ…
သတ်ဖြတ်ခန်းတွေတကယ့်ကိုမိုက်ပါတယ်….


🔥Movie Link
https://t.me/moviecinema78/3516

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Don Jon 2013

ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ်
ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ သဘောတရားက “လိင်ကိစ္စဟာ တစ်ယောက်ထဲဆန္ဒပြည့်ဝလို့ ကောင်းတဲ့အရာမဟုတ်ပါဘူး လိင်ဆက်ဆံဖော်နဲ့ အပေးအယူမျှတ ရပါတယ်”ကဲ ဇာတ်ကားအညွှန်းလေးကို ပြောပြရမယ်ဆိုရင်ဇာတ်ကားထဲက ဇာတ်လိုက်ဖြစ်တဲ့ ဂျွန်နီဆိုတဲ့ကောင်လေးဟာ ဆော်ကြည်ဘဲတစ်ပွေပေါ့ဗျာ အပတ်တိုင်း နိုက်ကလပ် သွားတယ် အပတ်တိုင်းလည်း နိုက်ကလပ်ကနေ ဆော်အလန်း တစ်ပွေ ရတယ် အမြဲတမ်းလည်း ကောင်မလေးအလန်းတွေနဲ့ လိင်ဆက်ဆံတယ် ဒါပေမယ့် သူ စိတ်ကျေနပ်မှု အပြည့်အဝမရဘူး သူနဲ့ကြိုက်တဲ့ကောင်မလေးတွေက တင်ပါး၊ရင်သား၊ ရုပ်ရည် ဘာမှ အပြစ်ပြောစရာမရှိဘူး ဒါပေမယ့် သူ့စိတ်ထဲ တစ်ခုခုလိုနေတယ် သူကြည့်နေကြ အပြာကားတွေ လောက်တောင် အဲ့ကောင်မလေးတွေက သူ့ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူး

Video Link
https://t.me/biscopei00/3980
49ရက်ကြာစွန့်စားရမဲ့မရဏခရီးလမ်း အပိုင်း၁

Along with the gods

မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးခဲ့ပြီး ဘ၀ ကူးပြောင်းသွားတဲ့ ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။
လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို့အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ကောင်းကင်ဘုံလား ဆက်သွားရ မယ့်နေရာအတွက် ၄၉ ရက်အ တွင်းမှာ အဆင့်ခုနစ်ဆင့် ဖြတ် သန်းစစ်ဆေးခံရမှာပါ။မီးသတ်သမားလေးဂျာဟုန် အဖို့ ဂန်ရင်းနဲ့အဖွဲ့ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားရပြီး လမ်း တစ်လျှောက် ထူးဆန်းတာတွေ ဆက်တိုက်ကြုံရပါတယ်။ ဂျာ ဟုန် သွားရမယ့်ဘုံအတွက် စစ် ဆေးခံရတဲ့ အဆင့်တွေကိုလည်း အထူးပြုလုပ်ချက်တွေနဲ့ တင် ဆက်ထားလို့ ဆန်းဆန်းပြားပြား ရှုစားရမှာပါ။မီးသတ်သမားလေးဂျာဟုန် မရဏတိုင်းပြည်မှာ ဖြတ်သန်းရ မယ့် ၄၉ ရက်တာစွန့်စားခန်းက ဘယ်လိုရလဒ်နဲ့အဆုံးသတ်မလဲ ဆိုတာကတော့…



Movie Link
https://t.me/cinema090/3575

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Under the Skin 2013

ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။
ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။

Video Link
https://t.me/biscopei00/3972
转发自:
VIP CLUB MM avatar
VIP CLUB MM
🔥 ခရစ်စတယ်ပဲလေ့စ် VS မန်စီးတီး🔥ခန့်မှန်းပွဲ

17.5.2025 ( 10:00PM ) မှာကန်မဲ့
England FA Cup Final
( ခရစ်စတယ်ပဲလေ့စ် Vs မန်စီးတီး ) ပွဲရဲ့

(1) Correct Score (ပွဲရလဒ်)
(2) အနိုင်ရရှိမယ့် အသင်းရဲ့ ပထမဆုံးသွင်းဂိုးကို ဘယ်သူသွင်းပေးမလဲဆိုတာ ခန့်မှန်းပေးရပါမည်

📣ပွဲရလဒ်အနေနဲ့ သရေ ( သို့မဟုတ် ) အနိုင်ရရှိတဲ့အသင်းမရှိပါက ဂိုးသွင်းသူမေးခွန်းကိုထည့်မတွက်တော့ပဲ အဖြေတစ်ခုမှန်တယ်လို့သာ သတ်မှတ်မှာဖြစ်ပါတယ်

