Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
MZP Movies (ကိုရီးယား) avatar

MZP Movies (ကိုရီးယား)

ကြော်ငြာထည့်သွင်းလိုပါက Admin Acc @MZP_Entertainment @SGPH_Myanmar
ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/EQluAiHUoJYzMDI9
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaAug 01, 2024
TGlist-ga qo'shildi
Feb 09, 2025

Rekordlar

23.04.202523:59
101.4KObunachilar
22.02.202504:32
600Iqtiboslar indeksi
12.02.202523:59
1.5KBitta post qamrovi
12.02.202523:59
1.5KReklama posti qamrovi
08.03.202523:59
3.19%ER
12.02.202523:59
1.84%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
MAR '25APR '25

MZP Movies (ကိုရီးယား) mashhur postlari

The Roundup: Punishment (2024)

ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့
အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်…
အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့
 
လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့
စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်…
ဒီကားက ရယ်ရတဲ့အခန်းတွေများသလို
 
အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့
 
စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်…

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/9

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
မေတ္တာတရား မှော်ပညာ ဟာသ သည်းထိတ်ရင်ဖိုနဲ့
လျို့ဝှက်ချက်လေးတွေ ပါဝင်တာမို့လို့ ရှေးခေတ်ယခုခေတ် ခေတ်နှစ်ခေတ်ယှဉ်ကြည့်ရတာသဘောကျတဲ့သူတွေ ကြည့်သင့်ပါတယ်။

ဝူချီအမည်တွင်တဲ့မှော်ဆရာလေးဟာ သူလိုချင်တဲ့ ကြေးမုံနဲ့ ကြေးသွန်းဓားတို့ကိုလိုက်လံရှာဖွေရင်း ကောင်းကင်ဘုံကကျလာတဲ့ မှော်ပုလွေတစ်ခုကိုရသွားခဲ့ပါတယ်။

ဒီမှော်ပုလွေကြောင့်ပဲ ဆရာကြီးဟွာဒမ်းနဲ့နတ်ဘုရားသုံးပါးတို့ကသူ့ဆရာကိုသတ်တယ်လို့ ပြောကြပြီး
ပန်းချီကားတစ်ခုထဲ နှစ်ပေါင်းငါးရာပိတ်လှောင်ခဲ့ပါတယ်

နတ်ဘုရားသုံးပါးမှာ မှော်ပုလွေရဲ့သခင်ဖြစ်တဲ့ ပေါင်းကူးနတ်ဘုရားကိုလည်း ရှာဖွေရအုန်းမှာဖြစ်လို့ နှစ်ပေါင်းငါးရာလုံး လူ့ဘုံမှကျင်လည်နေကြတယ်။

ဒီဖက်ခေတ်မှာမှင်စာတွေ ပြန်သောင်းကျန်းချိန် ဆရာဟွာဒမ်းလည်းမရှိတာမို့နတ်ဘုရားသုံးပါးဟာ ဝူချီကို ပန်းချီကားထဲကပြန်ထုတ်ပြီး မှင်စာတွေကိုနှိမ်နှင်းဖို့ကူညီခိုင်းရင်း…

ဝူချီတစ်ယောက်သူလိုချင်တဲ့အရာတွေရောရသွားလား?
နတ်ဘုရားတွေရော ပေါင်းကူးနတ်ဘုရားကို ရှာတွေ့ကြရဲ့လားဆိုတာကို တော့….

Woochi: The Demon Slayer (2009)

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/16

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
The Spy: Undercover Operation (2013)

