Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Лачен пише

Реальний Київ | Украина

Реальна Війна

Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Лачен пише

Реальний Київ | Украина

Реальна Війна

Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Channel P
记录
21.04.202523:59
25.8K订阅者11.03.202516:45
2800引用指数29.03.202523:59
2.4K每帖平均覆盖率28.02.202518:29
2.4K广告帖子的平均覆盖率30.03.202523:59
2.27%ER29.03.202523:59
10.95%ERR

25.03.202510:53
RICH FLU (2024)
ရုပ်ရှင်ပွဲတော်မှာ ဆုတွေအများကြီးသိမ်းပိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်။
နာမည်အတိုင်းပဲ ပြောရရင် သူဌေးရောဂါပေါ့..
သူဌေးတွေကိုမှကူးစက်သေဆုံးစေနိုင်တဲ့ ရောဂါဗိုင်းရပ် စ်ပိုးတစ်ခုက ဘာစီလိုနာမြို့ရဲ့ သန်းချီသူဌေးတွေရှိရာ လေလံတင်ပွဲတစ်ခုမှာ စတင်ဖြစ်ပွားခဲ့တယ်..
ဘယ်ကစတင်လဲ ဘယ်လိုကြောင့်လဲဆိုတာမသိကြဘူး..
လော်ရယ်ပါးမားဆိုတဲ့ ဝန်ထမ်းဘဝကနေ လူချမ်းသာ တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ အိမ်ထောင်ကွဲ ဆင်ဂ ယ်မိခင်က ဒီရောဂါကြီးမစခင်မှာပဲရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေါ်လာ သန်း ၉ဝဝ ကြွယ်ဝ ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်လာပြီး သမီးဖြစ်သူ အန်နာကို အုပ်ထိန်းခွင့်ရဖို့ ကြိုးစားနေသူပါ ..
ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးကြီးစတင်ချိန်မှာ ကိုယ်ကအရမ်း ချမ်းသာလေ အမြန်ဆုံးသေဆုံးလေဆိုတာကို သိလိုက်ရ ပြီးတဲ့နောက်..
သူ့ရဲ့စည်းစိမ်တွေကို စွန့်လွှတ်စွန့်စားခန်းခရီးရှည်ကြီး ထွက်ဖို့ ဖြစ်လာပါတော့တယ်..
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+FVVGPDNy4u4wNzk1
ဇတ်ကားလင့် ⤵️
https://t.me/c/2292699696/767

17.04.202518:18
JORAM (2025)
IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင် ဆုနဲ့ သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။
ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေ တဲ့ အုပ်ချုပ်ရေးနဲ့အတူ ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့ လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက် ထားပါတယ်...
ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက် ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ်။
Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ…
အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မ ပျောက်သွားပဲ
သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ် ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါ။
အိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံ တဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး
"အပြောထက် အပြ" ကို ဦးစားပေးဆိုသလို မျက်စိပသာဒဖြစ်ဖွယ် အလှတရားထက် ရက်စက်ကြမ်းကြုတ်တဲ့ လက်တွေ့လောကကို အရှိအတိုင်း တင်ဆက်ထားတဲ့
ဒီဇာတ်ကားလေးကို ပရိသတ်ကြီး ခံစားပေးကြပါဦး။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1
ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/718

