Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
MS M°O°V°I°E - 2 avatar
MS M°O°V°I°E - 2
MS M°O°V°I°E - 2 avatar
MS M°O°V°I°E - 2
08.05.202513:39
The best of me

ဇာတ်ညွှန်းကိုးလ် မိသားစုဆိုတာရှိတယ်။ ဒုစရိုက်လူမိုက်ဖခင်ကမွေးလာတဲ့ သားသုံးယောက်မှာ နှစ်ယောက်က အဖေခြေရာကိုထပ်ခဲ့တယ်။ဒေါ်ဆင်ကိုးလ် ဆိုတဲ့ အငယ်ဆုံးသားကတော့ အကြီးနှစ်ယောက်နဲ့မတူပဲ အဖေနဲ့ ဆန့်ကျင်ဖက်ဖြစ်ခဲ့ပါတယ်။ငယ်ငယ်ကတည်းက ရိုက်နှက်ဆုံးမခံလာရတဲ့ ဒေါ်ဆင်အတွက် လောကကြီးကထင်သလောက်ရှင်သန်ရတာ လွယ်ကူမနေပါဘူး။အရောင်မဲ့နေတဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲကို အရောင်စိုပြေအောင် စွမ်းဆောင်ပေးမယ့် အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက်မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီးဖြစ်တတ်ပါတယ်။ မမျှော်လင့်ထားခြင်းမှာ ကောင်းခြင်းဆိုတဲ့အရာကနည်းလှပါတယ်။ဒေါ်ဆင်လိုမျိုး လူတစ်ယောက်အတွက်ကတော့ အမန်ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ထက်ကိုပိုခဲ့ပါတယ်။ဒါပေမယ့် ဘဝဆိုတာကလည်းအခက်သား ပျော်တစ်ရက်၊ မပျော် တစ်လ လောက်နှိပ်စက်ချင်တာ။အချစ်ကံကောင်းပေမယ့် ဘဝကံမကောင်းခဲ့တဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲမှာ အမန်ဒါတစ်ယောက်ဘယ်လိုများဖြစ်မှာလဲ။ပြီးပြည့်စုံတဲ့ကောင်မလေးနဲ့ မပြီးပြည့်စုံတဲ့ ဒေါ်ဆင်တို့နှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘယ်လိုကြမ္မာငင်ကြမှာလဲ။သေချာတာတစ်ခုကတော့ အမန်ဒါဟာ ဒေါ်ဆင်ရဲ့ “အကောင်းဆုံးဖြစ်တည်မှု”တစ်ခုပါပဲ။

Video Link
https://t.me/biscopei00/3793
08.05.202504:46
The Theory of Everything (2014)

IMDB (7.7/10)

ဇာတ်လမ်းကတော့ ကမ္ဘာကျော် အာကာသသိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်းရဲ့ အတ္ထုပ္ပတ္တိလေးပါ၊ သိပ္ပံပညာရှင်လို့ပြောရင်တောင် လုံလောက်မယ်မထင်ပါဘူး၊ စာရေးဆရာလည်း ဖြစ်နေပြန်တယ်လေ

အခုဖက်ခေတ်မှာ ဒုတိယအိုင်းစတိုင်းလို့တောင် တင်စားထားပြီး Black Holes ကနေထုတ်လွှတ်နေတဲ့ Radiation တွေကိုလည်း Hawking Radiation လို့နာမည်ပေးထားပါသေးတယ်

သူရခဲ့တဲ့ ဆုတွေက ၂၁ ဆုတောင်ရှိပါတယ်၊ ဒီလိုဖြစ်ဖို့ သူဟာ သာမန်လူကောင်း တစ်ယောက်အနေနဲ့ ကြိုးစားခဲ့ရတာမဟုတ်ပါဘူး

Amyotrophic Lateral Sclerosis (ALS) ဆိုတဲ့ ရောဂါဆိုးကြီးနဲ့ယှဉ်တွဲပြီးတော့ကိုရင်ဆိုင်ခဲ့ရတာပါ

ရောင်းအားအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ A Brief History Of Time ဆိုတဲ့ စာအုပ်ကို သူဘယ်လိုရေးခဲ့ရလဲ

သူ့ရဲ့ခန္ဓာကိုယ်ကြီးက ဝှီးလ်ချဲပေါ်မှာပဲ အမြဲတမ်း ကန့်သတ်ခံခဲ့ရပေမယ့် သူ့ရဲ့စိတ်ကူးတွေအတွေးတွေကတော့ ဟိုးကမ္ဘာ့အပြင်ဘက် စင်္ကဝြဠာပေါင်းများစွာထိအောင် ရောက်နေပါတယ်

ဒီလိုကားမျိုးတွေကို သင် လက်လွှတ်မခံသင့်ပါဘူး၊ ဒီလို Biography ကားမျိုးတွေက တကယ့်ကို အသိပညာ ဗဟုသုတလဲ ရပါတယ်

