Suspiria (2018) မြန်မာစာတန်းထိုး
၂၀၁၈ ကထွက်ရှိခဲ့တဲ့ Horror/ thriller ရုပ်ရှင်ဖြစ်ပြီး ဇာတ်အိမ်တည်ထားတာက ၁၉၇၀ ခု ဂျာမနီနိုင်ငံကို အခြေပြုရိုက်ထားတာဖြစ်ပါတယ်၊ ၁၉၇၇ ခုနှစ်က မူရင်းထွက်ရှိခဲ့တဲ့ Suspiria movie ကို ပြန်လည် remakeရိုက်ကူးထားတာပဲဖြစ်ပါတယ်
Thriller/horror genre နဲ့လိုက်အောင်ပဲ ဒီဇာတ်ကားရဲ့ Cinematography, Choreography နဲ့ BGM တွေက ခြောက်ခြားဖွယ်ရသကို အပြည့်အဝပေးစွမ်းထားပါတယ်။
ဇာတ်လမ်းတင်ဆက်မှုက အင်မတန်ကြမ်းသလို သွေးသံရဲရဲပြကွက်တွေနဲ့ အရိုးလိမ်ချိုးခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလိုပြကွက်တွေ၊ စုန်းကဝေနဲ့ ဘာသာရေးဆိုင်ရာ ပြကွက်ကြမ်းတွေပါဝင်လို့ အသည်းငယ်တတ်သူများနှင့် ရွံရှာတတ်သူများ ကြည့်ရှုဖို့ မသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။