Chul-Soo ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ထူးချွန်ထက်မြက်တဲ့အတွက်
အရေးကြီးစစ်ဆင်ရေးတွေ တိတ်တဆိတ်သုတ်သင်ရေး ကိစ္စတွေမှာဆို
အထူးတာဝန်ပေးအပ်ခြင်းခံရတယ်……
အေးဂျင့်တစ်ယောက်မှာရှိတဲ့ အရည်အချင်းအားလုံးရှိသလို
စည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်သွေမတိမ်းလိုက်နာလေ့ရှိတယ်…
အထူးအေးဂျင့်ဖြစ်နေတော့ သူ့အလုပ်ကို အိမ်သူသက်ထားကိုတော့
အသိပေးထားခြင်းမရှိဘူး…..
သိပ်တော်တဲ့အေးဂျင့်ဖြစ်ပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ရှိတယ်…
အိမ်က လေဒီကို မဟားတရား နင်းကန် ကြောက်ရပါတယ်….
ရန်သူတွေရဲ့ကျည်ဆန် မိုးသီးမိုးပေါက်တွေလိုကျနေတာတောင်
ဖုန်းမကိုင်ဘဲ မနေရဲပါဘူး…………………..
ဒီလိုနဲ့ အထူးစစ်ဆင်ရေးတွေတာဝန်ထမ်းရင်း မိန်းမကလည်း
အိမ်ထောင်ဦးစီးမပီသလိုဖြစ်နေတဲ့သူ့ကို ကြာတော့
စိတ်ပျက်လာဟန်တူပါတယ်….
ဒီလောက်အခြေအနေဆိုးတဲ့ကြားထဲ
ကိုးရီးယားတစ်နိုင်ငံလုံးကို ဒုက္ခရောက်စေမယ့် အကြမ်းဖက်အဖွဲ့ကို
နှိမ်နှင်းဖို့စုံစမ်းထောက်လှမ်းရတဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့ ..
Chul-Soo တစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြတ်သန်းမလဲ …
ဒီကားက မင်းသားကြီး Kyung-gu Sol အဓိကသရုပ်ဆောင်ထားပြီး
အက်ရှင်ခန်းတွေလည်း မိုက်သလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်…
ရယ်လည်းရယ်ရသလို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အက်ရှင်ခန်းပေါင်းများစွာလည်းပါလေတော့
ခံစားကြည့်လိုက်ဦးဗျို့….

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/31

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
The Killer (2022)

အက်ရှင်ကားငတ်နေတဲ့သူတွေအဖို့တော့ နင်းကန်လန်းပါတယ်..
မင်းသားက အရေးအကြောင်းဆိုရင် မိန်းကလေးဖြစ်နေလည်း
မျက်နှာတွေဖြတ်ရိုက်သလို ကျောင်းသားအရွယ်ဖြစ်နေလည်း သူ့ရန်ရှာရင်
ခြေထောက်တွေ လက်တွေ မျက်တောင်တစ်ချက်မခတ်ဘဲ ရုက်ချိုးပစ်ပါတယ်..
တကယ့်လူမိုက်တွေဆိုရင်တော့ပြောမနေနဲ့တော့…
ဘန်ဝီဂန်ဆိုတဲ့ ဘဲတစ်ပွေဟာ သူ့ကောင်မလေး အပျော်ခရီးမထွက်ခင်
ကလေးမလေးတစ်ယောက်ကို သွားတဲ့ကာလအတွင်း စောင့်ရှောက်ပေးဖို့
မှာသွားခဲ့တယ်…
သူကလည်း မကောင်းတတ်လို့သာ လက်ခံလိုက်ရတယ်..၁၇ နှစ်အရွယ်ကလေးမလေးဆိုတော့
အရာရာစူးစမ်းချင်စိတ်တွေပြည့်နေတဲ့အရွယ်လေး..
ဒါ့ကြောင့် အိမ်မလိုက်ချင်ဘူး သူငယ်ချင်းအိမ်မှာပဲနေမယ်ဆိုတော့
သူက ပိုက်ဆံတောင် သုံးဖို့စွဲဖို့ ထည့်ပေးလိုက်သေးတယ်…
အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံတက်တော့တာပါပဲ…
ဘာတွေလဲဆိုတာကိုတော့ …………………

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/28

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
လေယာဉ်မယ်လေးတွေအပေါ် ပါးစပ်အရသာခံပြီး ထိကပါးရိကပါးနဲ့ ကိုယ်ရေးခံစားချက်ထိခိုက်အောင်လုပ်တဲ့အထက်လူကြီးကို လူသိရှင်ကြားထုတ်ဖော်လိုက်တဲ့ကိစ္စမှာ

ဘေးကနေစက်ကွင်းမလွတ်ဘဲ 'လှတယ်' လို့ပြောခဲ့မိတဲ့ ဟန်ဂျောင်အူဆိုတဲ့တစ်ယောက်ပါရောယောင်ပြီး အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်

မိသားစုကလည်း အလုပ်အပေါ်မှာပဲစိတ်နှစ်ထားပြီး သူ့အတွက်အချိန်မပေးလို့ဆိုပြီး မိန်းမကွာရှင်းတာလည်းခံလိုက်ရပါသေးတယ်