Video Link
https://t.me/biscopei00/3780
ရတနာလိုက်မုဆိုးတွေရဲ့စွန့်စားခန်း☠️

ဒီဇာတ်ကားမှာ အကြိုက်ဆုံးစကားလေးကတော့ မင်းသမီးက ချွဲဘုန်းကို မှာလိုက်တဲ့ စကားလေးပါ“တောပုန်းဓားပြပဲလုပ်လုပ် ပင်လယ်ဓားပြပဲလုပ်လုပ်  သူခိုးဓားပြကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပါ”တဲ့ပထမဆုံး ပြုံးမိသွားတယ် နောက်စဉ်းစားလေစဉ်းစားလေ ရီချင်လေပဲ။သူခိုးဓားပြကများ သူခိုးဓားပြကောင်းဖြစ်အောင်ကြိုးစားရဦးမယ်တဲ့နောက်တော့အတွေးစလေး တစ်ခုရသွားတယ် သူပြောတာလည်းဟုတ်တာပါပဲဘယ်ဘ၀ ဘယ်အခြေအနေကို ရောက်ရောက်ကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားရမှာပေါ့။ဘုရင်တို စစ်သူကြီးတိုဆိုတာ တကယ်တော့ လူအများက လေးစားအားကျဂုဏ်ယူရတဲ့ရာထူး နေရာတွေပါအားကိုးအားထိုက်ပြုရမယ့်သူတွေပါ အရင်ဦးဆုံး သူခိုးဓားပြထက်စစ်သူကြီးတို ဘုရင်တိုဖြစ်အောင် မကြိုးစားသင့်ဘူးလားဒါပေမယ့်ဘုရင်ကောင်း စစ်သူကြီးကောင်း မဖြစ်ကြလို ဒီလိုနေရာတွေမှာတောင်ကောင်းအောင်မကြိုးစားတဲ့ရာထူးအာဏာရှိသူတွေကြောင့် ပြည်သူတွေပိုဒုက္ခ‌ရတယ်ဒါကြောင့် ဘယ်နေရာဘယ်ဘဝပဲရောက်နေနေ ဘယ်အခြေအနေပဲဖြစ်ဖြစ်အများအကျိုးပြုတဲ့လူကောင်းဖြစ်အောင်ကြိုးစားသင့်ပါတယ


Movie Link
https://t.me/cinema090/3477

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Shaolin Popey I [1994 ]

ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့
ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။

နှစ်ရှည်လများကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် အကောင်းဆုံးရနိုင်တဲ့
DVD Quality ကိုပဲတင်ဆက်ပေးလိုက်ရပါတယ်

ဇာတ်လမ်းကိုအများကြီးမိတ်ဆက်ပေးစရာလိုမယ်တော့မထင်ပါဘူး
ပြန်နွှေးပေးရရင်တော့

အထက်တန်းကျောင်းသားဘဝမှာ
အလှဆုံးကျောင်းသူလေးကိုချစ်မိသွားတဲ့ကောင်လေးတစ်ယောက်နဲ့
ကျောင်းမှာအာဏာရှိတဲ့ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ကြားက
ယှဉ်ပြိုင်ပွဲတစ်ခုအကြောင်းဖြစ်ပါတယ်။

မိသားစုခရီးထွက်ရင်း
ကစားမက်တဲ့ကတုံးလေးကြောင့် အကြောင်းတိုက်ဆိုင်ပြီး
ရှောင်လင်ကျောင်းမှာကွန်ဖူးသင်ခဲ့ရပြီးတော့
ကျောင်းမှာပြန်ပြီး ပညာပြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/517
"One Day" (2016)

ပိုင်ဆိုင်ခွင့်ရခြင်းဟာ အချစ်ဖြစ်သလို၊ငေးကြည့်နေရတာဟာလည်းအချစ်ပါပဲ။ ကိုယ်ချစ်ရသူကိုအပြုံးတစ်ပွင့် ဖန်တီးပေးရင်း၊ ခပ်ဝေးဝေးကသူ့အပြုံးကိုငေးကြည့်ရင်း ၊ ကိုယ်ဘယ်သူလဲဆိုတာတောင် သူမသိပေမယ့် သူပျော်ရွှင်အောင် အရာရာလိုက်ဂရုစိုက်ပေး ပေးဆပ်ပြီးတိတ်တိတ်လေးချစ်နေရတာနဲ့တင် လုံလောက်နေပါပြီဆိုတဲ့သူတွေလည်းအများကြီးပဲ။ အဲ့လူတွေထဲမှာ ဒန်ချိုင် ကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။တစ်ချို့သောပျော်ရွှင်မှုတွေဟာပိုင်ဆိုင်ချိန်သိပ်တိုတောင်းတယ်။ ဒါပေမဲ့ တစ်သက်လုံးသိမ်းထားဖို့ရာတော့ လုံလောက်ခဲ့ပါတယ်။"ဒန်ချိုင်ဟာနွေနဲ့တစ်ရက်တာချစ်သူဖြစ်ခွင့်ရလိုက်ပြီးတဲ့နောက်မှာအဲ့တစ်ရက်ပြီးသွားတဲ့အခါ နွေကဒန်ချိုင်ကိုမေ့သွားမှာလားသူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းဟာဘယ်လိုများအဆုံးသတ်မလဲ


