တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရဲ့လား ?
___________________
အကြမ်းဖက်သူပုန်တွေက ကျနော်တို့ထက်သာတာတစ်ခုရှိတယ်
ဘာလဲဆိုတော့ "မီဒီယာ" အားသာပါတယ်
ဟုတ်ဟုတ်မဟုတ်ဟုတ် မနက်မိုးလင်းတာနဲ့ တပ်မတော်သား ၃၀ သေဆုံးသွားတယ် ဆိုတာနဲ့ စပါတယ်
တိုက်ပွဲထိတွေ့မှုမဖြစ်လဲ တပ်မတော်သားတွေက သူတို့မီဒီယာပေါ်မှာ နေ့စဥ်သေပေးရတယ်
လက်နက်နဲ့အလင်းဝင်တယ်ဆိုတာက လုပ်လိုက်သေး
သူတို့လူနဲ့သူတို့ လုပ်နေကြတာ သူတို့တင်တဲ့သတင်းတွေရဲ့ ၉၀ % ကအလိမ်အညာတွေ ဘာအခြေအမြစ်မှလည်းမရှိဘူး
သဘောကတော့ တပ်မတော်သားတွေရဲ့ စိတ်ဓာတ်ကိုကျဆင်းအောင်လုပ်နေတာ အထက်အောက်သွေးကွဲအောင်လုပ်တယ် ပြီးတော့ သူတို့အကြမ်းဖက်တွေကပဲ နိုင်နေသလိုလို သတင်းမီဒီယာအားနဲ့ ဆိုက်ဝါးတွေလွှင့်ပြီး အကြောက်တရားရိုက်သွင်းတယ်
သူတို့တင်သမျှ သတင်းတွေကို စဥ်းစားဥာဏ်နည်းတဲ့ လူပြိန်းပြည်သူတွေက ယုံကြည်လက်ခံပြီး ထပ်ဆင့်ဝေမျှကြတယ် အဲဒီမှာ သူတို့ရဲ့အလိမ်အညာသတင်းတွေက လူကြည့်ပိုများသွားတယ်
မြန်မာနိုင်ငံရဲ့ ထုံးစံအရ လူများတဲ့ဘက်ကအမှန်လို့ ထင်တတ်ကြတဲ့အတွက် သူပုန်တွေကပဲ တပ်မတော်ကိုနိုင်နေသလိုလို ထင်နေကြတယ် တချို့စစ်သည်တွေ အကြမ်းဖက်မီဒီယာအောက်မှာ အရှုံးပေးသွားကြတယ် ဘာမှမလုပ်ရသေးဘူး "သူတို့ကအင်အားသာတယ်" ဆိုတဲ့ ရန်သူ့ဆိုက်ဝါးမိပြီး ထွက်ပြေးသွားကြတယ်
အကြမ်းဖက်သူပုန်တွေက မီဒီယာအားမှာ ကျနော်တို့ထက် သာနေတာဟာ စိတ်ဓာတ်စစ်ဆင်ရေးအရ ကိုယ့်ဖက်ကအားနည်းသွားရတယ်
အခုပုံကိုကြည့်ပါ DVB မှာတင်ထားတာ
ပဒက်တွေအလောင်းဆွဲပြေးနေတဲ့ပုံတင်ပြီး ပြည်သူ့စစ်မှုထမ်းတပ်မတော်သားလေးတွေ အကျအဆုံးများနေတဲ့ပုံမျိုးနဲ့ ဖာကျပြီးသတင်းရေးတင်တယ် ယူနီဖောင်းဝတ်စားပုံနဲ့ ကိုင်တဲ့လက်နက်ကိုကြည့်ရုံနဲ့ အကြမ်းဖက်ပဒက်တွေဆိုတာ သိသာပါတယ်
အခု အကြမ်းဖက်သူပုန်တွေက လက်သံပြောင်တဲ့ ပြည်သူ့စစ်မှုထမ်းလူငယ်တွေကို ကြောက်နေကြပြီ အဲဒါကြောင့် တက်ကြွတဲ့လူငယ်တွေ ပြည်သူ့စစ်မှုထမ်းထဲ မဝင်ရဲအောင် "ပြည်သူ့စစ်မှုထမ်း" ကိုနည်းမျိုးစုံနဲ့ပုံဖျက်နေကြတာ(ဖရဲသီးတစ်ချို့လဲပါတယ်)