အရင်လေကြောင်းလိုင်းနဲ့ပြိုင်ဘက်ဖြစ်တဲ့ဆီ အလုပ်သွားလျှောက်တော့လည်း အင်တာဗျူးမအောင်ဘဲ မိန်းကလေးတွေကိုသာရွေးခန့်နေမှန်း ဟန်ဂျောင်အူတစ်ယောက်သိလိုက်ရတယ်

နောက်ဆုံးကျဘယ်မှာမှအလုပ်ဝင်မရတဲ့အဆုံး ညီမလေးရဲ့နာမည်ကိုယူပြီးမိန်းကလေးဟန်ဆောင်ကာ အလုပ်လျှောက်လိုက်မှပဲ အင်တာဗျူးအောင်သွားလေတော့တယ်။

ဟန်ဂျောင်အူတစ်ယောက် မိန်းကလေးအနေနဲ့အလုပ်ဝင်ကြည့်မှပဲ လုပ်ငန်းခွင်အတွင်း ယောက်ျားသားတွေရဲ့ မထိတထိပြောဆိုပုံ၊ သူ့ကိုမြှူဆွယ်ပါတယ်ဆိုပြီးစွပ်စွဲပုံတွေက ခံရခက်မှန်း စိတ်ထိခိုက်စေမှန်း နားလည်မှုပေးနိုင်သွားတဲ့အကြောင်းလေးကို တင်ဆက်ဖော်ပြသွားတဲ့ကားလေးပါ…

Pilot (2024)

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/13

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
စွန်းကြမ်းတဲ့ အပနှင်Mystery / Thriller movie  လာပါပြီ...
အပနှင်တဲ့သူလိုလို နတ်ဆရာလိုလို အာပလာ ပရော်ဖက်ဆာချွန်းနဲ့
သခင်လေးဂန်လို့ ခေါ်တဲ့ သူ့တပည့် ဂန်အင်ဘယ်တို့က

အပနှင်ဖို့ အလုပ်လာအပ်တိုင်း အပနှင်ချင်ယောင်ဆောင် အိမ်ကို 4D နည်းပညာသုံးပြီးတော့ ဝုန်းဒိုင်းကြဲပြလေ့ရှိပါတယ် ပစ္စည်းတွေကိုလည်း မကောင်းဆိုးဝါးကပ်နေတယ်ဆိုပြီး သိမ်းယူလာခဲ့ပြီး

အောက်ဈေးနဲ့ ပြန်ရောင်းစားနဲ့ ပိုက်ဆံရှာကြတဲ့ လူလိမ်တွေပေါ့ အပနှင်တဲ့ အလုပ်လုပ်ပေမဲ့လည်း သရဲ ရှိတယ်ဆိုတာကို လုံးဝ အယုံအကြည်မရှိသလို

သူတို့ရင်ဆိုင်ရမယ့်အရာက သရဲ မဟုတ်ဘဲ လူတွေရဲ့ စိတ်လို့ပဲ လက်ခံထားကြတယ် ဒါပေမဲ့ တစ်နေ့မှာ ယူဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီးတော့

သိန်း ၅၀၀ ပုံပေးပြီး သူ့ ညီမလေးကို အပနှင်ပေးဖို့အတွက် သူ့အိမ်ကို ခေါ်ခဲ့တယ် အလုပ်ဖြစ်ရင် နောက်ထပ် သိန်း ၅၀၀ ထပ်ပေးမယ်လို့ မက်လုံးပေးတဲ့အတွက် ပိုက်ဆံမက်တဲ့....

Dr. Cheon and the Lost Talisman(2023)

