Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
May Yu Htar Nay avatar

May Yu Htar Nay

သတင်းမှန်ဖြင့် မတရားမှုများ ပပျောက်ရမည်။
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaЧерв 23, 2022
TGlist-ga qo'shildi
Вер 16, 2024

Rekordlar

22.02.202523:59
28.3KObunachilar
28.02.202520:14
700Iqtiboslar indeksi
27.02.202515:18
71KBitta post qamrovi
02.02.202502:47
71KReklama posti qamrovi
20.03.202523:41
126.47%ER
03.01.202523:59
98.62%ERR

May Yu Htar Nay mashhur postlari

ထွန်းမြတ်နိုင် ကြောင့်ရခိုင်မှာမပျော်ရကေလေ့ ကျောက်မြောင်းမှာ ပျော်ရပါရေလို့ကျောက်မြောင်းသင်္ကြန်က ညီမချေတိ ချိုက်ကောင်းထမန်းချေ🥰🥰 တွချစ်ရေနန်း😘😘
18.04.202508:43
ရခိုင့်အရေး၊ မြန်မာ့အရေး
--------------------
(၁၈-၄-၂၀၂၅)

ကဲ… မြန်မာ့သင်္ကြန်ကြီးလည်း ရိုးရာမပျက် အေးအေးချမ်းချမ်းပြီးသွားခဲ့ပြီ။ ပျော်ဖို့အတွက် မဏ္ဍပ်ကြီးတွေ မလိုပါဘူး။ မြို့အလိုက် သူ့ဟာနဲ့သူတော့ ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားလေး ရှိကြတာတွေ့ရတယ်။ ကျောက်မြောင်းရခိုင် သင်္ကြန်ဆိုတာတွေ့ရတော့ သဘောကျပါတယ်။ ရခိုင်တို့ မွန်တို့က သင်္ကြန်ကို ကျန်တိုင်းရင်းသားတွေထက် ပိုကြိုက်ကြတယ်မှတ်လား။ ပျော်နေကြတာမြင်ရတော့ စိတ်ချမ်းသာတယ်။

စိတ်မကောင်းစရာက ပြည်မရောက်နေတဲ့ ရခိုင်တွေကလွဲလို့ ကျန်ရခိုင်ပြည်နယ်မှာတော့ အရင်လို သင်္ကြန်ကို ပျော်နိုင်မယ်မထင်ဘူး။ အရေးထဲ Legacy IAS Academy လို့ခေါ်တဲ့ အိန္ဒိယပုဂ္ဂလိကကျောင်းရဲ့ ဘင်္ဂလားစစ်တပ်ဟာ အမေရိကန်ရဲ့အထောက်အပံ့တွေနဲ့အတူ ရခိုင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့သွားမယ်ဆိုတဲ့ သတင်းကြောင့် အံ့ဩမိသွားတယ်။

လောလောဆယ် ဘယ်ကရမှန်းမသိတဲ့ သတင်းကို လက်ချာပုံစံလုပ်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ ဘင်္ဂလားဒေ့ချ်တပ်မတော်က မြန်မာ့အစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်တဲ့ နည်းပညာ၊ အထောက်အပံ့တွေ ပေးသွားမယ်ဆိုတဲ့ သတင်း။ ဒီသတင်းအမှန်ဆိုရင် အဲ့တာ ပြည်ပစစ် အတိအလင်းကြေငြာတာပဲပေါ့။

တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ဘင်္ဂလားအစိုးရဟာ မြန်မာအစိုးရနဲ့ ဘင်းစတက်အစည်းအဝေးမှာလည်း တွေ့ဆုံခဲ့တယ်။ ငလျင်အတွက်လည်း အကူအညီအဖွဲ့တွေ စေလွှတ်ကူညီနေတာမို့လို့ ဒီသတင်းဟာ ဖွသတင်းသက်သက် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် သတိဆိုတာပိုတယ်မရှိမို့လို့ ဘင်္ဂလားနယ်စပ်က ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ AA တို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမှရမယ်။

AA က ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းနိုင်ရင်ပြီးသွားမယ်လို့ မထင်ကြနဲ့။ အဲ့ဒီအချိန်ကျမှ ဇာတ်လမ်းစမှာ။ သိန်းသန်းချီနေတဲ့ ဘင်တွေအတွက် နိုင်ငံတော်အသစ် ဖော်ဆောင်မယ့်လမ်းမှာ ရခိုင်တွေက အသုံးချခံဖြစ်သွားလိမ့်မယ်။