တက်ကြွတဲ့မျိုးချစ်လူငယ်တွေ တပ်မတော်ထဲကို အလုံးအရင်းနဲ့ ဝင်လာတဲ့နေ့ ဟာ အကြမ်းဖက်တော်လှန်ရေးကြီး အမြစ်ပြတ်သွားတဲ့နေ့ပဲ ဆိုတာ ကျနော်ပြောရဲပါတယ် သူပုန်တွေကလည်း အဲဒါကိုပဲကြောက်နေကြတာ အခုလက်ရှိ တပ်မတော်သားတွေကို ငွေနဲ့ဖျက်ဆီးပြီးပြီ အထက်အောက်သွေးခွဲပြီးပြီဖြစ်တဲ့အတွက် စိတ်ဓာတ်ရေးရာအရ သူတို့လိုချင်တဲ့အနေအထားကို ရောက်နေပြီဖြစ်တဲ့အတွက် လက်ရှိတပ်မတော်သားတွေကို သူပုန်တွေကမကြောက်တော့ပါဘူး
ကျနော်တို့ပြည်သူတွေက ဒီအကြမ်းဖက်တော်လှန်ရေးကြီးရဲ့ ဆိုးဝါးတဲ့ဒဏ်တွေကို ခါးကော့အောင် ခံစားနေကြရတယ်
အခုဆို ၄နှစ်ကျော်ပါပြီ ပြည်သူတွေမှာ မျှော်လင့်ချက်တွေပျောက်ဆုံးနေပြီ မလုံခြုံတဲ့လူနေမှုအသိုင်းအဝိုင်းကြီးကို စိတ်ကုန်နေကြပါပြီ
အခု ပြည်သူတွေခံစားနေရတဲ့ စစ်ဘေးဒဏ်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့ လုပ်လို့ရတဲ့နည်းလမ်း ၂ခုရှိပဲတယ်
၁။ မြန်မာနိုင်ငံမှာ Facebook ကိုအချိန်ကာလတစ်ခုထိပိတ်ထားလိုက်ပါ (ဒီနည်းလမ်းက ၂၀၂၂ ကတည်းကျနော်ပေးတဲ့အကြံပါ)
အကြမ်းဖက်သူပုန်တွေအမြန်ဆုံးကျဆုံးပျောက်ကွယ်သွားပါလိမ့်မယ် လေထဲအစိုးရလဲပျောက်သွားပါလိမ့်မယ်
၂။ တိုင်းပြည်ကိုအမှန်တကယ်ချစ်မြတ်နိုးပြီး တည်ငြိမ်အေးချမ်းမှုကိုအမှန်တကယ်လိုလားတယ်ဆိုရင် မျိုးချစ်လူငယ်တွေအားလုံး ပြည်သူ့စစ်မှုထမ်းအဖြစ် တပ်မတော်ထဲကိုဝင်လိုက်ပါ
အဲဒီမျိုးချစ်လူငယ်တွေ သင်တန်းဆင်းပြီး ၁လအတွင်း အကြမ်းဖက်သူပုန်တွေရဲ့ အဖျက် အမှောက်လုပ်ငန်းတွေ အရှိန်ရပ်တန့်သွားပါလိမ့်မယ်
ဒီအချက် ၂ချက်ထဲမှာ နံပါတ် ၁ အချက်ကို အစိုးရကမဖြစ်မနေလုပ်ပေးပါ
နံပါတ် ၂ အချက်ကိုပြည်သူတွေက ဆောင်ရွက်ပေးပါ ၆လအတွင်း လုံးဝကျနော်တို့နိုင်ငံဟာ တည်ငြိမ်အေးချမ်းသွားပါလိမ့်မယ် လို့ကျနော် ရဲရဲကြီးအာမခံနိုင်ပါတယ်
တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရင်ပေါ့လေ
Ko Myat 🇲🇲
6-2-2025