Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Naung Taw Lay avatar
Naung Taw Lay
Naung Taw Lay avatar
Naung Taw Lay
25.02.202507:54
နယ်မြေရှင်းလင်းခြင်း (မတ္တရာ)

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ TNLA နှင့် PDF အကြမ်းဖက်သမားများအား နယ်မြေရှင်းလင်းတိုက်ခိုက်နေသော လုံခြုံရေးစစ်ကြောင်းများအား လက္ကောင်းကြီး ကျေးရွာမှ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ TNLA နှင့် PDF အကြမ်းဖက် ပူးပေါင်းအင်အား ၃၀ ဦးခန့် ခိုအောင်းနေသော နေရာတစ်ခုကို ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းက သွားရောက်ရှင်းလင်း တိုက်ခိုက်ခဲ့သည်။

လုံခြုံရေးစစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများ ၃၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး TNLA အဖွဲ့များ ကျဆုံးဒဏ်ရာရ အလောင်းများအား ဆွဲယူပြီး လက္ကောင်းကြီးကျေးရွာမြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာအား အသေးစိတ်ရှင်းလင်းခဲ့ရာ (၁) TNLA အလောင်း ၃ လောင်း၊ (၂) PDF အလောင်း ၁ လောင်း၊ (၃) လက်နက်မျိုးစုံ ၁၀ လက်၊ (၄) ဒရုန်း ၁ စီး၊ (၅) ကျည်အိမ် ၅ ခု သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ စစ်သည် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။

မတ္တရာမြို့အနီးရှိ ကျေးရွာများတွင် TNLA+PDF အကြမ်းဖက်သမားများက ရိက္ခာဆက်ကြေးများ အတင်းအဓမ္မတောင်းခံမှုများကြောင့် ဒေသခံပြည်သူများက ရွံရှာမုန်းတီလျက်ရှိပြီး အကြမ်းဖက်သမားများ အခြေပြုနေရာများနှင့် ရန်သူ့တပ်လှုပ်ရှားမှုသတင်းများ ပေးပို့လာသဖြင့် ယခုရက်ပိုင်းအတွင်း မတ္တရာအနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက် TNLA ၊ PDF များ ထိခိုက်ကျဆုံးမှု များပြားနေကြောင်း သိရသည်။

#News #MMP
25.02.202505:39
ယူကရိန်းကို နေတိုးထဲထည့်ရင် အန္တရာယ်များမယ်ဆိုတာကို သိသိချည်းနဲ့ လုပ်ခဲ့တာလို့ ဆို

ဖေဖော်ဝါရီ - ၂၅ ( အင်္ဂါနေ့ )
ယူကရိန်းကို မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့(နေတိုး)ထဲကို ထည့်မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခ ဖြစ်နိုင်ခြေ မြင့်မားတယ်ဆိုတာကို အမေရိကန်နှင့် ဥရောပ တာဝန်ရှိသူများက ကာလကြာရှည် သတိပြုမိခဲ့ကြောင်း Wikileaks က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ ၎င်းရရှိထားသော စာရွက်စာတမ်းများကို ကိုးကား၍ ထုတ်ဝေသူသည် အနောက်နိုင်ငံများမှာရှိတဲ့ အတိုက်အခံတွေက ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို တွက်ချက်ပြီး သတိပေးထားတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်က နည်းလမ်းတွေ ရှာဖွေပေးမယ်ဆိုပြီး ယူကရိန်းကို ထောက်ခံခဲ့ကြတာပဲ ဖြစ်ပါတယ်။
ယူကရိန်းက အမေရိကန်ဦးဆောင်တဲ့ စစ်အုပ်စုအဖွဲ့ကို ဝင်ရောက်စေခြင်းက ပြည်တွင်းစစ် ဒါမှမဟုတ် ဒေသတစ်ခုလုံး မတည်မငြိမ်ဖြစ်စေနိုင်ပြီး ရုရှားက “မကြုံချင်ဘူး” ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခိုင်းစေခဲ့တာဖြစ်ကြောင်း မော်စကိုက သံတမန်တွေကို ထပ်ခါတလဲလဲ သတိပေးခဲ့ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_858.html
ယူကရိန်းဆီက သိမ်းထားတဲ့ မြေတွေကနေ မြေရှားသတ္တုတွေကို အမေရိကန်နဲ့ပေါင်းထုတ်မယ်လို့ ပူတင်ပြော
25.02.202502:19
လုပ်ငန်းသုံး မော်တော်ယာဉ်(၁၃)စီး ပြန်လည်ထုတ်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြင်ဆင်မှု လျှောက်ထားခဲ့၍ ခရိုင်တရားရုံးတော်မှ မော်တော်ယာဉ်(၁၃)စီးကို ပြန်လည် ပေးအပ်စေရန် အမိန့်ချမှတ်ခဲ့သော်လည်း ထုတ်ယူ၍မရသဖြင့် ကူညီ ပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ လျှောက်ထား တင်ပြခြင်း
ရည် ညွှန်း ချက် ။
(၁) ပုသိမ်ကြီးမြို့နယ်တရားရုံး၏ ၂၃-၇-၂၀၂၄ ရက်စွဲပါအမိန့်အမှတ်၊ ၂၀၂၄ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ်-၁၁၆
(၂) အောင်မြေသာစံခရိုင်တရားရုံး၏ ၁၄ - ၁ - ၂၀၂၅ ရက်စွဲပါ ရာဇဝတ် ပြင်ဆင်မှုအမှတ်-၁၀၉/၂၀၂၄ ချမှတ်ခဲ့သောစီရင်ချက်အမိန့်
(၃) ၂၃ - ၁ - ၂၀၂၅ ရက်စွဲပါ သက်သေခံ မော်တော်ယာဉ်များအား ထုတ်ယူ ခွင့်ပြုပါရန် လျှောက်လွှာ

အမှုဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ကျေးရွာရှိ မြေပိုင်ရှင် ဦးရန်ကျုံးရှော်(ခ)ဦးလောဝူမှ ၎င်းပိုင်ဆိုင်သော လယ်ယာမြေပေါ်တွင် လမ်းခင်းကျောက်ကြမ်းချရန်အတွက် အခကြေးငွေဖြင့် ကျောက်သယ် မော်တော်ယာဉ်(၁၃)စီးကို ငှားရမ်းခဲ့သဖြင့် ကျောက်ပျက်သွားရောက် သယ်ယူပို့ဆောင်ခဲ့ခြင်းအပေါ် ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၁၁.၃.၂၀၂၄)ရက်နေ့ ရက်စွဲပါစာအမှတ်-၅/ ၁၆ ဦး/ ၆(၁၆၆၇)၊ ဒေသန္တရအမိန့်အမှတ်-၁/၂၀၂၄ ထုတ်ပြန်ထားသည့် အမိန့်ကို ဖောက်ဖျက်ပြီး ပုဒ်မ-၁၄၄ ထုတ်ပြန် ထားသည့် လယ်ယာမြေပေါ်တွင် ကျောက်ပျက်ချရန် သွားရောက်ခဲ့သည်ဟု ဆိုကာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဒုရဲမှူးဝင်းထွဋ်မှ တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံခဲ့ရပါသည်။ အခင်းဖြစ်ပွားရာနေရာနှင့် ဘေးပတ်ဝန်းကျင် နေရာ များတွင် ပုဒ်မ-၁၄၄ ဆိုင်းဘုတ်များ ထောင်ထားမှုမရှိခြင်း၊ ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင် များမှာ ၎င်း နေရာနှင့်(၁၆)မိုင် ကွာဝေးသော ထုံးဘိုကျေးရွာတွင် နေထိုင်သူများဖြစ်၍ တားမြစ် အမိန့်ထုတ်ပြန်ထားသည်ကို မသိရှိပါသောကြောင့် သွားရောက်မိခဲ့ပါကြောင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးသို့ ရိုးသားစွာ အသနားခံတင်ပြခဲ့ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါအမှုမှ ယာဉ်မောင်း ညီညီအောင်ပါ(၁၃)ဦးတို့ အပေါ် စွဲဆိုထားသည့် အမှုကို ရုပ်သိမ်း/ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်သွားရန် ပုသိမ်ကြီးမြို့နယ်တရားရုံးမှ ရည်ညွှန်းချက်(၁)ပါ စာဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၉၄ စာဖြင့် ရုပ်သိမ်းခွင့်ပြုပြီး ပုဒ်မ-၄၉၄(ခ)အရ အမှုမှ အပြီးပြတ် လွှတ်ပေးခဲ့ပါသည်။
မြေပိုင်ရှင်ဖြစ်သူ ဦးရန်ကျုံးရှော်(ခ) ဦးလောဝူအား လယ်ယာမြေပေါ်တွင် ဥပဒေနှင့် မညီသော အခြားနည်းအသုံးပြုခြင်းအတွက် ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ မော်တော်ယာဉ်များမှာ မြေပိုင်ရှင်ဖြစ်သူ ဦးလောဝူ ပိုင်ဆိုင်သောယာဉ်များ မဟုတ်ဘဲ ခေါက်ကြေးငွေဖြင့် ငှားရမ်း၍ သွားရောက်ချပေးသော ကျောက်သယ်ယာဉ်(၁၃)စီးအား ပုသိမ်ကြီး မြို့နယ်တရားရုံးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါသည်။
သို့အတွက် ညီညီအောင်ပါ ယာဉ်မောင်း(၁၃)ဦးတို့က အောင်မြေသာစံ ခရိုင်တရားရုံးတော် သို့ (၁၈-၁၁-၂၀၂၄)ရက်နေ့တွင် အယူခံပြင်ဆင် တက်ရောက်ခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ (၁၄-၁-၂၀၂၅)ရက်နေ့တွင် မော်တော် ယာဉ်(၁၂)စီး Loaderယာဉ်(၁)စီးတို့ကို ပြန်လည်ပေးအပ် စေရန် ဥပဒေစီရင်ထုံးနှင့်အညီ ရည်ညွှန်းချက်(၂)ပါစာဖြင့် ပြင်ဆင်အမိန့်ချမှတ်ခဲ့ပါသည်။