ကိုယ့်လူမျိုးအချင်းချင်း ညှိနှိုင်းလို့ရတယ်။ ပြည်တွင်းစစ်ကနေ ပြည်ပစစ်ဖြစ်သွားမယ်ဆိုရင် အဲ့ဒီနယ်မြေက ဖုန်ဆိုးမြေသာသာဖြစ်သွားရမှာ အားလုံးသတိချပ်စေချင်တယ်။

(ပိုင်စိုး)
Repost qilingan:
Western 24 News avatar
Western 24 News
AA အကြမ်းဖက် အဖွဲ့ရဲ့လားရာ ဘယ်ကိုဦးတည်နေလဲဆိုတာ မျက်စိစုံမှိတ်ထောက်ခံခဲ့တဲ့ သူ့လော်ဘီ မီဒီယာတွေတောင်ရိပ်မိလာကြပီ။
Repost qilingan:
Western 24 News avatar
Western 24 News
22.04.202507:35
ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအသိုင်းအဝိုင်းက အပြင်းအထန် ရှုတ်ချ
=================================

ဧပြီ ၂၂ ၊ Western 24 News

ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်တွေရဲ့ နယ်စပ် ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း လက်နက်ကိုင်ဆောင် ဝင်ရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီ ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam က အပြင်းအထန် ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကို ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင်အတွင်း ဧပြီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ ကျင်းပခဲ့တဲ့ ဒေသခံတွေရဲ့ သင်္ကြန်ပွဲတော်အတွင်း ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်အချို့လာရောက် ပျော်ပါးနေကြတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီကြီး တစ်ခုဖြစ်တဲ့ ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam ကအပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam ရဲ့ ထုတ်ပြန်ချက်အတွင်း ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ၁၀ ကီလိုမီတာအထိ လက်နက် ကိုင်ဆောင် ဝင်ရောက်ခဲ့ကြတဲ့ ULA/AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ် ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ULA/AAအဖွဲ့က ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာဖြစ်ကြောင်းနဲ့ လက်ရှိယာယီအစိုးရအနေနဲ့ အဆိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံးအတိုက်အခိုက်ပါတီတွေက တစ်ခုဖြစ်ပါတယ်။
ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကိုင်ဆောင်ကာ ဘန်ဒါဘန်က သင်္ကြန်ပွဲအတွင်း ပျော်ပါးနေကြတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး အသိုင်းအဝိုင်းကြား ဝေဖန်မှုများ မြှင့်တက်လာနေသည်။
ULA/AAအကြမ်းဖက်အဖွဲ့တွင် အပေါ် ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ရဲ့ ဆက်ဆံမှုအပေါ်လည်း အားမလိုအားမရ ဖြစ်မှုတွေ များပြားနေပြီး၊ လုံခြုံရေးလျော့ရဲမှုကြောင့် AAအကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုက ဘင်္ဂလားဒေ့ရှ်အထိ ရောက်ရှိလာခြင်းဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုများလည်း မြင့်တက်နေကြောင်း သိရသည်။ https://t.me/westernnews24/9096
16.04.202502:17
အမျိုးတိအားလုံးသာလီစွ ပါနန်း🥰🥰 ကျောက်မြောင်းမှာ ပွဲချနိန်ပါရေ တွပျော်ဖို့ကောင်းနိန်လို့ လာလတ်ဖို့ဖိတ်ပါရေနန်း🥰🥰
Repost qilingan:
Min Chit Oo avatar
Min Chit Oo
29.03.202513:33
နိုင်ငံရေးအောက်လုံးထိုးစကားတွေကို နားယောင်ပြီး
"နိုင်ငံတကာအကူအညီ ဘယ်လောက်လာလာ
နာဂစ်လိုပဲဖြစ်မှာပါ"ဆိုပြီး ဘုဂလန့်တိုက်/ သံယောင်ဝါးလိုက်၊ အောက်လုံးထိုးနေသူများကြည့်ရန်

နာဂစ်တုန်းက တပ်မတော် အစိုးရဘယ်လိုလုပ်ခဲ့လည်းဆိုတဲ့ သမိုင်းကို တွေ့ရပါလိမ့်မယ်

video ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ကိုယ်တိုင် edit လုပ်ခဲ့တာပါ

