Tun Htet Oo (DuWonKyal)
တရားသော ဓမ္မအစစ်အမှန်များသာ ထာဝရတည်တံ့နိုင်ပါစေ
TGlist reytingi
0
0
TuriOmmaviy
Tekshirish
TekshirilmaganIshonchnoma
ShubhaliJoylashuv
TilBoshqa
Kanal yaratilgan sanaMay 02, 2023
TGlist-ga qo'shildi
Apr 04, 2025"Tun Htet Oo (DuWonKyal)" guruhidagi so'nggi postlar
22.04.202513:27
G 12 တွေ စာမေးပွဲ ပြန်ဖြေရမယ်တဲ့ ပြန်ဖြေတာကတော့ဟုတ်ပါပြီ ဖြေရတဲ့ကလေးတွေရှိတဲ့ဒေသက ငလျင်ဒဏ်ခံရတဲ့ နေရာတွေချည်းပဲ
ပြန်ဖြေမယ်ဆို စာကြည့်ရမယ် ဘယ်မလည်းကြည့်မယ့်စာအုပ် ရှိတဲ့သူကတော့ ရှိမှာပေါ့ ငလျင်ကြောင့် ပြိုသွားတဲ့အထဲမှာ G 12 ကလေးတွေရှိတဲ့အိမ် မပါဘူးလို့ထင်နေတာလား အဲ့ကလေးတွေရဲ့ ဆွေမျိုးသားချင်းတွေ မဆုံးရှုံးတဲ့အိမ်မရှိဘူးလို့ စာရင်းရလို့လား အဲ့ကလေးတွေက ပြန်ဖြေဖို့စာအုပ်ကို ဘယ်ချောင် ဘယ်အုပ်ပုံအင်္ဂတေပုံထဲကထုတ်ရမှာလည်း
ဒဏ်ရာဒဏ်ချက်တွေနဲ့ကလေးတွေကို တစ်ပူပေါ်နှစ်ပူဆင့်နဲ့ ဘယ်လိုတွေလည်းမသိဘူး အဲ့လူတွေကို ကျေးဇူးတော်အနန္တပါခင်ဗျာ
#DuWonKyal

Repost qilingan:
Sitt Naing(69)

22.04.202506:42
အဖြေလွှာမီးလောင်သွားတဲ့ ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုရမည်အချိန်ဇယားကို ဒီကနေ့ထုတ်
ပြန်ခဲ့ပါတယ်။
၂၂.၄.၂၀၂၅
အဖြေလွှာမီးလောင်သွားတဲ့ ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်
ဝင်တန်းဖြေဆိုရမည်အချိန်ဇယားကို ဒီကနေ့ထုတ်
ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမှာဖြစ်ပြီးစစ်ကိုင်းတိုင်းအတွင်းရှိ စာစစ်ဌာနကိုးခုတွင် ဖြေဆိုခဲ့သူများ ပြန်လည်ဖြေဆိုဖို့ မလိုအပ်ဘူးလို့ကြေညာထားပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ်၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းကို ၂၉-၃-၂၀၂၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ၁၆-၆-၂၀၂၅ ရက်နေ့မှ ၂၁-၆-၂၀၂၅ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာစာ၊ ၁၇ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၁၈ ရက်နေ့တွင် သင်္ချာ၊ ၁၉ ရက်နေ့တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ ၂၀ ရက်နေ့တွင် ရူပဗေဒနှင့် သမိုင်း၊ ၂၁ ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒတို့ကို နေ့စဥ် နံနက် ၉ နာရီမှ
၁၂ နာရီအတွင်း ဖြေဆိုရမည်ဖြစ်ပါတယ်။
ဖြေဆိုရာတွင် ယခင် ၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်ဆေးခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂) ရွှေဘို၊ အထက(၁)ရေဦး၊ အထက (ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက(မော်လိုက်)၊ အထက (ကင်းတပ်) နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် ပြန်လည် ဖြေဆိုရန် မလိုအပ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော စာစစ်ဌာနများအနက် စာစစ်ဌာနအချို့ကိုလည်း ပြောင်းလဲဖြေဆိုရန် သတ်မှတ်ထားပြီး မပြောင်းလဲထားသော ကျန်စာစစ်ဌာနများမှာ မူလစာစစ်ဌာနများ၌သာ ဖြေဆိုရမှာဖြစ်ပါတယ်။
ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ၁-၆-၂၀၂၅ ရက်နေ့မှ ၁၅-၆-၂၀၂၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး၏ အဖြေလွှာအုပ်ရေ (၄၃၈၂၇) အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ (၈၆၉၉) ဦး၊စုစုပေါင်း(၆၂၉၅၄)ဦးတို့၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့သည် မီး လောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

