Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
စာတန်းထိုးmovie avatar

စာတန်းထိုးmovie

Рейтинг TGlist
0
0
ТипПубличный
Верификация
Не верифицированный
Доверенность
Не провернный
Расположение
ЯзыкДругой
Дата создания каналаЛют 16, 2025
Добавлено на TGlist
Лют 16, 2025

Рекорды

28.04.202523:59
207.1KПодписчиков
05.01.202523:59
0Индекс цитирования
28.02.202508:45
19.1KОхват одного поста
28.02.202508:45
19.1KОхват рекламного поста
04.03.202523:59
2.44%ER
28.02.202508:24
9.59%ERR

Развитие

Подписчиков
Индекс цитирования
Охват 1 поста
Охват рекламного поста
ER
ERR
ЛЮТ '25БЕР '25КВІТ '25

Популярные публикации စာတန်းထိုးmovie

ဟေ့ ကိုယ့်လူတို့ရေ အတွဲတွေကိုပဲသီးသန့်လိုက်သတ်တဲ့ ရုံတင်
လူသတ်ကား လာပြီနော် 🫠

Single တွေအတွက်တော့ ကြည့်ရတာ တန်စေမဲ့ လူသတ်ကားလေးပါစတာပါ အတည်ပါ

ခဏနေရပါမယ်နော် တင်နေတုန်းမို့ပါ အသဲလေးတွေ ပေးထား
ကြပါဦး ❤️❤️❤️

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/798

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဇီ၀မျိုးစိတ်ပြောင်းလဲမှုကြောင့် ထူးဆန်းတဲ့အရာတွေ ကြုံတွေ့ရတဲ့ လူသားတွေ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

အနာဂတ်မှာ ကမ္ဘာကြီးရဲ့ဂေဟစနစ်ပျက်စီးတော့မှာကို လူသားတွေသိရှိခဲ့ပြီးတော့ အပင်တွေမပျက်စီးဖို့ ကြိုတင်ပြင်ဆင်ရင်း အပင်မျိုးစိတ်တွေက ဓါတ်ခွဲခန်းတွေထဲကနေ လွတ်ထွက်သွားပြီး ကမ္ဘာတစ်ခုလုံးဗြောင်းဆန်သွားတော့တာပါပဲ

နဂိုရှိရင်းစွဲ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်တွေအကုန် မျိုးသုဉ်းသွားတဲ့အပြင် ကမ္ဘာပေါ်မှာလည်း လူသားအနည်းငယ်သာကျန်ပါတော့တယ်။ အထက်တန်းလွှာတွေက Citadel လို့ခေါ်တဲ့ အလုံပိတ်မြို့တော်တွေမှာနေနေကြပြီး ကျန်တဲ့သူတွေကတော့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ အသက်ရှင်ကျန်ဖို့ ရုန်းကန်ကြရပါတော့တယ်
၁၃ နှစ်သမီး ဗက်စ်ပါဟာ ဉာဏ်ကောင်းတဲ့သူ၊ တော်တဲ့ ထက်မြက်တဲ့သူဖြစ်သော်ငြားလည်း အထက်တန်းလွှာမဟုတ်တဲ့အပြင် သူ့အဖေကလည်း အိပ်ရာပေါ်မှာ ပက်လက်ပါ။ ဒရုန်းလေးကနေတစ်ဆင့်ပဲ သားအဖနှစ်ယောက် စကားပြောဆက်သွယ်ကြရပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာ တောထဲ အစာလိုက်ရှာနေတုန်း အပင်တွေသွေးဝိုင်းစုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ပြီးတော့ ကယ်တင်ခဲ့ပါတော့တယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/427

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ထိုင်း စစ်သား ဇွန်ဘီ ဇာတ်ကားအသစ်စက်စက် 😍😍

