Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
May Yu Htar Nay avatar

May Yu Htar Nay

သတင်းမှန်ဖြင့် မတရားမှုများ ပပျောက်ရမည်။
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaJun 23, 2022
TGlist-ga qo'shildi
Sep 16, 2024

"May Yu Htar Nay" guruhidagi so'nggi postlar

Repost qilingan:
Western 24 News avatar
Western 24 News
AA အကြမ်းဖက် အဖွဲ့ရဲ့လားရာ ဘယ်ကိုဦးတည်နေလဲဆိုတာ မျက်စိစုံမှိတ်ထောက်ခံခဲ့တဲ့ သူ့လော်ဘီ မီဒီယာတွေတောင်ရိပ်မိလာကြပီ။
ရှမ်းမြောက် လားရှိုးကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ Myanmar Hard Talk သတင်းဌာနက နှစ်(၈၀)မြောက်တပ်မတော်နေ့မှာ (နစက) သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးခဲ့ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့အဖြေကိုနားထောင်ကြည့်လိုက်ရင် (MNDAA) အုပ်စုတွေ လားရှိုးက ဆုတ်ခွာနေရတဲ့အကြောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အနာဂတ်ပုံရိပ်တွေကို အားလုံး ခန့်မှန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎
ကျောက်ဖြူမြို့နယ်၊ သပြုတောင်ရွာအနီး ရန်သူ့စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခြင်း
-
တိုက်ပွဲသတင်းစုံ
ရခိုင်ကိုချန်ခဲ့မှာလား ..........

တရုတ်မြန်မာ စီးပွါးရေးစင်္ကြန်ပွင့်တာနဲ့ အခြေအနေတွေဟာ ပိတ်ဆို့ထားတဲ့ရေပိုက်ခေါင်းကိုဖွင့်ချလိုက်သလို ဝေါကနဲ အဆင်ပြေသွားမှာပါပဲ ။ အဲ့ဒီလိုဖြစ်လောက်ပါရဲ့လို့လည်း ကိုယ်ယုံကြည်ချင်ပါတယ် ။ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ် ။ ကုန်သွယ်စစ်ကြောင့် တရုတ်အနေနဲ့ CMEC ကိုဖွင့်ဖို့အရေးတကြီးဖြစ်လာလို့ အခုလိုတွေကြိုးပမ်းနေတာလို့ယူဆရပါတယ် ။

တရုတ်မြန်မာကုန်သွယ်လမ်းကြောင်းပွင့်တာနဲ့ မြန်မာပြည်ညာဖက်အခြမ်းတစ်ခြမ်းလုံး ရှမ်းပြည်နယ်အပါအဝင် အဆင်ပြေသွားမှာပါ ။ ကုန်ဈေးနှုန်းတွေကျမယ် ၊ ဆေးဝါး နှင့်အခြားအသုံးအဆောင်ပစ္စည်းတွေ တင်သွင်းခွင့်ရလို့ ဈေးနှုန်းကျပြီးပေါလာမယ် ။ စီးပွါးရေးတွေကောင်းမယ် ။ ညာဖက်တစ်ခြမ်းလုံးမှမဟုတ်ပါဘူး ၊ တစ်နိုင်ငံလုံးအသက်ရှူချောင်ပါလိမ့်မယ် ။

တစ်ခုပဲ ..... အဲ့ဒိအထဲ ရခိုင်ပါမှာလားဆိုတဲ့မေးခွန်း ။ ရခိုင်ကို အစိုးရက ဖြတ်လေးဖြတ်လုပ်ထားပါတယ် ။ အစိုးရအာဏာစက်လည်း ရခိုင်မယ်အရမ်းနည်းပါတယ် ။ AA ရဲ့ဩဇာဟာ ရခိုင်မှာကြီးနေပါတယ် ။ အခုက AA သည်စစ်ကို ဆက်တိုက်နေဆဲဖြစ်သလို ၊ ဆက်ပြီးလည်းတိုက်နေဦးမှာပါပဲ ။

အကိုကြီးဌေးအောင်ပြောတာတစ်ခု သဘောကျတယ် ။ AA ကစစ်ကိုတိုက်နေတာမဟုတ်ဘူး ၊ စစ်က AA ကိုတိုက်ခိုင်းနေတာ ။ AA ကစစ်ကိုမတိုက်ပဲကိုမနေရတော့တဲ့အထိဖြစ်သွားတာ ။ စစ်ကိုရပ်လို့မရတော့ဘူး ။

အခုက ဘင်္ဂလားစစ်တပ်ကနေ CIA အကူအညီနဲ့ AA , CNF တို့ကိုထောက်ပံ့မယ်ဖြစ်နေတယ် ။ AA လည်ပင်းညှစ်ခံရတယ် ၊ ဒီအထောက်အပံ့ကိုမယူလို့လည်းမရဘူး ။ ယူလိုက်လျင်လည်း စစ်ဆက်တိုက်ရမယ် ။

အခုက တရုတ်ကလည်း CMEC စချင်လွန်းလို့သည်းမခံနိုင်ဖြစ်ပြီဆိုတော့ ၊ AA ဘာလုပ်မလည်း ။ အကြီးကြီး ကြားညပ်ခံရပြီ ။ KIA , AA , CNF , PDF တို့ဘာဆက်လုပ်မတုန်းဆိုတော့ စစ်ဆက်တိုက်ဖို့ပဲရှိတယ် ။ မတိုက်လို့လည်းမရဘူး ။

အဓိကက စစ်ဆက်တိုက်လျင် ရခိုင်ပြည်နယ်က နောက်ပိုင်းအေးချမ်းလာတော့မယ့် မြန်မာနိုင်ငံနှင့် အလှမ်းဝေးသည်ထက်ဝေးပြီး ကျန်ခဲ့လိမ့်မယ် ။ စစ်ဆက်တိုက်နေလျင် ဒေသခံတွေ ရခိုင်ပြည်နယ်ထဲမှာနည်းသည်ထက်နည်းလာလိမ့်မယ် ။