(သတိ-မိမိနှစ်သက်ရာ အသင်းတစ်ခုဘက်က အဖြေတစ်တွဲစီသာ ဖြေပေးရပါမည်)

🚨 ပွဲမစခင် 1 နာရီထိ မန့်ထားတဲ့
ကောမန့်များကိုသာ ထည့်တွက်ပါမယ်

💰ဆုကြေး

✔️အဖြေ 2 ခု လုံးဦးဆုံးမှန်သူ1 ဦး
1 သိန်းကျပ် (1ဆု )

✔️အဖြေ1ခုမှန်သူ 5 ဦး -
2 သောင်းကျပ် ( 5ဆု )

⚠️⚠️စည်းကမ်းချက်⚠️⚠️

(1)Telegram Channel ကို Subscribes လုပ်ပြီး
Comment မှာသာ ခန့်မှန်းအဖြေ မန့်ရန်
(2) အဖြေမှန်ကန်ခဲ့ပါက တစ်ရက်အတွင်း ကောမန့်အဖြေမန့်ထားတဲ့ Screenshot နဲ့တကွလာရောက်ထုတ်ယူရန်
(3)တစ်ပတ်အတွင်း
Active မန်ဘာဖြစ်ရပါမယ်
(4)သတ်မှတ်ထားတဲ့ ဆုကြေးအရေအတွက်ထပ် မှန်တဲ့သူများရှိခဲ့ပါက အရင်ဖြေမှန်သူကိုသာ ဦးစားပေးမှာဖြစ်ပါတယ်
(5)မိမိမန်ဘာအကောင့်နောက်5လုံးပါထည့်မန့်ပေးရန်
(6) Turnover ၅သောင်းအထပ် ကစားထားရမည်
(7)Telegram အကောင့်တစ်ခုကို တစ်ကြိမ်သာမန့်လိုရပါမယ်
(8)Edit ထားသောမန့် တစ်ကြိမ်ထပ်ပိုမန့်ထားသောမန့် များကို ထည့်စဉ်းစားပေးမည်မဟုတ်ပါ

📌မှတ်ချက် Telegram channel မှာသာ Comment ပေးရန် 📌

https://t.me/vipclubmmchannel/10088

💰ဆုကြေးထုတ်ယူဖို ဆက်သွယ်ရန်

📱Telegram - @VIPCLUBMM
https://t.me/VIPCLUBMM
📱Viber - 09 9 444 75 666
https://msng.link/o?959944475666=vi
📱Line - @vipclub
https://msng.link/o?vipclub=ln
📱Page - VIP Club MM
https://www.facebook.com/vipclubmm
🌐website - vipclubmm.com

#VIPCLUBMM မှာဘောပွဲအစုံလောင်းနိုင်ပါတယ်ရှင့်
#နပါတ်၁ဘောလုံးကာစီနိုဝဘ်ဆိုက်
#vipclubmm #football #soccer #ဘောပွဲ #ဘောလုံး #ချန်ပီယံလိဂ် #အန်လိုင်းဘက်တင် #အန်လိုင်းဂိမ်း #ကာစီနို #ကာစီနိုအွန်လိုင်း #အန်လိုင်းဘောလုံး #ဘောပွဲ #မနယူ #clubfriendlies
#မနဘာအသစ်ပရိုမိုးရှင်း_၅၀%#အရးပြန်ပေး_၅%
#ရးရှုးနိုင်နိုင်ရမဲ့မောင်းပရိုမိုးရှင်း
#မြန်မာကြေးနဲ့ပါလောင်းလိုရ
#ဘောလုံးသတင်း
#ဘောလုံးရလဒ်
#ဘောလုံးပွဲစဉ်
#ဘောလုံးခန့်မှန်း
转发自:
VIP CLUB MM avatar
VIP CLUB MM
Grave of the Fireflies (1988)