➪➪➪➪➪➪➪➪➪➪➪➪➪➪

တလောကမှ ရုံတင်ထားတဲ့ ဇွန်ဘီးကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒုတိယကမ္ဘာစစ်ကာလ ထိုင်းနယ်စပ်ကို ဂျပန်စစ်သားတွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် စစ်ဖြစ်ကြရင်း နှစ်ဖက်သ‌ဘောတူ အပစ်အခတ် ရပ်စဲလိုက်ကြတာပေါ့။ဒီတော့ ဌာနချုပ်က မက်နဲ့မော့တို့ ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့တပ်ဖွဲ့တွေနဲ့ အတူနယ်စပ်မှာ နယ်မြေရှင်းလင်းရေးအတွက် လွှတ်လိုက်ပါတော့တယ်။ဒါပေမဲ့ သူတို့ မသိတာက ကျူးကျော်လာတဲ့ ဂျပန်စစ်သားတွေမှာ ထူးဆန်းတဲ့ဇီဝလက်နက်တစ်ခု ပါလာပြီးတော့ တိုက်ပွဲဖြစ်ရင်းအဲဒီလက်နက်က သေတ္တာထဲကကျသွားပြီး နယ်စပ်က ရွာနီးစပ်ချုပ်မှာ ပြန့်သွားတဲ့အခါကိုယ့်ဇာတ်ကိုယ်မကနိုင်လို့ အကုန်ရှင်းပစ်ဖို့ကြံစည်နေတဲ့ ဂျပန်စစ်သားတွေကတစ်ဖက်ကိုယ့်ရဲ့ရှင်သန်ရေးအတွက် တိုက်ခိုက်ရမယ့် ရွာသားတွေနဲ့ ထိုင်းစစ်သားတွေကတစ်ဖက်လွန်ဆွဲပွဲမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/warharhar1/165

🎬 Main channel
🔗

t.me/addlist/43SAvNGGjGExNWVl
The Deep House (2021)
=================

ကိုစပ်စုစိန်နဲ့သူ့ရည်းစားတို့ဟာ ထူးဆန်းပြီး ကြောက်ဖို့ကောင်းတဲ့နေရာ တွေကို အတူသွားစူးစမ်းကြပြီး ဗီဒီယိုတွေတင်နေကြတဲ့နှစ်ယာက်ပေါ့။ဖော်လိုဝါးတွေအတွက်ဆွဲဆောင်မှုရှိပြီး ကြည့်ရှူသူများလာစေမဲ့အရာကို ဖန်တီးဖို့ အကြံရသွားပါတယ်။ဒီလိုနဲ့ သူတို့တိုင်ပင်ပြီး ဗြိတိန်ကနေ ပြင်သစ်အထိတကူးတကလာပြီး စပ်စုစိန်လုပ်ကြပါတော့တယ်။

ဒီလိုနဲ့ပြင်သစ်အနောက်တောင်ပိုင်းလေးက ရေအောက်မြုပ်သွားတဲ့ မြို့ကလေး(သို့) ဖရက်စ်ရေကန်လေးကို နှစ်ယောက်သားသွားစပ်စုစိန်လုပ်ကြတဲ့အခါမှာတော့၊လျှို့ဝှက်သည်းဖိုဇာတ်ကားတွေကိုကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်ကားလေးတစ်ကားပါလို့ညွှန်းပါရစေ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsub2005/2406

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
The Monkey (2025)
***
(အသည်းငယ်သူများမကြည့်ရ)

ဟော်ရာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားထွက်လာပါပြီ။ မူရင်းရုံတင်တုန်းက အချို့နိုင်ငံတွေမှာ အရမ်းကြမ်းတမ်းလွန်းတဲ့အခန်းတွေကို ဆင်ဆာဖြတ်ထားပေးလိုက်ရပါတယ်။ အခု ဗားရှင်းကတော့ အကုန်ကွက်ကွက်ကွင်းကွင်းပါတဲ့ဗားရှင်းမို့ ဟော်ရာဖန်တွေ အဝကြည့်ရမှာပါ။

dark comedy, horror ဖြစ်လို့ ပိုးစက်ပက်စက်တွေ ရှောကုန်သလို ရယ်လည်းရယ်ရပါတယ်။
မင်းသားကတော့ Div*er*ge*nt ရုပ်ရှင်တွေနဲ့လူသိများတဲ့ Theo James ပါပဲ။

