၁။ တကယ်လို့ နစက အနေနဲ့သာ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ လျာထားခဲ့ရင်…လုပ်စရာ ၂ ချက်လောက်ပဲရှိတယ်။ ဒါက ဦးစားပေးသဘောပြောတာ။ ခုကာလက ပွင့်လင်း ကာလဆိုတော့ မိုးတွင်းဆို လုပ်ရကိုင်ရခက်တာတွေ များလာလိမ့်မယ်။
----
၂။ တစ်ခုက လက်ရှိ လက်လွှတ်ထား ရတဲ့ မြို့တွေထဲက တချို့မြို့တွေကို မြေပြင်မှာ သိမ်းပိုက်နိုင်ပြဖို့ လိုတယ်။ အလားတူပဲ ခံစစ်ပြင်ထားရတဲ့ မြို့တွေကလည်း မြို့မ ကျအောင် ထိန်းပြနိုင်ဖို့ လိုတယ်။ အထူးသဖြင့် TNLA သိမ်းထားတဲ့ မြို့တွေကို ကူမင်း ရောက်မှ နိုင်ငံရေးနည်းနဲ့ဆိုတာထက် မြေပြင်မှ သိမ်းပိုက်ပြနိုင်အောင်လုပ်တာက ပိုပြီး စစ်သည်တွေအတွက် မိုတီဖြစ်စေမယ်။
----
၃။ မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါ ဆိုတဲ့ မြို့တွေထဲက အဖြစ်နိုင်ဆုံးမြို့တွေကို လက်တွေ့ကျကျ ယူပြနိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့။ ဒီနေ့ ဗန်းမော်မှာ တွေ့ရတဲ့ ရုပ်သံတစ်ခုဆိုရင် ဒရုန်းနဲ့ ရှေ့ပြေး ချေမှုန်းပြီးမှ စစ်သည်တွေက အနီးကပ်ရှင်း တဲ့သဘောမျိုး။ ဒါက မြန်မာနိုင်ငံရဲ့ လက်ရှိဘယ်နေရာမှာ ဖြစ်ဖြစ် ကျင့်သုံးဖို့ အကောင်းဆုံး နည်းဗျူဟာပဲ။ ကိုယ်သိမ်း ပိုက်ချင်တဲ့မြို့/ရွာကို လေကြောင်းပစ်ကူတွေ၊ အမြှောက်နဲ့ ဒရုန်းတွေသုံးပြီး ဦးနှိမ် ချေမှုန်း။ ပြီးမှ ကိုယ့်စစ်သည်တွေက အောင်မြေချဲ့ယူ။ ဒီနည်းက ကိုယ့်စစ်သည်တွေ အလွင့်အပါး နည်းစေတယ်။ အောင်မြင်မှုရရင် ဘာဖြစ် မလဲဆိုတော့… စစ်မှုထမ်းဥပဒေ ကိုပါအကျိုးလာ ရိုက်ခတ်လိမ့်မယ်။
----
၄။ နောက်တစ်ခုက စစ်မှုထမ်း ဥပဒေ။ နည်းဥပဒေအရ ကုမ္ပဏီတွေမှာ အလုပ်ဝင်နေတဲ့ ဝန်ထမ်းတွေထဲက စစ်မှုထမ်းဖို့ ပါသွားခဲ့ရင်… ကုမ္ပဏီပိုင်ရှင်က လစာ စိုက်ထုတ်ပေး ရမယ်ဆိုတဲ့ အချက်တွေက လက်တွေ့မှာ မလွယ်ကူနိုင်တာ မျိုးတွေ့ရတယ်။ တကယ်တော့ ဒီဥပဒေရဲ့အသက်ဟာ ရပ်ကျေးနဲ့ထွေအုပ်တွေပဲ။ ငယ်စာရင်းက အတိုးနဲ့ အလျော့ဆိုပြီး နှစ်စဉ် ပြောင်းနေတာမျိုးရှိနေမှာ။ ဒါက မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ နေပြည်တော်၊ ဗဟို အဆင့်ဆင့်က ကွပ်ကဲနိုင်မှ။ မဟုတ်ရင် အရင်တုန်းကအဆင့် တိုးကာလတွေမှာ တပ်သားသစ်စုသလို ထူးမ ခြားနား ဖြစ်လာရင် ဒီတပ်မတော်ဆိုတဲ့ အင်စတီ ကျူးရှင်းမှာပဲ စုလာလိမ့်မယ်။