🔥Movie Link
https://t.me/moviecinema78/3419

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Baaria 2009

ဘာဂါရီယာဆိုတဲ့ အီတလီမြို့ငယ်လေးက လူတစ်ယောက်အကြောင်းကို
ကလေးဘဝ လူငယ်ဘဝ လူကြီးဘဝ စသဖြင့် ခေတ်အဆက်အဆက် ပြောင်းလဲလာပုံနဲ့အတူ
မျိုးရိုး ၃ ဆက်လောက်ကို ရိုက်ကူးတင်ဆက်ထားတဲ့ အီတလီ ဒရမ်မာကားလေး ဖြစ်ပါတယ်။ဒါရိုက်တာ Giuseppe Tornatore ကိုယ်တိုင်ကလည်း အဲဒီမြို့လေးမှာ မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်ပြီး
သူရိုက်ကူးခဲ့တဲ့ကားတွေဆို ဆယ်ကျော်သက်လေးက အိမ်ပြောင်းလာတဲ့ မမချော Monica Belluci ကို
အပေါက်လေးထဲကနေ ချောင်းကြည့် စိတ်ကူးယဉ်တဲ့ Malena ကို လူသိကြမယ်ထင်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ ပက်ပီနိုတိုရာနိုဗာဆိုတဲ့ လူအကြောင်းကို အသေးစိတ် ရိုက်ကူးထားတာပါ။
ကလေးဘဝမှာဆို ခေတ်အခြေအနေအရ စာသင်ရတာပျင်းတာ ကြုံရာအလုပ်ကို ဝင်လုပ်ပြီး
ကလေးဘဝလေးကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြသထားတာပါ။
လူငယ်ဘဝရောက်တော့ စစ်ပွဲကာလ ကျော်ဖြတ်ရတာတွေ
လူငယ်သဘာဝအလျောက် ရည်းစားချစ်သူ ထားတာတွေ မိန်းမလိုချင်တာတွေ
တခြားနိုင်ငံရေးလောကထဲ ဝင်ရောက်မိတာတွေကို ပြသထားပါတယ်။

Video Link
https://t.me/biscopei00/3745
08.05.202511:54
Buddha: The Great Departure

IMDb 6.3ထိရထားတဲ့ ဒီဇာတ်ကားလေးဟာဂျပန်Anime movie versionဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ်မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့်ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ်ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီး
စိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့်ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါဂျပန်Animeတို့ရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ်ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ်ဗုဒ္ဓစာပေလာနာမည်များကိုကူညီပြောပြပေးသောကို Zaw Lynn Htoon ခေါ် ကိုမင်းကံစီအားအထူးကျေးဇူးတင်ရှိပါသည်

Video Link
https://t.me/biscopei00/3789
08.05.202504:17
Daytime Shooting Star (2017)

ယိုဆနို ဆုဇုမဲရဲ့ မိဘတွေဟာ အလုပ်ကိစ္စနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့ဖိုဖြစ်လာတော့ဇုဆုမဲလည်း ကျောင်းဆက်တက်ဖိုအတွက် ဦးလေးဖြစ်သူရှိရာ တိုကျိုမြိုကို ပြောင်းလာခဲ့တော့တယ်။တိုကျိုရောက်တဲ့ ပထမဆုံးနေ့မှာတင် အိမ်ရှာရင်းမူးလဲတော့ ခပ်ကြောင်ကြောင် လူတစ်ယောက်ကဆုဇုမဲကို အိမ်ပြန်ခေါ်လာပေးပါတော့တယ်။ ဒါပေမဲ့ ဆုဇုမဲမထင်ထားမိတာက အဲဒီလူက သူ့ရဲ့အတန်းပိုင်ဆရာဖြစ်လာမယ်ဆိုတာပါပဲ။ အထက်တန်းပထမနှစ်တက်ရင်း ဆရာ့ကိုချစ်မိသွားခဲ့တဲ့ခေတ်လူငယ်ပီပီ ဆုဇုမဲဟာ ဆရာ့ကို ဖွင့်ပြောလုပ်ပါတော့တယ်။ဒါပေမဲ့ ဆုဇုမဲရဲ့ သူငယ်ချင်းဖြစ်တဲ့ မာမူရက ဆုဇူမဲကို ကြိုက်နေတဲ့ အချိန်မှာတော့…တောသူမလေး ဆုဇုမဲတစ်ယောက် မာမူရနဲ့ ဆရာ့ကြားမှာ ဘယ်လိုသုံးပွင့်ဆိုင်မလဲဆိုတာကိုပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ အချစ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/522
The Forbidden Kingdom (2008)

