Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Channel P avatar
Channel P
Channel P avatar
Channel P
REKHACHITHRAM     (2025)

အတိတ်ရဲ့ပဲ့တင်သံ မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီနေ့ရဲ့သတင်းဌာနတိုင်းမှာ Facebook live တစ်ခုက နေရာတိုင်းမှာ ကြားနေရပါတယ်။လူတစ်ယောက်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူ ကျူးလွန်ခဲ့တဲ့အမှုကို ဝန်ခံပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းပါ။

၁၈ တောင်မပြည့်သေးတဲ့ကလေးမလေးကို ဖျာလိပ်နဲ့ပတ်လို့ မြေမြှုပ်ခဲ့တဲ့နေရာမှာပဲ သူ့ဘဝကို အဆုံးသတ်သွားပါတယ်။သူက သူနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုပါ ဖော်ထုတ်သွားလေရဲ့။ ဒီလိုနဲ့ရဲတွေ က သူဖော်ထုတ်သွားတဲ့သူတွေကို လိုက်လံစုံစမ်းရင်း အလောင်းမြှုပ် ခဲ့တဲ့နေရာကိုတူးဖော်ရာမှာတော့ အရိုးစုနဲ့အတူ ခြေချင်းဝတ်လေး
တစ်ခုကို တွေ့ပါတော့တယ်။

Live မှာပြောခဲ့တဲ့နာမည် ရှိသူတိုင်းကို
နေရာအနှံ့လိုက်လံမေးမြန်းရင်း တူးဖော်ရတဲ့အရိုးနဲ့အတူ ခြေချင်းဝတ်ပိုင်ရှင်ကိုပါလိုက်ရှာရာမှ ဖခင်တစ်ဦးက သူ့သမီးခြေချင်းဝတ်ပါလို့ ပြောလာတဲ့အချိန်မှာတော့………...

သူတို့ကျူးလွန်ခဲ့တာ ဘာပြစ်မှုပါလဲ၊

ကောင်မလေးကရော ဘာဖြစ်ခဲ့တာလဲ၊

အတူကျူးလွန်ခဲ့တဲ့သူတွေက ဘယ်လိုဆက်စပ်လို့ ဘယ်သူတွေလဲဆိုတာ

ရုပ်ရှင်လေးကိုကြည့်ရှု့ရင်း
အဖြေထုတ်ကြရအောင်ပါ။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1

ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/821
THE*GREY*MEN*2     (2025)

2024 က ထွက်ခဲ့တဲ့ The Grey Men ရဲ့ ဒုတိယမြောက်... ကားလို့ပဲဆိုရမှာပါ။

ဒီနေ့မှာတော့ ထိုင်ဝမ်ကားချစ်သူတို့ တစ်ခေတ်တစ်ခါက ကြယ်လိုင်းမှာ ငမ်းခဲ့ရတဲ့ X Family ကမင်းသားလေး Jiro Wang ဖန်သားပြန် ပေါ်ပြန်လာပါပြီ...

ဒီဇာတ်ကားလေးကို အမှီ တင်ဆက် ပေးလိုက်ပါတယ်နော်...

ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်...

မူးယစ်ဆေးနဲ့ ငွေအိတ်ပြည့်ခဲ့တဲ့ မူးယစ်ဝိဇ္ဇာဒုစရိုက် ခေါင်းဆောင် စုန့်ပန်းက
အခုတော့ နိုင်ငံရေးလောကထဲကို ငွေအိတ်နဲ့ ပစ်ပြီး ဝင် ဖို့ ကြိုးစားနေပြန်ပြီတဲ့..

ပထမဆုံးလုပ်တဲ့အလုပ်ကတော့ ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တင်ဒါလုတာပါပဲ...

လုမရတော့ တင်ဒါအောင်ပြီးသားသူကို မိသားစုဖမ်းပြီး ခြိမ်းခြောက်တယ်...

ဆန့်ကျင်တဲ့သူကို ပစ်သတ်လိုက်တယ်..

ဒီလိုနဲ့ ငြင်းမရတဲ့အဆုံးမှာ စီမံကိန်းကို ပေးဖို့ စာချုပ် ချုပ်မယ်ဆိုမှ...

မြေယာသုံးစွဲခွင့်ကနေ ပိုင်ဆိုင်မှု လွှဲပြောင်းစာဖြစ်နေ ပြန်ရော...

ဟုတ်ပါတယ်... စုန့်ပန်းတစ်ယောက်ဟာ ငွေနဲ့ပေါက်ပြီး တစ်မြို့လုံးကို မောင်ပိုင်စီးချင်ပြန်တာပါ...

ဒါနဲ့ ရွာသူကြီးက လက်မှတ်မထိုးဘူးဆိုတော့ ငါးစာ ကျွေးလိုက်ပါတော့တယ်...

ဒီလိုဆိုးတဲ့ စုန့်ပန်းကို ဘယ်သူကရှင်းပေးမှာ လဲ...ဘယ်လိုမျိုးမှ ရှင်းနိုင်မှာလဲ...

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+y1tXCiysQg44MzVl

ဇတ်ကားလင့် ⤵️
https://t.me/c/2270084738/811
ASH     (2025)

သိပ္ပံစိတ်ကူးယဉ်ကားတွေကို ခရေဇီဖြစ်ရင်တော့ ဒီနှစ် ထဲမှာမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ပါတော့ဗျာ။

ဇာတ်လမ်းအကျဉ်း

မဝေးလှတဲ့ အနာဂါတ်တစ်ခုမှာ ကမ္ဘာမြေက လေထု အဆိပ်သင့်လာပြီး လူသားတွေဟာ ကမ္ဘာမြေပေါ်မှာ ကြာကြာဆက်နေလို့ မဖြစ်တော့တာကြောင့် ကမ္ဘာမြေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတူပြီးတော့ လူသားတွေနေထိုင် လို့ရမဲ့ဂြိုဟ်တွေကို ရှာဖွေဖို့ အာသာသယာဉ် ခြောက်စီး စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ရီယာအပါအဝင် ဒေးဗစ် ဦးဆောင်တဲ့ ယာဉ်မှူးခုနှစ်ယောက်ပါဝင်တဲ့ ခုနှစ်စင်း မြောက် အာကာသယာဉ်ကတော့ ကမ္ဘာမြေက သိပ္ပံပညာ ရှင်တွေ ရှာတွေ့ထားတဲ့ ဂြိုဟ်တစ်ခုကို အောင်မြင်စွာ ဆက်သက်နိုင်ခဲ့ပါတယ်။

သူမတို့ဟာ အဲဒီဂြိုဟ်ပေါ်မှာ လေ့လာရှာဖွေရင်းနဲ့ ဂြိုဟ် သားနည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ တွင်းပေါက် ကြီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီတွင်းပေါက်ကြီးတွေဟာ ကမ္ဘာမြေရဲ့ လေထုပြဿနာကို ဖြေရှင်းနိုင်ဖို့ သော့ချက် ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် အဲဂြိုဟ်မှာပဲ စခန်းချ ကာ ဆက်လက်နေထိုင်ရင်း စမ်းသပ်လေ့လာနေခဲ့ပါ တယ်။