17.04.202519:22
IT'S OKAY ! (2025)
IMDb - 8.5
28th Busan Film Festivals မှာ Premier ပြသခဲ့တဲ့ It's Okay! ဆိုတဲ့ လူငယ်ဇာတ်ကားကောင်းလေးတစ် ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Castတွေကတော့ Moving ထဲက Lee Jung Ha, Castaway Diva ò Lee Re, Friendly Rivalry om Chung Su Bin My Liberation Notem Son Suk Ku,
Happiness Battleòm Jin Seo Yeono တို့ အဓိက ပါဝင်ထားပါတယ်။
-ဇာတ်လမ်းအညွှန်း-
ဆိုးလ်အနုပညာအဖွဲ့မှာ အက ပညာကို လေ့လာနေတဲ့ အင်ယောင်း (Lee Re)ဟာ အမြဲတမ်းသွက်သွက် လက်လက် ရှိတဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး မိခင် ဖြစ်သူ ဆုံးပါးပြီးနောက်မှာတော့နေစရာ မရှိတဲ့ အတွက် ကျောင်းက လေ့ကျင့်ရေးအခန်းမှာ ပုန်းအောင်းပြီး နေ နေခဲ့ပါတယ်။တစ်ရက်မှာတော့ အနုပညာအဖွဲ့က နည်းပြ တဖြစ်လည်း အေးတိအေးစက် ခပ်ပြတ်ပြတ် ဆက်ဆံ တတ်တဲ့ဆောအာ (Jin Seo Yeon) က လေ့ကျင့်ရေး ခန်းထဲမှာ ပုန်းနေတဲ့ အင်ယောင်းကို တွေ့သွားခဲ့ပြီး သူနဲ့ အတူခဏတဖြုတ် နေဖို့ အိမ်ကို ခေါ်လာခဲ့ပါတယ်။ ရပ်ကွက်ထဲမှာ ဆိုရင်လည်း အင်ယောင်းကို တူမလေး တစ်ယောက်လို သဘောထားပြီး အကြံဉာဏ်တွေ ပေး တတ်တဲ့ ဒုံဝု (Son Suk Ku) ဆိုတဲ့ ဦးလေးကြီးနဲ့အင် ယောင်းနဲ့ ရွယ်တူ ဒိုယွန်း (Lee Jung Ha) ဆိုတဲ့ ကောင်လေးရှိပြီးတော့ အားလုံးက တစ်ယောက်တစ်မျိုး စီအင်ယောင်း အတွက် အားဖြစ်စေတဲ့သူတွေပေါ့။ အေးတိအေးစက် ဆက်ဆံတတ်တဲ့ ဆောအာကရော အင် ယောင်းနဲ့ တွေ့ပြီးနောက်မှာ နှလုံးသား နူးညံ့လာမှာ လား... ဦးလေးတစ်ယောက်လို အားကိုးရတဲ့ ဒုံဝုကရော အင်ယောင်းဘဝအတွက် ဘယ်လို အားဖြစ်စေမလဲ..ဆို တာကို လူငယ်သဘာဝ ဇာတ်ကြောင်းလေးနဲ့ အတူ ဘဝ ရဲ့ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားနိုင်မဲ့ပေါ့ ပေါ့ပါးပါး ဇာတ်ကားလေး ဖြစ်လို့ ကြည့်ရှုဖို့ ညွှန်းဆို
ပေးလိုက်ပါတယ်။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+DmR_nTfmVVViNDll
ဇတ်ကားလင့် ⤵️
https://t.me/c/2245829273/750

25.03.202512:45
BIG WORLD (2024)
IMDb Rating (7.0)
ဒီတခုကတော့ Must Watch တွေေထဲမှာထိပ်ဆုံးကပါ ပဲ။
ဇာတ်ကြောင်းကတော့ လျှိုချွင်းဟယ်ဆိုတဲ့ အသက်နှစ် ဆယ်အရွယ်ကောင်လေးက ဦးနှောက်အကြောသေ ရောဂါခံစားနေရပါတယ်။
ဉာဏ်ကောင်းပေမယ့် အဲ့ဒီရောဂါကြောင့် ပုံမှန်ကလေး တွေလို လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့ အလုပ်ရဖို့ ကျောင်းကောင်းကောင်းတက်နိုင်ဖို့ အဆင်မပြေခဲ့ပါဘူး။
အပြင်လူတွေထက်ပိုဆိုးတဲ့ဒဏ်ရာကတော့ မိသားစု အတွက်ကိုယ်ကဝန်ထုပ်ဝန်ပ ိုးကြီးဖြစ်နေတာပါ။ဒီလို ရောဂါမျိုးတွေက မိသားစုအတွက်ကော ခံရသူအတွက် ပါအရမ်းခက်ခဲပါတယ်။
မိဘကိုလည်းငါ့ကိုဘာလို့ဒီ လိုဖြစ်အောင်မွေးပေးခဲ့တာ လည်းဆိုပြီးလည်း အပြစ်တင်မိတယ်။ သူ့အဖွား ရောက်လာပြီးတော့ အဖွားရဲ့သူငယ်ချင်းတွေနဲ့တီးဝိုင်း မှာပါရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သူ အားတက်လာခဲ့တယ်။
ဒါပေမဲ့ အဲ့ဒီကောင်မလေးက သူ့အမေလိုမျိုးပဲသူ့အပေါ် လုံးလုံးကြီးနားလည်ပေး နိုင်တဲ့သူမဟုတ်ခဲ့ဘူး။
ဒါပေမဲ့ လျှိုချွင်းဟယ်ပြောသလိုပါပဲ နေရောင်ခြည်မ ရောက်တဲ့အမှောင်မိုက်ဆုံးနေရာတွေမှာတောင် ရေညှိပင်လေးတွေက ပျိုနီပန်းလိုသိက္ခာရှိ ရှိပွင့်လန်းနိုင်အောင် သူ့အင်အားသူအသုံးချပြီး တိုက်ခိုက်နေကြတယ်တဲ့။
သူကိုယ်တိုင်ကလည်းအဲဒီလို ကြိုးစားရှင်သန်နေပေမယ့်လည်း အသက်နှစ်ဆယ်ကောင်လေးတစ်ယောက်အနေနဲ့ ဒီဒုက္ခတွေကိုဘယ်လောက်များ ဆက်ခံစားနိုင်မှာလဲ။
မသန်စွမ်းတစ်ယောက်ကို လူ့အဖွဲ့အစည်းရဲ့ဆက်ဆံပုံ တွေကိုကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်ပြီး မိသားစု တွင်းပြဿနာတွေကိုပါ သရုပ်ဆောင်ပိုင်ပိုင်နိုင်နိုင်နဲ့ချ ပြသွားတဲ့ကားပါ။
ကြည့်မိလို့အချိန်ပေးရတန်တယ်ဆိုတာထက်ကိုပိုတဲ့ Movie လေးတစ်ခုမို့ ရှုစားလိုက်ကြပါဦးရှင့်။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+y1tXCiysQg44MzVl
ဇတ်ကားလင့် ⤵️
https://t.me/c/2270084738/728