တရုတ်သာ CMEC ကိုဖွင့်နိုင်ခဲ့လျင် ထိုင်းမြန်မာကုန်သွယ်ရေး အာရှလမ်းကြီးလည်းပြန်ဖွင့်ရလိမ့်မယ် ။ ဒီနှစ်လမ်းပွင့်သွားလျင်မြန်မာပြည်အသက်ရှူချောင်ပြီ ။ ကျန်တာတွေကအေးဆေးဖြေရှင်းရုံပဲ ။

ဒါပေမယ့် အဲ့ဒီအထဲမှာ ရခိုင်မပါပဲကျန်ခဲ့လိမ့်မယ် ။

စစ်တွေမြို့ရှိတဲ့ ရခိုင်ပြည်နယ်ကို စစ်တွေဖြစ်နေတဲ့ကြားမှာထားခဲ့ရတော့မယ်ထင်တယ် ။

ရခိုင်ပြည်နယ်က တော်တော်နှင့်လည်းငြိမ်းချမ်းဦးမယ့်ပုံမပေါ်ဘူး ။ ပြီးတော့ ပိုပြီးရှုပ်ထွေးလာလိမ့်ဦးမယ် ။ CMEC ရဲ့ အဆုံးသတ်ဖြစ်တဲ့ရခိုင်ဟာ အင်အားကြီးတွေကြားမှာ စိစိညက်ညက်အချေခံရလိမ့်ဦးမယ်ထင်ပါရဲ့ ။

အဲ့ဒါကြောင့်မေးခွန်းမေးကြည့်တာပါ ။

ရခိုင်ကိုထားခဲ့မှာလား လို့ပေါ့ ။

ထားခဲ့တယ်မဟုတ်တောင် မလိုက်နေသေးလျင် ခဏနေဦးပေါ့ ။

နောက်မှ တွဲခေါ်ကြတာပေါ့ ။

ဒီလိုပဲပြောကတော့မှာပေါ့ ။

နော့် ..........

မေတ္တာဖြင့်ယှဉ်လျက်

#XENON
Repost qilingan:
Ko Thet avatar
Ko Thet
( ရခိုင်မုန်တိုင်း-2025 )


မြန်မာလဲ ကံကိုမကောင်းနိုင်သေးဘူး
လားရှိုးဖက်က အသက်ရှုချောင်ဖို့ ကြံကာရှိသေး၊ အနောက်ဖက် ရခိုင်မုန်တိုင်းက အကြီးအကျယ်ဝင်မွေဖို့အားယူနေပြီ၊ ( 2026-27) ဂြိုလ်နေဂြိုလ်ထားကလဲ အတော်ဆိုးဆိုးပဲ၊

စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်ကို အကြီးအကျယ်ထိုးစစ်ဆင်ဖို့ မကြံကောင်းမစည်ရာတွေ ကြံနေကြလေရဲ့၊ အင်္ဂလိပ်ကိုတော်လှန်ဖို့ ဂျပန်တပ်တွေခေါ်လာတဲ့ သမိုင်းသစ်တခုဖြစ်တော့မယ်ထင်ရဲ့၊

ဟာဝိုင်ရီအခြေစိုက် အမေရိကန်စစ်ဌာနချုပ် ( USARPAC ) ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Joe Vowell နဲ့အဖွဲ (၄) ဦး ဘင်္ဂလားဒေ့ချ် ဒါကာကို ( 24.3.25 ) ည (၁၀) နာရီရောက်လာတယ်၊ ( 25.3.25 ) မှာဘင်္ဂလားဒေ့ချ် စစ်ဖက်ထိတ်တန်းတွေနဲ့ တွေ့ဆုံခဲ့တယ်၊

Vowell ကနယ်နယ်ရရတော့မဟုတ်ဘူး၊ အာဖဂန်စစ်မှာ (၃) ကြိမ်၊ အီရတ်စစ်မှာ (၂) ကြိမ် အတွေ့အကြုံရှိခဲ့သူ၊

AA နဲ့ CDF တွေကို ထောက်ပံ့ရေးပေးပြီး သီးခြားနယ်မြေတွေထူထောင်နိုင်ဖို့ လာပြီး မီးမွှေးသွားတာ၊ ရိုးရိုးမီးမွှေးတာမဟုတ်ဘူးနော်၊ စစ်ရေးအကြံပေးမှုတွေအပါအဝင် ရိက္ခာ၊ ဆေးဝါး၊ ဒရုန်းအကူအညီတွေအပါ အကူပေးဖို့ အစီအစဉ်တွေပါတယ်

( သတင်းမှာတော့ လက်နက်မပါဘူး၊ နောက်ပိုင်းမှာ ယူကရိမ်းလိုပဲ ပါလာလိမ့်မယ် )

(၃) ခုလုပ်ခိုင်းသွားတယ်

* No fly zone
* Safe corridor
* Right to protect

Bangladesh မှာ အမေရိကန်နောက်ခံ ယူနွတ်အစိုးရဖြစ်ပြီလေ၊ လုပ်ပြီပေါ့ ။

( 17.4.25 ) နေ့မှာလဲ ဒါကာကို အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်တဖွဲ့သွားလိုက်သေးတယ်၊

YouTube ထဲမှာတော့ ဘင်္ဂလားဒေ့ချ်က Division အဆင့် (၃) ခုကတာဝန်ယူကြလိမ့်မယ်လို့ဆိုတယ်၊ Division အဆင့်ဆိုတာ တပ်မ၊ တိုင်းအဆင့်တွေ၊ တပ်ရင်းအဆင့်မဟုတ်ဘူး၊

AA နဲ့ CDF တို့ကတော့ သမိုင်းတခုရေးဖို့ ကလောင်စကိုင်နေပြီ၊

စစ်ပွဲမှာ အဲ့ဒီလူမျိုး (၂) စုလူကုန်အောင်နောက်က မြှောက်ပေးပြီး၊ ဘင်္ဂလီတွေနေရာဝင်ယူကြလိမ့်မယ်၊

ကဲ...
မုန်တိုင်း သံတော့ပေးနေပြီ
ပြည်ပ ပါလာပြီဆိုတော့ မုန်တိုင်းအဆင့်က (၅) လောက်နဲ့တိုက်မှာကို မျှော်လင့်ထားကြရလိမ့်မယ်၊

