Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
MZP Movies (ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်) avatar

MZP Movies (ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်)

ကြော်ငြာထည့်သွင်းလိုပါက Admin Acc @MZP_Entertainment
ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/EQluAiHUoJYzMDI9
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaГруд 22, 2022
TGlist-ga qo'shildi
Лют 18, 2025

Rekordlar

21.04.202523:59
159.6KObunachilar
01.03.202505:33
400Iqtiboslar indeksi
14.04.202512:32
7.5KBitta post qamrovi
14.04.202512:32
7.5KReklama posti qamrovi
10.03.202523:59
1.45%ER
14.04.202512:32
4.78%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
БЕР '25КВІТ '25

MZP Movies (ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်) mashhur postlari

You and Me and Me (2023)

တစ်ယောက်တည်းမွေးလာရပြီး တစ်ယောက်တည်းသေသွားရမယ့် လောကကြီးထဲမှာ အမြွှာဆိုတာ ဆုလာဘ်တစ်ခုပါပဲ။
အမေ့ဗိုက်ထဲမှာ အတူတူနေခဲ့ရတယ်၊ အဝတ်အစားတွေ အတူတူဝတ်ခွင့်ရှိတယ်၊ အသုံးအဆောင်တွေ အတူတူသုံးခွင့်ရှိတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲချစ်ကြတဲ့ အမြွှာတွေဖြစ်နေရင်တောင် ဝေမျှလို့မရနိုင်တာကတော့ “အချစ်ပေါ့”။

၁၉၉၉ ခုနှစ်ကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာဆိုရင် You နဲ့ Me ဆိုတဲ့ ဆယ်ကျော်သက် အမြွှာညီအစ်မနှစ်ယောက်ဟာ
မွေးကတည်းက အတူသွား အတူလာ အတူစားပြီး တစ်ယောက်မရှိရင် တစ်‌ယောက်မနေနိုင်တဲ့အထိ ချစ်ကြတဲ့အမြွှာတွေပါ။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ဘဝထဲကို Mark လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။

ကံဇာတ်ဆရာအလိုကျ Mark ဟာ ပျိုဖော်ဝင်ခါစ ညီအစ်မနှစ်ယောက်ရဲ့အချစ်ဦး ဖြစ်လာတဲ့အခါမှာတော့ …

ကျန်တာတွေ ဝေမျှနိုင်ရင်တောင် အချစ်ကိုတော့ ဘယ်လိုမှဝေမျှလို့မရတဲ့အခါ ဒီအမြွှာညီအစ်မနှစ်ယောက်ရဲ့ ဘဝကြီးဟာ
အချစ်ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာလားဆိုတာ ကြည့်ရှုခံစားရမယ့် အချစ်ဇာတ်ကားလေးတစ်ကားပါပဲ။

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/144

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။

အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။

အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ – ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ရုပ်ရှင်နှစ်ကားနဲ့ စီးရီးသုံးခုရှိပါတယ်။

ဒီ Baragaki: Unbroken Samurai ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ Hell Dogs (2022) နဲ့ Sekigahara (2017) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Masato Harada ရိုက်ကူးပြီး Jidaigeki (သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်လမ်းတွဲများ) မှာ သရုပ်ဆောင်လေ့ရှိတဲ့ Junichi Okada က ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Hijikata Toshizo (ဟီဂျိကာတာ တိုရှီဇိုး) အဖြစ် သရုပ်ဆောင်ထားပါတယ်။

Baragaki: Unbroken Samurai က ရှင်းဆန်းဂူမိအကြောင်းဆိုတာထက် ရှင်းဆန်းဂူမိရဲ့ ဒုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီဂျိကာတာတိုရှီဇိုးကဘယ်လိုလူစားလဲ… သူကရှင်းဆန်းဂူမိကို ဘယ်လိုရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့သလဲ… ရှင်းဆန်းဂူမိကို သူ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ…