22.04.202502:02
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် ကြေညာခြင်း

21.04.202508:39
နေပြည်တော် ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက မီးသတ်တပ်ဖွဲ့ဝင်များအား ကျွန်တော်များ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းက နေ့လည်စာဒါနကို ယနေ့မှာသွားရောက်လှူဒါန်းခဲ့ပါတယ်
ကျွန်တော်တို့အသင်းအနေဖြင့် ငလျင်ဘေးတွင် သောက်သုံးရေများလှူဒါန်းခြင်းအပါအဝင် ကူညီထောက်ပံ့မှုများအား ဆောင်ရွက်လျက်ရှိပါတယ် ပါဝင်လှူဒါန်းလိုပါက ကျွန်တော့်ရဲ့ 09423671702 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ

20.04.202501:23
မန္တလေးငလျင်ကြီးတွင် အကူညီပေးခဲ့သည့် ကျေးဇူးတင်ထိုက်သော ပြည်တွင်း/ပြည်ပ ရှာဖွေကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့များအား တွေ့ဆုံပံ့ပိုးခဲ့မှုပုံရိပ်များ ။
#ukhinyi #ChairmanofUSDP #USDP #Myanmar #NayPyiTaw #MyanmarWaterFestival #Thingyan #WorldHeritage #Donation #Wish #HappyNewYear
Connect with U Khin Yi:
Tik Tok: www.tiktok.com/@chairmanofusdp
Telegram : https://t.me/chairmanofUSDP
Facebook : https://www.facebook.com/ukhinyimyanmar?mibextid=LQQJ4d

19.04.202515:51
သည်နေ့စစ်ကိုင်းတောင်ရိုးကသီလရှင်ဆရာလေး၂ပါးဖုန်းဆက်လာပါတယ်
အကူညီနဲပါးရာကျောင်းတွေကိုရှာဖွေလှူဒါန်းကူညီနေတဲ့ ကျွန်တော်တို့အသင်းကိုအကူအညီတောင်း
ခဲ့ပါတယ်
ကျောင်းပြိုပြီး သနပ်ခါးခြံထဲမှာဖျာခင်း သီတင်းသုံးနေကြရတာ
စာသင်ဆရာလေးငယ်တွေနဲ့၁၅ပါးရှိပါတယ်
ဆွမ်းအတွက်ကတပါတ်စာကျနော်တို့ လှူဒါန်းထားပြီးဖြစ်ပါတယ်ခင်ဗျာ
အရေးပေါ်လိုအပ်နေတာက
သန့်စင်ခန်းနဲ့ အမိုးအကာ မိုးကာတဲလေး
ဖြစ်ပါတယ်
သန့်စင်ခန်းအိမ်သာအနေဖြင့်အပေါ် အလုံးသာလိုအပ်ပြီး
အောက်ခြေအနေအထားကအကောင်း
တိုင်းရှိနေပါတယ်
မိုးကာတဲနဲ့ အိမ်သာတလုံးဆောက်လုပ်
လှူဒါန်းပါမယ်ခင်ဗျာ
ကျွန်တော်တို့နှင့်အတူပါဝင်ကူညီပေး
နိုင်ကြပါရန်လဲဖိတ်ခေါ်ပါရစေ
ဆက်သွယ်လှူဒါန်းရန်
ဦးထွန်းထက်ဦး
Kpay 09423671702
ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း