ဇာတ်လမ်းအကျဉ်း ဟဲလ်နဲ့ဘီလ်ရှယ်ဘွန်းတို့ဟာ အချိန် ၃ မိနစ်ပဲခြားတဲ့ အမြွှာညီအစ်ကိုတွေပါ။ သူတို့အမေရဲ့ ပြောစကားအရတော့ သူတို့ရဲ့ အဖေက ဆေးလိပ် သွားဝယ်ဦးမယ်လို့ ပြောထွက်သွားပြီး အိမ်ကို ပြန်မလာတော့ဘူးဆိုတာပါပဲ။ ဟဲလ်နဲ့ ဘီလ်က အမြွှာညီအစ်ကိုဆိုပေမဲ့ တခြားအမြွှာတွေလို ချစ်ချစ်ခင်ခင် မရှိပါဘူး။ ဘီလ်က ဟဲလ်ကို အခွင့်ရရင် ရသလို အနိုင်ကျင့်တတ်ပါတယ်။သူတို့အဖေရဲ့ ပစ္စည်းတွေကို ဟဲလ်တို့အမေက အမှိုက်တွေလို့ထင်ပေမဲ့ အမြွှာညီအစ်ကိုအတွက်တော့ ဒါတွေက သူတို့အဖေ ဘယ်လိုလူလဲဆိုတာကို သိနိုင်ဖို့ အခွင့်အရေးတွေလို့ သူတို့က မြင်ကြတယ်။ ဒီလိုနဲ့ သူတို့အဖေရဲ့ ပစ္စည်းတွေထဲကနေ မျောက်ရုပ်တစ်ရုပ်ကို ရှာတွေသွားကြတယ်။ဒီမျောက်ရုပ်ကို စတွေ့ပြီး မကြာဘူး။ ဟဲလ်နဲ့ ဘီလ့်ကို ထိန်းတဲ့ ကလေးထိန်းသမ စပြီး အဖြစ်ဆိုးနဲ့သေတယ်။ ဒီလိုဖြစ်ပြီး မကြာဘူး။ မျောက်ရုပ်က ထားရင် ထားတဲ့နေရာမှာ မရှိတာမျိုးတွေ ဖြစ်လာတယ်။ တစ်နေ့တော့ သူ့ကို အနိုင်ကျင့်လွန်းတဲ့ ဘီလ်ကို သေစေချင်တယ်လို့ ဟဲလ်က မျောက်ရုပ်ကို ပြောလိုက်ချိန်မှာ အမေဖြစ်သူ သေဆုံးသွားခဲ့တယ်။‌ဒီမျောက်ရုပ်က တောင်းဆိုလို့မရဘူး။ သူသတ်ချင်တဲ့လူကို ကြိုက်တဲ့အချိန်မှာ သတ်တယ်ဆိုတာ သိသွားပါတော့တယ် …

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/mmsub2005/2392

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
အိပ်ခန်းထဲက မှန်ကနေတစ်ဆင့် ထူးဆန်းတဲ့ ရဲတိုက်ကြီးဆီ ရောက်သွားပြီး ဘာတွေဆက်ဖြစ်သွားမလဲ.....

Lonely Castle In The Mirror ( 2023 )
📱
=============================

ပရိတ်သတ်အတွက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးက ဂျပန် novelကို animation version လေးဖြစ်ပါတယ်။

ဆယ်ကျော်သက်လေး ၇ ယောက်ဟာ အိပ်ရာနိုးလာတဲ့အချိန်မှာ သူတို့ရဲ့အိပ်ခန်းထဲကမှန်တွေက တောက်ပတဲ့ မုခ်တံခါးကြီးဖြစ်နေပြီး သူတို့ရဲ့ ပျင်းစရာကောင်းတဲ့ဘဝကြီးကို အံ့ဩစရာတွေအပြည့်နဲ့နေရာတစ်ခုကို ဆွဲခေါ်ခံလိုက်ရပါတယ်။

အဲဒီနောက်မှာတော့ သူတို့ဟာ ဝံပုလွေမျက်နှာဖုံးနဲ့ မိန်းကလေးတစ်ယောက်ရဲ့ game ကစားဖို့ဖိတ်ခေါ်ခံရပြီး ဘာတွေဆက်ဖြစ်မှာလဲ။

သူတို့ရဲ့နေရာကိုပြန်နိုင်မှာလား စတဲ့ စိတ်လှုပ်ရှားစရာအကြောင်းအရာတွေကို ဇာတ်လမ်းလေးကြည့်ပြီး စီးမျောခံစားလိုက်ပါ ....

