မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား (၂၄)နာရီအတွင်းပေးပို့သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော
NOM၊ဧပြီ၁၊၂၀၂၅
ငလျင်ဒဏ်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအတွက် ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်ပြည်သူများက လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား လေယာဉ်ခရီးစဉ် ၂ ခုဖြင့် ၂၄ နာရီအ တွင်းပေးပို့သွားမည်ဟု ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Mian Muhammad Shahbaz Sharif ကပြောသည်။
ငလျင်ဒဏ်နှင့်ပတ်သက်၍အကူအညီများပေးအပ်နိုင်ရန် ယနေ့မတ် ၃၁ ရက်ညနေပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖုန်းဖြင့်ဆက်သွယ်ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုပေးပို့မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အပြင် ကယ်ဆယ်ရေးပစ္စည်း(၁၇)တန်ကိုလည်း ဆက်လက်ပေးပို့သွားမည်ဖြစ်ကာ ပါကစ္စတန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအ တွက် ထပ်မံလိုအပ်သည့်အကူအညီများရှိပါကလည်းဆက်လက်ပေးအပ်သွားမည်ဖြစ်ကာမိမိတို့နိုင်ငံမှပေးပို့ထားသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဆေး ဝါးများနှင့် အသင့်စားအစာအစာများကို ၂၄ နာရီအတွင်းရောက်ရှိအောင် စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။