ဇာတ်ကားလေးကတော့ဂျိုဆွန်းခေတ်မှာ နယ်တကာလှည့်ပြီး သီချင်းဆိုဖျော်ဖြေတဲ့ အဆိုရှင်တွေရဲ့ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ Musical film လေးပဲဖြစ်ပါတယ် .___
ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီးချောင်းလေးတိုမိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီးအသက်ဝမ်းကြောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့မိသားစုလေးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီးအတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲက .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီး ချောင်းလေးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။