The Forbidden Kingdom ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံကလည်း mystery သမားတွေအတွက်၊ conspiracy သီအိုရီတွေထုတ်ရတာကိုကြိုက်တဲ့လူတွေအတွက် ပုစ္ဆာအများကြီးပေးနိုင်တယ်။ ဥပမာ Jason ကြုံခဲ့ရတာ တကယ်ဖြစ်ခဲ့တာလား၊ အိပ်မက်တစ်ခုလား။ ဝူခုန်းရဲ့လက်နက်က portal တစ်ခုကိုဖွင့်ပေးနိုင်ခဲ့လား။………..

Video Link
https://t.me/biscopei00/3771
မိန်းကလေးတွေကိုလူကုန်ကူးတဲ့ဂိုဏ်းကိုကူဖမ်းပေးဖို့ဖြစ်လာတဲ့တိုက်ကွမ်ဒိုနည်းပြကြီး

ဒီကားရဲ့ အဓိက ခေါင်းဆောင်မင်းသားဖြစ်တဲ့ Dong-seok Maကိုတော့ကျွန်တော်တို့မြန်မာပရိတ်သတ်တွေ အကြိုက်ဖြစ်တဲ့အတွက် ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်…The Soul-Mate ဇာတ်ကားထဲမှာတော့ ဂျူဒိုဆရာတစ်အဖြစ်သရုပ်ဆောင်ထားပြီးသူ့မှာ နှလုံးအားနည်းရောဂါရှိတဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်…တစ်နေ့သူရဲ့ ကားကိုရဲက သိမ်းသွားတော့ ယူသွားတဲ့ရဲနောက်ကိုလိုက်ခဲ့ပါတယ်..အဲ့ဒီအခါမှာ ရဲရော သူရောကို ဒုစရိုက်သမားတွေက သေလောက်အောင်ရိုက်သွားပါတယ်…တကယ်တော့ ရဲနဲ့ ဂျူဒိုဆရာတို့ဟာ တကယ့်ပြသနာတောကြီးထဲကိုရောက်ရှိသွားတာပါ…ကဲ သူတို့ ဘယ်လိုပြသနာတောကြီးထဲကိုရောက်သွားတာလဲ…..အရိုက်ခံရပြီးဆေးရုံပေါ်ရောက်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်နေမလဲ…ဒုစရိုက်ဂိုဏ်းနဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ…နောက်ကွယ်က ဘယ်သူတွေရှိနေမလဲ


🔥Movie Link
https://t.me/cinema090/3472


📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
🔥ကြည့်မိလို့နောင်တမရစေမဲ့
ဝါရင့်မင်းသားကြီးတွေရဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ Action Drama တပုဒ်ကို ညွှန်းဆိုပေးချင်ပါတယ် ❝ ဂျွန်စော ❞ရယ် လို့ သိကြတဲ့ မင်းသားကြီးSong S၊eung-h၊eon အပြင် တချိန်က အက်ရှင်မင်းသားကြီး J၊u Ji၊n-M၊o တို့ပါ ပါတာကြောင့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ဇာတ်လမ်းတခုဆိုလဲ မမှားပါဘူး မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ အကိုဖြစ်သူ ကင်ဟွတ် တစ်ယောက် တောင်ဘက်ခြမ်းမှာတော့ သူ့သူငယ်ချင်းဖြစ်တဲ့ ယောင်ချွန်းနဲ့အတူ မှော၊င်၊ခို၊လုပ်ငန်းလုပ်ကိုင်နေခဲ့ပါတယ် တချိန်တည်းမှာပဲ မြောက် ဘက်ခြမ်းမှာ ကျန်ခဲ့တဲ့ ညီဖြစ်သူ ကင်ချော လွ၊တ်‌၊မြောက်ဖို့ အပူတပြင်းဖြစ်နေပါတော့တယ် ဒါ‌ တွေအပြင် မှေ၊ာင်၊ခိုလောကရဲ့ လှည့်ကွက်တွေအကြား ကံ‌ကြမ္မာ အလှည့်အပြောင်းတခုကြုံတွေလာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ ဒီကားထဲမှာ
ရှူစားကြည့်လိုက်ကြပါ



Movie Link
https://t.me/internmovie/3534
转发自:
VIP CLUB MM avatar
VIP CLUB MM
06.05.202510:56
🔤🔤🔤🔤🔤🔤🔤🔤🔤