---
၅။ ဒီတော့… နည်းဥပဒေအတိုင်း လုပ်ရမှာပေါ့ဆိုတာထက် အခွင့်အလမ်းတွေနဲ့ ဆွဲဆောင် တာက ပိုပြီးနည်းလမ်းကျတယ်။ ဥပမာ ရုရှားမှာဆိုရင် ခု ယူကရိန်းစစ်ဖြစ်မှ တပ်သားသစ် စုတာတွေ ရှိတယ်။ တပ်ထဲ စဝင်လာတာနဲ့ ဘယ်လောက်ဆိုပြီး တစ်လုံးတည်း တစ်ခဲ တည်း ပစ်ပေးတာ တွေရှိတယ်။ ကိုယ်တွေ အနေနဲ့ အဲလို မပေးနိုင်ဘူးဆိုရင်တောင် ခံစားခွင့်မျိုးတွေ ပြပြီး ဆွဲဆောင် စည်းရုံးသင့်တယ်။ ကျန်ခဲ့မဲ့ သူ့မိသားစုအတွက် EV ကားပါမစ်တွေလား။ တိုက်ခန်းအရစ်ကျ ဝယ်ယူခွင့်ဆိုတဲ့ ပုံစံတွေလား။ အမျိုးမျိုး ဆွဲဆောင်လို့ရတယ်။
-----
၆။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့စစ်က ရေရှည် လုပ်ငန်းစဉ်ဆိုပေမယ့် ခုလတ် တလော အသုံးတည့်ဖို့လိုတယ်။ တပ်မတော်ရဲ့ လက်ရှိ ဖွဲ့စည်းပုံတွေကို ချဲ့ဖို့ လူအင်အား လိုတယ်။ ဒီလူအင်အားက ပြည်သူ့စစ်ထဲကနေပဲ လာမှာ။ နည်းပညာမြင့်မားပြီး ထိရောက်တဲ့ လက်နက်ငယ်တွေ ပြောင်းလဲတပ်ဆင်ပေးဖို့ လိုတယ်။ တပ်မတော် လေ့ကျင့်ရေးကျောင်းတွေမှာ ဒရုန်း သင်ခန်းစာတွေဖော်ထုတ်ပြီး သင်တန်းသားအားလုံး တတ်မြောက်နေဖို့ သင်ကြားပေးဖို့လိုတယ်။ တစ်ဖက်မှာ ဒီဥပဒေကိုကြောက်ပြီး ပတ်ပြေးနေတဲ့ လူငယ် တွေရှိနေတယ်။ PDF တွေနဲ့ EAO တွေကလည်း အပြိုင်စည်းရုံး တယ်ဆိုပေမယ့် သူတို့ဆီမှာ ဥပဒေမရှိဘူး။ သက်တမ်းကာလ သတ်မှတ်ချက်လည်း မရှိဘူး။ ခံစားခွင့်လည်းမရှိဘူး။ EAO ထဲကလည်း လူမျိုးစု အချင်းချင်းပဲ ဝင်ဖို့များလိမ့်မယ်။
----
၇။ အပေါ်က ပြောတဲ့ ၂ ချက်ကို ပွင့်လင်းကာလ (၆)လအတွင်းမှာ ကောင်းကောင်း အကောင် အထည်ဖော်နိုင်ရင်…လက်လွှတ်ထာရတဲ့ နယ်မြေတွေ ပြန်မရဘူးဆိုရင်တောင် ဆိုင်ထား ရတဲ့ မြို့ရွာတွေ ရန်သူ့အောက်ကျဖို့ မဖြစ်နိုင်တော့ဘူး။ စစ်မှုထမ်းဥပဒေအရ အခွင့်အလမ်း ကို မျှော်ကိုးပြီး ဝင်လာတဲ့သူတွေ များလာလိမ့်မယ်။ လူစားထိုးရပါတယ် ဆိုတဲ့ လုပ်စားတွေ ပျောက်သွားလိမ့်မယ်။ အခွင့်အလမ်းပေးတယ်ဆိုတာကလည်း ပြည်သူ့စစ်မှုထမ်း အကျုံးဝင်တဲ့ ၁၃ သန်းစလုံး မလိုပါဘူး။ လိုချင်တဲ့ အတိုင်းအတာ ရောက်ရင် ရပ်လို့ရတဲ့ အနေအထားပါပဲ။ ပြည်သူ့စစ်အားကောင်းလာရင် ရွေးကောက်ပွဲ အတွက်လည်း အလိုလို လုံခြုံမှု ရှိလာပါလိမ့်မယ်။
(နရီမိုး)