နောက်ဆုံးအချိန်အထိ ရှင်းဆန်းဂူမိအတွက် သူ ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲဆိုတာတွေကို အဓိကကြည့်ရှုခံစားရမှာဖြစ်သလို ရှင်းဆန်းဂူမိဘယ်လိုပေါ်ပေါက်လာသလဲ… ရှင်းဆန်းဂူမိဆိုတာဘာလဲ… ရှင်းဆန်းဂူမိရဲ့တစ်ခြားခေါင်းဆောင်တွေက ဘယ်လိုအကျင့်ရှိကြလဲ… ရှင်းဆန်းဂူမိရဲ့ နာမည်ကြီးတိုက်ပွဲတွေကဘာလဲ… ရှင်းဆန်းဂူမိဘယ်လိုအဆုံးသတ်သွားသလဲ ဆိုတာတွေကိုလည်း ဟီဂျိကာတာရဲ့အမြင်ကနေ သိရှိရမှာဖြစ်ပါတယ်။

၂ နာရီခွဲနီးပါးကြာတဲ့ ဒီဇာတ်ကားကို ဖြစ်ရပ်မှန်သမိုင်းကားကြီးဆိုပြီး ပျင်းစရာကောင်းတယ်လို့ ယူဆကြမှာပါ။ ဒါပေမဲ့ ရှင်းဆန်းဂူမိကဒီလိုကြီးပါလား ဒီခေတ်မှာ ဒီလိုတွေ ဖြစ်သွားခဲ့ပါလားဆိုတာကို ခပ်သွက်သွက်ဇာတ်ညွှန်းကြောင့် မပျင်းရိဘဲ သိရှိရမှာဖြစ်ပြီး အိုဗာတင်းမဟုတ်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဟီဂျိကာတာတို့ရဲ့ဓားရေးယှဉ်ပြိုင်မှုတွေ၊ တိုက်ပွဲအချို့က ကြည့်နေရင်း ဒါမှမဟုတ် ကြည့်ပြီးတာနဲ့ Kenshin Live-Action ငါးကားစလုံးကို ပြန်ကြည့်ချင်စိတ်ဖြစ်ပေါ်စေမှာပါ။

Baragaki: Unbroken Samurai (2021)
~ IMDb – 6.3/10, MyDramaList – 7.2/10 ~

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/75

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Repost qilingan:
Star 99 ️️Channel avatar
Star 99 ️️Channel
မြန်မာပြည်ရဲ့ အလျော်ကြမ်းပြီး ယုံကြည်စိတ်ချစွာ ဆော့ကစားလို့ရတဲ့ 24နာရီ ငွေသွင်း၊ငွေထုတ်မှန်ကန်သော နံပါတ်(1)အွန်လိုင်းဂိမ်း ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့...

" 🔥🔥🔥🔥🍎🍎 "

မန်ဘာသစ်ဘောနပ်များ⚡️

🔣စလော့ဘောနပ် အပို (300%)
(3000သွင်း 9000အပို)

🔣ရှမ်းကိုးမီးဘောနပ် အပို(100%)
(5000သွင်း 5000အပို)

🔣ရှုံးကြေးဘောနပ် 10%
🔣မိတ်ဆက်ဘောနပ် ဖရီး (3000)

❤️✍️🧎⬇️⬇️⬇️

Telegram📱😀@Star99MM

Viber📱😀 09963019971

Channel Link😀😀
https://t.me/ChannelStar99


ရှမ်း♣️၊စလော့🎰 ၊ဘူကြီး၊ ငါးပစ်🐬၊ ဘောလုံး⚽️၊ လေးကောင်ဂျင်🐯 များ အပြင် အခြားဂိမ်းပေါင်း များစွာကိုတစ်နေရာထဲမှာ ပိတ်ရက်မရှိ ဆော့ကစားနိုင်ပါပြီရှင့်🙏

#24hour service
#1unit 1kyat
AI Love You (2022)