19.04.202514:44
JOURNEY TO THE WEST THE HELLTOWN OF HEAVEN (2025)
MW ရဲ့ တရုတ်ကားချစ်သူတို့ရေ… မတူညီတဲ့ စွန်းဝူခုန်း ဗားရှင်းတွေထဲမှာ ဒီတစ်ခေါက်တော့… ကောင်းကင်ဘုံကို ပြဿနာရှာခဲ့တဲ့ စွန်းဝူခုန်းတစ် ယောက် ဘာလို့ စိတ်ပြောင်းသွားရတာလဲ ဆိုတဲ့ မေးခွန်းကို အခြေခံပြီး စိတ်ကူးယဉ် ပုံစံ အဆန်းလေး ဖန်တီးထားတာပေါ့...
မိစ္ဆာတိုင်းက ဆိုးတာလား… သူတော်စင်ဂိုဏ်းဆိုတိုင်း ကောင်းကြတာလား… ဒီဇာတ်ကားလေးထဲမှာ သူတော်စင်ဂိုဏ်းက တပည့် အသစ်အားလုံးရဲ့ ဆရာတူအစ်ကိုကြီး မိစ္ဆာဖမ်းသူအဖြစ် ကျင့်ကြံ အားထုတ်နေပြီး ဆရာအားလုံးက အလေးထားရတဲ့သူက တကယ်တော့ မိစ္ဆာတစ်ဝက် လူတစ်ဝက်တဲ့…
ဒါကြောင့်လည်း သူတော်စင်ဂိုဏ်းက ဝရမ်းထုတ်တဲ့ အထိ ဖြစ်ခဲ့တာပေါ့…
ဒါကြောင့်လည်း ပျော်ရွှင်ခြင်းမြို့ကို ရောက်လာပြီး သူလူအပြည့်အဝဖြစ်စေမယ့် နည်းလမ်းကို ရှာတာပေါ့…
သူ့ကိုကာကွယ်ပေးခဲ့တာက မိစ္ဆာမလေး… ဒီမိစ္ဆာမလေး က အကြိမ်ကြိမ်ကယ်တာကို လက်ခံခဲ့ရတာတောင် သူက ဒီကောင်မလေးရဲ့ အမြုတေနဲ့ လူအပြည့်အဝပြန်ဖြစ်ဖို့ကို ကြိုးစားချင်နေခဲ့တာ…
ဒီတော့ ဆရာတူအစ်ကိုကြီးက လူအပြည့်အဝ ပြန်ဖြစ်မှာလား...
နောက်တော့ သူ့ကိုကယ်တဲ့ မိစ္ဆာလေးကရော ဘယ်သူလဲ....
သူကရော ဘာကြောင့်ကယ်တင်နေတာလဲ....
ဘယ်လိုပုံစံကွဲတဲ့ အနောက်ခရီးသွားဇာတ်လမ်းမျိုးလဲ ဆိုတာ ကြည့်လိုက်ကြရအောင်နော်....
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+y1tXCiysQg44MzVl
ဇတ်ကားလင့် ⤵️
https://t.me/c/2270084738/782

