Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Yangon Media Group avatar
Yangon Media Group
Yangon Media Group avatar
Yangon Media Group
❗️❗️❗️❗️❗️❗️
ထူးထူးခြားခြား မှတ်ဖွယ်စကား
၂၃ ဧပြီ ၂၀၂၅

နှစ်ကိုယ်ခွဲ

တစ်ခါတစ်ခါ
ကျွန်တော်ဟာ
နှစ်ကိုယ်ခွဲဖြစ်နေတယ်။
ဂျော်နီက လူကောင်း။
ကက်ရှ်က ပြဿနာကောင်။
သူတို့တတွေ
ရန်ဖြစ်ကြရော။

ဂျော်နီကက်ရှ်
အဆိုတော်/သီချင်းရေးဆရာ
#Daily_News
TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)


Published 18 Apirl 2025

၁။ မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၂ သန်းခန့်အရေးပေါ် အကူအညီများလိုအပ်နေ

၂။ ဘောဂဝတီနဂါးမယ်တော်စေတီတော်ကို ပရိတ်ချဉ်မျှင်ဖြင့် ရွှေထီးတော်တင်လှူ

၃။ MCEF မှ ငလျင်ဒဏ်သင့် နေအိမ် ၈၁ လုံးကို စစ်ဆေးအကြံပြုပေးခဲ့

၄။ တရုတ်သမ္မတရှီကျင့်ဖျင်က အဆင့်မြင့်မဟာဗျူဟာအသိုက်အဝန်းတည်ထောင်ရေး အဆိုပြုချက် ၃ချက်ကို မလေးရှားနိုင်ငံသို့ အဆိုပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-011-18-4-25
#YMG #Yangon_Times #Yangon_Media_Group
မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော်ပျက်စီးခဲ့ပြီး လူဦးရေ ၂ သန်းခန့်အရေးပေါ် အကူအညီများလိုအပ်နေ

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော်ပျက်စီးခဲ့ပြီး လူဦးရေ ၂ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#လူဦးရေ၂သန်း #အကူအညီများလိုအပ်
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-006-18-4-25
#YMG/SW #Yangon_Times
❗️❗️❗️❗️

Myanmar’s SAC Chairman SG Min Aung Hlaing Meets ASEAN Chair Anwar Ibrahim in Bangkok; Former Thai PM Thaksin Attends

Yangon, 17 April 2025
- Myanmar’s State Administration Council (SAC) Chairman and Prime Minister, Senior General Min Aung Hlaing, met with ASEAN Chair and Malaysian Prime Minister Anwar Ibrahim in Bangkok on Wednesday evening, according to an official statement from the SAC Information Team.

The discussions focused on ASEAN’s continued support for Myanmar’s earthquake recovery efforts and enhanced cooperation between Myanmar and the regional bloc. The SAC described the talks as "cordial and open."

Notably, former Thai Prime Minister Thaksin Shinawatra joined the meeting. Thai media reported that Thaksin later hosted a dinner for Senior General Min Aung Hlaing and Prime Minister Anwar at the Rosewood Bangkok hotel.

Neither the Thai nor Malaysian governments have issued further details about the discussions.

The meeting comes as Myanmar continues to engage with ASEAN on regional matters, including disaster response and collaborative initiatives.
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/eng-section/sac-chairman-min-aung-hlaing-meets-asean-chai
17.04.202512:12
❗️❗️❗️❗️

With reverent devotion, may all multiply their merits at the sacred golden “Shwedagon”

April 17, 2025

Despite heavy rainfall in Yangon this evening on Myanmar’s New Year’s Day (April 17), following the conclusion of the traditional Thingyan festival, the Shwedagon Pagoda remained crowded with Buddhist devotees engaging in merit-making activities.
Photo MNN(YMG)
❗️❗️❗️❗️
အကျဉ်းသား အကျဉ်းသူ ၄၈၉၃ ဦး လွတ်ငြိမ်းခွင့်ရ

၁၇ ဧပြီ ၂၀၂၅
နစကသည် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသူ အကျဉ်းသား ၄၈၉၃ ဦး ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ် ၃၁/၂၀၂၅ ဖြင့်ကြေညာပါတယ်။
ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၃၁ / ၂၀၂၅

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်
(၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် - မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်
အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်
လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့်
လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/
အကျဉ်းသူ ၄၈၉၃ ဦး ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု
ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံ
ပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်
လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
လူဦးရေ ၄ ဒသမ ၃ သန်းကျော်သန့်ရှင်းသည့် ရေနှင့်သန့်ရှင်းရေးအကူအညီများအရေးပေါ်လိုအပ်လာ