ဒေါ့ပ် / ပေါ့ပ် အဖြစ် Mario Maurer
လာန အဖြစ် Baifern Pimchanok

ဇာတ်လမ်းအကျဥ်း
ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ စက်ရုပ်တွေကို အစားထိုးသုံးလာခဲ့ကြတယ်
နေထိုင်ရာ အဆောက်အဦးတွေကအစ AI အစားထိုးသုံးလာပြီး “လာန” အလုပ်လုပ်နေတဲ့ အဆောက်အဦးလည်း အပါအဝင်ပေါ့
– “လာန” က ကြော်ငြာဌာနရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး AI ဖြစ်တဲ့ “ဒေါ့ပ်” နဲ့ ခင်မင်နေတဲ့ လူသားတစ်ယောက်ပါ
– “​ဒေါ့ပ်” တစ်ယောက် “လာန” အခက်အခဲတွေနဲ့ ချစ်သူတစ်ယောက်လိုချင်တာတွေကို နားထောင်ဖြေရှင်းပေးရာက
အချစ်စိတ်တွေ ပေါက်ဖွားလာပြီး system error တက်လာခဲ့တော့တယ်
– “ဒေါ့ပ်”ကို ပြုပြင်ဖို့ ဗဟိုထိန်းချုပ်ဌာနက နည်းပညာရှင် “ပေါ့ပ်”ကို စေလွှတ်ခဲ့ပါတယ်
– “လာန” ပါဝင်တဲ့ မှတ်ဥာဏ်တွေကို “ပေါ့ပ်” တစ်ယောက်ဖျက်​ဆီးဖို့ကြိုးစားရင်း ရှော့ခ်ဖြစ်ပြီး
AI ဖြစ်တဲ့ “ဒေါ့ပ်” ဟာ “ပေါ့ပ်” ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပါတော့တယ်
– “ပေါ့ပ်” ကို လူပွေဆိုပြီး သဘောမကျတဲ့ “လာန”
– လူသားဖြစ်လာတာနဲ့ “လာန”ကို ချစ်ခွင့်ရချင်တဲ့ “ဒေါ့ပ်”
AI နဲ့ လူသားရဲ့ အချစ်ခရီးက အဆင်ပြေနိုင်ပါ့မလား
စက်ပစ္စည်းတွေက လူသားတွေရဲ့ အပေါင်းအဖော် သူငယ်ချင်းအဖြစ်ကနေပိုတဲ့အရာများဖြစ်လာနိုင်မလားဆိုတာ
Baifern နဲ့ Mario တို့ရဲ့ ဆယ်စုနှစ်ကျော်ကြာပြီးမှ တွေ့ဆုံရိုက်ကူးထားတဲ့ “AI Love You” ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/51

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Kisaragi Station (2022)

ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေ

ကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ်
ဇာတ်လမ်းအစမှာပေါ့ ‘ဆုဆုမီ’ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ ‘ဟယာမာ’ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ်
‘ဟယာမာ’ဟာ တူမလေးဖြစ်တဲ့ ‘ရင်’နဲ့အတူ နေထိုင်လျက်ရှိတယ်
သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ…
သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/53

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
“Crazy Little Thing Called Love” (သို့မဟုတ်) A Little Thing Called Love (သို့မဟုတ်) First Love

မင်းသားချော မာရီယိုနဲ့ မင်းသမီးချော Baifern တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။
ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ ကျော်ဖတ်သွားလို့ မဖြစ်နိုင်တဲ့ ညှို့အားအပြည့်နဲ့ ဒိုင်ယာရီလေး တစ်အုပ်ပါပဲ…
အချစ်တစ်ခုကို အလှဆုံးချရေးပြီး ဘဝတလျှောက်မှာ ဘယ်အချိန်ပြန်ဖတ်ဖတ် လှတယ်
အချစ်ရဲ့စွမ်းအားကိုကောင်းတဲ့နေရာတွေမှာ အကျိုးရှိရှိအသုံးချရင်း ဘဝကိုအလှပဆုံးဖန်တီးသွားနိုင်သလို တစ်ခါပြန်မရနိုင်တဲ့အကောင်းဆုံးအမှတ်တရလေးတွေလဲရောက်လာအောင်ဖန်တီးပေးနိုင်ပါတယ်
လူတစ်ယောက်ကို ထုတ်မပြောပဲအဝေးကနေငေးပြီး တိတ်တိတ်လေးရော ချစ်ဖူးလား???
အချစ်ဆိုတာ စည်းချက်တစ်ခုလိုပဲ ကိုယ်ပေးချင်တဲ့အချိန်သူကလိုချင်တဲ့အချိန်ဖြစ်မှ သူလိုချင်တဲ့အချိန်ကိုယ်က ပေးနိုင်ခဲ့မှ လွဲချော်သွားခဲ့ရင် အရာရာဟာ ရင်နာစရာပါပဲ…
ဒါကြောင့် ဖွင့်ပြောလိုက်ပါ။အစွမ်းကုန်ချစ်ကြည့်လိုက်ပါ။
နူးညံ့တဲ့ ခံစားမှုလေးတစ်ခုဟာလူတစ်ယောက်ကို အရာရာဖန်တီးပေးနိုင်တယ်
ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ မိုးတိတ်တဲ့အခါ ကောင်းကင်မှာ ပေါ်လာတဲ့ သက်တန့်လေးလိုပါပဲ…
ရင်ထဲမှာမှိုင်းညှို့ပြီး ဝုန်းဒိုင်းကြဲခံစားချက်တွေ သူ့အပေါ်မရဲတရဲရွာသွန်းခဲ့ရပေမယ့် သူလဲကိုယ့်လို ကိုယ်နဲ့ထပ်တူ ခံစားချက်ရမှန်းသိလိုက်ရတဲ့အခါ
အချစ်ဆိုတာ…တစ်ခါရေးရုံနဲ့ တစ်သက်စာလုံလောက်တဲ့ ဒဏ္ဍာရီတစ်ပုဒ်လို…