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/14

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Myung Hoon ဟာ မြောက်ကိုရီးယား သူလျှိုဟောင်းတစ်ယောက်ရဲ့ သားဖြစ်ပြီး စန္ဒယားပညာရှင် တစ်ဦးဖြစ်ဖို့ စိတ်ကူးယဉ်နေသူပါ။ ဒါပေမယ့် တောင်ကိုရီးယားမှာ သူ့ဖခင် သေဆုံးသွားပြီး နောက်ပိုင်း သူ့ညီမ Hye In အလုပ်ကြမ်းစခန်းကို ရောက်သွားခဲ့ပါတယ်။ သူ့ဖခင်ရဲ့ အထက်အရာရှိ ကာနယ် Moon Sang Chul က Myung Hoon အတွက် အလုပ်တစ်ခု သယ်ဆောင်လာပါတယ်။ အကယ်၍ အဲဒီအလုပ် အောင်မြင်ခဲ့ရင် သူရော သူ့ညီမပါ လွတ်မြောက်မှာ ဖြစ်ပါတယ်။ အဲဒီအလုပ်ကတော့ သူ့အဖေရဲ့ မပြီးသေးတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ပါပဲ။ သူ့ညီမကိုပါ လွှတ်ပေးမယ်ဆိုတာကြောင့် Myung Hoon က ဒီအလုပ်ကို လက်ခံလိုက်ပြီး ၂ နှစ်တိုင်တိုင် အပြင်းအထန် လေ့ကျင့်ပေးပါတယ်။
Myung Hoon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတစ်ဦး အသွင်နဲ့ တောင်ကိုရီးယားမှာ အခြေချပါတယ်။ မြောက်ကိုရီးယား သူလျှိုအဖွဲ့အစည်းထဲက လင်မယားနှစ်ယောက်အိမ်မှာ မွေးစားသားအနေနဲ့ လာရောက်နေထိုင်ပါတယ်။ သူ့ရဲ့တာဝန်က “ခုနစ်စင်ကြယ်” (Big Dipper) လို့ နာမည်ဝှက်ပေးထားတဲ့ မြောက်ကိုရီးယားရဲ့ သူလျှိုတစ်ယောက်ကို ပြန်လည် ဖြိုခွင်းရမှာပါ။ မွေးစားလင်မယားက သူ့ကို ကျောင်းထားပေးတာမို့ အထက်တန်းကျောင်းမှာ တက်ရပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူလေး Hye In ကို သူ့ညီမနဲ့ နာမည်တူနေတာမို့ ကူညီရင်း သံယောဇဉ်ဖြစ်မိပါတယ်။ Hye In ဟာ အကပညာရှင် ဖြစ်ဖို့ စိတ်ကူးယဉ်နေသူလေးပါ။
ဒါပေမယ့် အခြေအနေဟာ Myung Hoon ကို ကျဉ်းထဲကြပ်ထဲ ရောက်အောင် တွန်းပို့ပေးလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေဆုံးပြီး ကင်ဂျုံအွန် အာဏာရလာတဲ့အခါမှာ Moon Sang Chul ဟာ သူ့ကို သစ္စာဖောက်ပါတော့တယ်။ တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေးတွေကလည်း သူ့ကို စတင်ထောက်လှမ်းမိနေပါပြီ။ သူဘာဆက်လုပ်မလဲ။ သူ့ညီမကို ဘယ်လို ကယ်တင်မလဲ။ သူ့ညီမနဲ့ နာမည်တူတဲ့ သူ့ရဲ့ နံရိုးတစ်ချောင်းကိုရော ဘယ်လိုကာကွယ်ပေးမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။

Commitment (2013)

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/19

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
တစ်ခါတော့ စုံထောက်မာဆော့ဒိုတစ်ယောက် အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြောင်းသွားပြီဖြစ်ပြီး အမှုသစ်တွေလိုက်သွားမှာပါ

စုံစမ်းစစ်ဆေးရေးဌာနကို အမှုသစ်ဝင်လာချိန်မှာ အဲအမှုက လူသတ်မှုလို့ ထင်ရပေမဲ့ နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးဂိုဏ်းကြီးတစ်ခုနဲ့ သွားပတ်သက်နေပါတယ်

အမြဲတမ်း လက်သီးနဲ့ဖြေရှင်းတတ်တဲ့ မာဆော့ဒိုဟာ ဉာဏ်သုံးပြီးလည်း အမှုတွေဖြေရှင်းတာကို ကြည့်ရပါဦးမယ်
Outlaw, The Roundup တွေရဲ့ ဆွဲဆောင်တစ်ခုက ဗီလိန်မင်းသားတွေပဲမဟုတ်ပါလား

ဒီတစ်ခေါက် No Way Out ရဲ့ဗီလိန်အနေနဲ့ကတော့ Lee Joon Hyuk ကပါဝင်သရုပ်ဆောင်ထားပါတယ် ကဲ.. ဘယ်တော့မရိုးနိုင်တဲ့ မာဒုံဆော့ရဲ့ ဟာသနှောတဲ့ အက်ရှင်တွေကို ကြည့်လိုက်ကြပါဦးနော်.....