ဒါပေမဲ့ သူတို့ယာဉ်စနစ်က မူမမှန်တဲ့သက်ရှိလှုပ်ရှားမှု တွေ့ရှိကြောင်း ခဏခဏ သတိပေးချက်တွေ ပို့ပေးနေခဲ့ပါတယ်။ သူမတို့ဟာလည်း ဘယ်လိုလိုက်ရှာ လိုက်ရှာ မတွေ့နေခဲ့ပါဘူး။

ဒီတော့ သူမတို့ရဲ့ ဒီဂြိုဟ်ပေါ်မှာ ကမ္ဘာမြေကိုကယ်တင်မဲ့ ခရီးဟာ ထင်ထားသလောက် ဖြောင့်ဖြူးပါ့မလား၊ ဂြိုဟ်သားနည်းပညာတွေရှိနေမှတော့ ဂြိုဟ်သားတွေ မ ရှိပဲနေပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+FVVGPDNy4u4wNzk1

ဇတ်ကားလင့် ⤵️
https://t.me/c/2292699696/878
THE*KILLERS     (2024)

၁၉၅၄ ခုနှစ်မှာ စာပေ ပညာ နိုဘယ်ဆု ရရှိထားတဲ့ Ernest Hemingway ရဲ့ "The Murders" ဝတ္ထု ကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

Cast တွေ အနေနဲ့ကတော့ Shim Eun Kyung, Yeon Woo Jin, Hong Sa Bin, Jang Hyun Sungo တို့နဲ့အတူ တခြား သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။

ဇာတ်လမ်းအညွှန်း အနေနဲ့ကတော့..

နောက်ကျောမှာ ဓားစိုက်နေတဲ့ ယောကျ်ားတစ်ယောက်...

လူသတ်ပေးဖို့ တောင်းဆိုလာတဲ့ မိန်းမတစ်ယောက်...

လူတိုင်းက စောင့်မျှော်နေတဲ့ လူတစ်ယောက်...

လူတစ်ယောက် ကို စောင့်မျှော်နေတဲ့ တစ်စုံတစ်ယောက်...

အစရှိသဖြင့် ရှူထောင့် ၄ခုကနေ ဇာတ်လမ်း ၄ပုဒ် တည်ရှိနေပြီးတော့ ညမိုးချုပ် အချိန် ပဟေဠိဆန်တဲ့စားသောက်ဆိုင်တစ်ဆိုင်ကို ဓားစိုက်နေတဲ့ လူတစ် ယောက် ရောက်ရှိလာချိန်မှာပဲ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဟာ စတင်လာပါတော့တယ်။

ဒီ လူ၄ယောက်က ဘယ်လိုတွေ ပတ်သက်ဆက်နွယ်မှု ရှိနေပြီးတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို

စိတ်ဝင်တစား ကြည့်ရှု့နိုင်ပါပြီ။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+DmR_nTfmVVViNDll

ဇတ်ကားလင့် ⤵️
https://t.me/c/2245829273/781
CHOO*MANTAR     (2025)

(ချူမန်တရာအဖွဲ့ နဲ့ မော်ဂန်စံအိမ်ကြီး)

=====================

သဘာဝလွန် ဖြစ်ရပ်တွေနဲ့ ပတ်သတ်ပြီးတော့ သရဲနှိမ်နင်းပေးတဲ့နေရာမှာ နာမည်ကြီးနေတဲ့ ချူမန်တရာဆိုတဲ့ လူ၄ယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုရှိပါတယ်။

သူတို့ဟာ သရဲပူးကပ်နေတဲ့သူတွေကို ကုသပေး ရင်း ဝင်ငွေရှာနေတဲ့သူတွေပေါ့။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဒိုင်နမို လို့ခေါ်ပြီး သူတို့အဖွဲ့ဟာ ဘာကိုမှ မကြောက်တတ်ကြပါဘူး။

ဒီလိုနဲ့ တစ်ရက်မှာ သတင်းစာထဲကနေ မော်ဂန်စံအိမ်ကြီးအကြောင်း သိရှိခဲ့ရပြီးတော့ အဲဒီစံအိမ်ကြီးဟာ အိန္ဒိယရဲ့ ထိပ်တန်း သရဲအခြောက် ဆုံးနေရာ ၁၀ခုအတွင်းမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံဖြေရှင်းပေးနေကြ တဲ့သူတွေ ပီပီ စိတ်ဝင်စားသွားပြီး စုံစမ်းကြည့်ပါတော့တယ်။

ဒီအခါ မှာ အဲဒီစံအိမ်ကြီးထဲမှာ ဗြိတိသျှတွေလက်ထပ်တုန်းက သူတို့ရတနာ တွေကို မြှုပ်နှံထားကြောင်းသိလိုက်ရတဲ့အခါမှာတော့....

ဒိုင်နမို ဦးဆောင်တဲ့ ချူမန်တရာအဖွဲ့ဟာ မော်ဂန်စံအိမ်ကြီးကို လေ့လာ ဆန်းစစ်ဖို့အတွက် သွားရောက်ကြတဲ့အခါမှာ....

ဘယ်လိုကြောက်ဖို့ ကောင်းတဲ့ အရာတွေကို ကြုံတွေ့ရမလဲ ….

နိုင်ငံခြားမှာရောက်နေတဲ့ မော်ဂန်စံအိမ်ကြီးရဲ့ ပိုင်ရှင်သားအဖဟာလည်း ဒီစံအိမ်ကြီး ကို ပြန်လာခဲ့တဲ့အခါ

ပိုင်ရှင်သားအဖနဲ့ ချူမန်တရာအဖွဲ့တို့ ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို

ရင်တထိတ်ထိတ် နဲ့ ရှု့စားရမဲ့ ဟော်ရာဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1

ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/756
WOLF*GIRL     (2025)

ကဲ ရန်ကိုရန်ချင်း တုံ့ပြန်မယ်ဆို ဒီသံသရာကြီးက အဆုံးသတ်ပါဦးမလား...

မေတ္တာနဲ့ တုံ့ပြန်ပါဆိုတဲ့ ရွှေပြည်အေးတရားဟောတာ ခဏခဏကြုံဖူးမယ်ထင်ပါရဲ့...

ဒါပေမယ့် တစ်ဖက်က မေတ္တာတရားထားချိန်မှာ တစ်ဖက်ကလည်း
မေတ္တာတရားကိုနားလည်ဖို့ နှလုံးသားပါလာဦးမှဆိုတာ ဒီကားလေးကသရုပ်ပြထားပါတယ်...

ဟုတ်ပါတယ်... ယွဲ့ဝမ်ရယ်ဟာ သူ့ချစ်မိဖုရားလေးက ရောဂါဆန်းနဲ့ ကုတင်ပေါ်လဲသွားတဲ့အတွက်..