မြန်မာနိုင်ငံမှာ ငလျင်ဘေးသင့်အပြီး လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်လာတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
#Local_News
Published 20 Apirl 2025
#ရေနှင့်သန့်ရှင်းရေးအကူအညီ #ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-014-19-4-25
#YMG/SW #Yangon_Times
ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်ခြင်းနှင့်အတူ မြန်မာ့ရွှေတစ်ကျပ်သား ကျပ်သိန်း ၇၃ သိန်းအထိရောက်လာ

ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်ခြင်းနဲ့အတူ မြန်မာ့ရွှေပြင်ပပေါက်စျေးတစ်ကျပ်သား ကျပ်သိန်း၇၃သိန်းအထိရှိလာတယ်လို့ ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 18 Apirl 2025
#ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက် #မြန်မာ့ရွှေပြင်ပပေါက်စျေးမြင့်
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-013-18-4-25
#YMG/SW #Yangon_Times
#Local_News
ငလျင်ဒဏ်သင့်တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန် အထူးလမ်းကြောင်းဖြင့်ဆောင်ရွက်ပေးမည်


Published 18 April 2025

▪️ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကိုယ်စား တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများလက်ခံပေးမည်ဖြစ်ရာ ငလျင်ဒဏ်သင့်တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန်အတွက်အထူးလမ်းကြောင်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

▪️ ထိုသို့ ထုတ်ပြန်ရာတွင် “မတ်လ၂၈ ရက်နေ့ငလျင်” သက်ရောက်မှုကြောင့် မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသည် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် လျှောက်လွှာများကို လတ်တလောတွင် လက်ခံနိုင်ခြင်းမရှိသေးသောကြောင့် မန္တလေးမြို့ကောင်စစ်ဝန်ချုပ်ရုံးမှ လျှောက်လွှာများပြန်လည်လက်ခံနိုင်ချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို
__________________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-002-18-4-25
❗️❗️❗️❗️
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်တို့ ဘန်ကောက်တွင် တွေ့ဆုံ၊ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်လည်းတက်ရောက်

၁၇ ဧပြီ ၂၀၂၅
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Mr. Anwar Ibrahimနှင့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုသတင်း ထုတ်ပြန်ပါတယ်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက်အဝန်းမှစည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာအာဆီယံ အသိုက်အဝန်းမှပူပေါင်းဆောင်ရွက်ရေးကိစ္စများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။

တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra လည်း တက်ရောက်ခဲ့ တယ်လို့သတင်းရရှိပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ ထိုင်းနှင့် မလေးရှားဘက်ကပါ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/2025-04-17-14-12-29
❗️❗️❗️❗️
SAC Grants Amnesty to Nearly 5,000 Inmates to Mark Myanmar New Year

Nay Pyi Taw-April 17, 2025 – The State Administration Council (SAC) has granted amnesty to 4,893 prisoners in commemoration of the Myanmar New Year, according to an official announcement made on the morning of April 17, 2025 — Myanmar New Year Day.

In addition to local inmates, 13 foreign nationals serving sentences in Myanmar were also granted pardons and subsequently deported.

A separate order issued by the SAC stated that inmates currently serving prison terms in various prisons, detention centers, and camps were granted a remission of one-sixth of their remaining sentences. The sentence reduction was authorized under Section 401, Sub-section (1) of the Code of Criminal Procedure.

However, the amnesty explicitly excludes individuals convicted of serious offenses. Crimes not eligible for pardon include murder, rape, violations under the Explosive Substances Act, the Unlawful Associations Act, Section 19(c) of the 1878 Arms Act, the 1949 Emergency Provisions Act, the 1951 Temporary Provisions Amendment Act, the 1924 Shan State Arms Order, the 2023 Arms Law, the Narcotic Drugs and Psychotropic Substances Law, the Natural Disaster Management Law, the Counter-Terrorism Law, and the Anti-Corruption Law.

❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/eng-section/sac-grants-amnesty
❗️❗️❗️❗️❗️❗️
ထူးထူးခြားခြား မှတ်ဖွယ်စကား
၁၇ ဧပြီ ၂၀၂၅

လူ့အမူအကျင့်

လူတွေရဲ့
အမူအကျင့်ဟာ
အရင်းအမြစ်သုံးခုကနေ
စီးဆင်းလာတယ်။
လိုအင်
စိတ်ခံစားမှုနှင့်
ဗဟုသုတတွေကနေ
ဖြစ်တယ်။

ပလေတို
ဂရိအတွေးအခေါ်ပညာရှင်
#World_Health
ဓမ္မတာလာချိန်အတွင်းချစ်တင်းနှောခြင်းသည် နှစ်ဦးစလုံးအတွက်ဘေးကင်းရဲ့လား


Published 20 April 2025

▪️ အမျိုးသမီးများ ဓမ္မတာလာချိန်မှာ လိင်မှုကိစ္စပြုလုပ်တာနဲ့ ပတ်သက်ပြီး ဘေးကင်းစိတ်ချရမှုရှိမရှိ အမြင်အမျိုးမျိုး ဖြစ်နေကြပါတယ်။