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/697

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဂျစ်စဘယ် ဆိုတဲ့ ကောင်မလေးဟာ ကားမတော်
တဆဖြစ်ပြီးတော့ ရင်သွေးရော ချစ်ရတဲ့အမျိုး
သားကိုရော ဆုံးရှုံးလိုက်ရပါတယ်။

သူမလည်း မတော်မဆမှုကြောင့် လမ်းမလျှောက်
နိုင်ပဲ ဆေးကုသ နေရသူဖြစ်ပါတယ်။

ဒီလိုနဲ့ ဆေးရုံကဆင်းပြီး အဖေ့အိမ်မှာပဲ
ပြန်လာနေဖြစ်ခဲ့ပါတယ်။

ဂျစ်စဘယ်တစ်ယောက် အဖေ့အိမ်မှာပြန်လာ
နေပြီးနောက်ပိုင်း သူ့အမေချန်ခဲ့တဲ့ တိတ်ခွေ
တွေကို ကြည့်မိသွားရာကနေ ခြောက်ခြားစရာ
ကောင်းတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။

အသက်အန္တရာယ်ထိခြိမ်းခြောက်ခံရမှုတွေထိပါ
ခြောက်ခြားစရာတွေကြုံလာရတဲ့အခါမှာ ဂျစ်စ
ဘယ်တစ်ယောက်ဘာဆက်လုပ်မလဲ။

သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေထဲမှာရှိနေတဲ့
လျှို့ဝှက်ချက်ကဘာဖြစ်မလဲဆိုတာကို စိတ်ဝင်
စားစရာ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ သည်းထိတ်
ရင်ဖိုကြည့်ရှုခံစားရမှာပါ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsub2005/2644

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ကမ္ဘာကို ဖျက်စီးဖို့ ဂြိုလ်ကောင်သားတစ်ကောင်ကို ကမ္ဘာမြေဆီ စေလွှတ်လိုက်သောအခါ ..

➪➪➪➪➪➪➪➪➪➪➪➪➪➪

ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ သူတစ်ဦးဖြစ်ပြီးသူ့ကိုပေးထားတဲ့ အမိန့်အတိုင်း အကုန်ဖျက်စီးရမှာပါ ဒါပေမယ့် သူ လူသားတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သူ့အပေါ် ဂရုစိုက်တဲ့သိပ္ပံပညာရှင် Helen Benson ရဲ့ အကူအညီ နဲ့ ထွက်ပြေးနိုင်ခဲ့ပြီး သူလာခဲ့တဲ့ မူရင်း ကမ္ဘာဖျက်မယ့် ကိစ္စ ကို Helen ကိုပြောပြခဲ့ပါတယ်

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/243

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
post.reposted:
Action Movie 🍿 avatar
Action Movie 🍿
River of Blood (2024)

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/191

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
လူပုလေးတွေနဲ့ မှော်စွန့်စားခန်းကြုံတွေ့ရမယ့် ဓားပြရဲ့ သမီးငယ်လေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဓားပြသမီးရွန်ယာဟာ ၁၉၈၁ ခုနှစ်က ပထမဆုံးထုတ်ဝေခဲ့တဲ့ဆွီဒင်စာရေးဆရာ Astrid Lindgren ရဲ့ကလေးပုံပြင်စာအုပ်ကိုLive-Action တီဗီစီးရီးအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။

အက်ရှင်စွန့်စားခန်းများအပြင်တောအုပ်ထဲကလျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါများစွာကိုလည်းရင်ဆိုင်ကျော်လွှားကြရမှာဖြစ်လို့စိတ်ဝင်စားဖွယ်စီးရီးလေးတစ်ခုပါ

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/228

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
post.reposted:
Action Movie 🍿 avatar
Action Movie 🍿
The Coffee Table (2022)
===============