ဖော်ပြပါ အမှုမှ မော်တော်ယာဉ်(၁၃)စီးတို့ကို (၁၅-၁-၂၀၂၅)ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးသို့ သွားရောက်ထုတ်ယူရာတွင် အမှုတွဲရောက်ရှိပြီး ဖြစ်သော်လည်း မန္တလေးတိုင်း တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေမှ ဖုန်းဖြင့် အမှုတွဲတောင်းယူသွား၍ ပုသိမ်ကြီးမြို့နယ် တရားရုံးမှ နောက်တစ်ပတ်မှ ပြန်လာထုတ်ယူရန် ပြောကြားခဲ့သဖြင့် (၂၃-၁-၂၀၂၅)ရက်နေ့တွင် အောင်မြေသာစံ ခရိုင်တရားရုံးတော်မှ ရည်ညွှန်းချက်(၃)ပါ စာဖြင့် သွားရောက်ထုတ်ယူသည့် အခါတွင် မူလရုံးအမှုတွဲကို မန္တလေးတိုင်း ဒေသကြီး တရားလွတ်တော်မှ အမှုတွဲတောင်းခေါ် သွားသည့်အတွက် ယနေ့အချိန်ထိ ယာဉ်(၁၂)စီးနှင့် Loaderယာဉ်(၁)စီးကို ထုတ်ယူခြင်းကိစ္စ ဆိုင်းငံခြင်း ခံခဲ့ရပါသည်။

သို့ဖြစ်ပါ၍ အောင်မြေသာစံခရိုင်တရားရုံးမှ ပြန်လည်ပေးအပ်စေရန် ပြင်ဆင်အမိန့်ချမှတ် ပြီးသော မော်တော်ယာဉ်(၁၂)စီးနှင့် Loaderယာဉ်(၁)စီးကို ဥပဒေနှင့်အညီ မူလပိုင်ရှင်မှ ပြန်လည် ထုတ်ယူခွင့် ရရှိစေရေး သက်ဆိုင်ရာ ဌာနများသို့ လမ်းညွှန်မှုပြုပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်