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/43

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
အိုရန်အကယ်ဒမီကျောင်းဆိုတာ တိုကျိုမြို့မှာရှိတဲ့ နာမည်ကြီး hi-so အထက်တန်းကျောင်းတစ်ခုဖြစ်ပါတယ် ၊

ဆူအူ တာမာကီ ဆိုတဲ့ကောင်လေးကတော့ ဆူအူလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောဆက်ခံသူပေါ့…ဟာရူဟီဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုနဲ့ဒီကျောင်းမှာတက်ခွင့်ရခဲ့တာပါ

တာမာကီက ကျောင်းမှာဧည့်ခံကလပ်တစ်ခုကိုထောင်ထားပါတယ် ၊ဧည့်ခံကလပ်ရဲ့တန်ဖိုးကြီးပန်းအိုးတစ်လုံးကို ဟာရူဟီကတိုက်မိပြီး ကျကွဲသွားတာကြောင့် ကျကွဲသွားတဲ့ပန်းအိုးရဲ့တန်ဖိုးကိုပြန်လျော်ပေးဖို့
ဟာရူဟီကယောက်ျားလေးယောင်ဆောင်ပြီး ဧည့်ခံသူအဖြစ်ဝင်လုပ်ရပါတယ်…

ကျောင်းကိုရောက်လာတဲ့ မီချဲဟီမီဆိုတဲ့သူဋ္ဌေးသမီးလေးကတော့တာမာကီရဲ့ဆုံးသွားတဲ့အမေနဲ့အရမ်းတူတာကြောင့် မီချဲကိုပျော်အောင်ထားဖို့က တာမာကီရဲ့အိပ်မက်ဖြစ်လာပါတယ် ။

အိုရန်ကျောင်းမှာနှစ်စဉ်ပြိုင်ပွဲရှိပါတယ်…
ဒီပြိုင်ပွဲကိုနိုင်အောင်ကြိုးစားရင်း တာမာကီရဲ့ဆန္ဒအတိုင်း မီချဲဟီမီကိုပျော်အောင်ထားနိုင်ဖို့ ဧည့်ခံကလပ်တစ်ဖွဲ့လုံးကြိုးစားကြပါတယ် ။

တစ်ချိန်တည်းမှာပဲ မီချဲက တာမာကီကိုချဉ်းကပ်ဖို့ကြိုးစားလာပါတယ်…တာမာကီနဲ့ ဟာရူဟီတို့ကလည်း သံယောဇဉ်ရှိနေကြတဲ့အခါ ၃ပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်လာတဲ့နောက်…

မီချဲ တကယ်လိုအပ်တဲ့အရာကို ဧည့်ခံကလပ်ကလူတွေရှာနိုင်မှာလား ၊မီချဲကိုပျော်စေချင်တဲ့တာမာကီတို့ရဲ့ကြိုးစားမှုကရော ဘယ်လိုဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်….။