မှန်ကန်မှုအပြည့်ရှိပြီး စိတ်ချယုံကြည်ရတဲ့ VIPCLUBMM မှာပဲ ဆော့ကစားလိုက်ပါ 💯💡📌

မြန်မာနိုင်ငံရဲ့ နံပါတ်🔤အွန်လိုင်းဘောလုံးနဲ့ ကာစီနိုဝဘ်ဆိုက်

▶️ စလော့ 🦈 ငါးပစ် 😛 ဖဲ 🥉 ဂိမ်းအစုံကစားနိုင်
🎱 ဘောပွဲလိဂ်စုံလောင်းနိုင် 🔤 (မြန်မာကြေးလဲရ)
🔝 Esport အပြင် အားကစားပွဲစုံလောင်းနိင် 🎉

🇹🇭 ထိုင်း / 🇲🇲 မြန်မာ အကုန်ကစားနိုင် 😍👍

🤩 ဘောနပ်များစွာရှိ
🤑 50 % မန်ဘာသစ်ဘောနပ်
💸💸 5000 သွင်း 2500 အပိုရ
💰💰 10000 သွင်း 5000 အပိုရ

👍 ငွေကြေးအားမခံမှုအပြည့်ရှိပြီး စိတ်ချ
ယုံကြည်ရဆုံး တိုက်ရိုက်ဝဘ်ဆိုဒ်ကြီး

⛔️ #VIPCLUBMM ဆိုတာ Agent လုံးဝမပေးထားပါဘူးရှင့်
မှန်ကန်တဲ့နေရာမှာသာ ဆက်သွယ်ကစားကြပါရှင့်👇👇

📱 Telegram - @VIPCLUBMM
https://t.me/VIPCLUBMM
📱 Viber - 09 9 444 75 666
https://msng.link/o?959944475666=vi
📱 Line - @vipclub
https://msng.link/o?vipclub=ln
📱Page - VIP Club MM
https://www.facebook.com/vipclubmm
🌐website - vipclubmm.com
နှစ်အတော်ကြာ အဖြေမပေါ်ခဲ့တဲ့ တောင်ကိုးရီးယားနယ်မြို့လေးက ဖြစ်ရပ်မှန်လူသတ်မှုတစ်ခုအကြောင်း

Memories of murderer (2003)

Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော်ကတော့ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ သူငယ်ချင်းတို့လဲ ခံစားကြည့်ပါ။



🔥Movie Link
https://t.me/cinema090/3488

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Miracle in Cell No. 7 (2013)

မေတ္တာတရားတွေကို သေချာ ကြည့်မယ်ဆိုရင် ….. ၁၅၀၀ မေတ္တာ က ၅၂၈ မေတ္တာ ထက် သင်္ချာ အတိုင်းအတာ ပမာဏ အားဖြင့် များပြားတယ်လို့ထင်ရပေမဲ့ … တကယ်တမ်းတော့လေ အဖြူစင်ဆုံးသော တိုင်းတာ မရသော အနန္တမေတ္တာဆိုတာလေ ၅၂၈ ဆိုသော မိသားစု လေးကပေးတဲ့ ဖြူစင် သောမေတ္တာ လေးကသာ တန်ဖိုး အရှိဆုံးပါ…ဘယ်လို မိဘမျိုးဘဲ ဖြစ်နေပါစေ… သားသမီးအပေါ် လိုအင်ဟူသမျှကို ဖြည့်ဆည်းပေးချင်ကြပါတယ် … ဉာဏ်ရည်မမှီသော ဖခင်တစ်ယောက်က သူ့သမီးလေး လိုချင်သော အိတ်လေးတစ်လုံးကြောင့် အမှတ်မထင် အမှု့အခင်း ဖြစ်ပြီး အရမ်းလိမ္မာပြီး အလိုက်သိလွန်းတဲ့သမီးလေးကြောင့် သူ့ဘ၀ ကြီး နဲ့သမီးလေး ဘ၀ ကို ထပ်တူ ထားသော ဖခင် တစ်ယောက် ရဲ့ မေတ္တာ….. လောကမှာ တစ်ယောက်ထဲ ရှိတဲ့ သမီးလေးသေးဆုံးမှု့ ကြောင့် အရူးတစ်ယောက်လို ဖြစ်ခဲ့ရတဲ့ဖခင်တစ်ယောက်ရဲ့ခံစားချက် …… ဒီဖခင်၂ယောက်ရဲ့အကြားမှာ အားပြိုင်မှု့တွေက ဘာတွေဖြစ်လာမလဲ…



🔥Movie Link
https://t.me/cinema090/3483

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Once Upon a Time in China (1991)

ဒီဇတ်လမ်းကတော့ အများရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရာဇ၀င်မှာ ကျော်ကြားလှတဲ့