The Roundup: No Way Out 2023

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/10

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Love Me Not (2006)

Julian သည် သူ၏ ချမ်းသာသော အမျိုးသမီး ဖောက်သည်များထံမှ ဖြားယောင်းသော ငွေဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ ယခုမူ သူသည် သူ၏လုပ်ငန်းကို အလျင်အမြန်ချဲ့ထွင်ခြင်းမှ အတိုးကြီးအကြွေးများနှင့် ရင်ဆိုင်နေရပြီး တစ်လအတွင်း အကြွေးမရှင်းမချင်း အသတ်ခံရမည်ဖြစ်သည်။ သူ့ကိုယ်သူ ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အမွေဆက်ခံသူ၏ နှစ်ရှည်လများ ဆုံးရှုံးသွားသော ညီတော်ဟန်ဆောင်ကာ သူမ၏ ကြီးမားသော ချမ်းသာကြွယ်ဝမှုကို ရယူရန် သတ်ပစ်ရန် ဖြစ်သည်။ ဂျူလီယန်လို စိတ်အေးအေးထားပြီး စိတ်အေးသော မျက်မမြင် အမွေဆက်ခံသူ Min သည် သူ့ကိုယ်သူ ဖြည်းညှင်းစွာ ဖွင့်ဟလာကာ သူလည်း သူ့အပေါ် ကျရောက်လာသည်။ ဒါပေမယ့် Julian က သူ့ကြွေးရှင်ကို ဆပ်ရမှာ ဖြစ်ပြီး သူ့အတွက် ပိုဆိုးစေတာကတော့ Min ရဲ့ မျက်လုံးတွေကို ပြန်မြင်လာရတဲ့ ရောဂါက သူ့အသက်ကို ခြိမ်းခြောက်နေတာပါပဲ။

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/34

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့သူတစ်ယောက်။

တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း ချစ်မိသွားခဲ့တယ်။

အဲ့ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကိုတော့ သူဌေးကို ချုဆော့ပွဲတော်ရဲ့ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်တော့တယ်။

အဲ့ဒီအပေးအယူကဘာလဲ ဘယ်လိုတွေဆက်​ြဖစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး…

Man in Love [2014]

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/17

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
The Swordsman(2020)

ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်…
စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်….
တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ…
ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်…
ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကို
စားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီး
ကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်…ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာ
ဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့…
ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိ
ရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလို
နောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး…

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/5

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
2000 ပြည့်နှစ်တွေက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂင်ဟာနူးခေါင်းဆောင်ပါဝင်ထားတဲ့ တရုတ်-ကိုရီးယား မိသားစုဇာတ်လမ်း‌လေး။

ကိုယ့်ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ယောက်ျားဖြစ်သူ သေဆုံးသွားတဲ့အချိန်မှာ မှတ်တမ်းရုပ်ရှင် ပရိုဂျူဆာ ဂန်မီယွန်းဟာ အမည်မသိသုတ်ပိုးအလှူရှင်တစ်ဦးထံမှ သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့တယ်။

ဒီလိုနဲ့ သူမရဲ့ မိသားစုကမ္ဘာလေးဟာ ဉာဏ်ပြေးတဲ့ သူမသားလေး ဂိုထယ်ဘုံးကြောင့်အနည်းငယ်ပြန်လည် နွေးထွေးလာခဲ့တော့တယ်။ ဒါပေမဲ့ သူမ မထင်ခဲ့တာက ထယ်ဘုံးလေးဟာ အရွယ်လေးမဆိုစလောက် ရောက်လာတဲ့အချိန်မှာ ဖခင်အရင်းကို ရှာတော့တာကိုပဲ။

အရွယ်နဲ့မလိုက်အောင် ဉာဏ်ကောင်းသူဖြစ်တဲ့အလျောက် ထယ်ဘုံးဟာ ရေခြားမြေခြားက ဖခင်အစစ်ကို ရအောင်ရှာဖွေနိုင်ခဲ့ပြီး ထိုသူနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အချိန်မှာ…