အဲ့ဒီလူမျိုး (၂) စု လူကုန်သွားရင်လဲ အဲ့ဒီအချိန်ကခေါင်းဆောင်တွေကြောင့်ပဲလို့လဲ သမိုင်းရေးဖို့ ပြင်ထားကြပေတော့၊

စိတ်မကောင်းစရာတွေကို (2026)(2027) (၂) နှစ်တာ အနည်းဆုံးဖြတ်သန်းကြရလိမ့်မယ်ဆိုပြီးလဲ ပြင်ထားကြပါတော့၊


BaMg
https://www.tiktok.com/@kothet8888888/video/7494866096340618504?is_from_webapp=1&sender_device=pc&web_id=7402886078983980545
Repost qilingan:
Ko Thet avatar
Ko Thet
AA ဆိုတာ သူ့လက်ဦးဆရာ KIA လိုပဲ .. ၂ ဖက် ခွစားပါ။ (၂ ကျပ်ကွက်နင်းတာ)
-
အစောကြီးကတည်းက ရေးခဲ့ဖူးပါတယ် .. အခုလည်း US ကျောထောက်နောက်ခံ K3C လို ဇာတ်လမ်းဆင်နေပြီး ရခိုင်မှာရှိတဲ့ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အဖျက်အမှောက်လုပ်လိမ့်မယ်လို့ ...
-
တရုတ်လည်း ဝဋ်လည်တာပါပဲ .. KIA MNDAA UWSA AA TNLA သူပုန်တွေကို ရှမ်းမြောက်ဒေသကို လက်နက်/ခဲယမ်း (Drone ကအစ)ပေးပြီး ကျားဖြန့်ခေါင်းစဉ်အောက်က ဖျက်ဆီးခဲ့တယ် ..
-
အခုတော့ သူ့တပည့် AA က US နဲ့ပေါင်းပြီး တရုတ်ကို ဖိအားပေးလေပြီ .. နဂိုကတည်းက ပြောပါတယ် .. 1027 စကတည်းက နိုင်ငံခြားကျူးကျော်စစ်ပါလို့ .. အခုတော့ ဒုတိယံမိပေါ့ ...
-
အပူစာတွေ ကျွေးတဲ့တရုတ် .. အပူတွေနဲ့ပဲ e အီး ပါရလိမ့်မယ်။

KT
https://www.tiktok.com/@kothet8888888/photo/7494673259233938706?is_from_webapp=1&sender_device=pc&web_id=7402886078983980545
ရခိုင့်အရေး၊ မြန်မာ့အရေး
--------------------
(၁၈-၄-၂၀၂၅)

ကဲ… မြန်မာ့သင်္ကြန်ကြီးလည်း ရိုးရာမပျက် အေးအေးချမ်းချမ်းပြီးသွားခဲ့ပြီ။ ပျော်ဖို့အတွက် မဏ္ဍပ်ကြီးတွေ မလိုပါဘူး။ မြို့အလိုက် သူ့ဟာနဲ့သူတော့ ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားလေး ရှိကြတာတွေ့ရတယ်။ ကျောက်မြောင်းရခိုင် သင်္ကြန်ဆိုတာတွေ့ရတော့ သဘောကျပါတယ်။ ရခိုင်တို့ မွန်တို့က သင်္ကြန်ကို ကျန်တိုင်းရင်းသားတွေထက် ပိုကြိုက်ကြတယ်မှတ်လား။ ပျော်နေကြတာမြင်ရတော့ စိတ်ချမ်းသာတယ်။

စိတ်မကောင်းစရာက ပြည်မရောက်နေတဲ့ ရခိုင်တွေကလွဲလို့ ကျန်ရခိုင်ပြည်နယ်မှာတော့ အရင်လို သင်္ကြန်ကို ပျော်နိုင်မယ်မထင်ဘူး။ အရေးထဲ Legacy IAS Academy လို့ခေါ်တဲ့ အိန္ဒိယပုဂ္ဂလိကကျောင်းရဲ့ ဘင်္ဂလားစစ်တပ်ဟာ အမေရိကန်ရဲ့အထောက်အပံ့တွေနဲ့အတူ ရခိုင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့သွားမယ်ဆိုတဲ့ သတင်းကြောင့် အံ့ဩမိသွားတယ်။

လောလောဆယ် ဘယ်ကရမှန်းမသိတဲ့ သတင်းကို လက်ချာပုံစံလုပ်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ ဘင်္ဂလားဒေ့ချ်တပ်မတော်က မြန်မာ့အစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်တဲ့ နည်းပညာ၊ အထောက်အပံ့တွေ ပေးသွားမယ်ဆိုတဲ့ သတင်း။ ဒီသတင်းအမှန်ဆိုရင် အဲ့တာ ပြည်ပစစ် အတိအလင်းကြေငြာတာပဲပေါ့။

တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ဘင်္ဂလားအစိုးရဟာ မြန်မာအစိုးရနဲ့ ဘင်းစတက်အစည်းအဝေးမှာလည်း တွေ့ဆုံခဲ့တယ်။ ငလျင်အတွက်လည်း အကူအညီအဖွဲ့တွေ စေလွှတ်ကူညီနေတာမို့လို့ ဒီသတင်းဟာ ဖွသတင်းသက်သက် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် သတိဆိုတာပိုတယ်မရှိမို့လို့ ဘင်္ဂလားနယ်စပ်က ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ AA တို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမှရမယ်။

AA က ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းနိုင်ရင်ပြီးသွားမယ်လို့ မထင်ကြနဲ့။ အဲ့ဒီအချိန်ကျမှ ဇာတ်လမ်းစမှာ။ သိန်းသန်းချီနေတဲ့ ဘင်တွေအတွက် နိုင်ငံတော်အသစ် ဖော်ဆောင်မယ့်လမ်းမှာ ရခိုင်တွေက အသုံးချခံဖြစ်သွားလိမ့်မယ်။

ကိုယ့်လူမျိုးအချင်းချင်း ညှိနှိုင်းလို့ရတယ်။ ပြည်တွင်းစစ်ကနေ ပြည်ပစစ်ဖြစ်သွားမယ်ဆိုရင် အဲ့ဒီနယ်မြေက ဖုန်ဆိုးမြေသာသာဖြစ်သွားရမှာ အားလုံးသတိချပ်စေချင်တယ်။