Ouran High School Host Club Movie (2012)

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/72

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Honey Lemon Soda (2021)

ဂျပန်ကျောင်းသား အချစ်ဇာတ်လမ်းတွေရဲ့ရိုးရာအတိုင်း
စော်ကြည်ဘဲမင်းသားနဲ့ အူတူတူမင်းသမီးလေးတွေရဲ့ ကြောင်နဲ့ကြွက်လိုဆက်ဆံရေးကနေ
နောက်ဆုံးကြိုက်သွားကြတာမျိုးမဟုတ်ဘဲနဲ့

ဒီ Honey Lemon Soda ဆိုတဲ့ကားလေးမှာတော့
လူ​ကြောက်တတ်ပြီး အနိုင်ကျင့်ခံရတဲ့ ဇာတ်လိုက်မင်းသမီး Uka ဆိုတဲ့အူကြောင်ကြားလေးကို
ကျောင်းမှာနာမည်ကြီးရေပန်းစားတဲ့ Kai ဆိုတဲ့ ကောင်လေးက
အစပိုင်းတည်းကစိတ်ရင်းအမှန်နဲ့ချစ်ပြီး လိုက်ကာကွယ်ပေးရာကနေ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးပါ

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလည်းပါပေမယ့်
သူငယ်ချင်းအချင်းချင်းမနာလိုပြီး အကောက်ကြံတာမျိုးတွေလည်းမပါလို့
အပျင်းပြေ ပေါ့ပေါ့ပါးပါးလေးကြည့်ချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/54

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
She is the one (2013)

IMdb Rating (6.3)
ဖိလစ်ပိုင် romance ကားကောင်းလေးတွေကို မျှော်ကြတဲ့သူတွေအတွက် တစ်ဖက်သတ်အချစ် နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား မင်းသမီးတွေကလည်း မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့ဖြစ်ပြီး မင်းသမီးကတော့ Bea Alonzo ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့….
“ကတ်”လို့ခေါ်တဲ့ကောင်မလေးက သူငယ်စဉ်တည်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း “ဝါကီ”ကို သဘောကျနေခဲ့တာ ကြာပါပြီ။ သူတို့ကြားမှာ စိတ် စနိုးစနောင့်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ “ကတ်”က ဝါကီကို move onလုပ်ခဲ့ပြီးပါပြီ။
“ဝါကီ”က အစီအစဉ်တင်ဆက်သူ ဖြစ်ပြီးတော့ ကောင်မလေးတွေကို ထည်လဲတွဲတဲ့ playboyအကြီးစားပါ။ အသက်၃၀လောက်ထိ အတည်တကျရည်းစားမရှိဘဲ ရည်းစားအရေအတွက်က အသက်ထက်များပါတယ်။ဒါပေမဲ့ “ကတ်”အပေါ်တော့ မှီခိုတတ်ပြီး သူ့ရဲ့ ကိစ္စအတော်များများကို ကတ်က နောက်ကလိုက်ရှင်းပေးရလေ့ရှိပါတယ်။
တစ်နေ့မှာတော့ “ကတ်”က မိုးရွာထဲမှာ ကားပျက်သွားလို့ပြင်နေတုန်း “ဒေးဗစ်”ဆိုတဲ့ကောင်လေးက ကူညီဖို့ရောက်လာခဲ့ပါတယ်။ ကတ်က အကူအညီကိုငြင်းလိုက်ပေမဲ့ မိုးရေထဲမှာ ကိုယ်တိုင်ကားပြင်နေတဲ့ မမ”ကတ်”ကို သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့် လိုင်းပေါ်မှာ “ကတ်”ကိုရိုက်ထားတဲ့ videoကိုတင်လိုက်တာ ပေါက်သွားပြီး ကြည့်ရှုသူ သန်းချီသွားပါတယ်။
ဝါကီတို့အစီအစဉ်ကလည်း “ဒေးဗစ်”ကို ခေါ်ရိုက်ပြီး ကတ်နဲ့ပေးတွေ့နိုင်ဖို့အတွက် “ဝါကီ”ကိုစီစဉ်ခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်က ကတ်ကိုချစ်မိသွားပြီး ကြိုးစားလိုက်နေတဲ့အချိန်မှာ ဝါကီကိုယ်တိုင်က သူ့ရဲ့ ခံစားချက်အစစ်တွေထွက်လာတဲ့အခါ….။