နိုင်ငံရေးသမားတွေရဲ့ ယုတ်မာကောက်ကျစ်တဲ့ အောက်လုံးထိုးတိုက်ခံမှုတွေကို သံယောင်မလိုက်စေချင်လို့

ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်နိုင်ကြဖို့ တင်ပြပေးခြင်းပါ

#MinChitOo
Repost qilingan:
Western 24 News avatar
Western 24 News
02.04.202502:44
ဪ .. ပြည်ဖျက်မီဒီယာတွေ ပြည်ဖျက်မီဒီယာတွေ
-
သတင်းအမှားတွေနဲ့ ဂျင်းထည့်နေပြန်ပြီ .. အဆိပ်ခတ်နေပြန်ပါပြီ
-
ယူနန်အဖွဲ့တွေက ၃၁ ရက် မနက်အစောကြီးကတည်း mdy ကို ရောက်နေပြီ .. ပစ်ခတ်ခံရမှု ဘာမှ မရှိပါ။ (ဒုတိယပုံ)
-
ပြည်သူတွေ ငလျင်ဒဏ်ကို ဝမ်းနည်းပူဆွေးစွာဖြတ်သန်းနေရချိန် ပြည်ဖျက်မီဒီယာ DVB က အချိန်ကိုက် ပြည်သူတွေရဲ့ နားထဲကို သတင်းအဆိပ် သံရည်ပူတွေ လောင်းထည့်နေပြီ .. တော်တော်အောက်တန်းကျတဲ့ DVB .. 😡
တစ်နိုင်ငံလုံးအနေဖြင့် ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
-
တိုက်ပွဲသတင်းစုံ
22.04.202515:06
စစ်တွေမြို့ကို လက်နက်ကြီးနဲ့ပစ်ပြီး တိုက်ခိုက်ရန်စုဖွဲ့နေတဲ့ စစ်တွေမြို့နယ်၊ မီးလောင်ရွာရှိ အကြမ်းဖက် AA သူပုန်စခန်းအား ချေမှုန်းခြင်း။
-
သူ ၁ ချက်ပစ်ရင် ကိုယ် ၁၀ ချက် ပြန်ပစ်ပိုင်ခွင့် ရှိပါတယ်။
-
တိုက်ပွဲသတင်းစုံ
20.04.202504:28
ရှမ်းမြောက် လားရှိုးကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ Myanmar Hard Talk သတင်းဌာနက နှစ်(၈၀)မြောက်တပ်မတော်နေ့မှာ (နစက) သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးခဲ့ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့အဖြေကိုနားထောင်ကြည့်လိုက်ရင် (MNDAA) အုပ်စုတွေ လားရှိုးက ဆုတ်ခွာနေရတဲ့အကြောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အနာဂတ်ပုံရိပ်တွေကို အားလုံး ခန့်မှန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎
Repost qilingan:
Ko Thet avatar
Ko Thet
19.04.202502:57
AA ဆိုတာ သူ့လက်ဦးဆရာ KIA လိုပဲ .. ၂ ဖက် ခွစားပါ။ (၂ ကျပ်ကွက်နင်းတာ)
-
အစောကြီးကတည်းက ရေးခဲ့ဖူးပါတယ် .. အခုလည်း US ကျောထောက်နောက်ခံ K3C လို ဇာတ်လမ်းဆင်နေပြီး ရခိုင်မှာရှိတဲ့ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အဖျက်အမှောက်လုပ်လိမ့်မယ်လို့ ...
-
တရုတ်လည်း ဝဋ်လည်တာပါပဲ .. KIA MNDAA UWSA AA TNLA သူပုန်တွေကို ရှမ်းမြောက်ဒေသကို လက်နက်/ခဲယမ်း (Drone ကအစ)ပေးပြီး ကျားဖြန့်ခေါင်းစဉ်အောက်က ဖျက်ဆီးခဲ့တယ် ..
-
အခုတော့ သူ့တပည့် AA က US နဲ့ပေါင်းပြီး တရုတ်ကို ဖိအားပေးလေပြီ .. နဂိုကတည်းက ပြောပါတယ် .. 1027 စကတည်းက နိုင်ငံခြားကျူးကျော်စစ်ပါလို့ .. အခုတော့ ဒုတိယံမိပေါ့ ...
-
အပူစာတွေ ကျွေးတဲ့တရုတ် .. အပူတွေနဲ့ပဲ e အီး ပါရလိမ့်မယ်။

