Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Myanmar Hard Talk avatar

Myanmar Hard Talk

This is the News Channel
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
JoylashuvРосія
TilBoshqa
Kanal yaratilgan sanaJul 07, 2021
TGlist-ga qo'shildi
Sep 04, 2024
Muxrlangan guruh

Rekordlar

19.01.202520:22
43.1KObunachilar
28.02.202523:59
300Iqtiboslar indeksi
10.02.202513:24
10.7KBitta post qamrovi
31.03.202523:10
9.8KReklama posti qamrovi
02.02.202500:58
33.10%ER
10.02.202503:15
20.97%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
OCT '24JAN '25APR '25

Myanmar Hard Talk mashhur postlari

30.03.202513:06
ဥတ္တရဆေးရုံတွင် သက်ကြီး အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံယူနန်ပြည်နယ်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ က ကယ်ထုတ်နေတဲ့ ရုပ်သံ
❝သဘာဝဘေးအတွက် ခိုင်နှင်းဝေပရဟိတအသင်းက ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းမည်❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟖》

သဘာဝဘေးအတွက် လိုအပ်တဲ့နေရာတွေမှာ ကူညီနိုင်ဖို့ ခိုင်နှင်းဝေပရဟိတအသင်းက ခုနစ်ရက်သားသမီးတွေရဲ့ အလှူအဖြစ် ငွေကျပ်သိန်း ၁၀၀၀ မ,တည်လှူဒါန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မတ်လ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်ခန့်က မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့အနီးမှာ အင်အား ရစ်ခ်တာစကေး ၇ ဒဿမ ၇ ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပြီး မြန်မာနိုင်ငံ ဒေသတော်တော်များများမှာ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ကြရတာပါ။

လက်ရှိ ထွက်ပေါ်လာနေတဲ့ ဒေသဆိုင်ရာ သတင်းတွေအရ အဲဒီအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးတွေနဲ့ ရှမ်းပြည်နယ် စတဲ့နေရာတွေအပါအဝင် ဒေသအနှံ့အပြားမှာ ဘုရားစေတီပုထိုးတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ နေအိမ်အဆောက်အအုံတိုက်တာတွေ ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့ လူသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
#mhtnews
#myanmarhardtalk@myanmarhardtalk
❝မူလထက် ပိုမိုကောင်းမွန်သည့် အဆောက်အဦးများ၊ လမ်းတံတားများ ဖြစ်လာရမည်၊ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သည့်မြို့များကို ဖော်ဆောင်ပေးနိုင်ရမည်ဟု မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍𝙄𝙇~𝟏𝟏》

ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မူလထက် ပိုမိုကောင်းမွန်သည့် အဆောက်အဦးများ၊ လမ်းတံတားများ ဖြစ်လာရမည်၊ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သည့်မြို့များကို ဖော်ဆောင်ပေးနိုင်ရမည်ဟု မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဧပြီလ ၁၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား တောင်ကြီးမြို့၊ မြို့တော်ခန်းမနှင့် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတို့၌ သီးခြားစီတွေ့ဆုံ၍ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများ နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Read More... https://telegra.ph/Myanmar-Hard-Talk-04-11-10
ငလျင်ဒဏ်သင့်ကာလမို့ ရပ်ကွက်အတွင်း ဆောင်ရွက်ကြမည့် သာရေး/နာရေးကိစ္စရပ်များတွင် အသံချဲ့စက်(လော်စပီကာ) များ မဖွင့်ကြဖို့ အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထားပါတယ်။

#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
04.04.202511:04
❝မြန်မာသံရုံးမှာဖွင့်ထားတဲ့ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်မှာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲတွေ လက်မှတ်ရေးထိုးခဲ့ကြ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍𝙄𝙇~𝟒》

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က မြန်မာသံရုံးမှာ ဖွင့်လှစ်ထားတဲ့ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်မှာ အဲဒီနိုင်ငံမှာရှိကြတဲ့ နိုင်ငံခြားသံရုံးတွေက သံရုံးအကြီးအကဲတွေ၊ သံရုံးယာယီတာဝန်ခံတွေ၊ သံတမန်တွေနဲ့ မလေးရှားနိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတာတွေအတွက် အဲဒီ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ဒီကနေ့ ဧပြီ ၄ ရက်မှာ ဆက်လက်ဖွင့်လှစ်ခဲ့တာပါ။

ဒါ့အပြင် မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကလည်း ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အလှူငွေတွေ လာရောက်လှူဒါန်းခဲ့ကြတာလည်းရှိတယ်လို့ သိရပါတယ်။
#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
31.03.202501:28
ပြည်ဖျက်မီဒီယာအုပ်စုကို ဗိုလ်ချုပ်ဇော်မင်းထွန်း ဘာပြောသလဲ?