ဒီမောင်နှမလေးနှစ်ယောက်ရဲ့ဇာတ်လမ်းလေးကိုဘယ်သူမဆိုသိကြမယ်ထင်ပါတယ်နော် ဒီဇာတ်လမ်းလေးကကလေးမလေးဟာမြေကြီးလုံးကို ထမင်းပေါင်းနဲ့ပဲပေါင်းဆိုပြီးဘာမှမစားရသေးတဲ့သူအကို ကြည့်ပြီကျွေးနေတာကိုတွေ့ရမှာပါ ဒါဟာ ရင်ထဲထိပါတယ်လက်ရှိကျနော်တို့မြန်မာပြည်မှာလဲစစ်ပွဲတွေကြားက ဒီလို ကလေး တွေအများကြီးမရှိဘူးလို့ဘယ်သူပြောနိုင်မလဲGrave of the Fireflies ဇာတ်ကားအခြေခံရိုက်ကူးခဲ့တဲ့ တကယ့်အဖြစ်အပျက်ထဲက ကလေး (၂) ဦး ရဲ့အကြောင်းကို ကျောရိုးယူပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတပုဒ်လဲဖြစ်ပါတယ်စစ်အတွင်းမှာသားကောင်ဖြစ်ခဲ့ရတဲ့ပြည်သူတွေရဲ့ဘဝနဲ့အကိုတယောက်ကသူ့ညီမလေးအပေါ်မှာထားရှိတဲ့မေတ္တာတွေကိုပြည့်ပြည့်၀၀ဖေါ်ကျူးထားတဲ့ Best Animation Movie Of All Timeသတ်မှတ်ခံထားရတဲ့ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ ကိုယ်ပါခံစားမိလာပြီး
မျက်ရည်ကျတဲ့အထိပါပဲ

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/584
Mechanic: Resurrection ( 2016 )

လုပ်ကြံရေးသမားဘဝကနေ အနားယူပြီး ဘရာဇီးမှာ ဇာတ်မြှုပ်နေတဲ့ ဘစ်ရှော့ပ် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကနေ သူ့ဘဝကို ဖော်ကောင်လုပ်သွားတာကနေ စတင်ပါတယ်။
သူ့အ‌ကြောင်းကိုသိတဲ့ သူ့ရန်သူက အရည်အချင်းရှိတဲ့ ဘစ်ရှော့ပ် ကို အသုံးချပြီး ရန်သူတွေကို ရှင်းပစ်ချင်တာပါ။ သူတို့နှစ်ယောက်ကလည်း ကျောင်းတော်ကရန်စနဲ့ ကမ္ဘာမကြေ ရန်သူတော်နှစ်ပါးပေါ့။ ငယ်ငယ်က ‌ရန်စကိုလည်း လက်စားချေရင်း၊ သူ့လုပ်ငန်းအတွက်လည်း အသုံးလည်းချရင်း တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ချင်တဲ့ ခရိန်း ရယ်၊ ကြားထဲက ဘာမဆိုင် ညာမဆိုင် ညပ်ပါလာတဲ့ မိန်းမလှလေး ဂျီနာ ရယ်၊ လုပ်ကြံရေးသမားဟောင်းကြီး ဘစ်ရှော့ပ် ရယ်တို့ ဉာဏ်ကိုလွှာသုံးပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ကြဲကြပုံတွေ ရှုစားရဖို့ရှိကြောင်းပါခင်ဗျာ


🔥Movie Link
https://t.me/cinema090/3570

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
As one

တင်းနစ်ပြိုင်ပွဲတွေ အာရှနိုင်ငံများပြိုင်ပွဲ ကျင်းပတဲ့အချိန်ဖြစ်သည်ကိုရီးယားနိုင်ငံအနေဖြင့် တောင်နှင့်မြောက်ဆိုပြီး နှစ်ဖွဲ့ခွဲ၍ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သောအခါ မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီး မြောက် နှင့်တောင် ပြိုင်ပြီးလျင် တရုတ်နင့်ပြိုင်ခါ ရွှေတံဆိပ်ဆုရယူရမည်ဖြစ်သည်မြောက်နှင့်တောင်ပြိုင်ကြသောအခါ တောင်ပိုင်းမှ မြောက်ပိုင်းကိုအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် တရုတ်နှင့် ကိုရီးယားတောင်ပိုင်းပြိုင်ခဲ့ရာ တရုတ်ကအသာစီးအနိုင်ရရှိခဲ့ပြီး တောင်ကိုရီးယားကတော့ ငွေတံဆိပ် ရရှိပြီး မြောက်ကိုရီးယားက ကြေးတံဆိပ်ရကာ တရုတ်ကရွှေတံဆိပ်ဆု ရရှိ။ခဲ့ပါတယ်ထိုအဖြစ်အပျက်များဖြစ်ပြီးနောက်ပိုင်း ထပ်မံဗိုလ်လုပွဲတက်ရန် ကိုရီးယားတောင် နှင့်မြောက်တို့ အပြင်းအထန် ကြိုးစားခဲ့ပြီးနှစ်ဖက်ခေါင်းဆောင်များ ထိပ်တိုက် တွေ့ဆုံပြီး Asia တွင်ကိုရီးယား အားကစားအောင်လံထူနိုင်ရန်အတွက် ကစားသမားများပူးပေါင်း၍ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်


🔥Movie link
https://t.me/moviecinema78/3507

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Lucy(2014)

လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့.. 