KT
https://www.tiktok.com/@kothet8888888/photo/7494673259233938706?is_from_webapp=1&sender_device=pc&web_id=7402886078983980545
20.04.202502:10
ကျောက်ဖြူမြို့နယ်၊ သပြုတောင်ရွာအနီး ရန်သူ့စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခြင်း
-
တိုက်ပွဲသတင်းစုံ
Repost qilingan:
Min Chit Oo avatar
Min Chit Oo
09.04.202514:22
မောင်တောနယ်စပ်အခြေအနေ
====================
AA အနေနဲ့ လိုင်းပေါ်မှာသာလေလုံးကြီးနေတာ
မြေပြင်မှာ ဘယ်လိုပရမ်းပတာဖြစ်နေလည်း၊ နယ်စပ်ကိုဘယ်လိုမထိန်းနိုင်တော့ဘူးလည်းဆိုတာ Video နဲ့ လင့်ကပိုစ့်မှာပါဝင်ကြည့်ကြတော့

လိပ်လောက်မြန်တဲ့စက်လှေလောက်ရှိပြီး AA ကမ်းခြေစောင့်တပ်ဖွဲ့လို့ သုံးရဲတာ နည်းနည်းနောနော သောက်ရှက်တော့မဟုတ်ဘူး
ရခိုင်မြောက်ပိုင်းကတော့မြင်ယောင်ပါသေးတယ်

နေ့စဥ် ထောင်ချီပြီး နတ်မြစ်ကနေဝင်​နေတာနော်
လင့် 👇👇👇https://www.facebook.com/share/v/18VeXLbqnw/
ရခိုင်ကိုချန်ခဲ့မှာလား ..........

တရုတ်မြန်မာ စီးပွါးရေးစင်္ကြန်ပွင့်တာနဲ့ အခြေအနေတွေဟာ ပိတ်ဆို့ထားတဲ့ရေပိုက်ခေါင်းကိုဖွင့်ချလိုက်သလို ဝေါကနဲ အဆင်ပြေသွားမှာပါပဲ ။ အဲ့ဒီလိုဖြစ်လောက်ပါရဲ့လို့လည်း ကိုယ်ယုံကြည်ချင်ပါတယ် ။ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ် ။ ကုန်သွယ်စစ်ကြောင့် တရုတ်အနေနဲ့ CMEC ကိုဖွင့်ဖို့အရေးတကြီးဖြစ်လာလို့ အခုလိုတွေကြိုးပမ်းနေတာလို့ယူဆရပါတယ် ။

တရုတ်မြန်မာကုန်သွယ်လမ်းကြောင်းပွင့်တာနဲ့ မြန်မာပြည်ညာဖက်အခြမ်းတစ်ခြမ်းလုံး ရှမ်းပြည်နယ်အပါအဝင် အဆင်ပြေသွားမှာပါ ။ ကုန်ဈေးနှုန်းတွေကျမယ် ၊ ဆေးဝါး နှင့်အခြားအသုံးအဆောင်ပစ္စည်းတွေ တင်သွင်းခွင့်ရလို့ ဈေးနှုန်းကျပြီးပေါလာမယ် ။ စီးပွါးရေးတွေကောင်းမယ် ။ ညာဖက်တစ်ခြမ်းလုံးမှမဟုတ်ပါဘူး ၊ တစ်နိုင်ငံလုံးအသက်ရှူချောင်ပါလိမ့်မယ် ။

တစ်ခုပဲ ..... အဲ့ဒိအထဲ ရခိုင်ပါမှာလားဆိုတဲ့မေးခွန်း ။ ရခိုင်ကို အစိုးရက ဖြတ်လေးဖြတ်လုပ်ထားပါတယ် ။ အစိုးရအာဏာစက်လည်း ရခိုင်မယ်အရမ်းနည်းပါတယ် ။ AA ရဲ့ဩဇာဟာ ရခိုင်မှာကြီးနေပါတယ် ။ အခုက AA သည်စစ်ကို ဆက်တိုက်နေဆဲဖြစ်သလို ၊ ဆက်ပြီးလည်းတိုက်နေဦးမှာပါပဲ ။