▪️ WHOနဲ့ အမေရိကန်သားဖွားမီးယပ်ကောလိပ်တို့မှ ပညာရှင်များကတော့ ဓမ္မတာအချိန်အတွင်း ဆက်ဆံခြင်းဟာ နှစ်ဦးစလုံးမှ သန့်ရှင်းမှုသတိရှိရင် ဘေးကင်းတယ်လို့ ဆိုထားပါတယ်။

▪️ ယခုအကြောင်းအရာမှာတော့ ဓမ္မတာအချိန်အတွင်း လိင်မှုကိစ္စပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ အန္တရာယ်များကို ဖော်ပြသွားပါမယ်။

▪️ (၁) သဘာဝအတိုင်း နာကျင်မှုသက်သာခြင်း - လိင်မှုကိစ္စပြုလုပ်စဉ် အင်ဒေါ်ဖင်ဟော်မုန်းထွက်တာကြောင့် နာကျင်မှုတွေကို သဘာဝအတိုင်း သက်သာစေပါတယ်။

▪️ (၂) ဓမ္မတာကြောင့်နေမထိုင်သာဖြစ်ခြင်းကို လျော့ကျခြင်း - ဓမ္မတာလာချိန်ကို တိုတောင်းစေပြီး လိင်ခံစားမှု အထွတ်အထိပ်ရောက်ချိန်မှာ သားအိမ်အကျုံ့အဆန့်ပြုလုပ်သဖြင့် သွေးမြန်မြန်စွန့်ထုတ်ပေးပါတယ်။
______________________
Readmore>>>https://yangonmediagroup.com/index.php/local-news/world/cho-001-19-4-25
MCEF မှ ငလျင်ဒဏ်သင့် နေအိမ် ၈၁ လုံးကို စစ်ဆေးအကြံပြုပေးခဲ့

မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် နေအိမ် ၈၁ လုံးကို စစ်ဆေးအကြံပြုပေးခဲ့ပြီးဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#MCEF #နေအိမ်၈၁လုံးကိုစစ်ဆေး
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-008-18-4-25
#YMG/SW #Yangon_Times
❗️❗️❗️❗️❗️❗️
ထူးထူးခြားခြား မှတ်ဖွယ်စကား
၁၈ ဧပြီ ၂၀၂၅

ဖြစ်နိုင်ချေကျောင်း

ဘဝဆိုတာ
Òဖြစ်နိုင်ချေÓရဲ့
ကျောင်းတစ်ကျောင်း
ဖြစ်တယ်။

ဝေါ်တာ ဘက်ဟော့
အင်္ဂလိပ်အက်ဆေးဆရာ
17.04.202513:17
❗️❗️❗️❗️❗️
ဖူးမျှော်ကြည်ညို၊ ကုသိုလ်တရား၊ ပွားများကြကုန် မြတ်ရွှေတိဂုံ (ရုပ်သံ)
၁၇ ဧပြီ ၂၀၂၅
မြန်မာတို့၏အတာသင်္ကြန်အပြီး ယနေ့ ဧပြီ ၁၇ ရက်နေ့ ညနေပိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓဘာသာဝင်ပြည်သူများ ကောင်းမှုကုသိုလ်ယူကြသည့် ချမ်းမြေ့ဖွယ် မြင်ကွင်းကို ရုပ်သံတင်ဆက်ထားပါတယ်။

Video mmn(YMG)

https://www.youtube.com/watch?v=exEgGEsqMMg
❗️❗️❗️❗️
ပြစ်ဒဏ်ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ရ

၁၇ ဧပြီ ၂၀၂၅
နစကသည် ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား/သူများကို ပြစ်ဒဏ်ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း အမိန့်အမှတ် ၃၀/၂၀၂၅ ကိုထုတ်ပြန်ကြေညာပါတယ်။
အမိန့်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၃၀ / ၂၀၂၅

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်
အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထား
သောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်
လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော
ဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ်
လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်
စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေ
အရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေ
အရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ
ပြစ်မှုများနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ
ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင် / အချုပ်ထောင် / စခန်း
အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများကို ရာဇက်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊
ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်
ပြုလိုက်သည်။

အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
❗️❗️❗️❗️
၁၇ ဧပြီ ၂၀၂၅
🙏🙏🙏🙏🙏
မီးနှင့်မီး