ဦးမင်းစောထွန်း၊ ဦးဌေးဇော်အောင်

(မှတ်ချက် - အဆိုပါ ဖြစ်စဉ်မှ မော်တော်ယာဉ်မောင်းများ၏ မိသားစုဝင်များ အသနားခံတင်ပြစဉ်ကလည်း မြန်မာနေရှင်နယ်ပို့စ်မှ သတင်းဖော်ပြပေးခဲ့ပါသည်။ ဆက်စပ်ပေးပို့လာသော အိတ်ဖွင့်ပေးစာကို တာဝန်ရှိသူများ သိရှိ၍ ပြည်သူများ နစ်နာမှုမရှိစေရေး ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်သာ ဖော်ပြပေးခြင်း ဖြစ်ပါသည်။ - မြန်မာနေရှင်နယ်ပို့စ် )

#MNP #News #OpenLetter
Join - https://t.me/MyanmarNationalPost
24.02.202516:47
ရုရှားနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ရုရှားသံရုံး၏ သတင်းထုတ်ပြန်ချက်

ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဓာတ်မြေသြဇာထုတ်လုပ်ရေး၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် စက်မှုလုပ်ငန်းအတွက် အလားအလာသစ်များအားလုံးသည် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှု အကူအညီဖြင့် လက်တွေ့ဖြစ်လာမည်ဖြစ်ကြောင်း၊
ရုရှားနိုင်ငံသည် ဆိုက်ဘာလုံခြုံရေးမှသည် e-government အထိ လူများ၏ဘဝပိုမိုအဆင်ပြေလုံခြုံစေရန်အတွက် မြန်မာနိုင်ငံနှင့် အဆင့်မြင့်အိုင်တီဖြေရှင်းနည်းများကို မျှဝေပေးမည်ဖြစ်ကြောင်း၊
ရုရှားနိုင်ငံသားများသည် မြန်မာနိုင်ငံရှိ ဟိုတယ်များနှင့် ဆိုင်များတွင် Mir ကတ်များဖြင့် ငွေပေးချေနိုင်မည်ဖြစ်ပြီး မြန်မာကျောင်းသားများသည် ရုရှားတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်မည်ဖြစ်သည်။ ဗီဇာကင်းလွတ်ခွင့်အတွက်လည်း ဆွေးနွေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

#News #MNP
https://t.me/MyanmarNationalPost
ယူကရိန်းစစ် ၃ နှစ်ပြည့် ပွဲကို ကနေဒါ ဝန်ကြီးချုပ် တက်ရောက်
ငမိုက်သားတွေရဲ့ သမိုင်းမှတ်တမ်း

ကာတွန်း - နွေမင်းသစ်
#News #MNP #Cartoon
https://t.me/MyanmarNationalPost
25.02.202503:33
မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလို

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး၌ တိုင်းဒေသကြီးအတွင်းမှ ဌာနဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍကြီးများတွင် ခရီးသွားလုပ်ငန်းသည် ကဏ္ဍတစ်ခုအဖြစ်ပါဝင်နေသည့်အတွက် ဝန်ထမ်းများက အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးကို အားပေးမြှင့်တင်ပြီး ပြည်သူ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_999.html
25.02.202502:19
လုပ်ငန်းသုံး မော်တော်ယာဉ်(၁၃)စီး ပြန်လည်ထုတ်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြင်ဆင်မှု လျှောက်ထားခဲ့၍ ခရိုင်တရားရုံးတော်မှ မော်တော်ယာဉ်(၁၃)စီးကို ပြန်လည် ပေးအပ်စေရန် အမိန့်ချမှတ်ခဲ့သော်လည်း ထုတ်ယူ၍မရသဖြင့် ကူညီ ပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ လျှောက်ထား တင်ပြခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_757.html
24.02.202514:47
ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးရွာကို ယနေ့ည PDF အကြမ်းဖက်အဖွဲ့က ထပ်မံ လာရောက်တိုက်ခိုက်

ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးရွာကို ယနေ့ည PDF အကြမ်းဖက်အဖွဲ့က ထပ်မံ လာရောက်ပြီး Drop Bomb များ ပစ်ချ တိုက်ခိုက်လုပ်ဆောင်နေကြောင်း ဆက်သွယ်ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း က ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်လုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအမျိုးသမီး ၃ ဦးလက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