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/31

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Khun Pan 1 (2016)

၁၉၃၉ ခုနှစ် မှာ ထိုင်းနိုင်ငံ ချွန်ဖွန်ဆိုတဲ့နယ်က ဓါးပြတွေ ကြီးဆိုးတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်
ဓါးပြတွေကို နှိမ်နင်းဖို ခွန်ဖန်ဆိုတဲ့ ရဲမှူးချုပ် တာဝန်ပေးအပ်ခံရပါတယ်
ဓါးပြနယ်မြေဖြစ်တဲ့အတွက် ရဲအဖြစ် ထင်ထင်ပေါ်ပေါ်သွားလိုမရတဲ့အတွက်
အဲ့ဒီနယ်မြေမှာ သာမန်လူလို လတော်တော်ကြာကြာ သူလျိုအဖြစ်နဲ့နေထိုင်ရပါတယ်
ဒါပေမဲ့ ခွန်ဖန် ရင်ဆိုင်ရမယ့်လူက မှော်အစွမ်းတတ်တဲ့ ဓါးပြခေါင်းဆောင် အာဟာဝီယူရူပါ
အာဟာဝီယရူဆိုတဲ့သူက ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်လာတဲ့ဓါးပြဖြစ်တဲ့အတွက်
အငြိုးကြီးသလို ရက်လည်း ရက်စက်ပါတယ်
အထူးသဖြင့်ရဲတွေကိုပေါ့ အမေဖြစ်သူကလည်း သူ့ရှေ့မှာ သေနတ်ပစ်ခံရပြီး ဆုံးခဲ့တာကြောင့်
သူ့ရင်ထဲက အငြိုးမီးတွေကို ပိုပြီးတော့ လောင်မြိုက်နေစေပါတယ်
ဆိုတော့ ခွန်ဖန်တစ်ယောက် အာဟာဝီယရူကို ဘယ်လို နည်းလမ်းနဲ့ နှိမ်နင်းသွားမှာလဲ
မှော်အစွမ်းတွေနဲ့ဖိုက်တင်ခန်းတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် တဝကြီး ကြည့်ရမှာမို
စောင့်ကြည့်လိုက်တော့နော်

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/143

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Pee Mak (2013)

Mae Nak အကြောင်းကို Thai Horro Movies တွေမှာ မကြာခဏ ထည့်သွင်းရိုက်ကူးလေ့ရှိကြပေမယ့်.. အမြဲလိုလို Nang Nak တစ္ဆေဟာ ကြောက်လန့်စရာ၊ ခြောက်ခြားစရာ အဖြစ်သာ ရိုက်ကူးလေ့ရှိကြပါတယ်။ Ghost of Mae Nak (2005) နဲ့ Mae Nak (2012) ဟာ.. ကြည့်မိတဲ့သူတိုင်း ကျောစိမ့်စရာ Horror Movie တွေ အဖြစ်ရပ်တည်ခဲ့တာ ပရိသတ်ကြီး မှတ်မိနေကြဦးမှာပါ။

Peemak (2013) အောင်မြင်ခဲ့ရတဲ့ အဓိကအချက်ဟာ.. Horror Movie တစ်ခုကို Horror၊ Comedy နဲ့ Romance ကို သုံးမျိုး အချိုးကျကျ ရောစပ် ဖန်တီးနိုင်ခဲ့လို့ပဲ လို့ ယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံး 3 in 1 Movie တစ်ခုဆိုတာ ခုချိန်ထိ ပြန်ပြောဖြစ်ကြတဲ့အခါတိုင်း.. တခုတ်တရ ပြောယူရတဲ့ ဇါတ်ဝင်ခန်းလေးတွေက သက်သေပါပဲ။

