
မြန်မာစာတန်းထိုးနိုင်ငံခြားဇာတ်ကားများ
关联群组
登录以解锁更多功能。
Psychological Movie တွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတိုအတွက်Thriller, Horror ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။စားဖိုမှူး ဘုံးဂျင်က ဂျပန်စားသောက်ဆိုင် အသေးစားလေးဖွင့်ထားတဲ့သူပါ။ မတော်တဆမှုတစ်ခုကြောင့် ဇနီးနဲ့ သားကို တစ်ပြိုင်တည်းဆုံးရှုးခဲ့ရတာမိုယာယီ အတိတ်မေ့ခြင်းကို ခံစားနေရသူလည်း ဖြစ်ပါတယ်။
အဲဒီမတော်တဆမှုကြောင့်ပဲ ဘုံးဂျင်ဟာ မှတ်ဥာဏ်ထုံထိုင်းတဲ့အခြေအနေကို ရောက်သွားတာနဲ့တစ်ဖက်လူရဲ့ သေဆုံးမယ့်ရက်နဲ့အချိန်ကို တိကျစွာခန့်မှန်းနိုင်တဲ့ အစွမ်းကို ရရှိလာပါတော့တယ်။
တစ်နေ့မှာတော့ သက်လတ်ပိုင်းစုံတွဲတစ်တွဲကို နောက်ဆုံးဧည့်သည်အဖြစ် ကြိုဆိုပြီးချိန်မှာပဲဒီစုံတွဲဟာ နောက်တစ်နာရီအကြာ သူ့ဆိုင်ထဲမှာ သေသွားရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့…ဘုံးဂျင်တစ်ယောက် အဲဒီအဖြစ်ဆိုးကြီးကနေ ကာကွယ်ဖို ဧည့်သည်တွေကို သူ့ဆိုင်ထဲကနေ ထွက်သွားအောင်ဘယ်လိုလုပ်သွားမလဲဆိုတာကို ရန်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။