#News #MNP
https://t.me/MyanmarNationalPost
25.02.202506:45
25-2-2025
လူမျိုးလိမ်ဖန်တီးမှု ပြဿနာနှင့် ဆရာတော်ဦးဝီရသူ ၏ ရပ်တည်ချက်
ရုရှား - မြန်မာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ
ပြည်ဖျက်မီဒီယာက ကောင်တွေ တစ်ခါလောက် အမှန်တရားကို ဝန်ခံပါလား၊
Western News က ဝဏ္ဏခွါညို အား မေတ္တာရပ်ခံခြင်း၊

https://t.me/MyanmarNationalPost
မိတ်ဆွေအစစ်

ရုရှား မြန်မာ ပူးပေါင်းတာ
အနာဂတ်ကောင်းဖို့ပါ..။

ခေတ်မှီ စိုက်ပျိုး မီးလင်းရေး
စက်ရုံဆောက်လုပ်ပေး...။

အခွင့်လမ်းကောင်း ရလာဒ်မှာ
ရင်းနှီးမြုပ်နှံပါ...။

တိုင်းပြည်လုံခြုံ တိုးတက်ဘို့
တို့တွေ ဆောင်ရွက်စို့..။

တက္ကသိုလ်များ ပညာရှာ
ကမ္ဘာ့ ဆင့်မှီတာ..။

လက်တွဲညီညာ ပူးပေါင်းက
မိတ်ဆွေ အစစ်ဗျ...။

ပညာဝံသ(မျိုးချစ်သမဂ္ဂ)
https://t.me/MyanmarNationalPost
25.02.202503:25
မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ခြင်းဖြင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး တိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ ၂၀ ရက်က အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_107.html
25.02.202500:40
မြန်မာလုပ်သားများ ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
မြန်မာလုပ်သားများ ရုရှားနိုင်ငံသို့ စေလွှတ်နိုင် ရေးအတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးနိုင် ရေး၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အလုပ် သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း(MOEAA) နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ARA Academy ရုရှားဘာသာစကားကျွမ်းကျင်မှု သင်တန်း ကျောင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင် ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်မြင့်မားခြင်း၊ ကျင့်ဝတ်သိက္ခာမရှိသည့် လုပ်ငန်းရှင်များထံတွင် အလုပ်လုပ်ကိုင်ရပါက လုပ်ငန်းခွင်ပြဿနာအမျိုးမျိုး ကြုံတွေ့ရခြင်း၊ နေထိုင်မှုဘဝမလုံခြုံခြင်း၊ အဓမ္မ အလုပ်လုပ်ကိုင် ခိုင်းစေမှုများ ကြုံတွေ့ရခြင်း၊ အလုပ်ရှင် အလုပ်သမား ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ ကြုံတွေ့ရခြင်း၊ ကျွမ်းကျင် မှု အရည်အချင်းအလိုက် ရရှိရမည့်လုပ်ခလစာကို အသိအမှတ်ပြု မရရှိခြင်း၊ ဥပဒေအရ သတ်မှတ်ရက် အလိုက်ရရှိမည့် လုပ်ခလစာမရရှိခြင်းနှင့် လုပ်အားခ ပြည့်ဝစွာမရရှိခြင်း၊ အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင် ခွင့်သက်တမ်းတိုး ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိခြင်းတို့ကို ကြုံတွေ့နေရကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသူများသည် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် မြန်မာလုပ်သားများအား သက်ဆိုင်ရာ နိုင်ငံများမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကာကွယ် စောင့်ရှောက်မှုများရရှိစေရေး၊ စေလွှတ်မည့်နိုင်ငံ၌ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ်အလုပ်ချိန်နှင့် ကျွမ်းကျင်မှုအလိုက် လုပ်ခလစာများ ရရှိရေးအတွက် အလုပ်ရှင် အလုပ်သမား သဘော တူညီချက်စာချုပ် ခိုင်မာစွာချုပ်ဆိုနိုင်ရေး၊ ပြည်ပ နိုင်ငံများမှ မိသားစု လွှဲပို့ငွေများ စနစ်တကျလွှဲပို့နိုင် ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ်ပြည်ထောင်စုဝန်ကြီးက ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် ပြည်ပနိုင်ငံများသို့ လုပ်သားများ စေလွှတ်ရာတွင် မိမိ၏ သားသမီးများသဖွယ် သဘောထား၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ အရပ်ရပ်ကို မြော်တွေးစဉ်းစား၍ ဂုဏ်သိက္ခာရှိသော ကုမ္ပဏီများအဖြစ် ရပ်တည်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost
ဆက်ကြေးလား/ အသက်ပေးမလား