မဟုတ်မခံစိတ်ရှိသူ သနားတက်သူ ကြင်နာတက်သူ သဘောကောင်းလွန်းသူ

သိုင်းအကျော်အမော် ဒေါက်တာ ၀မ်ဖေးဟုန် အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပြီး
ကွန်ဖူးမင်းသားကြီး ဂျက်လီ မှ သရုပ်ဆောင်ရိုက်ကူးပေးထားပါတယ်…

အင်္ဂလိပ်လက် ကျရောက်နေပြီး လူတွေက စိတ်ဓါတ်ပျက်ပြား အကျင့်တွေ ဖောက်ပြား နိုင်ငံခြားကို အထင်ကြီးစိတ်ဝင်

ကိုယ့် လူမျိုးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ တောကြောင် လက်ခမောင်း ခက်တာတွေ က အစ စိတ်ထဲ မဟုတ်မခံစိတ်

၀င်ရောက်လာအောင် ရိုက်ပြထားခဲ့ပြီး ရင်သက်ရှုမောဖွယ် သိုင်းကွက် များကို လဲ မြင်တွေ့ရမှာဖြစ်ပြီး
မိသားစု နှင့် ကြည့်ရှုအပန်းပြေနိုင်သော ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်

Video Link
https://t.me/biscopei00/3766
Call of heroes (2016)

ဒီကားလေးကတော့ နိုင်ငံရေးအရှုပ်အထွေးတွေ ကွန်ဖူးသဘောကျသူတွေ ကြည့်သင်တဲ့ကားလေးပါနော်
မြင်းတစ်ကောင်ကိုပဲ မှီခိုပြီး မြင်းသွားရာနောက်သာလိုက်တတ်တဲ့ မာဖုန်း…
သူ့မှာဘယ်လိုအတိတ်တွေရှိခဲ့လို့ လောကကြီးကိုစိတ်ကုန်ပြီး လေလွင့်နေတာလဲ?တောမီးလောင် တောကြောင်လက်ခမောင်းခတ်သလို တိုင်းပြည်မငြိမ်သက်ချိန် ချောင်ယင်းက စစ်အင်အားစုပြီး မြို့လေးတွေကို လိုက်သိမ်းပိုက်ပါတော့တယ်
စိတ္တဇဆန်ဆန် လူပဲသတ်ချင်နေတဲ့ ချောင်ယင်းရဲ့သား ချောင်ရှောလန်ကြောင့် မာဖုန်းနဲ့ ဆရာမလေးပိုင်တို့ တွေ့ဖို့ဖြစ်လာတဲ့အခါ…ဘယ်လိုကံကြမ္မာတွေကြုံတွေ့ရမလဲ?ချောင်ယင်းတို့ကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်နော်

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/516
Oasis: Supersonic (2016)

ဂီတမှတ်တမ်းရုပ်ရှင် Oasis: Supersonic ဟာဆိုရင်
အင်္ဂလန်ရဲ့ ဂီတလောကကို လှုပ်ခတ်စေခဲ့တဲ့ Oasis တေးဂီတအဖွဲ့ရဲ့
မန်ချက်စတာမြို့မှာ စတင်ဖွဲ့စည်းချိန်ကနေ ၁၉၉၆ ခုနှစ်ရဲ့
သမိုင်းဝင် Knebworth ဖျော်ဖြေပွဲတွေအထိ
ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ပုံကို ပုံဖော်ထားပါတယ်။
ဒီရုပ်ရှင်ထဲမှာ ဖျော်ဖြေပွဲမှတ်တမ်းတွေ၊ နောက်ကွယ်က
မြင်ကွင်းတွေ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ Liam နဲ့ Noel Gallagher တို့အပြင်
သူတို့ရဲ့ မိခင် Peggy နဲ့ အစောပိုင်းကာလတွေမှာ
အရေးပါခဲ့သူတွေရဲ့ အင်တာဗျူးတွေကိုပါ ထည့်သွင်းထားပါတယ်။
ဒီရုပ်ရှင်ဟာ Oasis ရဲ့ ပရိသတ်တွေအတွက်ရော
ဂီတမှတ်တမ်းရုပ်ရှင်တွေကို နှစ်သက်သူတွေအတွက်ပါ
မလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
Oasis ရဲ့ အတိတ်ကာလကို ပြန်လည်အမှတ်ရစေပြီး
သူတို့ရဲ့ ဂီတအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကိုလည်း
ခံစားရစေမှာပါ။

Video
Link
https://t.me/biscopei00/3753
Hello Ghost (2010)

တစ်ရက် အဆုံးစီရင်ဖို့ကြိုးစားရင်း ဆေးရုံကိုရောက်သွားပြီးနောက်ပိုင်း ထူးထူးခြားခြား သရဲတွေကို စမြင်လာသလို သရဲ၄ကောင်က သူ့ခန္ဓာကိုယ်ကို အတူတူမျှသုံးပြီး သူ့အိမ်အထိပါ ကပ်လိုက်လာတဲ့အတွက် သရဲတွေကို နှင်ထုတ်ဖို့ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ညှိနှိုင်းပြီးတဲ့အခါမှာတော့...