‘န ဟိ ဝေရေန ဝေရာနိ’ မြတ်စွာဘုရား ဟောထားတာကို ဓမ္မပဒပါဠိတော်ထဲမှာ မှတ်တမ်းတင်ထားတယ်။ ‘န ဟိ ဝေရေန ဝေရာနိ’ ရန်ကိုရန်ချင်းမတုံ့နှင်းနဲ့တဲ့။ လူတစ်ယောက်က သူဒေါသဖြစ်နေတဲ့ဟာကို ကိုယ်က ဒေါသနှင့် ပြန်ပြီးတော့ ချေပတယ်ဆိုရင် မီးနဲ့မီးပြန်ပြီးတော့ တွေ့တဲ့အခါ ဒေါသက ပိုပြီးအားကောင်းသွားတယ်။

အောက်စ်ဖို့ဆရာတော်
#Daily_News
TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)


Published 19 Apirl 2025

၁။ ငလျင်ကြောင့် အာမခံလျော်ကြေး ကျပ်ဘီလီယံ ၈၀ ခန့်ပေးလျော်ရန်ရှိ

၂။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၅၅ သန်း ရောင်းချပေးမည်

၃။ ဒေသအချို့၌ မိုးကြီးပြီးလေပြင်းတိုက်နိုင်

၄။ ခမာနှစ်သစ်ကူးပွဲတော်များ ကမ္ဘောဒီးယား၌သုံးရက်တာကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-012-19-4-25
#YMG #Yangon_Times #Yangon_Media_Group
ဘောဂဝတီနဂါးမယ်တော်စေတီတော်ကို ပရိတ်ချဉ်မျှင်ဖြင့် ရွှေထီးတော်တင်လှူ

ရန်ကုန်-မန္တလေးအမြန်လမ်း ၉၈မိုင်၊ နဂါးညီ‌နောင်ကျောင်းတိုက်ရှိ ဘောဂဝတီ နဂါးမယ်တော်စေတီတော်ကို ဧပြီလ၁၆ ရက်၊ မဟာသင်္ကြန်အတက်နေ့က ပရိတ်ချည်မျှင် ရေဆူဆရာတော် ဒေါက်တာ ဘဒ္ဒန္တအာဒိစ္စဝံသ   ဆရာတော်ကြီး ကိုယ်တိုင်ပရိတ်ချည်မျှင်နဲ့ ခုနှစ်ဆူကုန်သော ထီးပဒေသာဘင် ရွှေထီးတော်တင်လှူပူဇော်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#ဘောဂဝတီနဂါးမယ်တော်စေတီတော် #ပရိတ်ချဉ်မျှင်ဖြင့်ရွှေထီးတော်တင်လှူ
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-007-18-4-25
#YMG/NN #Yangon_Times
❗️❗️❗️❗️
၁၈ ဧပြီ ၂၀၂၅
🙏🙏🙏🙏🙏
သူ့ဂုဏ်နိမ့်မှ

သူများကို ထိခိုက်အောင် ပြောနိုင်ဆိုနိုင်လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့သူ ထက်တဲ့သူလို့ ခံစားရသလား။ သူများ ကိုယ့်ကိုကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။ သူများ ဂုဏ်သိက္ခာ ကျသွားမှ ကိုယ့်ဂုဏ်သိက္ခာ တက်မှာလား။

ဆရာတော်ဦးဇောတိက
❗️❗️❗️❗️
နိုင်ငံခြားသား ၁၃ ဦး လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး

၁၇ ဧပြီ ၂၀၂၅
နစကသည် ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြစ်ဒဏ်ကျခံလျက်ရှိသောနိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း အမိန့်အမှတ် ၃၂/၂၀၂၅ ကိုကြေညာပါတယ်။
အမိန့်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၃၂ / ၂၀၂၅

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်အခါသမယအထိမ်းအမှတ်အားဖြင့်
လည်းကောင်း၊ လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်
ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထား
သောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော
နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ
“နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များ
ကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော
ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်။

အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
16.04.202516:42
#Local_News
မုံရွာမြို့ဘက်သို့ပစ်ခတ်ရန်ချိန်ရွယ်ထားသည့်ရှော့တိုက်ဒုံး ၁ လုံးကိုသိမ်းဆည်းရမိ

Published_16 April 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင် ရပ်ကွက်၊ ချင်းတွင်းမြစ် ဇက်ဆိပ် အနီး ရှော့တိုက်ဒုံးတစ်လုံး တွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးတပ် ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁၂နာရီ ၅၅မိနစ်ခန့်တွင် သွားရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

အဆိုပါဇတ်ဆိပ်အနီး၌ မုံရွာမြို့ ဘက် သို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့်သက် မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
Readmore>>>https://www.facebook.com/100063669945889/posts/pfbid033gBkAoV7L2SaUvVvN32j9vWjoHaaAc24kef8jWXMJBzhcQ8i1d9d41wn7ZUEV6Wtl/
#Yangon_Times/PP
Ko'rsatilgan 1 - 24 dan 301
Ko'proq funksiyalarni ochish uchun tizimga kiring.