စစ်မီးတောက်အောင်မြှောက်ပင့်နေသောအထည်ကြီးပျက်ဝန်ကြီးချုပ်
NOM
နေမဝင်အင်ပါယာ၏အရှင်သခင်ဟုသူ့ကိုယ်သူထင်နေသော၊ကိုယ်တိုင်စစ်မတိုက်ရဲပဲစစ်မက်ဖြစ်ပွားသည့်နိုင်ငံများကိုစစ်မီးပိုမိုတောက်လောင်အောင်မြှောက်ပေးတတ်သောဗြိတိန်ဝန်ကြီးချုပ်ကီယာ စတာမာသည် ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်များကို စိန်ခေါ်လျက် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မည်သို့ပင်ဖြစ်စေ ယူကရိန်းကသာ အချုပ်အခြာအာဏာကို ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဟု တဇွတ်ထိုးပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူက ထရမ့်၏အဆိုကို ပယ်ချခဲ့ပြီး စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက် မရရှိမှုအတွက် "သတ္တိရှိသော" ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးပအား အပြစ်တင်စရာမလိုဟု မြှောက်ပင့်ခဲ့သည်။
ထို့ပြင် ၎င်းက ဗလာဒီမာ ပူတင်နှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် ခရိုင်းမီးယားဒေသအား ရုရှား၏အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုရန် အမေရိကန်၏ အစီအစဉ်ကို ထောက်ခံခြင်းမပြုဘဲ မော်စကိုအနေဖြင့် "အခြေအနေမရွေး စစ်ပြေငြိမ်းရေး" လိုက်နာရန် တောင်းဆိုခဲ့သည်။ရုရှားသမ္မတပူတင်ကပိုဆီဒမ်ဒုံးကျည်တစ်လုံးဖြင့်ဗြိတိန်ကိုရေအောက်မြှုတ်ပစ်မည်ဟူသောခြိမ်းခြောက်မှုကိုမတုန့်ပြန်ရဲပဲယူကရိန်းသို့ဗြိတိန်စစ်သားများလွှတ်မည်ဟုလေတစ်လုံးမိုးတစ်လုံးပြောပြီးတိတ်တိတ်လေးသူ့စကားကိုလျောချသွားသောဗြိတိန်ဝန်ကြီးချုပ်ကယူကရိန်းနိုင်ငံသားတို့၏အသက်ဖြင့်စစ်မီးတောက်အောင်လုပ်နေသောလုပ်ရပ်မှာမျက်နှာဖြူတို့၏မကောင်းသောစောက်ကျင့်များထဲမှတခုသာဖြစ်သည်။