ငလျင်လှုပ်ခတ်မှုကြောင့် မတ်လ ၃၀ ရက်နေ့အထိ သေဆုံးဒဏ်ရာရရှိသူ ဘယ်လောက်အထိ ရှိနေပြီလဲ?

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြထားပါတယ်။


#General
#ZawMinTun
#Myanmar
#Earthquake
#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
01.04.202506:10
❝ငလျင်ဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အစိုးရဝန်ကြီးဌာနှင့် ရုံးများတွင် နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလွှင့်ထူ❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍𝙄𝙇~𝟏》
❝အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပရောက် သရုပ်ဆောင် မင်းမော်ကွန်းက ငလျင်ဘေးကူညီမည်ဟုဆိုကာ ဘာပုံမှန်းမသိတဲ့ ပန်ချီကားကို လေလံတင်ရောင်းချပြီး စီးပွားရှာ❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍𝙄𝙇~𝟒》

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဖြစ်ပေါ်အောင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ သရုပ်ဆောင် မင်းမော်ကွန်းဟာ မြန်မာ့ငလျင်ဘေးကို ကူညီမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဘာပုံမှန်းမသိတဲ့ ပန်ချီကားအစုတ်တစ်ခုကို လေလံတင်ရောင်းချပြီး စီးပွားရှာဖို့ လုပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ သရုပ်ဆောင် မင်းမော်ကွန်းဟာ မြန်မာနိုင်ငံကနေထွက်ပြေးပြီး ပြည်ပမှာခိုလုံနေစဥ် တော်လှန်ရေးအကြောင်းပြ အလှူခံစားလို့မရတော့တဲ့နောက်ပိုင်း စားဝတ်နေရေးအဆင်မပြေဖြစ်လာတဲ့အပြင် ကျန်းမာရေးပါ ထိခိုက်နေတာကြောင့် မိန်းမကိုခိုင်းစားနေရတဲ့အခြေအနေဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။

ဒီလိုအခြေအနေမှာပဲ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကို ခုတုံးလုပ်ပြီး စီးပွားရှာဖို့ ယခုလို လုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ သူ့အတွက် တစ်ရက်အတွင်း ဒေါ်လာ ၃,၀၀၀ ရရှိနေပြီဖြစ်ပေမယ့် နည်းလွန်းနေသေးတဲ့အတွက် ဧပြီ ၆ ရက်နေ့အထိ လေလံတင် ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
❝ယခုနှစ်သင်္ကြန်ကို အပျော်အပါးတွေမပါဘဲ ရိုးရာယဥ်​ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်❞

​ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍𝙄𝙇~𝟏》

ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဥ်​ကျေးမှုနှင့်အညီ  ​အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်​ကြောင်း နိုင်ငံပိုင်သတင်းက ယခုညပိုင်းတွင် အတည်ပြုထုတ်ပြန်လိုက်သည်။

လက်ရှိကြုံ တွေ့​​နေရ​သော ပြင်းထန်သည့်ငလျင်​​ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့အတွင်း၌ ပြည်သူအချို့ သေဆုံးဒဏ်ရာရထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသော ကာလဖြစ်ပါသဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဥ်​ကျေးမှုနှင့်အညီ  ​အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်​ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။
#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
07.04.202507:39
အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မန္တလေး မဟာမြတ်မုနိဘုရားကြီးနဲ့ပတ်သက်လို့ ကောလာဟလသတင်းတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီ ကောလာဟလသတင်းတွေနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက ရုပ်သံမှတ်တမ်းနဲ့တကွ ရှင်းပြထားသလို မြေငလျင်စတင်လှုပ်ခတ်ချိန်မှာ တွေ့ရှိရတဲ့ မဟာမြတ်မုနိဘုရားကြီးရဲ့ အခြေအနေတွေကို ဒီရုပ်သံမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။


#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
#Mandalay
14.04.202505:35
❝အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော် ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ ကျပ်သိန်း ၈၇၀ ကျော် ရရှိထားပြီး ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေဟုဆို❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍𝙄𝙇~𝟏𝟒》
16.04.202513:08
ဒီကနေ့ (ဧပြီလ ၁၆ ရက်) မြန်မာ့ရိုးရာအတာသင်္ကြန် အတက်နေ့ ညနေပိုင်းမှာ မြင်တွေ့ရတဲ့ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ထဲက လမ်းလျှောက်သင်္ကြန်မြင်ကွင်းတွေကို ကျွန်တော်တို့ MHT NEWS က ရိုက်ကူးဖော်ပြပေးလိုက်ပါတယ်။