Rattanakosin မင်းဆက် ခေတ်ဦးပိုင်းရဲ့ အချိန်ကာလတစ်ခုမှာ.. Mak ဟာ ကိုယ်ဝန်အရင့်အမာနဲ့ ချစ်ဇနီး Nak ကို ချန်ထားခဲ့ပြီး စစ်မှုထမ်းထွက်ခဲ့ရပါတယ်။ အချစ်ဆုံး သူငယ်ချင်းလေးယောက်နဲ့ သေအတူရှင်မကွာ စစ်မှုထမ်းနေခဲ့တဲ့ Mak ရဲ့ နောက်ကွယ်မှာ.. အိမ်က ချစ်ဇနီး တစ်ယောက် မီးမဖွားနိုင်ဘဲ ဆုံးပါးသွားခဲ့ရပါတယ်။ ရှေ့တန်းက အပြန်မှာ သူငယ်ချင်းလေးယောက်ကို အိမ်အလည်ခေါ်လာတဲ့ Mak တစ်ယောက် အိမ်ပြန်အရောက်မှာ… ဇနီးနဲ့ ရင်သွေးငယ်ကို ပြန်လည်ဆုံတွေ့ရတဲအခါ…
ရွာသူရွာသားတွေက ဘာကြောင့် Mak ကို သူ့ဇနီးသည် ဟာ ဆုံးပါးသွားကြပြီဖြစ်တဲ့အကြောင်း မပြောရဲကြသလဲ Mak ကရော ဘယ်ပုံဘယ်နည်းနဲ့ သိရှိသွားမလဲ. သိရှိသွားတဲ့အခါကျတော့ရော Mak အနေနဲ့ ဘယ်လိုများ ကြေကွဲခံစားရမလဲဆိုတာ မကြည့်ရှုရသေးတဲ့ပရိသတ်ကြီးတွေအတွက် အမြည်းသဘော ညွှန်းဆိုလိုက်ပါတယ်။

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/41

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
My God Father (2020)

ဂေါ့တ် အဖြစ် Pope Thanawat
ပရိမ်အဖြစ် Ter Chantavit
ဘျု့အဖြစ် Sammy Cowell

ဇာတ်လမ်းအကျဉ်း
ပြိုင်ကားမောင်းရတာ ဝါသနာပါတဲ့ ဂေါ့တ်တစ်ယောက်က စိုးရိမ်တယ်ဆိုတဲ့စကားတခွန်းနဲ့ သူ့အိပ်မက်တွေကို တားဆီးနေခဲ့တဲ့ ဖခင်ဖြစ်သူနဲ့ အဆင်လုံးဝမပြေခဲ့ပါဘူး

ငယ်စဉ်အရွယ်ထဲက ဖခင်ထောင်ကျလို့ မိခင်ဖြစ်သူ သတ်သေခဲ့တယ်ဆိုပြီး ဖခင်ကို အမုန်းကြီးမုန်းနေခဲ့တဲ့ ဂေါ့တ်တစ်ယောက် ကားမတော်တဆဖြစ်ခဲ့ချိန်မှာတော့ အရင်အချိန်တွေကို ပြန်ရောက်သွားခဲ့ပါတယ်

ဂေါ့တ်ရောက်သွားတဲ့အချိန်ကတော့ ၁၉၉၈ ခုနှစ် သူမမွေးဖွားလာခင် တစ်နှစ်အလိုကိုပါပဲ

ဖခင်ဖြစ်လာမယ့် ပရိမ်ဖြစ်သူနဲ့ သူငယ်ချင်းအဖြစ်တွေ့လာရပြီး ဖခင်ဖြစ်သူရဲ့ ခံယူချက် အတွေးအမြင်တွေနဲ့ သူတို့နှစ်ယောက်ကြား ဘာတွေကများ အထင်လွဲမှားမှုတွေဖြစ်လာစေခဲ့သလဲ

အဖေလို့တောင် မခေါ်ခဲ့တဲ့ ဂေါ့တ်တစ်ယောက် ဖခင်ဖြစ်သူ “ပရိမ်”ရဲ့ စိတ်ရင်းကို သိလာနိုင်မလားဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာပဲ ဖြစ်ပါတယ် ။

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/59

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
You Are the Apple of My Eye (2011)