နန်းတွင်းသမားတော်ရဲ့ စကားအတိုင်း ဝံပုလွေဘုရင်မ ရဲ့ သွေးနဲ့မှ ကုသနိုင်ပါမယ်ဆိုလို့ ၃ ရက် ၃ ည တိတိ တောအဝမှာ မိုးညထဲ တောင်းပန်ခဲ့ပါ တယ်… ဆေးကုဖို့သွေးကို…

ဒါပေမယ့် သွေးမရခင်မှာပဲ မိဖုရားကသေသွားခဲ့ပြီး... မိဖုရားကိုကယ်ဖို့သွေးပေးရင်လည်း ဘုရင်မသေမှာမို့ မ ပေးခဲ့တာဆိုပေမယ့်လည်း...

ယွဲ့ဝမ်ရယ်ကတော့ အတော်ဆုံးဆိုတဲ့ ပါရမီရှင်တွေကို ငှားပြီးတော့
ဝံပုလွေတစ်မျိုးနွယ်လုံးကို ချေမှုန်းဖျက်စီးတော့တာပေါ့..

ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတဲ့ စကားပုံလေး အတိုင်း...

တစ်မျိုးနွယ်လုံးကို မရှင်းနိုင်ဘဲ ဝံပုလွေပေါက်လေး ကျန်သွားတော့...

၁ဝ နှစ်ကြာတဲ့အခါမှာ ပါရမီရှင်တစ်ယောက်ချင်းစီကို နည်းဗျူဟာတွေ
သေချာချမှတ်ပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖို့ ကြိုးစားတော့တာပေါ့...

ကဲ ဝံပုလွေပေါက်လေး ရဲ့ လက်စားချေတာ အောင်မြင်ပါ့မလား...

လွန်ခဲ့တဲ့ ၁ဝ နှစ်က ဖြစ်ပျက်ခဲ့တာတွေကရော ကြားထဲမှာ သိုဝှက်ထားတဲ့ လူမသိတဲ့ကိစ္စရှိနေဦးမှာလား..

တစ်ခဏ ဘဝအမော စိတ်ဒုက္ခတွေပြေပျောက်ဖို့ ဇာတ်ကားလေးကြည့်မယ်တွေးရင် ဒီကားလေးကို ကြည့်ကြည့်ပါလို့....

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+y1tXCiysQg44MzVl

ဇတ်ကားလင့် ⤵️
https://t.me/c/2270084738/791
RUNAWAY GOD OF WEATH 6     (2025)  

ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေး ကတော့နတ်မင်းတွေ အကြောင်းရိုက်ကူးထားတဲ့ ဟာသကားလေးပဲဖြစ်ပါတယ်။

ချမ်းသာကြွယ်ဝချင်ကြတာကြောင့် စည်းစိမ်ဥစ္စာနတ် မင်းဆီမှာ ဆုတောင်းကြတာပေါ့ အဲ့တော့ သူတို့နတ်မင်း ဌာနက အရမ်းကို အလုပ်ရှုပ်တာပေါ့။

ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်

လူတွေရဲ့ သဘောသဘာဝအရ
အဲ့လိုနဲ့ တစ်နေ့မှာ နတ်မင်းတွေရဲ့ ခေါင်းဆောင်ဖြစ်သူက ကံကောင်းခြင်းနတ်မင်းငါးပါးရဲ့ဌာနကနေ လူလျှော့ရ မယ်ဆိုပြီး အထက်အမိန့်ကျလာတာပေါ့နော် အဲ့တော့ ဘယ်ဌာနကို လျှော့ရမလဲဆိုတာ ခေါင်းစားစရာ တစ်ခုဖြစ်လာရော အားလုံးကလည်း စည်းစိမ်ဥစ္စာနတ်မင်းရဲ့ ဌာနက လူ များတာကြောင့်သူ့ဌာနက လျှော့ဖို့ ထောက်ခံကြရော အဲ့အချိန်မှာ စည်းစိမ်နတ်မင်း က
သူ့ဆီက လူမလျှော့ဖို့အရေး ကောင်းကင်ဘုံကနေ ပျောက်ဆုံးသွားတဲ့ အံ့ဖွယ်ကျောက်ကို တစ်လအတွင်း ပြန်ရှာပေးမယ်ဆိုပြီး ကတိတစ်ခုပြုလုပ်လိုက်ပါတယ်။

အဲ့တော့ သူ့လူတွေကို သဲလွန်စအတိုင်း လိုက်ရှာခိုင်းတဲ့ အချိန်မှာတော့ အံ့ဖွယ်ကျောက်ရဲ့ တည်နေရာကို ညွှန်ပြပေးနိုင်မယ့် ကြေးပြားမှန်ချပ်က လူ့ပြည်က ပဲပေါက်စီဆိုင်ပိုင်ရှင် ဝမ်ရှောင်ဟွားဆီမှာရှိနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+y1tXCiysQg44MzVl

ဇတ်ကားလင့် ⤵️
https://t.me/c/2270084738/815
ACCIDENT*MAN*2*HITMAN'S*HOLIDAYS

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက် ကား ထွက်လာပါပြီ။

ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူ တွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ ကိုမှ သူကကြေးစားလူသတ်သမား သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ် လို့ အဲဒီနာမည်ကိုရထားတာပါ။

ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော် မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီး ထွက်လာခဲ့ပါပြီ။

သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာ ဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ် တယ်ပေါ့။

ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီး နောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာ သားကို ကာကွယ်ပေးဖို့ ဖြစ်လာပါလေရော။

အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက် ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။

Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့်

ကြည့် သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+FVVGPDNy4u4wNzk1

ဇတ်ကားလင့် ⤵️
https://t.me/c/2292699696/883
THE*WILD     (2023)

ဆုန်းဝူချောဆိုတဲ့ သူဟာ လက်ဝှေ့မှာအတော်ကြမ်းတဲ့ ဖိုက်တာတစ်ဦးဖြစ်ပါတယ်…

သူက လူမိုက် အမိုက် အပေါင်းအသင်းတွေလည်းရှိသလို မြေအောက် တရားမဝင်လက်ဝှေ့လောကမှာလည်း ရံဖန်ရံခါ
အချီကြီးထိုးလေ့ရှိတယ်...

တစ်နေ့တော့ တခြားဖိုက်တာတစ်ယောက်နဲ့ အချီကြီး ထိုးဖို့ ဖြစ်လာတယ်..
အတွေ့အကြုံလည်းများသလို ထိုးသတ်ရာမှာ ဆရာကြီးဖြစ်တဲ့သူ့အတွက် သိပ်မခက်တဲ့ပွဲဆိုပေမဲ့ တစ်ဖက်ပြိုင်ဘက် က
ပွဲအပြီးသေဆုံးသွားပါတယ်….

ဒါ့ကြောင့် သူဟာ ထောင်ကျသွားခဲ့တယ်...နောင်တတွေ ရနေတဲ့သူဟာ ထောင်က ၈ နှစ်အကြာမှာ လွတ်လာပြီး
အေးဆေးလေးနေမယ်လို့ ကြိုးစားခါမှ
သူ့ရဲ့ လူမိုက်ဘော်ဒါဟောင်းတွေဟာ မဟာအရှုတ်တော် ပုံကြီးထဲကိုဆွဲသွင်းလာတဲ့အခါမှာတော့...