Video Link
https://t.me/biscopei00/3968
Liar Liar (1997)

IMDB: 6.8/10 ရထားပြီး PG 13 သတ်မှတ်ထားတဲ့The Mask မင်းသား Jim Carreyပါဝင်တဲ့ဟာသကားကိုတင်ဆက်ပေးလိုက်ပါတယ်

ရိဒ် ဖလက်ချာဟာ လိမ်ပြောတဲ့နေရာမှာ ကျွမ်းကျင်တဲ့ရှေ့နေတယောက်ပါ။

လူတယောက်သား စိတ်ချမ်းသာအောင်ပဲဖြစ်ဖြစ် လိမ်ပြောတတ်ပါတယ်။

သူဟာ အိမ်ထောင်ကွဲနေပြီး သားလေးကိုချစ်ပေမယ့်အချိန်မပေးခဲ့ပါဘူး။

သားကိုကတိအမျိုးမျိုးပေးပေမယ့်မတည်တာများနေပါတယ်။

နောက်တော့သူ့သားကသူ့မွေးနေ့လာမယ်ကတိပေးပြီးမှ မလာတဲ့အဖေအတွက်မွေးနေ့မှာဆုတောင်းခဲ့ပါတယ်။

သူ့အဖေတရက်လောက်ပဲဖြစ်ဖြစ်လိမ်မပြောနိုင်ပါစေနဲ့လို့...

မွေးနေ့ဆုတောင်းက အမှန်ဖြစ်လာတယ့်အချိန်မှာတော့…

ဘယ်လိုတွေတောင် ဗရုတ်သုတ်ခဖြစ်ကုန်မလဲရှုစားကြည့်ကြပါဦးခင်ဗျ

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/583
🗣️ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ အကောင်းဆုံး 𝑩𝒐𝒍𝒍𝒚𝒘𝒐𝒐𝒅 ရုပ်ရှင်များ❞

အိန္ဒိယရုပ်ရှင်တွေလို့ဆိုလိုက်ရင် ဇာတ်အိမ်ကောင်းကောင်းနဲ့ပေးချင်တဲ့ အချက်ကိုရိုက်ပြနိုင်တာကတော့ အားသာချက်လို့ဆိုရမှာပါ ဒီထဲကမှဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတဲ့ 𝑩𝒐𝒍𝒍𝒚𝒘𝒐𝒐𝒅 ရုပ်ရှင်တွေဟာဆိုရင်လဲ အတော်လေးကိုကြည့်လို့ကောင်းသလို တကြိမ်ကြည့်ပြီး ရင်ထဲကျန်ခဲ့စေမှာပါ



Movies Link
https://t.me/internmovie/3661
အကောင်းဆုံးမင်းသားကြီးတွေရဲ့အမိုက်စားဂန်းစတားဇာတ်လမ်း

A better tomorrow

မြောက်ကိုးရီးယားကနေ စွန့်စွန့်စားစား ထွက်ပြေးလာခဲ့တဲ့ ကင်ဟွတ်ဟာ

တောင်ကိုးရီးယား ရဲဌာနမှာ အထူးစုံထောက် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ လက် နက် မှောင် ခို ရောင်းဝယ်ရေးကို မြောက်ကိုးရီးယားမှာကတည်းက သူငယ်ချင်း ဖြစ်ခဲ့တဲ့ ယောင်ချွန်းနဲ့ ခိုး လုပ်နေခဲ့ပါတယ်။

တစ်နေ့မှာတော့ ကင်ဟွတ်ရဲ့ ညီဖြစ်သူ ကင်ချောက မြောက်ကိုးရီးယားကနေ ထွက်ပြေးလာပြီး တောင်ကိုးရီးယားကို ရောက်လာခဲ့ပါတယ်။

အမေသေတာ အစ်ကိုကြောင့်ဆိုပြီး အစ်ကိုကို မုန်းနေတဲ့ ကင်ချော၊ ဂိုဏ်း စ တားတွေရဲ့ သစ္စာမဲ့မှုတွေနဲ့ ပြည့်နှက်နေ‌တဲ့ လောက၊ဘယ်သူတွေက ဘယ်သူ့ကို သစ္စာဖောက်မလဲ။

ပြီးတော့ ဂျိုဂျင်မိုနဲ့ ဆောင်းဆောင်ဟွန်းရဲ့ အ ပစ်အ ခတ် အ ကြမ်းတွေကို ဒီကားမှာ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရမှာမို လက်မလွှတ်သင့်တဲ့ အက်ရှင် ကားတစ်ကား ဖြစ်ပါတယ်။