#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
❝တရုတ်နိုင်ငံသား ၃၆၀ ကျော်ပါဝင်သည့် အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသူ ပြည်ပနိုင်ငံသား ၃၉၂ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟕》 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေအတွင်းမှ ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား ၃၆၀ ကျော်ပါဝင်သော အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသူ ပြည်ပနိုင်ငံသား ၃၉၂ ဦးတို့ကို မတ်လ ၂၆ ရက်နေ့က သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပနိုင်ငံသား ၃၉၂ ဦးထဲတွင် တရုတ်နိုင်ငံသား ၃၆၉ ဦးနှင့် တောင်အာဖရိကနိုင်ငံသား ၂၃ ဦး ပါဝင်သည်ဟု သိရပြီး ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများ

Read More... https://telegra.ph/Myanmar-Hard-Talk-03-27-5
02.04.202502:28
❝ဇမ္ဗူသီရိမြို့နယ်တွင် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက အောင်မြင်စွာ ကယ်တင်ခဲ့ပြီး ပြည်သူ ၆၅၀ နီးပါးကို အသက်ရှင်လျှက် ကယ်တင်ထားနိုင်ခဲ့❞

​ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍𝙄𝙇~𝟐》

မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊တိုက်အမှတ် ၃၃၆၉ တွင် ပိတ်မိနေသည့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက အောင်မြင်စွာ ကယ်တင်ခဲ့ပြီး ဧပြီ ၁ ရက်နေ့အထိ ပြည်သူ ၆၅၀ နီးပါးကို အသက်ရှင်လျှက် ကယ်တင်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုထပ်မံကယ်တင်နိုင်ခဲ့သည့် အမျိုးသမီးကြီးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦး၏ ယောက္ခမတော်စပ်သူ ကျန်းမာရေးဝန်ကြီးဌာန၊ ဌာနခွဲစာရေးကြီး(အငြိမ်းစား) ဒေါ်စန်းစန်းထွေး ဖြစ်သည်ဟု သိရပြီး ၎င်းကိ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးမီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး ဦးဆောင်သော မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များက ဧပြီ ၁ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်မှ စတင်ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ ၉ နာရီ

Read More... https://telegra.ph/Myanmar-Hard-Talk-04-02-6
❝လူ ၅၀ နီးပါး သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က တိုက်ပြိုကျမှုအတွက် ဆောက်လုပ်ရေးတာဝန်ခံ တရုတ်အမျိုးသားကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍𝙄𝙇~𝟐𝟎》

လက်ရှိအထိ လူပေါင်း ၅၀ နီးပါး သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ဆောက်လုပ်ဆဲ အထပ်မြင့်တိုက်ပြိုကျမှုအတွက် တရုတ်ကုမ္ပဏီတစ်ခုရဲ့ ဆောက်လုပ်ရေးတာဝန်ခံ တရုတ်အမျိုးသားကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုနဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီရဲ့ ပြည်တွင်းလုပ်ငန်းခွဲတစ်ခုတို့အကြား ဖက်စပ်တည်ဆောက်နေတဲ့ အဲဒီ အထပ်မြင့်တိုက်ဟာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် ပြိုကျပျက်စီးသွားခဲ့တာဖြစ်ပြီး ယင်းဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံသားတွေအပါအဝင် လူ ၄၇ ယောက်သေဆုံးခဲ့တဲ့အပြင် ၄၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ယခု ဖမ်းမိခဲ့တဲ့ တရုတ်အမျိုးသားဟာ တရုတ်ကုမ္ပဏီကို လည်ပတ်ဖို့အတွက် ထိုင်းနိုင်ငံသားတွေရဲ့ အမည်တွေကို တရားမဝင်အသုံးပြုမှုတွေလည်းရှိတယ်လို့ ထိုင်းရဲတွေက ပြောဆိုထားသလို တိုက်ပြိုကျမှုကိုဖြစ်စေတဲ့ တရားမဝင်လုပ်ဆောင်မှုတွေရှိမရှိ စုံစမ်းစစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။
#MHTNEWS
Ko'proq funksiyalarni ochish uchun tizimga kiring.