25.03.202509:31
HEAR ME OUR SUMMER (2024)
IMDb (7.5)
Weak Hero Class, Revenant ထဲက မင်းသား Hong Kyungı Our Blues, The Frog ဇာတ်လမ်းတွဲထဲက Roh Yoon Seoi IZ*ONE Kim Min Ju တို့ Main Cast အနေနဲ့ Romance ဇာတ်လမ်း လေးကိုမှ ဘဝအကြောင်းလေးပါ ရောယှက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Hong Kyung (Hong Kyung) လဲဆိုတာကို မသိသေးတဲ့ ကောင်လေးဆိုပေမဲ့
မိဘတွေရဲ့ စားသောက်ဆိုင်မှာ မိဘတွေကို ကူညီရင်း အချိန်ပိုင်း အလုပ်ဝင်လုပ်နေသူပါ။
တစ်နေ့မှာတော့ ရေကူးကန် တစ်ကန်ကို မူ့န်သွားပို့ရင်း ယောရွန်း (Roh Yoon Seo) ဆိုတဲ့ ကောင်မလေးကို တွေ့သွားပြီး မြင်မြင်ချင်းပဲ ချစ်မိသွား ခဲ့ပါတယ်။
ယောရွန်းက ဆွံ့အ နားမကြားတဲ့ ကောင်မလေးဆိုတာကို သိသွားတဲ့ အချိန်မှာတော့ ယုံးဂျွန်းဟာ တစ်ချိန်က သူ သင်ခဲ့ဖူးတဲ့ လက်ဟန်ပြ ဘာသာစကား ကို အသုံးချပြီး ယောရွန်းကို ချည်းကပ်ပါတော့တယ်။
ညီမ ဖြစ်သူကို စောင့်ရှောက်ရင်း အလုပ်တွေကြား ဗျာများတတ်တဲ့ ယောရွန်းကရော ယုံးဂျွန်းကို နှလုံးသားတံခါး ဖွင့်ပေးမှာလား..
သူတို့ နှစ်ဦးရဲ့ ဇာတ်လမ်းလေးက ဘယ်လို ဘယ်ပုံ ခရီး ဆက်မလဲ ဆိုတာကိုတော့
ဇာတ်လမ်းထဲမှာပဲ
ဆက်လက် ရှူစားလိုက်ပါဦးနော်။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+DmR_nTfmVVViNDll
ဇတ်ကားလင့် ⤵️
https://t.me/c/2245829273/708

23.03.202511:24
SEESAW (2025)
အသစ်ထွက်ရှိလာတဲ့ တမီးလ်စကားပြော အိန္ဒိ သည်း ထိတ်ရင်ဖိုမှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။
ခွင့်ရက်ရှည်ယူထားတဲ့ အင်စပက်တာမူလီဂန်ကို ရဲ မင်းကြီးက ခွင့်မပြည့်ခင်မှာ တာဝန်ပြန်ထမ်းဆောင်ဖို့ ခေါ်ခဲ့တယ်။
ရဲမင်းကြီးမိတ်ဆွေတစ်ယောက်ရဲ့ တူတော်မောင်အိမ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်သွားတဲ့အတွက် စုံစမ်းဖော်ထုတ်ဖို့အတွက်ပေါ့။
ဘာသက်သေအထောက်အထားမှလည်း မတွေ့ရဘဲ သေဆုံးနေခဲ့တာပါ။
သေဆုံးသူက အိမ်အကူဖြစ်ပြီးရဲမင်းကြီးမိတ်ဆွေရဲ့ တူ တောင်မောင်လင်မယားကလည်း ပျောက်ချင်းမလှ ပျောက်နေလေရဲ့။
အမှုကို စုံစမ်းရင်း ညောင်မြစ်တူး၊ ပုတ်သင်ဥပေါ်ဆို သလို တစတစနဲ့ မထင်မှတ်ထားတဲ့ကိစ္စတွေပါ ပေါ်ပေါက်လာတဲ့အခါမှာတော့...။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1
ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/658