ရွှေဘိုနယ် လယ်သမား
တကယ်များ သနားဖွယ်...။

ထမိန်ခြုံ ပဒက်စုတ်
စက်ဆုပ်ခြင်ဘွယ်...။

ကျွေးတဲ့လက် ပြန်ကိုက်တယ်
မန်လိုက်မယ် အမျိုး...။

အရောင်မတူလို့
တောင်သူကို သတ်ဖြတ်တဲ့
ရက်စက် အငြှိုး ...။

ပညာဝံသ (မျိုးချစ်သမဂ္ဂ)
#News #MNP
https://t.me/MyanmarNationalPost
24.02.202514:37
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ရောင်းချပေးခြင်း

24-02-2025
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ၂၃ သန်းနှင့် ထိုင်းဘတ် သန်း ၁၅၀ ရောင်းချပေးမည်ဖြစ်ပါသည်။

https://t.me/MyanmarNationalPost
ဥတ္တရသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ နေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရသီရိမြို့နယ်တွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၈၇) စု၊ စုစုပေါင်းလူဦးရေ (၃၁၃) ဦးအတွက် ငွေကျပ် (၆,၂၆၀,၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း
https://t.me/MyanmarNationalPost
25.02.202503:51
ယူကရိန်းဆီက သိမ်းထားတဲ့ မြေတွေကနေ မြေရှားသတ္တုတွေကို အမေရိကန်နဲ့ပေါင်းထုတ်မယ်လို့ ပူတင်ပြော

ဖေဖော်ဝါရီ - ၂၅ ( အင်္ဂါနေ့ )
မော်စကိုသည် ဒွန်နက်စ် နှင့် လူဂန်စ်ပြည်သူ့သမ္မတနိုင်ငံ၊ ခါဆန်ဒေသနှင့် ဇာပိုရောဇီး ဒေသများအပါအဝင် မြေရှားသတ္တုသိုက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝါရှင်တန်နှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက မော်စကိုနှင့် ယူကရိန်းနိုင်ငံကို တွန်းအားပေးနေတဲ့ မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ရုရှား 1 TV သတင်းထောက် ပေဗယ်ဇာရူဗင် နဲ့ အင်တာဗျူးမှာ ပူတင်က အခုလိုပဲ ပြောသွားတာပါ။
ယူကရိန်းနိုင်ငံရဲ့ မြေရှားသတ္တုသိုက်များ၏ အမှန်တကယ်တန်ဖိုးကို မြင်တွေ့နေရဆဲဖြစ်ကြောင်း၊ မော်စကိုသည် စီးပွားရေး ကဏ္ဍများစွာတွင် ၎င်းတို့၏ အရေးပါမှုဖြင့် ၎င်း၏ကိုယ်ပိုင် သတ္တုတွင်းထွက်များ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ၊ ကျနော်တို့ရဲ့ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ စိတ်ဝင်စားမှုပြခဲ့မယ်ဆိုရင် ဒါကို ကမ်းလှမ်းဖို့ ကျနော်တို့ကတော့ အဆင်သင့်ဖြစ်နေကြာင်း ပြောသွားပါတယ်။
ရှားပါးမြေတွင်းထွက်သတ္တုကြွယ်ဝမှုနှင့် ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ရုရှားသည် ၎င်း၏သတ္တုသိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒီမှာ နယ်မြေသစ်တွေ ရှိပါတယ်၊ ရုရှားဖက်ဒရေးရှင်းကို ပြန်ပေးခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ သမိုင်းဝင်နယ်မြေသစ်တွေ မှာလည်း သိသာထင်ရှားတဲ့ သတ္တုသိုက်တွေရှိပါတယ်။” လို့ဆိုပါတယ်။
Donetsk ဒွန်းနက်စ် နဲ့ လူဂန်စ် ပြည်သူ့သမ္မတနိုင်ငံတွေက ယူကရိန်းရဲ့ အရှေ့ဘက် ခွဲထွက်ရေးသမားတွေ တည်ထောင်ထားတဲ့ နိုင်ငံတွေဖြစ်ပြီး ခါဆန်ဒေသနဲ့ ဇာပိုရိုက်ဇီး ဒေသတွေကလည်း ၂၀၂၂ ကတည်းက ဒေသတွင်းလူထုဆန္ဒခံယူပွဲလုပ်ကာ ရုရှား နိုင်ငံနဲ့ ပူပေါင်းခဲ့ပါတယ်။ ယူကရိန်းမှာ မြေရှားသတ္တုသိုက်များ၏ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅ ထရီလျံနီးပါး ခန့်ရှိပါတယ်။ မြေရှားသတ္တုသိုက် ထက်ဝက်နီးပါးသည် ဒွန်နက်စ်နဲ့ လူဂန်စ် နိုင်ငံများမှာ ရှိနေတာပါ။