အထီးကျန်ပြီး သေချင်နေတဲ့ ဂန်ဆန်းမန်တစ်ယောက် သရဲတွေရဲ့ဆန္ဒကို လိုက်ဖြည့်ဆည်းပေးရင်း ဘယ်လို အလွဲဟာသလေးတွေ ဖြစ်မလဲ ဆိုတာကို မြှုပ်ကွက်လေးတွေနဲ့ အတူ ရသ‌မျိုးစုံနဲ့ အဆုံးထိ စိတ်ဝင်စားဖို့ကောင်းအောင် ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကြီးမလို့ကိုယ်တိုင်ခံစားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်‌နော်။

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/512
转发自:
VIP CLUB MM avatar
VIP CLUB MM
🅰️🅰️🅰️🅰️🅰️🅰️🅰️🅰️🅰️ မှာ

ဒီလိုမောင်းလပ်ကီး ပရိုမိုးရှင်းတွေရှိတာသိပြီးပြီလား 🏆💟

👍👍ငွေကြေးအာမခံမှုအပြည့်ရှိပြီး စိတ်ချယုံကြည်ရဆုံး တိုက်ရိုက်ဝဘ်ဆိုဒ်ကြီး

🚨 #VIPCLUBMM ဆိုတာ
🔡🔡🔡🔡🔡 လုံးဝမပေးထားပါဘူးရှင့်

✔️ မှန်ကန်တဲ့နေရာမှာသာ🎰 ဆက်သွယ်ကစားကြပါရှင့် 🔼

📱 Telegram - @VIPCLUBMM
https://t.me/VIPCLUBMM
📱 Viber - 09 9 444 75 666
https://msng.link/o?959944475666=vi
📱 Line - @vipclub
https://msng.link/o?vipclub=ln
📱Page - VIP Club MM
https://www.facebook.com/vipclubmm
🌐website - vipclubmm.com
08.05.202502:04
🔻အမေရိကန်ပြည်တွင်းစစ်ကြားက ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်းတပုဒ်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်ကတော့
Oscar ဆု ၁၅ဆု အထိလျာထားခံခဲ့ရတဲ့အထဲမှ ၈ ဆု ရရှိခဲ့တဲ့ ဂန္တဝင် ဇာတ်ကားကောင်းကြီး တခုပါ လေရူးသုန်သုန် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာကြီး မြသန်းတင့် ဘာသာပြန် တင်ဆက်ခဲ့ပြီး မြန်မာ့စာပေလောကရဲ့ အကောင်းဆုံး ဘာသာပြန် ဝတ္ထုကြီးတပုဒ်လို့တောင် တင်စားခဲ့ကြရပါတယ် ၄ နာရီ နီးပါးရှိတဲ့ ဒီရုပ်ရှင်က ဘာကြောင့် မ Thay ခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ
ထိပ်ဆုံး list ကနေပါတဲ့ကားတကားဖြစ်ရသလဲဆိုတာကတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှူလိုက်ပါ

🎬ရုပ်ရှင် ~ Gone With The Wind


Movie Link ✅
https://t.me/internmovie/3547
转发自:
VIP CLUB MM avatar
VIP CLUB MM
👑 အပေးကြမ်းတဲ့ ဂိမ်းခန်းနဲ့ 👑

⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️ 💯

မြန်မာနိုင်ငံရဲ့ နံပါတ်
⚡️ အွန်လိုင်း
ဘောလုံးနဲ့ ကာစီနိုဝဘ်ဆိုက်

▶️ စလော့ 🦈 ငါးပစ် 😛 ဖဲ 🥉 ဂိမ်းအစုံကစားနိုင်
🎱 ဘောပွဲလိဂ်စုံလောင်းနိုင် 🔤 (မြန်မာကြေးလဲရ)
🔝 Esport အပြင် အားကစားပွဲစုံလောင်းနိင် 🎉

🇹🇭 ထိုင်း / 🇲🇲 မြန်မာ အကုန်ကစားနိုင် 😍👍

ဘောနပ်များစွာရှိ
🤑 50 % မန်ဘာသစ်ဘောနပ်
💸💸 5000 သွင်း 2500 အပိုရ
💰💰 10000 သွင်း 5000 အပိုရ

👍 ငွေကြေးအားမခံမှုအပြည့်ရှိပြီး စိတ်ချ
ယုံကြည်ရဆုံး တိုက်ရိုက်ဝဘ်ဆိုဒ်ကြီး

⚠️ #VIPCLUBMM ဆိုတာ ⚡️⚡️⚡️⚡️⚡️ လုံးဝမပေးထားပါဘူးရှင့်
မှန်ကန်တဲ့နေရာမှာသာ ဆက်သွယ်ကစားကြပါရှင့် 💡