(ပိုင်စိုး)
ထွန်းမြတ်နိုင် ကြောင့်ရခိုင်မှာမပျော်ရကေလေ့ ကျောက်မြောင်းမှာ ပျော်ရပါရေလို့ကျောက်မြောင်းသင်္ကြန်က ညီမချေတိ ချိုက်ကောင်းထမန်းချေ🥰🥰 တွချစ်ရေနန်း😘😘
အမျိုးတိအားလုံးသာလီစွ ပါနန်း🥰🥰 ကျောက်မြောင်းမှာ ပွဲချနိန်ပါရေ တွပျော်ဖို့ကောင်းနိန်လို့ လာလတ်ဖို့ဖိတ်ပါရေနန်း🥰🥰
Repost qilingan:
Min Chit Oo avatar
Min Chit Oo
မောင်တောနယ်စပ်အခြေအနေ
====================
AA အနေနဲ့ လိုင်းပေါ်မှာသာလေလုံးကြီးနေတာ
မြေပြင်မှာ ဘယ်လိုပရမ်းပတာဖြစ်နေလည်း၊ နယ်စပ်ကိုဘယ်လိုမထိန်းနိုင်တော့ဘူးလည်းဆိုတာ Video နဲ့ လင့်ကပိုစ့်မှာပါဝင်ကြည့်ကြတော့

လိပ်လောက်မြန်တဲ့စက်လှေလောက်ရှိပြီး AA ကမ်းခြေစောင့်တပ်ဖွဲ့လို့ သုံးရဲတာ နည်းနည်းနောနော သောက်ရှက်တော့မဟုတ်ဘူး
ရခိုင်မြောက်ပိုင်းကတော့မြင်ယောင်ပါသေးတယ်

နေ့စဥ် ထောင်ချီပြီး နတ်မြစ်ကနေဝင်​နေတာနော်
လင့် 👇👇👇https://www.facebook.com/share/v/18VeXLbqnw/
Repost qilingan:
MWD News avatar
MWD News
KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်သည်။ ရန်ကုန်၊ ဧပြီလ ၄ ရက်။
နစကဥက္ကဌရဲ့မီဒီယာလက်နက်

နစကဥက္ကဌ နိုင်ငံခြားခရီးစဉ်တွေသွားရောက်တိုင်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေ (Current Political Situation) များပြုစုထားတဲ့စာအုပ်အပြာကို အခြားနိုင်ငံ့ခေါင်းဆောင်တွေအမြဲပေးလေ့ရှိတာကိုမြင်တွေ့ရပါတယ်။
-
အဲ့ဒီစာအုပ်ထဲမှာ ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်ပြီး တပ်မတော်ကအာဏာထိန်းရတဲ့အကြောင်းအရင်း၊ အာဏာထိန်းပြီးနောက်ပိုင်းဆူပူဆန္ဒပြမှုတွေတစ်ဆင့် နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်းနဲ့ရယူဖို့ကြိုးစားနေကြတဲ့ NUG, CRPH, PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နစကအစိုးရရဲ့ဘက်ပေါင်းစုံကလုပ်ဆောင်ချက်တွေကို နောက်ဆုံးအခြေအနေအထိ အထောက်အထားများခိုင်မာစွာဖြင့် details ကျကျပြုစုထားတယ်လို့ သိရှိရပါတယ်။
-
ဒီစာအုပ်မှာပြုစုထားတဲ့အချက်အလက်တွေကိုဖတ်ရှူပြီး နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့ နစကအစိုးရရဲ့ Legitimacy ဖြစ်မှုနှင့်နိုင်ငံတော်တည်ငြိမ်ရေးအတွက်ကြိုးပမ်းလုပ်ဆောင်နေမှုများကိုသိရှိနိုင်သလို ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေရဲ့ နိုင်ငံမတည်မငြိမ်ဖြစ်အောင် အဖျက်အမှောက်လုပ်ရပ်တွေကိုအတိအလင်းသိရှိသွားမယ်လို့မျှော်လင့်ပါတယ်။
-
အခုအိန္ဒိယဝန်ကြီးချုပ်မိုဒီလက်ထဲမှာလည်း Political Situation စာအုပ်အပြာအပြင် Information Sheet စာစောင်တစ်စောင်ကိုထပ်တွေ့ရပါတယ်။ အဲ့ဒီ Information Sheet စာစောင်မှာ မြန်မာနိုင်ငံတွင်လတ်တလောကြုံတွေ့နေရတဲ့ငလျင်ဘေးဒဏ်နဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေ၊ သဘာဝဘေးအန္တရာယ်
ကာကွယ်ရေးထုတ်ပြန်ချက်တွေ၊ ငလျင်ဒဏ်အတွင်း သေဆုံး၊ပျောက်ဆုံး၊ထိခိုက်ဒဏ်ရာရသူစာရင်းတွေ၊ စိတ်မကောင်းဝမ်းနည်းဖွယ်ရာ ဘာသာပေါင်းစုံရဲ့ဘုရားကျောင်းကန်လမ်းတံတားတွေ၊ ပြည်သူတွေရဲ့အိုးအိမ်တိုက်တာပျက်စီးဆုံးရှုံးမှုတွေ၊ နိုင်ငံတကာကပေးပို့တဲ့စာနာထောက်ထားမှုသဝဏ်လွှာတွေ၊ အခြားနိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့အားပေးနှစ်သိမ့်မှုတွေနဲ့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များရောက်ရှိမှုတွေကို အချိန်နှင့်တစ်ပြေးညီ ပြည့်စုံစွာဖော်ပြထားတယ်လို့ကြားသိရပါတယ်။
-
အဲ့ဒီစာစောင်ကို အိန္ဒိယဝန်ကြီးချုပ်မိုဒီကိုပေးအပ်ခဲ့သလို BIMSTEC အစည်းအဝေးတက်ရောက်လာတဲ့နိုင်ငံ့ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ BIMSTEC လူငယ်မျိုးဆက်သစ်ဖိုရမ်ကိုတက်ရောက်လာတဲ့အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကိုလည်းဖြန့်ဝေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
-
သတင်းတု/သတင်းအမှားတွေနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုကျဆင်းအောင်ဖျက်စီးခံနေရချိန်မှာ နိုင်ငံအတွင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို နိုင်ငံတကာထိ ရောက်ရှိအောင် ယခုလိုမျိုးအခွင့်အလမ်းကောင်းကို မိမိရရအသုံးချပြီး စာအုပ်နှင့်စာစောင်ကိုဖြန့်ဝေးပေးလိုက်တဲ့
နစကဥက္ကဌရဲ့မီဒီယာလက်နက် ဟာ ထိရောက်မှုရှိမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်ရှင့်