🔥Movie Link
https://t.me/moviecinema78/3506

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Swordsman

Swordsman 2 (သို့) The Legend of the Swordsman ဆိုတဲ့ဇာတ်ကားကတော့နာမည်ကျော်သိုင်းစီးရီးတစ်ခုဖြစ်တဲ့ သိုင်းလောကစိန်ခေါ်သံကို အခြေပြုလို့ ရိုက်ကူးထားတာပါ။
လွင်ကူချုံးအဖြစ် မင်းသားကြီးဂျက်လီမှပါဝင်ထားပြီး တုန်ဖုန်းပုပိုက်အဖြစ် မင်းသမီးချောBrigitte Lin တို့ပါဝင်ပါတယ်။ငယ်ငယ်က ရွာဗွီဒီယိုရုံမှာ အံ့သြဘနန်း သရေကျခဲ့ရတဲ့ သိုင်းဇာတ်ကားတစ်ကားအဖြစ် အမှတ်ရမိပါတယ်။IMDb (7.3) ပါ။

Video Link
https://t.me/biscopei00/3959

记录

07.05.202523:59
105.5K订阅者
29.03.202516:54
392引用指数
10.04.202509:15
1.7K每帖平均覆盖率
10.04.202509:15
1.6K广告帖子的平均覆盖率
12.04.202522:50
0.70%ER
09.04.202515:18
1.43%ERR
订阅者
引用指数
每篇帖子的浏览量
每个广告帖子的浏览量
ER
ERR
APR '25MAY '25

MS M°O°V°I°E - 2 热门帖子

已删除29.04.202517:10
▶️ ဒိုးဆက် ဆိုပြီး ငယ်ငယ်က ဆော့ခဲ့ကြတဲ့ Dominoes ဂိမ်းလေးကို မှတ်မိကြလားဗျ


အပျင်းပြေဆော့ချင်တာပဲဖြစ်ဖြစ် ငွေပွါးချင်လို့ပဲဖြစ်ဖြစ်
🇪🇺1XBET ရဲ့ 1XGame ထဲမှာဆော့ကစားလို့ရနေပြီနော် …


ဒိုးဆက်ဆော့ဖို့ အကောင့်ဖွင့်ချင်ရင်

👋Hello လိုက်ပါ 🔹 @mmsu78
The Whole Truth (2016)

ရုပ်ရှင်ဇာတ်အိမ်ကို အမှုတစ်ခုအပေါ် အခြေတည်ထားပြီး ဇာတ်လမ်းအသွားအလာကလည်း မြန်တာမို့လို့ ပျင်းဖို့မကောင်းပါဘူး။ ဇာတ်လမ်းထဲမှာ Keanu Reeves ဟာ Richard Ramsey ဆိုတဲ့ တော်ပြီး ထက်တဲ့ ရှေ့နေနေရာက သရုပ်ဆောင်ထားပါတယ်။ သူ့အမှုတိုင်း လိုလို ကို ကောင်းကောင်း ကိုင်တွယ်နိုင်ပေမယ့် သူ့အသိ Boone Lassiter ရဲ့ သားဖြစ်တဲ့ Mike Lassiter ရဲ့ အမှုမှာတော့ အကြပ်ရိုက်နေရပ်တယ်။ ဘာလို့လဲဆိုတော့ Mike က သူ့အဖေကို ပြန်သတ်ခဲ့လို့ ဖြစ်ပါတယ်။
အဲဒါအပြင် Mike က ဘယ်သူ့ကိုမှ စကားမပြောပါဘူး။ သူ့ရှေ့နေ ဖြစ်တဲ့ Richard ကိုတောင် စကားလုံးဝ မပြောတော့ရှေ့နေRichard တစ်ယောက် အမှုကို ကိုယ်တွယ်ဖို့ အတော်ခေါင်းစားလာပါတယ်။ သူ့အသိ ရှေ့နေမလေးရဲ့ အကူအညီနဲ့ နောက်ဆုံးမှာ Mike စကားပြောလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေ​ကိုလည်း သိလာရပါတယ်။