26.03.202513:17
DRAGON (2025)
"နဂါးလေးရာဂါဗန်"
လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး တမီးလ်စကားပြောရုပ်ရှင်အဖြစ်ရော စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့ အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကို ကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ် ယောက်ကို အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီ ဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။
ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန် ချွန်အောင်မြင်ပြီး အင်ဂျင်နီယာကျောင်းကောင်းကောင်းကို ဝင်ခွင့်ရခဲ့ပါ တယ်။
ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်း ကောင်မလေးကို ဖွင့်ပြောမိရာကစလို့ သူ့ဘဝကြီးလုံးဝပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။
စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့ လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့ မိန်းကလေးက ကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။
အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာ ကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။
ဒီရာဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့် သူပြောင်းမှည့်ပြီး အင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့ တယ်။
သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်း တန်းလန်းနဲ့ ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ် မရှိနဲ့ ဘဝကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့ အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။
ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှု ဒဏ်ကို သည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထား သွားဖို့အကြောင်းဖန်လာတဲ့အခါ...
လေလွင့်နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာ လား၊
သူ့ဘဝပြောင်းလဲလာပါဦးမလား၊ သမိဘတွေနဲ့ရော ဘယ်လိုရှေ့ဆက် Silent mode is off ကို အချစ်နဲ့ဒရာမာမှာဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1
ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/685

29.03.202506:16
🍚မန္တလေးမြို၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑
1. ရွှေကွတ်ခိုင်
☎️ 09-953832339 | 09-43016082
📍 58/36D| ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။
2. Beer Prince
📍 65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။
3. Xiaolajiao အကင်ဆိုင်
📍 63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။
4. Chilichacha
📍 လိပ်စာဖော်ပြမထား။
5. 39° bar
📍 54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။
6. 📍007 beach bar
ကွင်းပြင်လွတ်၌ ခိုလှုနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။
7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင်
📍 60/35*35A
8. IN.718 bar
☎️ 09-888599899 | 09-665713227
📍 55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။
Credit

18.04.202516:12
IN THE LOST LANDS (2025)
Resident Evil ရဲ့ မင်းသမီး Milla Jovovich နဲ့ Dave Bautista တို့ ပါဝင်ထားတဲ့ သဘာဝလွန် စိတ်ကူးယဉ် အက်ရှင်ရုပ်ရှင်အသစ်ပါ။
Resident Evil ရုပ်ရှင်သစ်တွေရဲ့ ဒါရိုက်တာကြီး Paul W.S. Anderson ပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
စစ်ကြီးတွေအပြီး ပျက်စီးသွားတဲ့ ကမ္ဘာကြီးကို အခြေခံထားတာဖြစ်ပါတယ်။ လူသားတွေနေစရာ မြို့တစ်မြို့ပဲကျန်ပြီး ကျန်တဲ့မြေတွေမှာ မိစ္ဆာကောင် တွေပဲ ရှိပါတော့တယ်။
အနာဂတ်ဆိုပေမဲ့ သိပ္ပံကားမျိုး မဟုတ်ဘဲ အခြေခံ သေနတ်လေးတွေ ဓားတွေနဲ့၊ စုန်းအတတ်တွေကို အခြေခံထားတဲ့နေရာဖြစ်ပါတယ်။
အဲဒီမြို့မှာ ဂရေးအားလစ်ဆိုတဲ့ စုန်းမတစ်ယောက်ရှိပြီး သူ့ဆီမှာ ဆုတောင်းသမျှလူအားလုံးကို တန်ကြေးတစ်ခုနဲ့ ဖြည့်ပေးနေတဲ့သူပါ။
မြို့ကိုအုပ်ချုပ်နေတဲ့ ဘုရားကျောင်းအဖွဲ့က သူ့ကို ကြိုးပေးဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ လွတ်မြောက်သွားလို့ လိုက်ဖမ်းနေရ ပါတယ်။
သူကလည်း လူတစ်ယောက်ရဲ့ ဆုတောင်းကို ဖြည့်ဖို့ မြို့ကြီးရဲ့ အပြင်ဖက် မျှော်လင့်ချက်မဲ့မြေတွေ ဆီကို လမ်းပြတစ်ယောက်ငှားပြီး စွန့်စားခန်းဖွင့်ရပါ တော့တယ်။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+FVVGPDNy4u4wNzk1
ဇတ်ကားလင့် ⤵️
https://t.me/c/2292699696/848