#ခင်ညိုချော
AA အကြမ်းဖက်အဖွဲ့ကို
ငွေကြေးတွေ ထောက်ပံ့ပေးထားတဲ့ အထောက်အထားနဲ့တကွ ဖမ်းဆီးရမိ။

မှိုင်းဝေ
Repost qilingan:
Ko Thet avatar
Ko Thet
ဟာသဆန်သော ကတိစကားများ

တကယ်တော့ ဟာသဆန်တာလို့ မသုံးချင်ဘူးဗျ။ -ာဆန်တာလို့ သုံးချင်တာ။ မြောက် ၃ ကောင်အဖွဲ့က ၁ ရက်နေ့က တစ်လအပစ်အခတ်ရပ်စဲမယ်လို့ ထုတ်ပြန်တယ်။ ၂ ရက်နေ့ကျတော့ ပဲခူးတိုင်းထဲက ညောင်ကျိုးစခန်းကို AA က အလစ်ဝင်တိုက်တယ်။ အခု ညောင်းကျိုးစခန်းရသွားတော့ တရားဝင်စာမထုတ်ရဲဘူး။ အရင်ကဆို ဓာတ်ပုံတွေ ဝေနေအောင် တက်မယ့်အမျိုး။
-
လေကြောင်းတိုက်ခိုက်တယ်ဆိုတာကို ကမ္ဘာအနှံ့အရင်ဖြန့်တယ်။ ပြီးတော့ ကယ်ဆယ်ရေးလုပ်နေရတဲ့ တပ်အဖွဲ့တွေကို ခပ်စိတ်စိတ် တိုက်ခိုက်မှုလုပ်တယ်။ ဘေးကြပ်နံကြပ်ထဲကို မရောက်ရောက်အောင်ဆွဲချပြီး အဘက်ဘက်ကနေ အမြတ်ထုတ်ဖို့ ကြိုးစားတယ်။
-
ဒီငလျင်ကို အကြောင်းပြုပြီး AA စ အမြတ်ထုတ်ပြီ။ အပစ်ရပ်မယ်လို့ ကြေငြာပြီး ၁ ရက်ပဲကြာတယ်၊ အလစ်ဝင်တိုက် တာနော်။ ဘယ်သူဘာပြောလဲ။ ဝမ်းသာတဲ့လူနဲ့၊ အားပေးတဲ့လူနဲ့၊ လေကြောင်းလေကြောင်း တတွင်တွင်အော်နေတဲ့ သူတွေလည်း အသံမထွက်တော့ဘူး။
-
အရေးထဲ ရခိုင်တွေက မဟာမုနိဘုရားကြီးမပျော်တော့ဘူးဆိုတာကတစ်မျိုး၊ နယ်တွေနဲ့ အခုငလျင်ဖြစ်တဲ့ မန္တလေးနဲ့ သွေးခွဲနေတာက တစ်မျိုး၊ မေးပါဦးမယ်၊ အာရှမှာ အကြီးမားဆုံးငလျင် ကိုယ့်နိုင်ငံမှာ ဖြစ်တာကို ပျော်နေကြတာလား။ မျက်စိတစ်မှိတ်အတွင်း အသက်ပေါင်းများစွာ၊ အိုးအိမ်ပေါင်းများစွာ ပျက်စီးသွားရတာကို အခွင့်ကောင်းရပြီလို့ တွေးနေကြ တာလား။
-
ကိုယ်တွေ ဗေဒင်မတတ်ပါဘူး။ သို့သော်လည်း ဒီနိုင်ငံ၊ ဒီလူမျိုးတွေအတွက် ကြိုပြီးတော့ ဟောပေးမယ်။ ဒီထက်ဆိုးတဲ့ ဘေးတွေ လာလိမ့်ဦးမယ်။ ဒီလောက် ကပ်ဘေးဖြစ်နေတာတောင် စိတ်ထဲမှာရှိနေတဲ့ အမုန်းတရားတွေ အာဃာတတွေ မချေဖျက်နိုင်ရင်၊ တစ်နေရာပြီးတစ်နေရာ ဘေးတွေ လာလိမ့်ဦးမယ်။ စိတ်ချ။
-
ဂျပန်က ဟီရိုရှီးမားနဲ့ နာဂါဆာဂီနှစ်မြို့ နျူကျဲခံရလို့ ဆုံးရှုံးအပြီးမှာ တစ်မျိုးသားလုံးရဲ့ စိတ်ဓာတ်တွေဟာ အတူတက ွပေါင်းစည်းသွားမိပြီး ကောင်းသောပြောင်းလဲခြင်းတွေနဲ့ အခုလို ကမ္ဘာ့ထိပ်သီးနိုင်ငံဖြစ်လာခဲ့တယ်။ ကိုယ့်နိုင်ငံမှာ ဒီနျူထက် အဖျက်စွမ်းအားပိုကြီးတဲ့ ငလျင်ကြောင့် မြို့တွေ လေးငါးမြို့ အမှိုက်ပုံဖြစ်သွားရတော့ ဂျပန်လိုများ စည်းလုံးလာမလား မှတ်တယ်။ ပိုဆိုးသွားတယ်။ ကိုယ်သာ နစက ဥက္ကဌဆို ဘယ်လောက်လုပ်ပေးနေနေ လိုက်ဖျက်နေတဲ့ အောက်တန်းစားအဖွဲ့ တွေကို စိတ်ပျက်လွန်းလို့ ရော့အင့်ဆိုပြီး ပေးပစ်လိုက်ပြီး ဘာဆက်လုပ်မလဲဆိုတာပဲ ထိုင်ကြည့်နေမှာ။
-
အချင်းချင်းခွက်စောင်းတွေခုတ်၊ နေရာအနှံ့ ဒုစရိုက်မှုတွေဖြစ်၊ ယီမင်တို့၊ ဆူဒန်တို့လို နေ့စဉ်နဲ့အမျှ ပြေးလွှားနေ၊ အငတ်ဘေးတွေဖြစ်ကြရမှ ဘယ်သူမှ ဘာမှ မပြောနိုင်တော့မှာ။
-
တောမီးလောင်တော့ တောကြောင်လက်ခမောင်းခတ်ဆိုသလို တောကြောင်တွေများလာရင် ကိုယ့်နေရာကိုရောက်လာမှာ မကြာဘူး။ အခုတောင် ငလျင်ဖြစ်တဲ့မြို့တွေ မန္တလေး၊ ပျော်ဘွယ်ဘက်တွေမှာ အေးဓားပြတွေတိုက်နေတာ ဒုနဲ့ဒေး။ သူခိုးတွေ ဆယ်ယောက်လောက် အုပ်စုဖွဲ့ပြီး လိုက်ခိုးနေတာ။ အိမ်ရှင်တွေမှာ မအော်ရဲဘူး။ အသတ်ခံရမှာကြောက်လို့။
-
တပ်ဘက်က အခု အပစ်ရပ်တယ် ကြေငြာထားတယ်။ EAO တွေထဲက ဘယ်အဖွဲ့တွေ အခွင့်ကောင်းယူပြီး တိုက်ပွဲဖော်မလဲ စောင့်ကြည့်နေတယ်။ EAO တွေ လုပ်ချင်တာလုပ်ပြီးရင် ပြည်ပမှာနေတဲ့ NUG တို့ ဆယ်လီဘရစ်တီတို့က တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပါတယ်လို့ အော်ပေးလိုက်ကြပါဦး။ အားလုံးဝိုင်းဝန်းပေးတော့ တစ်နိုင်ငံလုံးမြန်မြန် ပျက်တာပေါ့။