ဘာသာစကားမတူပေမဲ့ မိသားစုဆိုတာ နေရာတိုင်းမှာ တန်ဖိုးရှိကြောင်း ရင်နင့်ကြည်နူးဖွယ်ကောင်းအောင် ဖော်ကျူးထားတဲ့အပြင် ကိုရီးယားနဲ့ တရုတ် မင်းသား၊ မင်းသမီးတွေရဲ့ အင်အားကိုလည်း ပြသထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဒါ့အပြင် လူကြီးသရုပ်ဆောင်တွေသာမက ကလေးသရုပ်ဆောင် ထယ်ဘုံး‌လေးရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရသူတွေ ခံစားချက်မျိုးစုံကို ခံစားရစေမယ်လို့ အာမခံတာမို့ ပေါ့ပါးမှုရော၊ လေးနက်မှုရော တစ်ပြိုင်တည်းခံစားချင်တဲ့ ပရိသတ်တွေ အထူးကြည့်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Making Family (2016)
****

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/15

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
The Executioner (2009)

The Executioner ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့
အကျဉ်းထောင်မှာ အလုပ်လုပ်ကြတဲ့ ရဲအရာရှိတွေရဲ့ ဘဝကို ဖော်ပြပေးထားပါတယ်
လူဆိုး လူမိုက် သူခိုး လူလိမ်တွေ အများအပြား စုဝေးရာ
ဒုစရိုက်လောကသားတွေ လူသတ်သမားတွေ များစွာရှိနေတဲ့
ဒီလို အကျဉ်းထောင်မှာ အလုပ်လုပ်ရတဲ့ သူတွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရမှာပါ…

ဇာတ်လမ်းအကျဉ်း
အို့ဂျယ်ယောင်းဟာ အကျဉ်းထောင်မှာ အလုပ်လုပ်ဖို့ အသစ်ရောက်လာတဲ့ အရာရှိလေးတစ်ယောက်ပါ
အသစ်ရောက်တဲ့ ရဲအရာရှိ အငယ်လေးမို့လို့ အကျဉ်းသားတွေက မထီမဲ့မြင်လုပ်ကြပါတယ်
တစ်ရက်မှာတော့ ကွင်းဆက်လူသတ်မှုနဲ့ သေဒဏ်ချခံရတဲ့ အကျဉ်းသားတစ်ယောက် သူတို့ အကျဉ်းထောင်ကို ရောက်လာခဲ့ပါတယ်
အဲ့လူက အို့ဂျယ်ယောင်းကို ပြဿနာရှာဖို့ ကြံနေချိန်မှာပဲ
စီနီယာအရာရှိတစ်ယောက်ဖြစ်တဲ့ ဘယ်ဂျုံဟိုက ဝင်ရောက် ကူညီပေးခဲ့တဲ့နောက်…
သိပ်မကြာခင်အချိန်မှာပဲ
အကျဉ်းသား ၃ ယောက်ကို သေဒဏ်စီရင်ဖို့ အထက်က အမိန့်ကျလာပါတယ်
စီရင်ပေးရမယ့်သူကို မဲနှိုက်ဆုံးဖြတ်တဲ့အခါ အို့ဂျယ်ယောင်းလည်း ပါဝင်နေခဲ့ပါတယ်
အို့ဂျယ်ယောင်းတစ်ယောက် ဒီလို အလုပ်ကြီးကို လုပ်နိုင်ပါ့မလား
ဘယ်လိုအခက်ခဲတွေ ဆက်ကြုံရမလဲဆိုတာ
ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်…။

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/25

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Hope(2013)

ဘယ်ကားတွေ ဘယ်လို ဝမ်းနည်းစရာကောင်းကောင်း ဒီကားကြည့်ပြီးသွားရင် တခြားကားတွေမှာ မျက်ရည်ခိုင်သွားပြီ ဘာလို့ဆို ဒီကားက မျက်ရည် အကုန်ယူသွားလို့
ခုလက်ရှိ ကျွန်တော် တို့ဆီမှာ လတ်တလောဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ပညာပေးဇာတ်ကားလေးတစ်ကားပါ
မိဘတိုင်းကြည့်ထားသင့်တဲ့ ဇာတ်လမ်းလေးပါ။ ကိုရီးယား ဒါရိုက်တာ Joon-ik Lee ရိုက်ကူးထားပြီး ပိရိသတ်အားပေးမှု Rating * 8.2/10 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဆုတွေ တသီကြီးရရှိထားပြီး ပရိသတ်ရဲ့ ရင်ထဲကို massage တစ်ခုခု ရောက်စေတဲ့အထိကို ကောင်းတဲ့ ဇာတ်ကားလေးပါ။