Video In Comment📌
🔥မိန်းကလေးတစ်‌ယောက် ဆိုပေမဲ့လဲ လ၊က်ဖြောင့်လွန်းလှတဲ့ စ၊နို၊က်၊ပါသမားအို့ယွန်း ၊ လ၊က်၊န၊က် အရာမှာ ကျွမ်းကျင်လှတဲ့ ဟွမ်ဒေါဆန်း ၊ချူဆန်းအို့ စတဲ့ လူ ၃ယောက်နဲ့ ဖွဲ့စည်းထားတဲ့ လျှို့ဝှ၊က်အဖွဲ့အစည်းတခု...
သူတို့တာဝန်ကတော့ ရိုးရှင်းပါတယ်
ဂျ၊ပန်ဗိုလ်မှူးကြီးနဲ့ သူ့ရဲ့သ၊တင်းပေး တစ်ယောက်ကို လု၊ပ်၊ကြံ၊ဖို့ပဲ တချိန်တည်းမှာ ကြေး၊စား၊မု၊ဆိုးအဖွဲ့ကပါ အဲ့ 3ယောက်ကို ဆုငွေကြောင့် ဖ၊မ်းဖို့ ဖြစ်လာပါတော့တယ် ဒီဇာတ်လမ်းက နာမည်ကြီး သရုပ်ဆောင်တွေရဲ့ အ၊က်ရှင်ပိုင်းတွေကို ပညာသားပါပါ ကြည့်ရမဲ့ဇာတ်ကားတကားဆိုတာကတော့ အာမခံပါတယ်
ဇာတ်လမ်းပိုင်းမှာလဲ ထင်ထားသလိုမဟုတ်ပဲ မမျော်လင့်ထားတဲ့ အတုံ့အလှည့်လေးတွေကပါ ရှိနေပါသေးတယ် ဂျ၊ပ၊န်လက်အောက်ခံဖြစ်နေတဲ့ကိုရီးယားရဲ့ အခြေအနေတွေကို နောက်ခံထားရိုက်ကူးထားတာကြောင့်လဲ တမျိုးတဖုံနဲ့ ကြည့်လို့ကောင်းနေမှာအမှန်ပါပဲ


Movie Link
https://t.me/internmovie/3502
[James Bond] The World Is Not Enough (1999)

ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ တတိယမြောက်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..ဒီဇာတ်ကားရဲ့ Bond Girl နှစ်ယောက်ဖြစ်တဲ့ Sophie Marceau နဲ့ Denise Richards နှစ်ယောက်လုံးကတော့အရွယ်ကောင်းနဲ့ကွက်တိပါပဲ…တော်တော်လေးဆွဲဆောင်မှုရှိပါတယ်..။

Video Link
https://t.me/biscopei00/3940
Sin Sisters (2002)

(18+ Warning အဖော်အချွတ်အခန်းများ၊ လိင်ဆက်ဆံခန်းများနှင့်
အသုံးအနှုန်း ကြမ်းတမ်းသည်များ ပါသည့်အတွက် မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်တော်ပါ)ဂျန်၊ ဂျွိုင်း၊ မာအင်း၊ ဂွိုင်နဲ့ ဂျွန် တို့ သူငယ်ချင်း ၅ ယောက်ဟာ
အထက်တန်းအတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။
တက္ကသိုလ်အပြီးမှာတော့ အသုဘတစ်ခုမှာ သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ကြပါတယ်။
သူငယ်ချင်းတစ်စုတို့ ဂျွန်ရဲ့ အိမ်မှာ တစ်ညစုအိပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။အဲညမှာ မုန်တိုင်းတိုက်လာပြီး မီးပျက်သွားပါတော့တယ်။
ဒီလိုနဲ့ သူငယ်ချင်း ၅ ယောက် စုပြီး ထွေရာလေးပါး စကားပြောကြရင်း
သူတို့ရဲ့ ရှက်စရာအကောင်းဆုံး လိင်ကိစ္စတွေကို ပြောဖြစ်ခဲ့ကြပါတယ်။
တစ်ယောက် တစ်လှည့် ကိုယ့်အကြောင်းကိုယ် ပြောကြရင်း ထူးဆန်းလာတာကတော့……

Video In Comment📌
PK (2014)

မင်းသားကြီး အမီယာခမ်းရဲ့ လွမ်းစရာဂြိုလ်သားကားလေးကိုတင်ပေးလိုက်ပါတယ်။
ဒီမင်းသားကို စိန်ခိုးကားမှာအဓိကသိကြမှာပါ။
မင်းသားကြီးဟာ ဒီကားထဲမှာလည်း သ‌ဘာ၀ကျကျသရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဇာတ်ကားလေးထဲမှာတော့
လူသားတွေနေထိုင်တဲ့ ကမ္ဘာမြေပေါ်ကို PK လို့ခေါ်တဲ့ဂြိုလ်သားတစ်ယောက်ရောက်ရှိလာပြီး လာစူးစမ်းဖို့လုပ်တဲ့အခါ 
သူဘာတွေကြုံတွေ့ရမလဲ၊
လူသားတွေနဲ့ ဂြိုလ်သားတွေကြားမှာ ဘာကွာခြားမှုတွေရှိလဲ
PK လို့ခေါ်တဲ့ ဂြိုလ်သားက သူအိမ်ပြန်နိုင်တဲ့ အချက်ပြရီမုဒ်ကို
အခိုးခံလိုက်ရတဲ့အခါမှာတော့
သူ့အိမ်ကိုပြန်ရောက်အောင် ကြိုးစားရင်း ကမ္ဘာမြေပေါ်ကကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ပညာသားပါပါရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်
မင်းသားကြီး အမီယာခမ်း နဲ့ မင်းသမီး အနူရှကာရှာမာတို့ပါဝင်ရိုက်ကူးထားပြီး
rating 10 မှာ 8.5 လောက်ထိကိုရရှိထားတဲ့ကားတစ်ကားဖြစ်တာမို့
ကြည့်လို့အရမ်းကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်