16.04.202517:52
AGHATHIYAA (2025)
"ကျိန်စာသင့်အိမ်ကြီး"
=======================
မင်းသားယိုဂီဘာဘူ ဧည့်သည်အနေနဲ့ ပါဝင်ထားတဲ့ အသစ်ထွက် တမီးလ် Horror / Comedy လေး တင်ဆက်ပေးလိုက်ပါတယ်။
အာဂါသီယမ်ဟာ တက်သစ်စ ရုပ်ရှင် Art Director တစ်ဦးဖြစ်ပြီး
စံအိမ်ကြီးတစ်အိမ်ငှား၊ ရိုက်ကူးရေးအပြင်အဆင်တွေ အိတ်စိုက်အကုန်အကျခံစီစဉ်ပြီးကာမှ ရှုတင်ဖျက်ခံထိသွားတဲ့အခါမှာ
သူ့ကောင်မလေးရဲ့အကြံပေးချက်အရ စံအိမ်ကို ဝင်ကြေးနဲ့ ကြည့်ရမယ့် သရဲကမ္ဘာကြီးအဖြစ် စနစ်တကျပြောင်းလဲပြင်ဆင်ဖို့ လုပ်ပါတော့တယ်။
ဒီလိုနဲ့ ဝင်ငွေကောင်းပြီး လူစည်တဲ့ သရဲအိမ်ကြီးဖြစ်လာပေမဲ့
အိမ်ကြီးမှာ အမှန်တကယ် ကြောက်စရာကောင်းတဲ့ သမိုင်းကြောင်းရှိနေတဲ့အခါမှာတော့ ….
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1
ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/712

22.03.202509:57
SPECIAL MONSTER (2025)
ကမ္ဘာဦးသတ္တဝါတွေနဲ့ဝန်းရံထားတဲ့ ဆန်းကြယ်တဲ့ကျွန်း တစ်ကျွန်း... စုန့်ခေတ်မှာ အာရပ်ကုန်သည်တစ်ယောက်ကကုန်ကူးဖို့ သွားရင်းနဲ့ ပင်လယ်ပြင်မှာမုန်တိုင်းမိပြီးတော့ သူတို့ရဲ့သင်္ဘောဟာ ပျောက်သွားခဲ့တယ်။
အဲဒီသင်္ဘောပေါ်မှာရတနာတွေအများကြီးပါတယ်လို့ ဒဏ္ဍာရီရှိတယ်။ နောက်နှစ်ပေါင်း (၇၀၀)ကျော်ကြာလာပြီး လက်ရှိခေတ် ရောက်တဲ့အထိအဲဒီသင်္ဘောကိုရှာနေတဲ့သူတွေရှိပါတယ်။ တံငါသည် တစ်ချို့ရဲ့အပြောအရ ရတနာလှေသင်္ဘောကြီးဟာ တယ်လို့ဆိုတယ်။
ဆန်းကြယ်တဲ့ကျွန်းမှာရှိ ဒီလိုနဲ့ ချန်ဝူရယ်ဆိုတဲ့လူတစ်ယောက်ဟာဦးဆောင်ပြီး တော့ ဇီဝသက်ရှိဗေဒပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင်နဲ့ လုံခြုံရေးတပ်ဖွဲ့ကို ခေါ်ပြီးတော့ ဆန်းကြယ်တဲ့ကျွန်းကိုရှာဖို့ခရီးစလိုက်ပါတယ်။
ပင်လယ်ပြင်မှာအန္တရာယ်တွေကျော်ဖြတ်ပြီးမှာ ဆန်းကြယ်တဲ့ကျွန်းကို ရောက်လာခဲ့ကြပေမယ့် မှန်းဆမရတဲ့နောက်ထပ် အန္တရာယ်တွေက သူတို့ကိုစောင့်ကြိုနေတဲ့အခါ…..
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+y1tXCiysQg44MzVl
ဇတ်ကားလင့် ⤵️
https://t.me/c/2270084738/703