The coffee table ဇာတ်ကားလေးက 2022 မှာထွက်ရှိခဲ့ပြီး

IMDb 6.7 ရရှိထားပြီး Rotten tomatoes 86%

ရရှိထားတဲ့စပိန်ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဟက်စွပ်နဲ့မာရီယာတို့

ဇနီးမောင်နှံဟာ ပူပူနွေးနွေး မိဘတွေဖြစ်လာတဲ့သူတွေပါ။

တစ်နေ့မှာ အိမ်အတွက် ကော်ဖီစားပွဲသွားဝယ်ကြပါတယ်။

စားပွဲဝယ်လိုက်ကတည်းက တစ်ဆစ်ချိုးပြောင်းသွားတဲ့

သူတို့ရဲ့ဘဝကို ရှုစားရမှာပါ။

-
-

ကံဆိုးမှုဆိုတာ တစ်ကောင်တည်းမလာဘူး

အဖော်အပေါင်းနဲ့လာတယ်ဆိုတာ

ဒီကားကိုကြည့်ရင်သိရမှာပါ။

ဒါကြောင့် သဲထိတ်ရင်ဖိုကြိုက်တဲ့

ပရိသတ်ကြီးတို့အတွက် Channelmyanmar ကနေ

The coffee table ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/421

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြား တခြားသူငယ်ချင်းတစ်ယောက်ရောက်လာတာကြောင့် ဘယ်လို‌တွေသဝန်တိုကြမလဲဆိုတာ...

Ella Bella Bingo ( 2020 )
📱
=====================

ကလေးဘဝတုန်းက ကျွန်မတို့တွေ သူငယ်ချင်းတွေကို အရမ်းခင်တဲ့အကြောင်းတွေ ဝန်မခံခဲ့မိကြပေမဲ့

တစ်ယောက်ယောက်ကများ သူငယ်ချင်းအဖြစ်နဲ့ ဝင်လာခဲ့ရင်
ကိုယ့်ထက်ပိုခင်သွားမှာကိုတော့ တိတ်တဆိတ်စိုးရိမ်ခဲ့ကြတယ်မလား….

ဒီ Animation ကားလေးထဲမှာလည်း Ella နဲဲ့ Henry တို့သိပ်ခင်ကြတဲ့သူငယ်ချင်းတွေပေါ့…

သိပ်ခင်တဲ့ သူတို့အကြားကို တခြားမြို့ကပြောင်းလာတဲ့ သူဌေးသားလူပေါ်ကြော့လေး Jonny တစ်ယောက်ရောက်လာပါတော့တယ် ..

Jonny ဟာပိုက်ဆံချမ်းသာပေမယ့် မိဘတွေကအလုပ်ကြောင့်နေရာခဏခဏပြောင်းရတာမို့ သူငယ်ချင်းအတည်တကျမရှိတဲ့ကောင်လေးပါ

Henry ကို တွေ့ပြီးတော့ သဘောကျသွားပြီ သူနဲ့သူငယ်ချင်းလုပ်ဖို့မျိုးစုံကြိုးပမ်းပါတော့တယ် ..

တစ်ဖက်မှာလည်း သူ့ရဲ့သူငယ်ချင်းကို သူများဆီ အပါမခံနိုင်တဲ့ Ella နဲ့ Henry ကို သူ့သူငယ်ချင်းဖြစ်စေချင်တဲ့ Jonny တို့ ရန်ဖြစ်စကားများပြီး ပြဿနာတွေ ဆက်တိုက်ဖြစ်ပါတော့တယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/relaxmovie1/1426

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
အက်စီးဒန့်ဖြစ်ပြီး တခြားလူရဲ့ခန္ဓာကိုယ်ထဲ၀င်ပူးပြီး အချစ်သင်တန်းပေးရသောအခါ ..