19.04.202515:17
မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ထုတ်ပြန်ချက်
(ဧပြီ ၁၈)
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး ကြောင့် ၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦးရှိသည်။ ၎င်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၁၄၁ ကြိမ် လှုပ်ခတ်ခဲ့သည်။
ထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အအုံ ၆၅၀၉၆ လုံး၊ စာသင် ကျောင်း ၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀ ၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂၀၃ ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတားအစင်း ၁၇၀ တို့ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် များသည် ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၅၄ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။ အဆိုပါ ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်း များတွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်သူ ၈ ဦးနှင့် သေဆုံးသူ ၂၀၃ ဦးတို့အား ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့သည်။ ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် လူပုဂ္ဂိုလ် ၄၅ ဦးတို့မှလည်း ဝမ်းနည်း ကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ငလျင်ဒဏ်သင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက အလှူငွေ နှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်း များ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်း လျက်ရှိရာ ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စင်း၊ သင်္ဘော ၆ စင်း၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးဆေးဝန်ထမ်း ၁၉၇၅ ဦး၊ ထောက်ပံ့ရေး ပစ္စည်း ၂၃၃၂ ဒသမ ၉၈ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ ၅၉ တန် စုစုပေါင်း တန်ချိန် ၃၅၀၃ ဒသမ ၅၇ တန်တို့ရောက်ရှိ၍ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပ အလှူ ရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ လက်ဝယ် အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

19.04.202513:03
#ဂုဏ်ပြုနေ့လည်စာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးမည်
မြန်မာတစ်နိူင်ငံလုံး မှ နေပြည်တော် သို့
ငလျင်ဘေး အတွက် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော
မီးသတ်တပ်ဖွဲ့ဝင် အင်အား(၆၀၀)ခန့် အား
ဂုဏ်ပြုနေ့လည်စာဖြင့်တည့်ခင်းဧည့်ခံကျွေးမွေးမှာဖြစ်ပါသည်။
ဦးထွန်းထက်ဦး(ဦးဆောင်ကော်မတီဝင်)
ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း
09423671702 (K Pay, W Pay)
09691389898

🕊️ PEACE MYANMAR 🕊️

19.04.202508:12
ငလျင်ကြောင့် အာမခံလျော်ကြေး ကျပ်ဘီလီယံ ၈၀ ခန့်ပေးလျော်ရန်ရှိ
မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုတွေအတွက် အာမခံလျော်ကြေးကျပ် ဘီလီယံ ၈၀ ခန့်ပေးလျော်ရန်ရှိတယ်လို့ မြန်မာ့အာမခံလုပ်ငန်းမှ သိရပါတယ်။
Local News
Published 19 Apirl 2025
WatchVideo >>>
https://yangonmediagroup.com/index.php/myanmar/cho-009-19-4-25

KO CHIT (MDY)