⚠️သတ်ဖြတ်ခန်းတွေ နဲ့ အဖော်အချွတ်ကြမ်းကြမ်းတွေ ပါ လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+DmR_nTfmVVViNDll

ဇတ်ကားလင့် ⤵️
https://t.me/c/2245829273/786
THE*SECRET*OF*WOMEN   (2025)

"မိန်းမနှစ်ဦး"

=====================

တစ်မျိုးဆန်းတဲ့ မလေယာလမ် သည်းထိပ်ရင်ဖို ဇာတ်လမ်းအသစ်လေးပဲ ဖြစ်ပါတယ်။

အသက်ငယ်ငယ် ကောင်မလေးတစ်ယောက် တိုက်ခန်း မှာတစ်ယောက်တည်းရှိနေချိန်မှာ အမည်မသိယောကျ်ားတစ်ဦး ခိုးဝင်လာတယ်။

သို့ပေမဲ့ ကိုယ်ခံပညာတတ်ထားတဲ့ ကောင်မလေးနဲ့ အတွေ့မှာတော့ အဲဒီလူမှောက်သွားတဲ့အထိ ခံလိုက်ရပါတယ် သူနဲ့မသိတဲ့လူက ဘာဖြစ်လို့များ သူ့ကိုရန်ပြုဖို့လာတာလဲ။

တစ်ဖက်မှာလည်း လှေပေါ်က ခုန်ချတဲ့ ကောင်လေးတစ် ယောက်ကို အမျိုးသမီးတစ်ယောက်က ရေထဲဆင်းကယ်ပြီး သူ့အိမ်ကိုခေါ်လာပါတယ်။

ဒီလို ပဟေဠိဆန်တဲ့ မိန်းမနှစ်ယောက်ရဲ့ လျှို့ဝှက်ချက် က ဘာလဲ သူတို့နှစ်ယောက် ပတ်သက်ဆက်နွယ်မှုကရော ဘာဖြစ်မှာလဲဆိုတာ

ပရိသတ်တို့ ကြည့်ရှု့ကာ အဖြေရှာလိုက်ပါဦး။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1

ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/773
MUTANT*GHOST*WAR*GIRL

Chinese ပရိသတ်ကြီးအတွက် ခေတ်လွန်သိပ္ပံ စူပါဟီးရိုးဆန်ဆန်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့…

အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေ ပါပြီ။ ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါ တယ်။

ဒီအမှုကိုစုံစမ်းသက်သေယူဖို့အတွက် မီဒူဆာအဖွဲ့မှာ အသွင်ယူစုံစမ်းရင်း ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့ မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့ သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံ့လာပြီး မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကို ခံရပါတော့တယ်။

သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖို့ အတွက် နိင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့ ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့ တိုက်ပွဲဟာစတင်လာပါတော့တယ်... ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ…..

မီဒူဆာအဖွဲ့အစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ...

ဆိုတာကို မမ လှလှ တွေရဲ့ ဖိုက်တင်ခန်းအမိုက်စားတွေနဲ့ ဝေဝေဆာဆာ
ကြည့်လိုက်ကြပါဦးနော်။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+y1tXCiysQg44MzVl

ဇတ်ကားလင့် ⤵️
https://t.me/c/2270084738/795
LAST*BREATH     (2025)

IMDb Rating (7.0)
Rotten Tomatoes (80%)

နာမည်ကြီး ရုပ်ရှင်စတားတွေဖြစ်တဲ့ Shang Chi မင်းသား Simu Liu, Woody Harrelson, Finn Cole တို့ ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် ကားကောင်းတစ်ကားပါ။

စကော့တလန်ကမ်းရိုးတန်းက ပင်လယ်ရေအောက် ဓာတ်ငွေ့ပိုက်လိုင်းတွေကို ပြုပြင်တဲ့ ရေငုပ်သမားတစ် ယောက်အကြောင်းကို အခြေခံထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။

Last Breath ဆိုတဲ့ နာမည်အတိုင်း ရေငုပ်သမားတစ် ယောက်ရဲ့ နောက်ဆုံးထွက်သက်နဲ့ ပင်လယ်ရေအောက် ပေ ၃ဝဝ လောက်က အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။

လူ့ဦးနှောက်ထဲကို အောက်ဆီဂျင် မိနစ် ၂၀ လောက်မ ဝင်ရင်သေသွားပြီလို့ယူဆရပေမဲ့ ခရစ်ဆိုတဲ့ ရေငုပ် သမားကတော့ ပင်လယ်ဂက်စ်ပိုက်လိုင်းပြင်ရင်း မတော်တဆမှုနဲ့ ဆက်သွယ်ရေးပြတ်တောက်ပြီး

ကယ်ဆယ်ရေးမလာခင်အထိ အောက်ဆီဂျင် မရဘဲ မိနစ် ၄၀ လောက်နေလိုက်ရပါတယ်...

ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အလောင်းပြန်ဆယ်ဖို့သွားပေမယ့် အသက်ရှင်နေသေးတဲ့ ခရစ်ကို ယနေ့ခေတ်ကျွမ်းကျင် သူတွေကလည်း ဘာကြောင့်လဲဆိုတာ အဖြေမရှာနိုင်သေးတဲ့ ဖြစ်ရပ်မှန် ကားလေးပါ။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+FVVGPDNy4u4wNzk1

ဇတ်ကားလင့် ⤵️
https://t.me/c/2292699696/859
THE*X-TREME*RIDERS     (2023)

အသစ်ထွက်ရှိထားတဲ့ ထိုင်းအက်ရှင်ကားလေးတစ်ကားကို တင်ဆက် ပေးပါ့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Fun နဲ့ Kla ရဲ့ အဖေက လက်ဝှေ့အားကစားရုံပိုင်ရှင်ဖြစ်ပြီးတော့ သားဖြစ်သူ Kla ကို လက်ဝှေ့အမွေ ပေးချင်နေတဲ့သူပါ။

အဖေဖြစ်သူ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက် မှာ သမီးဖြစ်တဲ့ Fun ကပဲ လက်ဝှေ့ရုံကို အမွေဆက်ခံပြီးတော့ သား ဖြစ်တဲ့ Kla ကတော့ အိမ်ကနေထွက်သွားပြီး မူးယစ်ဆေးရောင်းဝယ် ရေးလုပ်တဲ့ ပြိုင်ကားမောင်းတဲ့အဖွဲ့ထဲ ဝင်သွားပါတယ်။

တစ်နေ့ မှာ အမေဖြစ်သူ ကျန်းမာရေးမကောင်းဖြစ်ပြီး နှလုံးအစားထိုးကုသ ဖို့ ငွေအများကြီးလိုလာတဲ့အခါ Fun က MMA ချန်ပီယံတစ်ယောက်နဲ့ ယှဉ်ပြိုင်ရမယ့် လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုကြေးဘတ်တစ်သန်း ရအောင် ကြိုးစားပါတော့တယ်။