REF - RT
#MNP #News
Join - https://t.me/MyanmarNationalPost
25.02.202502:37
သဘာဝတောများ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_523.html
မြန်မာလုပ်သားများ ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
24.02.202515:45
ယူကရိန်းစစ် ၃ နှစ်ပြည့် ပွဲကို ကနေဒါ ဝန်ကြီးချုပ် တက်ရောက်

ဖေဖော်ဝါရီ - ၂၄ ( တနင်္လာနေ့ )
ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ပြုလုပ်တဲ့ ယူကရိန်း-ရုရှား ၃ နှစ်ပြည့်ပွဲကို ကနေဒါ ဝန်ကြီး ဂျက်စတင် ထရူးဒူ အပါအဝင် ဒါဇင်နဲ့ချီတဲ့ ဥရောပခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
နော်ဒစ် - ဘောလ်တစ် ၈ နိုင်ငံ ဟုခေါ်သော အက်စ်တိုးနီးယား၊ ဖင်လန်၊ အိုက်စလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နော်ဝေး၊ ဆွီဒင်နှင့် ဒိန်းမတ်တို့အပြင် ကနေဒါ၊ စပိန်နှင့် ဥရောပသမဂ္ဂတို့က ခေါင်းဆောင်များ ယူကရိန်း ထိပ်သီးဆွေးနွေးပွဲအတွက် တက်ရောက်နေကြကြောင်း အက်စ်တိုးနီးယား ၀န်ကြီးချုပ် ခရစ်တန် မီချယ်က ၎င်း ရဲ့ X ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့ပါတယ်။
စစ်ပွဲစတင်ကတည်းက သုံးနှစ်အတွင်း ယူကရိန်းသည် "ခံနိုင်ရည်ရှိခြင်း၏ စစ်မှန်သော အဓိပ္ပါယ်ကို ကမ္ဘာကို ပြသခဲ့သည်။ ငြိမ်းချမ်းရေးအတွက် သတ်မှတ်ချက်များကို ဆုံးဖြတ်ရာမှာ ယူကရိန်းတစ်ခုတည်းပေါ်သာ မူတည်သည်" ဟု ၎င်းက ရေးသားခဲ့သည်။ "ယူကရိန်းရဲ့ အောင်ပွဲအတွက် ကျနော်တို့ ယုံကြည်ပါတယ်၊ ဒါပေမယ့် အသက်ဝင်ဖို့ လိုအပ်တယ်။ ယူကရိန်းအတွက် ကျနော်တို့ရဲ့ အကူအညီကို အခုကနေ အရှိန်မြှင့်ရမယ်" လို့ ရေးတင်ခဲ့ပါတယ်။
REF: UPI

#News #MNP
https://t.me/MyanmarNationalPost
24.02.202514:07
မြိတ်မြို့၊ ဖားအောက်တောရဗုဒ္ဓသာသနာ့ရိပ်သာရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဖားအောက်တောရဗုဒ္ဓသာသနာ့ရိပ်သာ ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါရိပ်သာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ‌ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၂ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၃၀ ပါးနှင့် ဒေသခံပြည်သူ ၉ ဦးတို့အား အရိုးအကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေ ပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များအား နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သည်။
ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#News #MNP
https://t.me/MyanmarNationalPost
Показано 1 - 24 из 124
Войдите, чтобы разблокировать больше функциональности.