19.04.202506:25
ငလျင်ကြီးတခု လှုပ်ပြီးတဲ့အခါ မိနစ်ပိုင်းအတွင်း နာရီပိုင်းအတွင်းနဲ့ ရက်ပိုင်း/လပိုင်း/နှစ်ပိုင်းကာလတွေအထိ နောက်ဆက်တွဲငလျင်တွေက ဆက်လှုပ်နေတတ်ပါတယ်။
၇.၇ ရစ်ချတာစကေး၊ မွန်းမံ-မာကယ်လီစကေး IX အထိပြင်းတဲ့ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် အနီးဆုံးထိုင်းနိုင်ငံငလျင်ဌာနက နောက်ဆက်တွဲငလျင်ငယ်တွေလှုပ်တာကို မှတ်တမ်းရယူပြီး တင်ပေးနေတာ အကြိမ်ရေ ၆၀၀ ပြည့်တော့မှာပါ။
🔸 ဒီ post မှာ ပြောချင်တာက USGS သည် -
ငလျင်ကြီ;လှုပ်တဲ့သတင်းနဲ့ epicenter တည်နေရာတွေကိုသာ ထုတ်ပြန်ပေးခဲ့တာမဟုတ်ပဲ နောက်ဆက်တွဲငလျင်တွေသည် အားဘယ်လောက်ပြင်းရင် လှုပ်နိုင်ချေက အချိန်အားဖြင့် ဘယ်လောက်ကြာရင် ဘယ်နှစ်ရာခိုင်နှုန်းတော့ ဖြစ်နိုင်မယ်ဆိုတာတွေကိုပါအဆင့်မြင့်နည်းပညာများနဲ့ တွက်ချက်ထုတ်ပြန်ပေးထားပြီးသားဖြစ်ပါတယ်။
🔸 ထုတ်ပြန်ပေးတဲ့ နောက်ဆက်တွဲငလျင်ငယ်လှုပ်နိုင်ချေတွေက နေ့စဉ်ပြောင်းလဲမှုတွေရှိတာကြောင့် အချိန်အတိုင်းအတာတခုအထိ ကျနော် စောင့်ကြည့်ပြီးမှ အခုရေးသားတင်ပြပေးလိုက်တာဖြစ်ပါတယ်။
🔸 နောက်ဆက်တွဲငလျင်ငယ်များလှုပ်နိုင်ချေ ကြိုတင်ခန့်မှန်းထုတ်ပြန်ခြင်းကို USGS ရဲ့ သိပ္ပံပညာရှင်တွေကပါ စောင့်ကြည့်လေ့လာထားပြီးဖြစ်တယ်ဆိုတာ သိထားရပါမယ်။
အဲဒီတော့ USGS ရဲ့ နောက်ဆက်တွဲငလျင်ကြိုတင်ခန့်မှန်းချက်မှာ အချိန် ၁ နှစ်ကြာတဲ့အခါ -
🔴 ပြင်းအား ၇ အထက်ရှိတဲ့ ငလျင်ကြီးလှုပ်နိုင်ချေက ၇%
🟠 ပြင်းအား ၆ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ချေက ၄၆%
🟡 ပြင်းအား ၅ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ချေက ၉၈%
🟢 ပြင်းအား ၄ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ချေက ၉၉%
🔵 ပြင်းအား ၃ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ချေက ၉၉% ... ဆိုပြီး ထုတ်ပြန်ထားတာတွေ့ရပါမယ်။
ငလျင်ကြီးတခု ဒီရက်ပိုင်းအတွင်း လပိုင်းအတွင်းမှာ လှုပ်နိုင်မယ်ဆိုတဲ့ ကောလဟလကို USGS က ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို .. ငလျင်ကြီး ၁ ခုလှုပ်ပြီးတိုင်းထုတ်ပြန်ပေးနေတဲ့ ကြိုတင်ခန့်မှန်းချက်နဲ့ချေဖျက်လိုက်ကြစေချင်ပါတယ်။ အနည်းဆုံး ၁ နှစ်ကြာရင်တောင်မှ ၇ အထက် ငလျင်ကြီးလှုပ်နိုင်ချေက ၇% ပဲ ရှိတာပါ။
(ဧပြီလ ၁၈ ရက် ည ၁၀ နာရီ ၂၀ မိနစ်)

19.04.202506:21
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ကမ်းနားလမ်း၊ သီရိမာလာအနောက်ရပ်ကွက်ရှိ Ayarwaddy River View Hotel အဆောက်အအုံ ပြိုကျပျက်စီးမှုတွင် ပိတ်မိကျန်ရှိနေသည့် သံဃာ(၁)ပါး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ရေးအတွက် ၁၉.၄.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရာများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

Repost qilingan:
CINCDS Myanmar

19.04.202501:44
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးရုံးအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၁၈
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍
Read More >>>https://cincds.gov.mm/node/28856

Kanaldagi o'zgarishlar tarixi
Ko'proq funksiyalarni ochish uchun tizimga kiring.