(ပိုင်စိုး)
https://www.tiktok.com/@kothet10101010/photo/7488918344746241285?is_from_webapp=1&sender_device=pc&web_id=7402886078983980545
Repost qilingan:
Western 24 News avatar
Western 24 News
အကြမ်းဖက် သမားတွေအပစ်ရပ်ကြောင်းစာထုတ်တယ်ဆိုတာ ပြည်သူအပေါ်စေတနာရှိလွန်းလို့လို့ ယုံစားမိရင်တော့မှားသွားလိမ့်မယ်။

Rekordlar

22.02.202523:59
28.3KObunachilar
28.02.202520:14
700Iqtiboslar indeksi
27.02.202515:18
71KBitta post qamrovi
02.02.202502:47
71KReklama posti qamrovi
20.03.202517:56
126.47%ER
03.01.202523:59
98.62%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
OCT '24JAN '25APR '25

May Yu Htar Nay mashhur postlari

24.03.202517:12
စစ်တွေမြို့နယ်၊ ခမောင်းတောရွာအနီးရှိ အကြမ်းဖက် AA သူပုန်များအား လက်စတုန်းချေမှုန်းခြင်း (24-3-2025) 👏👏👏
-
တိုက်ပွဲသတင်းစုံ
22.03.202515:56
စစ်တွေမြို့နယ်၊ ခမောင်းတောရွာအနီးရှိ အကြမ်းဖက်သူပုန်များအား လက်စတုန်းချေမှုန်းခြင်း (22-3-2025)
-
တိုက်ပွဲသတင်းစုံ
22.03.202505:01
ကျောက်ဖြူမြို့နယ်၊ ကြပ်တိန်ရွာအနီးရှိ အကြမ်းဖက် AA သူပုန်အား Drone ဖြင့် ချေမှုန်းသုတ်သင်ခြင်း (21-3-2025)
-
တိုက်ပွဲသတင်းစုံ
ထွန်းမြတ်နိုင် ကြောင့်ရခိုင်မှာမပျော်ရကေလေ့ ကျောက်မြောင်းမှာ ပျော်ရပါရေလို့ကျောက်မြောင်းသင်္ကြန်က ညီမချေတိ ချိုက်ကောင်းထမန်းချေ🥰🥰 တွချစ်ရေနန်း😘😘
18.04.202508:43
ရခိုင့်အရေး၊ မြန်မာ့အရေး
--------------------
(၁၈-၄-၂၀၂၅)

ကဲ… မြန်မာ့သင်္ကြန်ကြီးလည်း ရိုးရာမပျက် အေးအေးချမ်းချမ်းပြီးသွားခဲ့ပြီ။ ပျော်ဖို့အတွက် မဏ္ဍပ်ကြီးတွေ မလိုပါဘူး။ မြို့အလိုက် သူ့ဟာနဲ့သူတော့ ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားလေး ရှိကြတာတွေ့ရတယ်။ ကျောက်မြောင်းရခိုင် သင်္ကြန်ဆိုတာတွေ့ရတော့ သဘောကျပါတယ်။ ရခိုင်တို့ မွန်တို့က သင်္ကြန်ကို ကျန်တိုင်းရင်းသားတွေထက် ပိုကြိုက်ကြတယ်မှတ်လား။ ပျော်နေကြတာမြင်ရတော့ စိတ်ချမ်းသာတယ်။

စိတ်မကောင်းစရာက ပြည်မရောက်နေတဲ့ ရခိုင်တွေကလွဲလို့ ကျန်ရခိုင်ပြည်နယ်မှာတော့ အရင်လို သင်္ကြန်ကို ပျော်နိုင်မယ်မထင်ဘူး။ အရေးထဲ Legacy IAS Academy လို့ခေါ်တဲ့ အိန္ဒိယပုဂ္ဂလိကကျောင်းရဲ့ ဘင်္ဂလားစစ်တပ်ဟာ အမေရိကန်ရဲ့အထောက်အပံ့တွေနဲ့အတူ ရခိုင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့သွားမယ်ဆိုတဲ့ သတင်းကြောင့် အံ့ဩမိသွားတယ်။