23.03.202514:08
THE CALL
IMDB - 9.0/10
Rotten Tomatoes - 100%
ဆိုယွန်းဟာ မိခင်ဖြစ်သူရှိတဲ့ ကျေးလက်ဒေသက ဆေးရုံတစ်ခုကို သွားတဲ့လမ်းမှာ ဖုန်းကျပျောက်ခဲ့ပါတယ်။
အဲ့ဒီအချိန်အိမ်ဖုန်းကို ခေါ်ဆိုလာတဲ့ဖုန်းတစ်ခု...အသက် အန္တရယ်ကြောင့် "ဆွန်ဟီးရေး ငါ့ကိုကယ်ပါ" ဗလုံးဗထွေးနဲ့ပြောရင်း ဖုန်းချသွားတယ်...ဆိုယွန်းဟာ သူ့နာမည်နဲ့ဖုန်းဝင်တာလည်းမဟုတ်လေတော့ ဖုန်းမှားတယ်ပဲ ယူဆလိုက်တယ်။
နောက်ရက် ဖုန်းထပ်ဝင်လာပြန်တယ်...ဖုန်းခေါ်တဲ့ ကောင်မလေးက သူ့ကိုယ်သူယောင်ဆုလို့မိတ်ဆက်ပြီး သူ့အသက်အန္တရယ်ရှိကြောင်းထပ်ပြောပြန်ရင်း ဖုန်း အလောတကြီးချသွားပြန်တယ်..တစ်ခါလည်းမဟုတ် အခါခါဖြစ်လာတော့....
ဆိုယွန်းဟာ ယောင်ဆုဆိုတဲ့နာမည်ကို စိတ်ဝင်စားလာ တယ်..အဲ့ဒီအချိန်တိုက်တိုက်ဆိုင်ဆိုင် သူ့အိမ်ရဲ့ လျှို့ဝှက်အခန်းတစ်ခုထဲမှာ ဗူးတစ်ဗူးသွား တွေ့တယ်..အဲ့ထဲမှာ ယောင်ဆုပုံပါသလို ယောင်ဆု ရေးထားတဲ့ ဒိုင်ယာရီကိုတွေ့မိသွားတယ်...နောက်နေ့ဖုန်းလာတော့ အြပန်အလှန်စကားပြောကြရင်း သူတို့(၂)ယောက်ဟာ အချိန်နှစ်(၂၀)လောက်ကွာဟာတဲ့ကာလမှနေပြီး တူညီ တဲ့ အိမ်တစ်အိမ်ထဲမှာရောက်နေကြောင်း ထူးဆန်းစွာပဲ သိလိုက်ရတယ်။
တကယ်တော့ ဆိုယွန်းဟာ အမေက ရောဂါကျွမ်းပြီး သေလုမတတ်ရောဂါခံစားနေရတဲ့အပြင် အဖေဖြစ်သူက လည်း ငယ်ငယ်လေးကထဲက မီးလောင်ရင်းဆုံးပါးသွားတာဖြစ်တယ်။
ဒီအကြောင်း တွေအပြန်အလှန်သိလာတဲ့အခါမှာတော့ တစ်ယောက် ဒုက္ခတွေ တစ်ယောက် မတူညီတဲ့အချိန်ကာလကို အသုံးချပြီး ကယ်ဆယ်ဖို့ ကြိုးစားကြပါတော့တယ်။
ဒီကားက နာမည်ကြီးမင်းသမီးကြီးတွေ ဇာတ်ပို့တွေနဲ့ ရိုက်ကူးထားတယ်။
Park Shin-Hye က ခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး ဇာတ်လမ်းက စမှဆုံးထိ စိတ်ဝင်စားစရာကောင်းလှတယ်။
ပြီးတော့ တော်တော်ကြီးလည်း ထိတ်လန့်ဖို့ ကောင်းတယ်...
ခံစားကြည့်ကြပါဦး။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+DmR_nTfmVVViNDll
ဇတ်ကားလင့် ⤵️
https://t.me/c/2245829273/692

27.03.202514:38
PASAHERO (2024)
IMDb - 7.0/10
====================
မနီလာမြို့တော်ရဲ့ MMR နောက်ဆုံးရထားရဲ့တွဲတစ်တွဲ အတွင်းမှာ အရောင်းစာရေးမလေးတစ်ယောက် မတော်မတရားပြုကျင့်ခံခဲ့ရပါတယ်။
ဒါပေမယ့် အဲ့ဒီဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်အတွင်း မိန်းကလေးငယ်ဟာ မုဒိမ်းကောင်နဲ့တစ်ယောက်တည်းရှိနေခဲ့တာမဟုတ်ပဲ တွဲပေါ်မှာတစ်ခြားခရီးသည်တွေပါရှိနေခဲ့ပေမယ့် သူတို့ဟာ သားကောင်ရဲ့အကူအညီတောင်းသံကို မကြား ချင်ယောင်ဆောင် တက်ညီလက်ညီလျစ်လျူရှူခဲ့ကြတာပါ။
အဲ့ဒီဖြစ်ရပ်တွေဖြစ်ပြီး တစ်လအကြာမှာတော့ အဲ့ဒီခုနှစ် ယောက်ထဲမှာ ပါဝင်ခဲ့တဲ့သူတွေဟာ တစ်ယောက်ပြီး တစ်ယောက် မကောင်းတဲ့ အရိပ်အယောင်တွေ၊ ခြောက်လှန့်မှုတွေ၊ နိမိတ်ဆိုးတွေကို စတင်ရင်ဆိုင်လာ ခဲ့ရပြီး တစ်ချို့တွေဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်လာတဲ့ နောက်မှာတော့ သူတို့လုပ်ခဲ့ဖူးတဲ့အမှားအယွင်းတွေကို ပြန်သုံးသပ်ဖို့ ဖြစ်လာပါတော့တယ်။
ကျူးလွန်သူဟာ သူတို့မဟုတ်ပေမယ့် လျစ်လျူရှုမိခြင်း ဟာ အပြစ်တစ်ခုလား?
သူတို့ရင်ဆိုင်နေရတဲ့ လတ်တလော အနိဌာရုံတွေဟာ အဲ့ ဒီဖြစ်ရပ်နဲ့ဆက်စပ်နေမလား? အစရှိတာတွေကို သဲ ထိတ်ရင်ဖိုလိုက်လံအဖြေရှာကြရမှာဖြစ်ပါတယ်။
Pasahero ဟာ ဟော်ရာရုပ်ရှင်တစ်ခု သက်သက်မဟုတ်ပဲ တကယ်တမ်း လက်တွေ့ကမ္ဘာမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေ၊ဖြစ်စဉ်တွေကိုပါ သဲထိတ်ရင်ဖိုနဲ့ ပေါင်းစပ်ပြီး ထင်ဟပ်ဖော်ပြထားတဲ့ Social Commentary တစ်ခုဖြစ်ပါတယ်။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+FVVGPDNy4u4wNzk1
ဇတ်ကားလင့် ⤵️
https://t.me/c/2292699696/809