ဇာတ်လမ်းလေးကတော့....
အရမ်းအလုပ်ရှုပ်တဲ့ လင်မယားနှစ်ယောက်မှာ ၈နှစ်အရွယ် ချစ်စရာသမီးငယ်လေး တစ်ယောက်ရှိပါတယ်...
အလုပ်ကိုယ်စီနဲ့မို့ သမီးငယ်လေးကိုလည်း ထင်သလောက် ဂရုမစိုက်နိုင်အားပဲ သမီးလေးမှာ ကိုယ့်အားကိုယ်ကိုးပြီး နေရတဲ့ကလေးမလေးပါ။
မိုးတွေသည်းနေတဲ့တနေ့....ကျောင်းနောက်ကျနေလို့ ကျောင်းကိုသွားရမယ့် လမ်းအတိုင်းမသွားပဲ ဖြတ်လမ်းကနေ သွားပါတော့တယ်။ ကလေးမလေး သွားနေတဲ့ လမ်းလေးမှာ....မထင်မှတ်ပဲ တွေ့လိုက်ရသူကတော့ အရက်တွေမူးနေအောင် သောက်ထားတဲ့ အိမ်ယာမဲ့သမားတစ်ဦးပါ.....။
သိပ်မကြာခင်မှာပဲ သတင်းဆိုးတစ်ခု တက်လာခဲ့တာကတော့ ကျောင်းဖြတ်လမ်းက အဆောက်အဦး ပျက်ထဲမှာ ၈နှစ်အရွယ် မိန်းကလေးတစ်ဦး လူမဆန်စွာ အစော်ကားခံရပြီး မျက်နှာတစ်ခုလုံးလည်း ရိုက်နှက်ခံထားရလို့ ဖူးယောင်နေပြီး သတိလစ်မေ့မျောနေတယ် ဆိုတဲ့ သတင်းပါ။ ကြားသိရတဲ့သတင်းဆိုးကြောင့် ကလေးမလေး မိဘတွေ ရင်ကွဲရပါတော့တယ်။
ကလေးမလေးမှာ အရွယ်နဲ့မမျှအောင် ခံစားလိုက်ရပီး...အသိစိတ်ကင်းမဲ့တဲ့ လူတစ်ယောက်ကြောင့် ကလေးမလေးခမျာ ဖခင်ရင်းကိုတောင် အနားအကပ်မခံတော့ပဲအကြောက်ကြီးကြောက်သွားပြီး ဘဝကို အရမ်း ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်ရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုသံ မေးငေါ့သံ စကားသံတွေကို ကလေးမလေး... ရင်ဆိုင်နိုင်ပါ့မလားဆိုပြီး.... ဖြစ်ရတဲ့ မိဘနှစ်ပါးရဲ့ သောက....
အရက်မူးနေလို့ အသိစိတ်မရှိလို့ ဒီလိုဖြစ်ရတာပါဆိုပြီး....တရားခံရဲ့လျှောက်လဲချက်....
မတရားတဲ့.... လျှောက်လဲချက်တွေ...ပြစ်ဒဏ်ချမှတ်မှုတွေ.....
ခု ကျွန်တော်တို့ လတ်တလော မြင်တွေ့နေရတဲ့... သက်ငယ်မုဒိမ်းမှု...
ကျွန်တော်တို့တွေ ဖြစ်စေချင်နေချင်ကြတဲ့... ပြစ်ဒဏ်ချမှတ်မှု....
အားလုံး...အားလုံးကို... ဒီကားလေးထဲမှာ ကြည့်ရှု့ခံစားရမှာပါ..

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/29

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
The Man from Nowhere (2010)

မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။
ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။
ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။
ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။

ဇာတ်လမ်းအကြမ်းဖျဉ်းကတော့
မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်…
သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။
သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။
ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး
ကလေးမလေးကို ရေဆုံးမြေဆုံးအထိ လိုက်ကယ်ပါတော့တယ်။
ထယ်စောက် ဝင်ရှင်းခဲ့ရတဲ့ ဇာတ်ရှုပ်က ဘာတွေများဖြစ်မလဲ၊
ကိုယ်​တွေရဲ့ အရိုမင်းသားကြီး ဘယ်လိုတွေ ဂေါ်နေမလဲ ဆိုတာကိုတော့
The Man From Nowhere လေးကို ကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။
ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

Channel ကို အရင် join ပါ
https://t.me/+_-W4qeUALwphNzc1

ဇာတ်ကား Link
https://t.me/c/2679212625/139

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Ko'proq funksiyalarni ochish uchun tizimga kiring.