လောလောဆယ် ဘယ်ကရမှန်းမသိတဲ့ သတင်းကို လက်ချာပုံစံလုပ်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ ဘင်္ဂလားဒေ့ချ်တပ်မတော်က မြန်မာ့အစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်တဲ့ နည်းပညာ၊ အထောက်အပံ့တွေ ပေးသွားမယ်ဆိုတဲ့ သတင်း။ ဒီသတင်းအမှန်ဆိုရင် အဲ့တာ ပြည်ပစစ် အတိအလင်းကြေငြာတာပဲပေါ့။

တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ဘင်္ဂလားအစိုးရဟာ မြန်မာအစိုးရနဲ့ ဘင်းစတက်အစည်းအဝေးမှာလည်း တွေ့ဆုံခဲ့တယ်။ ငလျင်အတွက်လည်း အကူအညီအဖွဲ့တွေ စေလွှတ်ကူညီနေတာမို့လို့ ဒီသတင်းဟာ ဖွသတင်းသက်သက် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် သတိဆိုတာပိုတယ်မရှိမို့လို့ ဘင်္ဂလားနယ်စပ်က ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ AA တို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမှရမယ်။

AA က ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းနိုင်ရင်ပြီးသွားမယ်လို့ မထင်ကြနဲ့။ အဲ့ဒီအချိန်ကျမှ ဇာတ်လမ်းစမှာ။ သိန်းသန်းချီနေတဲ့ ဘင်တွေအတွက် နိုင်ငံတော်အသစ် ဖော်ဆောင်မယ့်လမ်းမှာ ရခိုင်တွေက အသုံးချခံဖြစ်သွားလိမ့်မယ်။

ကိုယ့်လူမျိုးအချင်းချင်း ညှိနှိုင်းလို့ရတယ်။ ပြည်တွင်းစစ်ကနေ ပြည်ပစစ်ဖြစ်သွားမယ်ဆိုရင် အဲ့ဒီနယ်မြေက ဖုန်ဆိုးမြေသာသာဖြစ်သွားရမှာ အားလုံးသတိချပ်စေချင်တယ်။

(ပိုင်စိုး)
Repost qilingan:
Min Chit Oo avatar
Min Chit Oo
Video
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက မွတ်ဆလင်တွေကို ရခိုင်ပြည်နယ်အတွင်းသို့ ခေါ်သွင်းနေသည့် AA အကြမ်းဖက်အဖွဲ့ဝင် မွတ်ဆလင်လူမျိုးတစ်ဦး
Repost qilingan:
Western 24 News avatar
Western 24 News
AA အကြမ်းဖက် အဖွဲ့ရဲ့လားရာ ဘယ်ကိုဦးတည်နေလဲဆိုတာ မျက်စိစုံမှိတ်ထောက်ခံခဲ့တဲ့ သူ့လော်ဘီ မီဒီယာတွေတောင်ရိပ်မိလာကြပီ။
16.04.202502:17
အမျိုးတိအားလုံးသာလီစွ ပါနန်း🥰🥰 ကျောက်မြောင်းမှာ ပွဲချနိန်ပါရေ တွပျော်ဖို့ကောင်းနိန်လို့ လာလတ်ဖို့ဖိတ်ပါရေနန်း🥰🥰
Repost qilingan:
Min Chit Oo avatar
Min Chit Oo
29.03.202513:33
နိုင်ငံရေးအောက်လုံးထိုးစကားတွေကို နားယောင်ပြီး
"နိုင်ငံတကာအကူအညီ ဘယ်လောက်လာလာ
နာဂစ်လိုပဲဖြစ်မှာပါ"ဆိုပြီး ဘုဂလန့်တိုက်/ သံယောင်ဝါးလိုက်၊ အောက်လုံးထိုးနေသူများကြည့်ရန်

နာဂစ်တုန်းက တပ်မတော် အစိုးရဘယ်လိုလုပ်ခဲ့လည်းဆိုတဲ့ သမိုင်းကို တွေ့ရပါလိမ့်မယ်

video ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ကိုယ်တိုင် edit လုပ်ခဲ့တာပါ

နိုင်ငံရေးသမားတွေရဲ့ ယုတ်မာကောက်ကျစ်တဲ့ အောက်လုံးထိုးတိုက်ခံမှုတွေကို သံယောင်မလိုက်စေချင်လို့

ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်နိုင်ကြဖို့ တင်ပြပေးခြင်းပါ

#MinChitOo
25.03.202510:28
ကျောက်ဖြူမြို့နယ်၊ ကြပ်တိန်ရွာအနီးရှိ အကြမ်းဖက် AA သူပုန်အား ချေမှုန်းခြင်း (25-3-2025) ❤️❤️❤️
-
တိုက်ပွဲသတင်းစုံ
Repost qilingan:
Western 24 News avatar
Western 24 News
02.04.202502:44
ဪ .. ပြည်ဖျက်မီဒီယာတွေ ပြည်ဖျက်မီဒီယာတွေ
-
သတင်းအမှားတွေနဲ့ ဂျင်းထည့်နေပြန်ပြီ .. အဆိပ်ခတ်နေပြန်ပါပြီ
-
ယူနန်အဖွဲ့တွေက ၃၁ ရက် မနက်အစောကြီးကတည်း mdy ကို ရောက်နေပြီ .. ပစ်ခတ်ခံရမှု ဘာမှ မရှိပါ။ (ဒုတိယပုံ)
-
ပြည်သူတွေ ငလျင်ဒဏ်ကို ဝမ်းနည်းပူဆွေးစွာဖြတ်သန်းနေရချိန် ပြည်ဖျက်မီဒီယာ DVB က အချိန်ကိုက် ပြည်သူတွေရဲ့ နားထဲကို သတင်းအဆိပ် သံရည်ပူတွေ လောင်းထည့်နေပြီ .. တော်တော်အောက်တန်းကျတဲ့ DVB .. 😡
25.03.202509:36
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား AA အကြမ်းဖက်အဖွဲ့ဝင် မွတ်ဆလင် ၃ ဦးကို AA ယူနီဖောင်းများနှင့်အတူ RAB က ဖမ်းဆီး
============================
တစ်နိုင်ငံလုံးအနေဖြင့် ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
-
တိုက်ပွဲသတင်းစုံ
အချေအမိ တိကို စစ်မှုထမ်းရဖို့လတ် ခလိုးသားတိ မှာပြင်နိန်ကတ်တေ ငရို့ရခိုင်ပြည်သူတိဘဝစော် ယင်းကောင်တိကြောင့်မအီးချမ်း😰
Repost qilingan:
Ko Thet avatar
Ko Thet
26.03.202513:45
ရခိုင်ပြည်နယ်ရဲ့ အနာဂတ်