📱 Telegram - @VIPCLUBMM
https://t.me/VIPCLUBMM
📱 Viber - 09 9 444 75 666
https://msng.link/o?959944475666=vi
📱 Line - @vipclub
https://msng.link/o?vipclub=ln
📱Page - VIP Club MM
https://www.facebook.com/vipclubmm
🌐website - vipclubmm.com
Fist Of Legend (1994)

ဇာတ်လမ်းအကျဉ်းကတော့ခေတ်ကာလအနေအထားနဲ့ဆိုရင်ဂျပန်တွေတရုတ်ပြည်ကိုသိမ်းပိုက်ထားတဲ့ကာလပါ
ချန်ကျန်းက တရုတ်ကနေ ဂျပန်မှာကျောင်းတက်နေတဲ့ကျောင်းသားတစ်ဦးပေါ့ ..တရုတ်နိုင်ငံမှာတော့သူက ကွန်ဖူးကျောင်းတခုမှနေထိုင်ပါတယ်တနေ့မှာ သူ့ဆရာဖြစ်သူ လက်သီးဘုရင်ဆရာဟူဟာသိုင်းပြိုင်ပွဲမှာရှုံးနိမ့်ပြီးသေဆုံးသွားတဲ့အတွက်ကြောင့်တရုတ်ပြည်ကိုပြန်လာခဲ့တယ်..သူ့ဆရာရှုံးခဲ့တဲ့သူကိုသူစိန်ခေါ်ပြီးပြန်တိုက်တဲ့အခါ

Video
Link
https://t.me/biscopei00/3758
Oh! My Gran(2020)

၅၂၈ မေတ္တာရဲ့ အေးချမ်းမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပါဇာတ်လမ်းအကျဉ်းအဘွားအိုမွန်ဟီးဟာ သူငယ်ပြန်ရောဂါကို ခံစားနေရသူပါ
သူမမှာ သားတစ်ယောက်နဲ့ မြေးမလေးတစ်ယောက်ရှိပါတယ်
သားဖြစ်သူကလည်း အလုပ်များတာကြောင့် အမေကို ဂရုမစိုက်နိုင်ခဲ့ဘူးသူငယ်ပြန်နေတဲ့လူဆိုတော့ ကလေးလို အမြဲလျှောက်သွားနေကျပေါ့သူအဲ့လိုသွားတိုင်းမှာ မြေးမလေးက အမြဲ သူ့အဖော်အဖြစ်ပါတယ်တစ်ရက်မှာတော့ ဆန်အရက်ဝယ်ဖို့ဆိုပြီး မြေးအဘွား ၂ ယောက် ညဘက် ထွက်သွားခဲ့တယ်လမ်းမှာ မြေးဖြစ်သူ ဘိုမီကားနဲ့တိုက်ပြေးခံရတယ် တရားခံမမိဘူး
စီစီတီဗီကလည်း မှောင်နေလို့ သေချာ မမြင်ရဘူးရဲစခန်းကလည်း အမှုကို သေချာမလိုက်ပေးဘူးအဲ့ဒါကြောင့် အဖေနဲ့အဘွားက အမှုကို လိုက်စုံစမ်းကြမှာပါနောက် ဘာတွေဆက်ဖြစ်မလဲ တရားခံ မိမှာလားဘယ်လို အလွဲလေးတွေ ဟာသလေးတွေဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပါနော်


🔥Movie Link
https://t.me/cinema090/3467

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
The Tuxedo (2002)

အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့
ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီ သမားတစ်ယောက်ပါ။ သူက ကားကို
မြန်နှုန်းပိုမောင်းတာ တွေကြောင့် မကြာခဏ လိုင်စင် အသိမ်းခံရသူပါ။ တစ်ရက်မှတော့
အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။
သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။
ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တစ်ရက်တော့
ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့
ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့
ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က
သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်
နိုင်တယ် အစရှိသဖြင့် ပေါ့။ အဲ့ဝတ်စုံကို ဝတ်ပြီးတဲ့နောက် သူ့ဆရာ ရဲ့ အဆက်အသွယ်တွေ
နဲ့ ဆက်သွယ်ပြီး သူ့ဆရာ ဟန်ဆောင်ကာ သူ့ဆရာကို လုပ်ကြံတဲ့ အဖွဲ့ အစည်းကို ဖော်ထုတ်ဖို့
ကြိုးပမ်းသွားတာကို ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေ နဲ့ ကြည့်ရမှာဖြစ်ပါတယ်။

Video In Comment📌
显示 1 - 24 1 027
登录以解锁更多功能。