တစ်ဖက်မှာလည်း မူယစ်ဆေး ရောင်းဝယ်တဲ့ အဖွဲ့တွေက လက်ဝှေ့ပွဲအကြောင်းပြပြီး မူးယစ်ဆေး သယ်ပို့ဖို့ လုပ်ကြတဲ့အခါ

မောင်နှမနှစ်ယောက် ဘယ်လိုတွေဆက် ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါစို့။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+FVVGPDNy4u4wNzk1

ဇတ်ကားလင့် ⤵️
https://t.me/c/2292699696/887
THE*BATTLE*OF*JANGSARI

1950 ခုနှစ်မှာ ရရှားအားကိုးနဲ့ မြောက်ကိုရီးယားခေါင်းထောင်ချိန် လွတ်လပ်ရေးရတာ ၅ နှစ်သာ ရှိသေးတဲ့ တောင်ပိုင်းသားတွေအတွက် စက်ဆုတ်စရာစစ်မြေပြင်ဆီ ခါးသီးမှုတွေနဲ့ အတူ ပြန်လည်တိုက်ပွဲ ဝင်ဖို့ဖြစ်လာခဲ့တယ်…

ဂျန်ဆာရီကမ်းခြေမှာတပ်စွဲထားတဲ့ မြောက်ပိုင်းတပ်တွေကိုတိုက်ထုတ်ဖို့အခုမှသင်တန်းသားပဲ ရှိသေးတဲ့ ခြေပြတ်
လတ်ပြတ်တွေ စစ်ရဲ့အနံ့အသက်ဆိုးတွေကိုမခံစားဖူးသေးတဲ့ လူငယ်စစ်သား ၇၀၀ကျော် မလွှဲမရှောင်သာ ဖွဲ့စည်းပြီး mission တစ်ခုလုပ်
ခဲ့ကြတယ်...

ခုမှ သင်တန်းဆင်းကျောင်းသားတွေနဲ့ စစ်တိုက်မယ် ဆိုကတည်းက ဒီစစ်ပွဲရဲ့ အောင်မြင်မှုဟာ ပြန်လမ်းမဲ့ကျွန်းကိုလွှတ်တယ်လို့တောင် ဆိုရပါ့မယ်...

ကိုရီးယားထုံးစံအတိုင်း dialogue တွေ
အရမ်းကောင်းတယ် suspense လုပ်သွားတာ တော်တော် tempo တက်တယ် ....

လူငယ်စစ်သားလေးတွေကိုသဘာဝကျကျ ရိုက်သွားတာ infomation ပိုင်းမှာပဲလုပ်ဖူးပြီး စစ်ပွဲကိုစာတွေ့ပဲရှိပြီး တိုက်ပွဲအတွေ့အကြုံမရှိတဲ့ခေါင်းဆောင်ရဲ့အမိန့်တွေနဲ့ ချီတက်သွားကြတာဟာ လုံး၀ mission impossible ကြီးပါပဲ....

အထူးတလည် ညွှန်းစရာမလိုအောင်ထူးထူးခြားခြားကောင်းပါတယ်။
ထူးထူးခြားခြားလည်း မျက်ရည်ကျရပါမယ်။

Setting ပိုင်းတွေ ရိုက်ကွင်းရိုက်ကွက်တွေ သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲတွေကိုမှ သုံးထားပါတယ်။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+DmR_nTfmVVViNDll

ဇတ်ကားလင့် ⤵️
https://t.me/c/2245829273/791
CRAKK*JEETEGA*TOH* JIYEGAA    

(2024)

" ယောကျ်ားဘသား "

====================

Commando 3 (2019)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Aditya Datts နဲ့ အဲဒီရုပ်ရှင်ထဲကပဲ သရုပ်ဆောင်ဖြစ်တဲ့ Vidyut Jammwalတို့ အတူတူတွဲပြီး တစ်ဖက်စွန်းရောက် အားကစားလို့ခေါ်ဝေါ်ကြတဲ့ အားကစားနည်းတစ်မျိုးကို ရိုက်ကူးထားတဲ့ အိန္ဒိယရဲ့ပထမဆုံးလို့တောင်ခေါ်တဲ့ ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

အသက်နဲ့လောင်းကြောင်းထပ်ထားရတဲ့ ဒီအားကစားကို ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ကြတာ ကမ္ဘာပေါ်တစ်လွှားမှာ ရေပန်းစားလာခဲ့ပါ တယ်။

အောင်မြင်ကျော်ကြားလာတဲ့သူတွေအတွက် စပွန်စာနဲ့ ဂုဏ်ဒြပ်ငွေကြေးတွေနောက်ကလိုက်လာတတ်ပေမဲ့ လူမသိသူမသိနဲ့ အသက်ဆုံးရှုံးကြသူတွေလည်း ဒုနဲ့ဒေး။

ဒီလိုအားကစားကိုမှ ခုံခုံမင်မင်နဲ့ ရူးသွပ်ပြီး ကြိုးစားနေ တဲ့သူတွေထဲမှာ မွမ်ဘိုင်းက ဆစ်ဒူးနဲ့ နီဟာလ်ဆိုတဲ့ ညီကိုနှစ်ယောက် လည်း အပါအဝင်ပေါ့။

ညီကိုနှစ်ယောက် အောင်မြင်ဖို့ ကြိုးစားရင်းနဲ့ အစ်ကို ဖြစ်သူအသက်ဆုံးရှုံးရချိန်မှာတော့ ပင်စင်စားဖခင်ကြီး က
သားငယ်ဖြစ်သူကို ဒီအားကစားကိုစွန့်လွှတ်ဖို့ အကြိမ်ကြိမ်ဖြောင့်ဖြနေခဲ့ပေါ့။

ဒါပေမဲ့ ခုံမင်ရူးသွပ်ရတဲ့ ဒီအားကစားကိုမစွန့်လွှတ်နိုင် တဲ့ ဆစ်ဒူးတစ်ယောက် ဘယ်လိုအတားအဆီး အခက်အခဲနဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမှာလဲ။

တစ်ဖက်မှာလည်း ဒီအားကစားကို ဗန်းပြပြီး မှောင်ခို လုပ်ငန်းအကြီးအကျယ်လုပ်နေတဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကလည်း ရှိနေပြန်ပါရော။

ဒီလိုနဲ့ ဆစ်ဒူးတစ်ယောက် ဒီအကြောင်းတရားတွေမှာ ဘယ်လိုပတ်သက်ပါဝင်ရင်ဆိုင်ရမှာလဲ ခံစားကြည့်ရှု့ကြပါဦး။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1

ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/786
KUNG*FU*CULT*MASTER*1

"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ "

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ ပြန်သွား ကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ် လေးကို မြည်းစမ်းကြည့်ရမှာပါ။

ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်းဝင် အောင်ရိုက်တာပါ။

ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမော လှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက် ပါ။

တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။

ဒီတော့ များသောအားဖြင့် နဂါးနိုင်ဓါးခေတ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေး ကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+y1tXCiysQg44MzVl

ဇတ်ကားလင့် ⤵️
https://t.me/c/2270084738/799
MONSTER*AWAKENS     (2024)