အကိုကြီးဌေးအောင်ပြောတာတစ်ခု သဘောကျတယ် ။ AA ကစစ်ကိုတိုက်နေတာမဟုတ်ဘူး ၊ စစ်က AA ကိုတိုက်ခိုင်းနေတာ ။ AA ကစစ်ကိုမတိုက်ပဲကိုမနေရတော့တဲ့အထိဖြစ်သွားတာ ။ စစ်ကိုရပ်လို့မရတော့ဘူး ။

အခုက ဘင်္ဂလားစစ်တပ်ကနေ CIA အကူအညီနဲ့ AA , CNF တို့ကိုထောက်ပံ့မယ်ဖြစ်နေတယ် ။ AA လည်ပင်းညှစ်ခံရတယ် ၊ ဒီအထောက်အပံ့ကိုမယူလို့လည်းမရဘူး ။ ယူလိုက်လျင်လည်း စစ်ဆက်တိုက်ရမယ် ။

အခုက တရုတ်ကလည်း CMEC စချင်လွန်းလို့သည်းမခံနိုင်ဖြစ်ပြီဆိုတော့ ၊ AA ဘာလုပ်မလည်း ။ အကြီးကြီး ကြားညပ်ခံရပြီ ။ KIA , AA , CNF , PDF တို့ဘာဆက်လုပ်မတုန်းဆိုတော့ စစ်ဆက်တိုက်ဖို့ပဲရှိတယ် ။ မတိုက်လို့လည်းမရဘူး ။

အဓိကက စစ်ဆက်တိုက်လျင် ရခိုင်ပြည်နယ်က နောက်ပိုင်းအေးချမ်းလာတော့မယ့် မြန်မာနိုင်ငံနှင့် အလှမ်းဝေးသည်ထက်ဝေးပြီး ကျန်ခဲ့လိမ့်မယ် ။ စစ်ဆက်တိုက်နေလျင် ဒေသခံတွေ ရခိုင်ပြည်နယ်ထဲမှာနည်းသည်ထက်နည်းလာလိမ့်မယ် ။

တရုတ်သာ CMEC ကိုဖွင့်နိုင်ခဲ့လျင် ထိုင်းမြန်မာကုန်သွယ်ရေး အာရှလမ်းကြီးလည်းပြန်ဖွင့်ရလိမ့်မယ် ။ ဒီနှစ်လမ်းပွင့်သွားလျင်မြန်မာပြည်အသက်ရှူချောင်ပြီ ။ ကျန်တာတွေကအေးဆေးဖြေရှင်းရုံပဲ ။

ဒါပေမယ့် အဲ့ဒီအထဲမှာ ရခိုင်မပါပဲကျန်ခဲ့လိမ့်မယ် ။

စစ်တွေမြို့ရှိတဲ့ ရခိုင်ပြည်နယ်ကို စစ်တွေဖြစ်နေတဲ့ကြားမှာထားခဲ့ရတော့မယ်ထင်တယ် ။

ရခိုင်ပြည်နယ်က တော်တော်နှင့်လည်းငြိမ်းချမ်းဦးမယ့်ပုံမပေါ်ဘူး ။ ပြီးတော့ ပိုပြီးရှုပ်ထွေးလာလိမ့်ဦးမယ် ။ CMEC ရဲ့ အဆုံးသတ်ဖြစ်တဲ့ရခိုင်ဟာ အင်အားကြီးတွေကြားမှာ စိစိညက်ညက်အချေခံရလိမ့်ဦးမယ်ထင်ပါရဲ့ ။

အဲ့ဒါကြောင့်မေးခွန်းမေးကြည့်တာပါ ။

ရခိုင်ကိုထားခဲ့မှာလား လို့ပေါ့ ။

ထားခဲ့တယ်မဟုတ်တောင် မလိုက်နေသေးလျင် ခဏနေဦးပေါ့ ။

နောက်မှ တွဲခေါ်ကြတာပေါ့ ။

ဒီလိုပဲပြောကတော့မှာပေါ့ ။

နော့် ..........

မေတ္တာဖြင့်ယှဉ်လျက်

#XENON
28.03.202503:10
တပခနယ်မြေအတွင်း AA အကြမ်းဖက်သကသများအား Drop Bomb ချတိုက်ခိုက်ချေမှုန်း (27-3-2025)
-
ကျင်းတူးပုန်းလည်းမလွတ်ပါ
-
တိုက်ပွဲသတင်းစုံ
Ko'proq funksiyalarni ochish uchun tizimga kiring.