21.04.202511:53
CHOO*MANTAR (2025)
(ချူမန်တရာအဖွဲ့ နဲ့ မော်ဂန်စံအိမ်ကြီး)
=====================
သဘာဝလွန် ဖြစ်ရပ်တွေနဲ့ ပတ်သတ်ပြီးတော့ သရဲနှိမ်နင်းပေးတဲ့နေရာမှာ နာမည်ကြီးနေတဲ့ ချူမန်တရာဆိုတဲ့ လူ၄ယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုရှိပါတယ်။
သူတို့ဟာ သရဲပူးကပ်နေတဲ့သူတွေကို ကုသပေး ရင်း ဝင်ငွေရှာနေတဲ့သူတွေပေါ့။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဒိုင်နမို လို့ခေါ်ပြီး သူတို့အဖွဲ့ဟာ ဘာကိုမှ မကြောက်တတ်ကြပါဘူး။
ဒီလိုနဲ့ တစ်ရက်မှာ သတင်းစာထဲကနေ မော်ဂန်စံအိမ်ကြီးအကြောင်း သိရှိခဲ့ရပြီးတော့ အဲဒီစံအိမ်ကြီးဟာ အိန္ဒိယရဲ့ ထိပ်တန်း သရဲအခြောက် ဆုံးနေရာ ၁၀ခုအတွင်းမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံဖြေရှင်းပေးနေကြ တဲ့သူတွေ ပီပီ စိတ်ဝင်စားသွားပြီး စုံစမ်းကြည့်ပါတော့တယ်။
ဒီအခါ မှာ အဲဒီစံအိမ်ကြီးထဲမှာ ဗြိတိသျှတွေလက်ထပ်တုန်းက သူတို့ရတနာ တွေကို မြှုပ်နှံထားကြောင်းသိလိုက်ရတဲ့အခါမှာတော့....
ဒိုင်နမို ဦးဆောင်တဲ့ ချူမန်တရာအဖွဲ့ဟာ မော်ဂန်စံအိမ်ကြီးကို လေ့လာ ဆန်းစစ်ဖို့အတွက် သွားရောက်ကြတဲ့အခါမှာ....
ဘယ်လိုကြောက်ဖို့ ကောင်းတဲ့ အရာတွေကို ကြုံတွေ့ရမလဲ ….
နိုင်ငံခြားမှာရောက်နေတဲ့ မော်ဂန်စံအိမ်ကြီးရဲ့ ပိုင်ရှင်သားအဖဟာလည်း ဒီစံအိမ်ကြီး ကို ပြန်လာခဲ့တဲ့အခါ
ပိုင်ရှင်သားအဖနဲ့ ချူမန်တရာအဖွဲ့တို့ ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို
ရင်တထိတ်ထိတ် နဲ့ ရှု့စားရမဲ့ ဟော်ရာဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
ချန်နယ်လင့် ကို အရင် join ပါ 🔰
https://t.me/+02z9WJ10t-kyZWY1
ဇတ်ကားလင့် ⤵️
https://t.me/c/2162339758/756

登录以解锁更多功能。