ဘရီ တို့ သားအဖနှစ်ယောက်က အမေရိကန်မြောက်ပိုင်းရဲ့ နှင်းတွေအမြဲဖုံးလွှမ်းနေပြီး အေးချမ်းတဲ့ ဒေသတစ်ခုမှာ နေထိုင်ကြတယ်။

အမေ မရှိတော့တဲ့ အဖေတစ်ခု သမီးတစ်ခု ဘဝမို့ အဖေဖြစ်သူက ဘရီကို အစစအရာရာ ဂရုစိုက်ပေး ပါတယ်။ တစ်ရက်မှာတော့ အဖေဖြစ်သူ က တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ရှိလို့ သမီးဖြစ်သူ ဘရီကို အိမ်ထဲ မှာပဲ သော့ပိတ်ပြီးနေဖို့ မှာရင်း ထွက်သွားတယ်။ ဓာတ်ပုံဝါသနာအိုး လေးဖြစ်တဲ့ ဘရီကတော့ အဖေဖြစ်သူ စကားကို နားမထောင်ပဲ နှင်း တွေဖုံးနေတဲ့ တောအုပ်ထဲကို ဓာတ်ပုံရိုက်ဖို့ထွက်သွားခဲ့ပါတယ်။

အဲဒီ အချိန်မှာပဲ ထောင်သားတစ်ယောက်ကို လွှဲပြောင်းဖို့ သယ်လာတဲ့ ရဲ ကားဟာ ဘရီတို့ မြို့ကို ဖြတ်နေစဉ်မှာပဲ ကားပျက်ပြီး ထောင်သားက ထွက်ပြေးသွားတယ်။< ဒီသတင်းကို ကြားလိုက်ရတဲ့ အဖေဖြစ်သူ က သမီးဖြစ်သူကို စိတ်ပူတာကြောင့် အိမ်အမြန်ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ သမီးဖြစ်သူကို အိမ်မှာမတွေ့တဲ့နောက်မှာ အဖေ ဖြစ်သူလည်း သမီးကို ရှာဖို့ တောထဲကိုလိုက်လာပါတော့တယ်။

ဒီလိုနဲ့ပဲတောထဲမှာ ထူးဆန်းထွေလာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာရတဲ့အခါမှာတော့....

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+FVVGPDNy4u4wNzk1

ဇတ်ကားလင့် ⤵️
https://t.me/c/2292699696/863
A*VIO*LENT*PRO*SECU*TOR

အမှုစစ်ဖြစ်ဖို့ ၁၁ နှစ်ကြာကြိုးစားခဲ့ရတဲ့ ဗြောင်ဂျယ်ဝု ဟာ အကြမ်းဖက်တတ်လို့နာမည်ကြီးပြီး အမှုစစ် လုပ်သက် ၈ နှစ်အကြာမှာ ဆန္ဒပြပွဲတစ်ခုက ရဲအရာရှိကိုအကြမ်းဖက်ခဲ့တဲ့တရားခံတစ်ယောက်ကို စစ်ဆေးနေ တုန်း တရားခံဟာ အမှုစစ်ရုံးမှာ သေသွားခဲ့လေတော့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံလိုက်ရတယ်။

သေဆုံးသူဟာ ပန်းနာသည်ဖြစ်နေပြီး သူမသတ်ခဲ့ ကြောင့် သူယုံကြည်ရသူအထက်လူကြီးကိုပြောပြခဲ့ပေမဲ့ တကယ့်တရားရင်ဆိုင်ချိန်မှာ သူ့ဘက်မှာ ဘယ်သူမှရှိမ နေခဲ့တာကြောင့် သူချောက်ချခံရမှန်းသိပြီးနောက် ၅ နှစ် ကြာပြီးချိန်မှာ ထောင်ထဲကိုအသစ်ရောက်လာတဲ့ အမေ ရိကားပြန်အဖြစ်ဟန်ဆောင်ကာ မိန်းကလေးတွေဖျား ယောင်းတဲ့ ရုပ်ဖြောင့်ဖြောင့်နဲ့လူလိမ်လေးတစ်ယောက် ဟာ သူ့အမှုနဲ့ဆက်စပ်နေကြောင်းသိလိုက်ရတော့ နှစ် ယောက်ပေါင်းကာ သူ့ကိုချောက်ချခဲ့သူတွေကို ဖော်ထုတ်ကာ သူအပြစ်ကင်းကြောင်း သက်သေပြဖို့ ပြန်လည်ပြင်ဆင်ပါတော့တယ်။

Hwang Jung Min, Kang Dong Won, Lee Sung Min နဲ့ Park Sung Woong တို့ပါဝင်လို့ Cast တွေနဲ့တင် ကြည့်ဖိုထိုက်တန်ပြီးသားဖြစ်တာကြောင့် ဇာတ်လမ်းမကောင်းမှာ စိုးရိမ်စရာမလိုကြောင်းပါ။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+DmR_nTfmVVViNDll

ဇတ်ကားလင့် ⤵️
https://t.me/c/2245829273/766
THE*NEIGHBORS

အလွှာစုံ၊ လူမျိုးစုံ နေထိုင်တဲ့ အိမ်ရာဝန်းကြီးထဲမှာ လူသတ် မှုတွေ ဆက်တိုက်ဖြစ်လာတယ်။အသတ်ခဲ့ရတဲ့သူအများ စုက မိန်းကလေးတွေ။ နောက်ဆုံးအသတ်ခံရသူ ကောင်မလေးဆို
အလယ်တန်းကျောင်းသူလေး။

မိုးကလည်း သည်း၊ မီး တွေက လည်း ပျက်နေတဲ့ ည ကျောင်းအပြန်မှာ အသတ်ခံခဲ့ရတာ လူသတ်ကောင်ဟာ ပြစ်မှုကျူးလွန်ပြီးရင် ခရီးဆောင် အိပ် Luggage ကြီးထဲမှာ အလောင်းကို ထည့်ပြီး စွန့်ပစ်တဲ့ အလေ့အထရှိတယ်။

ရဲကလည်း တရားခံကို မဖော်ထုတ်နိုင်တော့ အိမ်ရာမှာ နေတဲ့သူအားလုံး ကျီးလန့်စာစား စိုးတထိတ်ထိတ်နဲ့ နေထိုင် ကြရတယ်။ကိုယ့်အခန်းနဲ့ကိုယ် တသီးတခြား နေတတ် တဲ့ အိမ်ရာတွေရဲ့ သဘာဝ တစ်ဦးအကြောင်းကို တစ်ဦးက ဂဃဏန မသိကြလေတော့ အချင်းချင်း သံသယ မျက်လုံး တွေနဲ့ပဲ ကြည့်နေကြရင်း တကယ့်တရားခံဟာ ပျောက်ဆုံး နေဆဲပဲ။