Video In Comment📌
Yaksha: Ruthless Operations ( 2022 )

ကိုရီးယားရဲ့ ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ Sol Kyung-gu , Park Hae-soo , Hiroyuki Ikeuchi ပါဝင်ထားတဲ့ ဒီအက်ရှင်ကားဟာ ဘက်ဂျင်တွေအများကြီးအသုံးပြုထားတဲ့အတွက်တော်တော်ကြီ:ကိုမိုက်ပါတယ်…ကိုရီးယားနိုင်ငံ အမျိုးသားထောက်လှမ်းရေးရုံးရဲ့ နိုင်ငံခြားဌာနခွဲတစ်ခုမှ ဌာနမှူးKang-in ဟာ အကောင်းဆုံးအေးဂျင့်တွေစုစည်းထားတဲ့ Black Team ကိုဦးဆောင်ပြီးလျှိဝှက်မစ်ရှင်များကိုလုပ်ဆောင်ရမယ့် အဖွဲခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်….Kang-in ဟာ သူလိုချင်တာရဖိုအတွက်ဆိုရင် ညှာတာမှုမရှိဘဲရက်စက်တတ်တဲ့သူဖြစ်တာကြောင့် “Yaksha” (လူတွေကိုဝါးမျိုသောဝိဉာဉ်) ဆိုပြီးနာမည်ဆိုးနဲ့ ကျော်ကြားပါတယ်…တစ်ရက်မှာ Black Team ကိုစစ်ဆေးရေးလုပ်ဖိုအတွက် ဌာနချုပ်ကနေ အမှုစစ် Ji Hoon ကိုစေလွှတ်ခဲ့ပါတယ်…ဒီ‌နေရာမှာ သူတိုဆောင်ရွက်ရမယ့်စစ်ဆင်ရေးအစစ်ဟာအရှေ့အာရှတစ်ခွင်လုံးကို လှုပ်ခတ်သွားစေနိုင်မယ့်အမှုနဲ့ ပတ်သက်မှုရှိနေကြောင်း သိလိုက်ရတဲ့အခါမှာတော့…


🔥Movie Link
https://t.me/moviecinema78/3470

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Lucy(2014)

လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့.. 

Video Link
https://t.me/biscopei00/3968
Rush Hour 1

ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်……ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့
ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..
နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ……မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်….အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ…..သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်……တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.ခေါင်းဆောင်တော့မပါဘူးပေါ့….အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်…….တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့…

Video Link
https://t.me/biscopei00/3897
Fight Back To school 1

ပစ္စတိုပျောက်ဆုံးမှုကို စုံစမ်းရင်း ကျောင်းပြန်တက်ဖို့ဖြစ်လာခဲ့တဲ့ ဆရာချောင်

ငယ်ငယ်တုန်းက ဘယ်လောက်ထိကြည့်ခဲ့ကြည့်ခဲ့ ခုချိန်ထိ ပြန်ကြည့်လို့ကောင်းနေဆဲ လက်ရာတွေကို ပေးစွမ်းနိုင်တဲ့အထဲမာတော့ မင်းသားကြီးStephen Chow ဇာတ်ကားတွေကတော့ ထိပ်ဆုံးနေရာက ပါဝင်ပါတယ် ရီလဲရတဲ့အပြင်ကိုမှ သူရိုက်ခဲ့တဲ့ ကားတိုင်းမှာပါ ကြည့်တဲ့သူကို message တခုခုကို ချန်ထားခဲ့ပါတယ် သူ့ဇာတ်ကားတွေအများကြီးထဲက တချိန်တုန်းက နာမည်ကြီးခဲ့တဲ့ Fight Back To School ကို ပြန်လည်ခံစားစေရန်အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်

Video In Comment📌
A Chinese Odyssey 2

ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့နာမည်
ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကိုပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။

မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီစွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး

လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေမိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီး

ရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါထို့အပြင်ပဲ

ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာစကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကိုမင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။