AA ထိန်းချုပ်မှုအောက်ရောက်နေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့ရွာတချို့ကို AA က စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးလိုက်တယ်။ ဒါပေမယ့် တပ်မတော် ကျင့်သုံးတဲ့ ပြည်သူစစ်မှုထမ်းနဲ့ ဘာမှမဆိုင်ဘူး။ ရခိုင်မှာ ရခိုင်ဖြစ်ဖြစ်၊ ဘင်္ဂလီ ဖြစ်ဖြစ်၊ မြိုဖြစ်ဖြစ်၊ သက် ဖြစ်ဖြစ် အရွယ်ရောက်ရင် စစ်မှုထမ်းကို ထမ်းရမယ်ဆိုတဲ့ စနစ်ကျင့်သုံးလိုက်တာ။ အရွယ်ရောက်ရင် အကြောင်းပြချက် မရှိ၊ စစ်မှုထမ်းကို ထမ်းရမယ်ဆိုတဲ့ စနစ်မျိုး။
-
ဒါကို AA မှိုင်းမိနေတဲ့ ရခိုင်တွေကတော့ ဝမ်းသာအားရ ထောက်ခံမှာပါပဲ။ ဒါကလည်း အောက်ခြေမှာ လူမျိုးရေး အမုန်းတရား စိတ်ကလည်း ကိန်းအောင်းနေပြီကိုး။ ဒါ့ကြောင့်လည်း အလံဖြူပြထားတဲ့ သင်္ဘောပေါ်က လူတွေကို ဒီစိတ်နဲ့ပဲ သတ်ဖြတ် နိုင်ခဲ့တယ်ဆိုတာ အထင်အရှားပဲ မဟုတ်လား။ ဒါပေမယ့် ဘယ်သူမှ သတိမပြုမိတဲ့အချက်က ရခိုင်ပြည်နယ်ရဲ့ ပညာရေး မျိုးဆက်နဲ့ အခြားကဏ္ဍအသီးသီးက နောက်ကျ ကျန်နေခဲ့ပြီ ဆိုတာပါပဲ။
-
တချို့ ရခိုင် AA တွေ တွေးတာက.... တပ်မတော်ဟာ စစ်ရှုံးသွားလို့ ရခိုင်ပြည်နယ်ကို ဒီတိုင်း လွှတ်ထားတော့မယ်လို့ တွေးနေပုံရတယ်။ တပ်မတော်မှာ ကြည်း၊ ရေ၊ လေ ဟန်ချက်ညီနေသမျှ ဘယ်တော့မှ စစ်ရှုံးမှာ မဟုတ်ဘူး။ အားနည်းချက် တွေကို သင်ခန်းစာယူပြီး ပြန်လာလိမ့်မယ်။ ခုရခိုင်မှာ မြို့နယ် ၁၃ မြို့နယ်ကိုရဖို့ ရခိုင်လူမျိုး ဘယ်လောက်ကို AA ရင်းပေးလိုက်ရပြီလဲ။ ဒါပေမယ့် တပ်မတော်မှာက ဥပဒေအရ အကျုံးဝင်တဲ့ စစ်မှုထမ်း အင်အား ၁၃ သန်းက အရံသင့်ရှိနေတယ်။ မူးယစ်ဆေးဝါးနဲ့ တရားမဝင် အလုပ်မှမလုပ်ရင် AA က သူ့ရခိုင် တပ်ဖွဲ့ဝင်တွေကို ဘာနဲ့ ထမင်း ကျွေးမလဲ။ ဘာနဲ့ ချပ်ဝတ်တန်ဆာ ဆင်မလဲ၊ ဘာနဲ့ လက်နက်၊ ခဲယမ်း ဖြည့်တင်းမလဲ။
-
ဂျပန်ကိုယ်စားလှယ်ကြောင့် ငြိမ်း‌ချမ်းရေးရပြီး တည်ငြိမ်ခဲ့တဲ့ ရခိုင်ဟာ သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပ နိုင်ခဲ့တယ်။ ခုတော့... စစ်ကြောင့် တက္ကသိုလ်ဝင်ခွင့်ရာခိုင်နှုန်းကအစ မူလတန်းအရွယ်တွေအဆုံး ပညာသင်ခွင့်တွေပါ ဆုံးရှုံးကုန်တယ်။ ဒီလို အစစအရာရာ ပျက်စီးနေတဲ့ မြို့နယ်တွေရဲ့ အုပ်ချုပ်မှုယန္တရားဟာ ဆယ်စုနှစ် တစ်ခုကျော်အောင် ကျော်ဖြတ်ပြီးမှ အရင်လို အနေအထားရောက်လိမ့်မယ်။ စစ်ကြောင့် ဘဝပျက်ရတဲ့ အခြေအနေနဲ့ နေစရာ အိမ်မရှိတော့တဲ့ အခြေအနေကို ပြည်ပရောက်နေတဲ့ ရခိုင်တွေတော့ ကိုယ်ချင်းစာပေးနိုင်မှာ မဟုတ်ဘူး။
-
ဒီစစ်ပွဲ အဆုံးမသတ်နိုင်သေးသရွေ့ အစစအရာရာ နောက်ကျကျန်နေရစ်ခဲ့ရမယ့် အခြေအနေမှာ .....၊ ဒီစစ်ပွဲ အပြီး မသတ်နိုင်သေးသရွေ့ လူဖြစ်ရှုံးရဦးမယ့် အခြေအနေမှာ ခင်ဗျားတို့က ဘာတွေ မျှော်လင့်ပြီး ဒီစစ်ပွဲကို ရေရှည်သွားဖို့ တွေးနေကြလဲ ဆိုတာ.... ကိုယ်တော့ စဉ်းစားလို့တောင် မရဘူး။

(နရီမိုး)
https://www.tiktok.com/@kothet8888888/photo/7486112369110764807?is_from_webapp=1&sender_device=pc&web_id=7402886078983980545
Ko'proq funksiyalarni ochish uchun tizimga kiring.