စိတ္တဇဆန်တဲ့ လူသတ်ကောင်ကတော့ အရင်သတ်ပြီးခဲ့ တဲ့ မိန်းကလေးနဲ့ ရုပ်ချင်းဆင်တူတဲ့ နောက်ထပ်ကျောင်းသူ တစ်ဦးကို မျက်စိကျပြီး ချောင်းနေပြီ။အိမ်ရာထဲက အခန်းမှာပဲ လူသတ်မှုတွေကို ပိပိရိရိ သွေးအေးအေးနဲ့ ကျူးလွန်
ခဲ့တဲ့ လူသတ်သမားကို သေသွားတဲ့ မိန်းကလေးရဲ့ မိထွေး၊ အိမ်ရာလုံခြုံရေးဝန်ထမ်း အဘိုးကြီး၊ ငွေတိုးချေးစားတဲ့ ထောင်ထွက်လူမိုက်၊ အိတ်အရောင်းဆိုင် ပိုင်ရှင် နဲ့ ပီဇာ မုန့် ပို့တဲ့ ကောင်လေးတို့က သင်္ကာမကင်းဖြစ်လာပြီး သူတို့ နည်းနဲ့ သူတို့ဟန် လူသတ်ကောင်ကို ဖော်ထုတ်ပုံ၊နောက်ထပ် လူသတ်မှု ထပ်မဖြစ်အောင် ကြိုးစားတားဆီးကြပုံတွေ ကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

သွေးအေးပြီး ညဏ်နီညဏ်နက်များတဲ့ ကွင်းဆက် လူသတ် သမား နဲ့ သူ့ရဲ့ အိမ်နီးချင်း (စုံထောက်မဟုတ်တဲ့) သာ မာန် လူတစ်စု အပြိုင်အဆိုင် ညဏ်ကစားကြတဲ့ သည်းထိတ် ရင်ဖိုဇာတ်လမ်းဖြစ်ပြီး crime thriller ရုပ်ရှင်အမျိုးအစား ရိုက်ကူးရင်း

ကိုယ်ပိုင်စတိုင်ရှိတဲ့ ကိုရီးယားတွေရဲ့ ထုံးစံ အတိုင်း ဇာတ်ကားအစအဆုံး စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပြသထားတဲ့ ကားဟောင်း ထဲက ကားကောင်း တစ်ကားပါ။

ကိုရီးယားကားဖန်တွေရဲ့ 
မာဒုန်ဆော့ကြီး လာပါပီ။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+DmR_nTfmVVViNDll

ဇတ်ကားလင့် ⤵️
https://t.me/c/2245829273/795
REVU     (2024)

ကြီးစိုးရတဲ့အာဏာကို တပ်မက်တဲ့စိတ်ဖြစ်လာတဲ့နေရာတိုင်းမှာ အနည်းနဲ့အများတော့ တိုက်ပွဲဆိုတာ ဖြစ်လာတတ်တာပဲတဲ့။

အခု တစ်ခါတင်ဆက်ပေးမယ့် တေလဂူရုပ်ရှင်လေးကတော့အမှိုက်ကစပြဿာဒ်မီးလောင်ဆိုသလိုပဲ ဘာရယ်မဟုတ်တဲ့ပြဿနာလေးကသွေး ချောင်းစီးရတဲ့အဖြစ်ရောက်သွားတဲ့ ပါလာရီဗူဆိုတဲ့ကမ်းရိုးတန်းရွာ ငယ်လေးက အဖြစ်ဆိုးတစ်ခုပေါ့။

အန်ဒရာပရာဒတ်ရှ်နားမှာ ဝေးလံ
ခေါင်ဖျားကမ်းရိုးတန်းပေါ်ကရီဗူဆိုတဲ့ရွာငယ်လေးရှိပါသတဲ့။ ပင်လယ် နဲ့နီးတဲ့ရွာဆိုတော့စိတ်ကြမ်းလူကြမ်း တံငါသည်တွေ မုဆိုးတွေများတဲ့ ရွာငယ်လေးဖြစ်ပြီးခိုက်ရန်ဖြစ်ပွားမှုတွေရှိတတ်တာကတော့ အဆန်း မဟုတ်ဘူးပေါ့။

ဘာရယ်မဟုတ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ထစ်ခနဲဆို တုတ်ဆွဲဓားဆွဲကြတဲ့ဒီရွာလေးမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သွေးချောင်းစီးရတဲ့အထိ ဖြစ်ဖူးပါသတဲ့။ရန်ပွဲတွေနဲ့ အသားကျနေတဲ့ ရီဗူရွာသား တွေတောင် ပြန်ကြားရင်ထိတ်လန့်ရတဲ့ဒီအဖြစ်ဆိုးက ဘယ်ကနေစ ခဲ့တာလဲ။

တစ်ယောက်စကားတစ်ယောက်နားနဲ့ပျံ့နှံ့နေတဲ့ဒီဖြစ်ရပ် ဆိုးအကြောင်းမှာ ဘယ်ဟာကအမှန်လဲ။

ဘာမဟုတ်တဲ့အကြောင်း ကိစ္စတစ်ခုမှာ ဒေါသဆိုတာ ဖက်တွယ်လာချိန်မှာဘယ်လောက်ထိ ပျက်စီးခြင်းတွေသယ်ဆောင်လာမလဲဆိုတာ ရှု့စားကြပါဦး။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1

ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/797
ATROCIOUS     (2025)

မင်ကော်ခေတ်အတွင်းမှာ ဓားပြတစ်ဖွဲ့ကြောင့် ရှန်မိသားစုရွာ တစ်ခုလုံး ခေါင်းဖြတ်သတ်ခြင်း ခံခဲ့ရပါတယ်။

နောက်မှာတော့ ရှန်မိသားစုရဲ့ ရွှေ ၈ အိုး၊ ငွေ ၈ အိုးနဲ့ ကျောက်စိမ်းရတနာ ၈ အိုးကို အဲဒီရွာမှာ ရှိကြောင်းကောလာဟလ ပြန့်နေတဲ့အတွက် လူမိုက်တွေက ရွာပျက်မှာ လာရောက် စုဝေးနေကြပါတယ်။

ဒါပေမဲ့ ရွာပျက်ထဲကို ဝင်လိုက်တာနဲ့ ခေါင်းပြတ်သရဲ တွေရဲ့ ခြောက်လှန့်ခြင်း၊ ပုံရိပ်ယောင်တွေ မြင်ရခြင်း စတဲ့ ထိတ်လန့်စရာ အဖြစ်တွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။

လူမိုက်အဖွဲ့က ရတနာကို ရှာတွေ့နိုင်မလား….

ရှန်မိသားစုရွာ တစ်ရွာလုံးကို ရက်စက်စွာ သတ်ဖြတ်သွားတဲ့ သမိုင်းကြောင်းက ဘယ်လိုဖြစ်မလဲ

ခေါင်းပြတ်သရဲတွေကရော တကယ်ရှိနေသလား…..