➪➪➪➪➪➪➪➪➪➪➪➪➪➪

လီဟွန်းက accident တစ်ခုဖြစ်ပြီးထူးဆန်းတဲ့ကိစ္စတွေနဲ့ကြုံလာရတာပါ။အချစ်ရေးအဆင်မပြေတဲ့လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး အဆင်ပြေမှ ပြန်ထွက်ခွင့်ရတာပါ။ဒီအကြောင်းတွေကို သိတဲ့သူဆိုလို့ “စကာလီ” တစ်ယောက်ပဲရှိပြီး သူ့ကို ကူညီပုံတွေကို ဟာသ၊ဒရာမာချိုးပြီးရိုက်ကူးထားတဲ့ကားကောင်းတစ်ကောင်းပါ။မထင်မှတ်တဲ့အလှည့်အပြောင်းတွေနဲ့ အူတက်အောင်ရယ်လည်းရယ် ငိုလည်းငိုရတဲ့ကားလေးပါ။ချစ်ခြင်းမေတ္တာဆိုတာကို ပီပြင်အောင်ဖော်ညွှန်းထားနိုင်လို့အားလုံးအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/262

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
သရဲနဲ့အတူတူ တူတူပုန်းတမ်းသွားကစားမိတဲ့ ကလေးမလေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ကလေးဆုံးရှုံးရလို့ သေဆုံးသွားပြီးတဲ့နောက်မှာ ကလေးကို စွဲလမ်းတဲ့စိတ်နဲ့ မကျွတ်မလွတ်
ဖြစ်နေတဲ့ ဝိညာဥ်သရဲတစ်ကောင် ..

မိသားစုက လျစ်လျူရှုခြင်းခံရတဲ့ ကလေးတွေကို သူ့ဆီပါလာအောင်ဆွယ် ..

ရာမန်နဲ့ ဆာရီဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ အမေဖြစ်သူနဲ့အတူတူ ပျော်ရွှင်စွာနေထိုင်နေပါတယ်။
သားဖြစ်သူ ရာမန်ကတော့ ကောလိပ်တက်နေပြီဖြစ်ပြီး
တစ်နေ့မှာ ဖခင်ရဲ့နေရာကို လက်လွှဲယူမယ်ဆိုပြီး အမြဲပြောတတ်တဲ့သူတစ်ယောက်ပါ။

ဆာရီလေးကတော့ ကလေးပီပီ အမြဲ ဆော့မယ် စားမယ်ပါပဲ။

ဒီလိုနဲ့ တစ်နေ့မှာ ဆော့ကစားချင်နေတဲ့ ဆာရီလေးကို မိခင်ဖြစ်သူက အပြင်မှာ သွားကစားဖို့
လွှတ်လိုက်ပါတော့တယ် ..

ဆာရီလေးဟာ သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းဆော့နေရင်း အနားက အိမ်အိုကြီးထဲကို
ဝင်ပုန်းရာကနေ ဝင်ဝင် ဂွမ်ဘယ်သရဲရဲ့ ခေါ်ဆောင်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့ ....

ဘယ်လိုခြောက်လှန့်မှုမျိုးနဲ့အတူ ဘယ်လောက်အထိ ကြောက်စရာကောင်းမလဲဆိုတာတော့

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/118

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
မီးခိုးတွေနဲ့ ပိတ်မိနေတဲ့မြို့ကနေ ကြယ်တွေကို မြင်ရဖို့အတွက် စွန့်စားခန်းထွက်ကြမယ့် ကောင်လေးနဲ့ အမှိုက်လူသား

Poupelle of Chimney Town ( 2020 )
📱
============================

မီးခိုးခေါင်းတိုင်မြို့ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့မြို့လေးက

လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား တို့ရဲ့ စွန့်စားခန်းကို ငိုလိုက်ရယ်လိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။

လုဘိချိရဲ့ အဖေဖြစ်သူက ကောင်းကင်မှာကြယ်တွေရှိကြောင်းပြောလေ့ရှိတယ် ။

အဲ့မြို့ကလူတွေက‌တော့ "ဟာ ဒီကောင် င‌ပေါကြီး" ဘာညာနဲ့ သူပြောကိုမယုံကြဘူး ။

မြို့တစ်ခုလုံးက မီးခိုးတွေနဲ့ပိတ်နေတာကိုး ၊ ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ

အဲတာနဲ့ တစ်နှစ်လောက်ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။

အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့
အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့

နောက်မှ လူမဟုတ်မှန်းသိသွားကြတော့လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ် ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/617

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Войдите, чтобы разблокировать больше функциональности.