🔥Movie Link
https://t.me/moviecinema78/3457

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
The Proposal (2009)

Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့…နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့်သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး…ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်…..မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ…….။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။

Video In Comment📌
၈နှစ်အရွယ်ကလေးမလေးကိုပြန်ပေးဆွဲပြီးလူမဆန်စွာအဓမ္မပြုကျင့်ခဲ့တဲ့ သနားဖွယ်ရာဖြစ်ရပ်မှန်ဇာတ်လမ်းလေး

Na-Youngဆိုတဲ့ ၈နှစ်အရွယ်သာရှိသေးတဲ့ကလေးငယ်လေးကို ၅၆နှစ်အရွယ် အမျိူးသားတစ်ယောက်ကပြန်ပေးဆွဲပြီး အဓ္ဓမ ပြုကျင့်ခဲ့ပါတယ်၊ကလေးလေးရဲ့ ဘဝဟာစုတ်ပြတ်သတ်သွားပြီးမိသားစုကဒီလူကြီးထောင်ထဲရောက်အောင်အမှု့ရင်ဆိုင်ခဲ့ကြပါတယ်။သူဟာထောင်ဒဏ်(၁၂)နှစ်သာ ကျခဲ့ပြီး၂၀၂၀မှာတော့ ပြန်လည်လွတ်မြောက်လို့လာခဲ့ပါပြီ။

ဇာတ်ကားထဲမှာဘယ်လိုပုံဖော်ရိုက်ကူးပြထားသလဲဆိုတာကြည့်ရှု့ခံစားပေးကြပါအုန်း၊အရမ်းကောင်းတဲ့ကားလေးမို့ဒေါသ၊ပူဆွေးသောက၊ဝမ်းနည်းခြင်းတွေ ကျန်ခဲ့မှာမို့ အချိန်ပေးရကျိုးနပ်မယ့်ကားလေးပါ။


🔥Movie Link
https://t.me/moviecinema78/3453

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Set it up(2018)

ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်….ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊
တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ကို အောင်သွယ်တော့တာပဲအောင်သွယ်ရင်းနဲ့မှ သူတို့နှစ်ယောက်ပဲ ချစ်ကြိုက်သွားမလား သူဌေးနှစ်ယောက်ပဲအဆင်ပြေသွားမလား သူတို့ရဲ့အိမ်မက်ကိုကော အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါရှင့်။

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/537
လူမိုက်တွေကိုဆုံးမဖို့ဖြစ်လာတဲ့ခါးပတ်နက်ကျောင်းဆရာမ

အိုလံပစ်ချန်ပီယံလောင်းဖြစ်ခဲ့ပေမယ့် ပြဿနာတစ်ခုကြောင့် အားကစားလောကကနေ နှုတ်ထွက်လိုက်တဲ့ ဆိုရှီမင်(Shin Hye Sun) ဟာ
မူယောင်းအထက်တန်းကျောင်းမှာ အချိန်ပိုင်းစာရိတ္တဆရာမအနေနဲ့ ခက်ခက်ခဲခဲအလုပ်ရခဲ့ပါတယ်။ ကျောင်းမှာလည်း မိဘကျောထောက်နောက်ခံနဲ့ ဆိုးချင်တိုင်းဆိုး ရမ်းကားချင်တိုင်းရမ်းကားလွန်းတာကြောင့် ဆရာတွေပါမကျန် တစ်ကျောင်းလုံးရဲ့ ရွံကြောက်ဖြစ်နေတဲ့ ကျောင်းသားဟန်ဆူဂန်းတို့အဖွဲ့က အနိုင့်ကျင့်စိုးမိုးနေတာပါ။
အချိန်ပြည့်ဆရာမဖြစ်ဖို့အတွက် ကျောင်းမှာဖြစ်နေတဲ့ မတရားမှုတွေအကုန်လုံးကို မျက်စိကိုမှိတ် နားကိုပိတ်ပြီး မသိချင်ယောင်ဆောင်ဖို့ပဲ ဆုံးဖြတ်ခဲ့ပေမယ့်
ကိစ္စတစ်ခုကြောင့် ဟန်ဆူဂန်းနဲ့ ထိပ်တိုက်တိုးမိသွားတဲ့အခါ. . . . .
ဆရာမဆိုဂျီမင်တစ်ယောက် တကယ်ပဲ မတရားမှုကိုမသိချင်ယောင်ဆောင်သွားနိုင်မလား
အချိန်ပြည့်ဆရာမဖြစ်လာနိုင်ပါ့မလားဆိုတာကတော့. . . . .



🔥Movie Link
https://t.me/moviecinema78/3370

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
登录以解锁更多功能。