ဆိုတာကို ဆက်လက်ကြည့်ရှု့လိုက်ရအောင်နော်။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+y1tXCiysQg44MzVl

ဇတ်ကားလင့် ⤵️
https://t.me/c/2270084738/803
HOUNDS*OF*WAR     (2024)

ဇာတ်ပို့အဖြစ်ကနေ ခေါင်းဆောင်မင်းသားအဖြစ်ကို အောင်မြင်စွာကူးပြောင်းလာခဲ့တဲ့ မင်းသားကြီး Frank Grillo ရဲ့အက်ရှင်ကား အသစ် ကို တင်ဆက်ပေးလိုက်ပါတယ်။

သူသရုပ်ဆောင်ထားတဲ့ ကားဆိုတော့ အပစ်အခတ်တွေနဲ့ ကြမ်းတမ်းတဲ့အက်ရှင်တွေကို တွေ့ရမယ်ဆိုတာတော့ တန်းသိကြမှာပါ။

ဇာတ်လမ်းဇာတ်ကွက်တွေကလည်း ကြည့်တာတောင်မ ကြာသေးဘူး ဟာခနဲဟင်ခနဲ ဖြစ်သွားစေမဲ့ ဇာတ်လမ်းမျိုးဆိုတော့ အက်ရှင်ချစ်သူ တွေကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ရိုက်ဒါကကြေးစားစစ်သားတစ်ယောက်ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ လျှို့ဝှက်
လုပ်ကြံရေးစစ်ဆင်ရေးတွေကိုလုပ်ခဲ့တဲ့ အငြိမ်းစားယူ ထားသူတစ်ယောက်ဖြစ်ပါတယ်။

အငြိမ်းစားယူထားပေမဲ့လည်း အလုပ်ကမဖြစ်မနေ လှမ်းခေါ်တဲ့အပြင် တစ်ဖွဲ့တည်းသားချင်းဖြစ်တဲ့ညီဖြစ်သူကပါခေါ်တော့ ရိုက်ဒါလည်းနောက်ဆုံး တစ်ခေါက်စစ်ဆင်ရေးထပ်လုပ် ခဲ့ပါတော့တယ်။

ဒါပေမယ့် သစ္စာဖောက်ခံလိုက်ရပြီးသူ့ ညီအပါအဝင်တစ်ဖွဲ့လုံး သေဆုံးခဲ့ရတဲ့
အခါမှာတော့

သစ္စာဖောက်ဖြစ်တဲ့သူတို့အထက်လူကြီး ကိုပညာသားပါပါလက်စားချေဖို့

စီစဉ်ပုံတွေကို စိတ်ဝင်စားစရာ ကြည့်ရှု့ခံစားရမှာပဲ ဖြစ်ပါတယ်။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+FVVGPDNy4u4wNzk1

ဇတ်ကားလင့် ⤵️
https://t.me/c/2292699696/868
NEW*TRIAL

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် ဩဂုတ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကား လေးဖြစ်ပါတယ်။

လူသတ်မှုတစ်ခုမှာ မတရားစွပ်စွဲခံရတဲ့လူငယ် လေးတစ်ဦး ပြစ်ဒဏ်ကျခံပြီးတာတောင် အာမခံ ကုမ္ပဏီ တစ်ခု က လျော်ကြေးငွေ ပြန်တောင်းပါတယ်။

ဒါကို စွပ်စွဲခံလူငယ်လေး ရဲ့အမေက ရှေ့နေငှားဖို့ကြိုးစားတဲ့အခါမှာ လောလောလတ်လတ် အလုပ်လက်မဲ့ဖြစ်နေတဲ့ လောဘသားကောင် ရှေ့နေတစ်ယောက် နဲ့ ဆုံဖြစ်ခဲ့ကြပါတယ်။

အဲ့ဒီရှေ့နေကတော့ ဒီအမှုကို လက်ခံပေးရင်းနဲ့ ပဲ အမြင်မှန်ရလာကာ ရှေ့နေကောင်း တစ်ယောက်ဖြစ်လာပြီး သူ့ အမှုသည်ရဲ့ နာမည်ဆိုးကို ပယ်ဖျက်ပေးဖို့ကြိုးစားပါတော့တယ်။

ဒါပေမဲ့လည်း အမှုက ၁၀ နှစ်ကျော် ကြာနေတဲ့ အမှုဖြစ်တာကြောင့် ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့ရမလဲ....

သူ့အမှုသည်ရဲ့အမည်ဆိုးကို ရော ပယ်ဖျက်ပေးနိုင်ပါ့မလား ဆိုတာကိုတော့

ဇာတ်လမ်းထဲမှာ ဆက်လက် ခံစားပေးကြပါဦးဗျာ။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+DmR_nTfmVVViNDll

ဇတ်ကားလင့် ⤵️
https://t.me/c/2245829273/770
D*A*V*E*E*D     (2025)

အက်ရှင် ပရိသတ်တွေအတွက် လက်ဝှေ့ ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

အာရှစ် အာဘူက လက်ဝှေ့ပါရမီရှင်တစ်ဦးပါ။ ဒါပေမဲ့ လည်း အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့တောက်ပခဲ့တဲ့ အတိတ်နေ့ရက်တွေကို မေ့လျော့လို့ သာမန်ဘဝမှာ အေးဆေးသက်သာစွာ နေထိုင်နေလေရဲ့။

အာဘူ စားဝတ်နေရေးအတွက် လုပ်နေတဲ့အလုပ်ကတော့ အခမ်းအနား ပွဲတွေမှာ လူရမ်းကားတွေကိုဆွဲထုတ်ဖို့ ဘော်ဒီဂတ်လို မျိုး အလုပ်ပါ။

ဘဝရည်မှန်းချက် ဦးတည်ရာမရှိ ပုံမှန်ဝင်ငွေမရှိနဲ့ သူ့ မိန်းမအပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေသူပေါ့။ သူ့နေ့ရက်တွေကိုတော့ သူတို့ရဲ့သမီးလေးကို တုန်နေ အောင်ချစ်ရင်းပဲ ကုန်ဆုံးစေပါတယ်။

တစ်ခါတစ်လေတော့လည်း အိမ်နားက ကန်လေးမှာ ငါးမျှားတာက သူ့အလုပ်တွေထဲက တစ်ခုပေါ့လေ။

တစ်နေ့ သူ့အလုပ်မှာ နာမည်ကြီးရုပ်ရှင် စတားတစ် ယောက်လာတာမို့ လူတွေကိုရှင်းလင်းပေးရင်း တွန်းတိုက်ရင်း နာမည်ကြီးနေတဲ့ တူရကီလက်ဝှေ့သမား တစ်ယောက်ကို သွားလို့ရန်စမိပါတော့တယ်။

မမြင်ရတဲ့ ကံကြမ္မာ အလှည့်အပြောင်းအနေနဲ့ အာဘူ တစ်ယောက် သူ့ရဲ့လက်ဝှေ့သမားဘဝကို ဘယ်လိုပြန်လည်ရောက်ရှိလာမလဲ၊ သူဒီဘဝက ထွက် လာခဲ့ရတဲ့

အကြောင်းရင်းက ဘာလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှု့ ခံစားကြည့်ရင်း အဖြေထုတ်ရမှာပဲ ဖြစ်ပါတယ်။

ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1

ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/732
显示 1 - 24 123
登录以解锁更多功能。