ဧရာဝတီ တစ်ခုထဲ မဟုတ်ပါ
Credit: Phyo Wai Lin
ဧရာဝတီ သတင်းဌာနက ရေးတဲ့ဟာတွေက အခုနောက်ပိုင်း အတော်လေး အစွန်းရောက်နေတာဟာ ဘာ့ကြောင့်လဲလို့ စဉ်းစားကြည့်တယ်။
စိတ်ထင်တော့ ဒီလိုဖြစ်ရမယ်။ အစိမ်းတွေ တော်တော်များများက သတင်းကို အရှိ အရှိတိုင်းရေးရင် ဝင်ဆဲလေ့မရှိဘူး။ ဒီတိုင်းပဲ ကျော်သွားလိုက်တယ်။
ဒါကို ဧရာဝတီကလည်း သိမှာပဲ။ အရင်က ထောက်ပံ့ကြေးရနေတော့ အစိမ်းတွေ ဝင်ဆဲဆဲ မဆဲဆဲ သူတို့က ဂရုမစိုက်ဘူး။ ဒါပေမယ့် အခုနောက်ပိုင်း ထောက်ပံ့ကြေးမရတော့တဲ့အခါမှာ သူတို့ရဲ့ ဝင်ငွေဟာ Social media content ပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေတယ်။
ဒီအခါမှာ content တွေရဲ့ Engagement က စကားပြောလာရော။ သတင်းကို သတင်းလိုရေးရင် ထုံးစံအတိုင်း အနီတွေကပဲ ကောင်းချီးဩဘာပေး ကြပြီး ၊ အစိမ်းတွေက ဘာမှဝင်မရေးတဲ့အတွက် Engagement က တဝက်ပဲရမယ်။
အခုလိုတွေ ရေးတော့ အစိမ်းတွေက မခံနိုင်ဖြစ်ပြီး ဝင်ဆဲ ၊ အနီတွေနဲ့ ရန်ဖြစ်ကြနဲ့ Engagement က ရှယ် တက်ရော။
အဲ့မှာ ဧရာဝတီက Facebook, You Tube တို့ကနေ ပိုက်ဆံရရော ...
ဒါကြောင့်နောက်ဆို ဧရာဝတီ သတင်းဌာနက ဘာပဲရေးရေး ဝင်မရေးနဲ့။ ဘာ Reaction မှလည်း မပေးနဲ့။ $မြင်ကပ်ရင် report ထုခဲ့လိုက်။