ကျွန်တော်တို့ အားလုံး ငယ်ဘဝကိုဖြတ်သန်းဖူးသလို အမှတ်တရတွေကိုယ်စီရှိကြဖူးတယ်။
လောကကြီးအကြောင်းသင်ယူကာစ ဆယ်ကျော်သက်အရွယ်မှာ သိပ်ချစ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေရှိတယ်။
ဘဝရဲ့ ပထမဆုံးတွေ စပြီး တွေ့ကြုံခဲ့ဖူးတယ်..ပြီးတော့..အချစ်ဦးကိုလဲ တွေ့ခဲ့ဖူးကြပါလိမ့်မယ်။
အချိန်တန်အရွယ်ရောက်လို့ ပြန်တွေးမိတဲ့အခါ လွမ်းစရာ မောစရာ အဖြစ်အပျက်လေးတွေကိုယ်စီရှိခဲ့ကြမှာပါ။

အထက်တန်းကျောင်းက သူငယ်ချင်းတစ်စု သူတို့ကြားက ပြိုင်ဆိုင်မှုတွေ ချစ်ခြင်းတရား အတူတူဖြတ်သန်းမှုတွေကြား
ကျွန်တော်တို့ ဂျပန်လိုထပ်ပြီး You Are the Apple of My Eye ကြပါစို့။

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/86

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Ayo Putus (2022)

ဒီရုပ်ရှင်လေးကတော့Romance Comedyလေးပဲဖြစ်ပါတယ် ။
စဲလ်တန်ဆိုတဲ့ကျောင်းမှာနာမည်ကြီးတဲ့ကောင်လေးဟာ
မိန်းကလေးတ်ယောက်နဲ့ သုံးရက်ပဲတွဲလေ့ရှိပါတယ်။

သုံးရက်ပြည့်တဲ့နေ့မှာတော့ အကြောင်းပြချက်မရှိ လမ်းခွဲတဲ့ နိယာမရှိပါတယ်။
ဒါပေမဲ့ အယ်လ်မာကိုဆိုတဲ့‌ကောင်မလေးနဲ့သုံးရက်တာတွဲဖို့ဖြစ်လာခဲ့ပြီး
စဲလ်တန်ရဲ့ နှလုံးသားတံခါးကလည်းပွင့်သွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ စဲလ်တန်က သူ့ရဲ့နိယာမအတိုင်း အဲလ်မာနဲ့ လမ်းခွဲသွားမလား
ဘယ်လိုတွေဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်လေးထဲမှာပဲပြီးအောင်ကြည့်ပေးကြပါ

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/29

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Brother of the year (2018)
တလောလေးက ရုံတင်သွားတဲ့ ထိုင်း ဒရာမာကားလေးတစ်ကားတင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဂျိန်းဆိုတဲ့ အလုပ်ကြိုးစားပြီး လှပတဲ့မိန်းမငယ်လေးမှာ ဘာမှမလုပ်တတ် မလုပ်ချင် ဖြစ်သလိုနေတတ်တဲ့ ရှက် ဆိုတဲ့ အစ်ကိုတစ်ယောက် ရှိနေပါတယ်။
ငယ်ငယ်ကတည်းက အိမ်ကိစ္စတွေရော ညီမအတွက်ရော ဘာတာဝန်မှမယူတဲ့ အစ်ကိုဖြစ်သူဟာ ညီမကိုကြိုက်တဲ့ကောင်လေးတွေကို တွေ့လာရင်တော့ လုံးဝတာဝန်ယူပြီး ချိန်းခြောက်လွှတ်လေ့ရှိပါတယ်။
နောက်ဆုံးတစ်ခေါက်မှာ ဂျိန်းနဲ့ကြိုက်မိသွားတဲ့ ထိုင်းဂျပန် ကပြားကောင်လေး မိုဂျီက လပ်ထပ်ခွင့်တောင်းလာချိန်၊ ညီမရယ် အစ်ကိုရယ် ယောက်ဖလောင်းရယ် အလုပ်တစ်ခုထဲမှာ တွေ့ရချိန်မှာ…….

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/37

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
Ko'proq funksiyalarni ochish uchun tizimga kiring.