خبرفوری

آهنگیفای

TrueCaller

Notcoin Community

Whale Chanel

Proxy MTProto | پروکسی

iRo Proxy | پروکسی

Findo Lucky

My Proxy | مای پروکسی

خبرفوری

آهنگیفای

TrueCaller

Notcoin Community

Whale Chanel

Proxy MTProto | پروکسی

iRo Proxy | پروکسی

Findo Lucky

My Proxy | مای پروکسی

خبرفوری

آهنگیفای

TrueCaller

Naung Taw Lay
Journalist
Рейтинг TGlist
0
0
ТипПубличный
Верификация
Не верифицированныйДоверенность
Не провернныйРасположение
ЯзыкДругой
Дата создания каналаFeb 10, 2025
Добавлено на TGlist
Dec 28, 2024

25.02.202505:16
မိတ်ဆွေအစစ်
ရုရှား မြန်မာ ပူးပေါင်းတာ
အနာဂတ်ကောင်းဖို့ပါ..။
ခေတ်မှီ စိုက်ပျိုး မီးလင်းရေး
စက်ရုံဆောက်လုပ်ပေး...။
အခွင့်လမ်းကောင်း ရလာဒ်မှာ
ရင်းနှီးမြုပ်နှံပါ...။
တိုင်းပြည်လုံခြုံ တိုးတက်ဘို့
တို့တွေ ဆောင်ရွက်စို့..။
တက္ကသိုလ်များ ပညာရှာ
ကမ္ဘာ့ ဆင့်မှီတာ..။
လက်တွဲညီညာ ပူးပေါင်းက
မိတ်ဆွေ အစစ်ဗျ...။
ပညာဝံသ(မျိုးချစ်သမဂ္ဂ)
https://t.me/MyanmarNationalPost
ရုရှား မြန်မာ ပူးပေါင်းတာ
အနာဂတ်ကောင်းဖို့ပါ..။
ခေတ်မှီ စိုက်ပျိုး မီးလင်းရေး
စက်ရုံဆောက်လုပ်ပေး...။
အခွင့်လမ်းကောင်း ရလာဒ်မှာ
ရင်းနှီးမြုပ်နှံပါ...။
တိုင်းပြည်လုံခြုံ တိုးတက်ဘို့
တို့တွေ ဆောင်ရွက်စို့..။
တက္ကသိုလ်များ ပညာရှာ
ကမ္ဘာ့ ဆင့်မှီတာ..။
လက်တွဲညီညာ ပူးပေါင်းက
မိတ်ဆွေ အစစ်ဗျ...။
ပညာဝံသ(မျိုးချစ်သမဂ္ဂ)
https://t.me/MyanmarNationalPost

25.02.202505:21
ငမိုက်သားတွေရဲ့ သမိုင်းမှတ်တမ်း
ကာတွန်း - နွေမင်းသစ်
#News #MNP #Cartoon
https://t.me/MyanmarNationalPost
ကာတွန်း - နွေမင်းသစ်
#News #MNP #Cartoon
https://t.me/MyanmarNationalPost
25.02.202502:19
လုပ်ငန်းသုံး မော်တော်ယာဉ်(၁၃)စီး ပြန်လည်ထုတ်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြင်ဆင်မှု လျှောက်ထားခဲ့၍ ခရိုင်တရားရုံးတော်မှ မော်တော်ယာဉ်(၁၃)စီးကို ပြန်လည် ပေးအပ်စေရန် အမိန့်ချမှတ်ခဲ့သော်လည်း ထုတ်ယူ၍မရသဖြင့် ကူညီ ပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ လျှောက်ထား တင်ပြခြင်း
ရည် ညွှန်း ချက် ။
(၁) ပုသိမ်ကြီးမြို့နယ်တရားရုံး၏ ၂၃-၇-၂၀၂၄ ရက်စွဲပါအမိန့်အမှတ်၊ ၂၀၂၄ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ်-၁၁၆
(၂) အောင်မြေသာစံခရိုင်တရားရုံး၏ ၁၄ - ၁ - ၂၀၂၅ ရက်စွဲပါ ရာဇဝတ် ပြင်ဆင်မှုအမှတ်-၁၀၉/၂၀၂၄ ချမှတ်ခဲ့သောစီရင်ချက်အမိန့်
(၃) ၂၃ - ၁ - ၂၀၂၅ ရက်စွဲပါ သက်သေခံ မော်တော်ယာဉ်များအား ထုတ်ယူ ခွင့်ပြုပါရန် လျှောက်လွှာ
အမှုဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ကျေးရွာရှိ မြေပိုင်ရှင် ဦးရန်ကျုံးရှော်(ခ)ဦးလောဝူမှ ၎င်းပိုင်ဆိုင်သော လယ်ယာမြေပေါ်တွင် လမ်းခင်းကျောက်ကြမ်းချရန်အတွက် အခကြေးငွေဖြင့် ကျောက်သယ် မော်တော်ယာဉ်(၁၃)စီးကို ငှားရမ်းခဲ့သဖြင့် ကျောက်ပျက်သွားရောက် သယ်ယူပို့ဆောင်ခဲ့ခြင်းအပေါ် ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၁၁.၃.၂၀၂၄)ရက်နေ့ ရက်စွဲပါစာအမှတ်-၅/ ၁၆ ဦး/ ၆(၁၆၆၇)၊ ဒေသန္တရအမိန့်အမှတ်-၁/၂၀၂၄ ထုတ်ပြန်ထားသည့် အမိန့်ကို ဖောက်ဖျက်ပြီး ပုဒ်မ-၁၄၄ ထုတ်ပြန် ထားသည့် လယ်ယာမြေပေါ်တွင် ကျောက်ပျက်ချရန် သွားရောက်ခဲ့သည်ဟု ဆိုကာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဒုရဲမှူးဝင်းထွဋ်မှ တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံခဲ့ရပါသည်။ အခင်းဖြစ်ပွားရာနေရာနှင့် ဘေးပတ်ဝန်းကျင် နေရာ များတွင် ပုဒ်မ-၁၄၄ ဆိုင်းဘုတ်များ ထောင်ထားမှုမရှိခြင်း၊ ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင် များမှာ ၎င်း နေရာနှင့်(၁၆)မိုင် ကွာဝေးသော ထုံးဘိုကျေးရွာတွင် နေထိုင်သူများဖြစ်၍ တားမြစ် အမိန့်ထုတ်ပြန်ထားသည်ကို မသိရှိပါသောကြောင့် သွားရောက်မိခဲ့ပါကြောင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးသို့ ရိုးသားစွာ အသနားခံတင်ပြခဲ့ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါအမှုမှ ယာဉ်မောင်း ညီညီအောင်ပါ(၁၃)ဦးတို့ အပေါ် စွဲဆိုထားသည့် အမှုကို ရုပ်သိမ်း/ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်သွားရန် ပုသိမ်ကြီးမြို့နယ်တရားရုံးမှ ရည်ညွှန်းချက်(၁)ပါ စာဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၉၄ စာဖြင့် ရုပ်သိမ်းခွင့်ပြုပြီး ပုဒ်မ-၄၉၄(ခ)အရ အမှုမှ အပြီးပြတ် လွှတ်ပေးခဲ့ပါသည်။
မြေပိုင်ရှင်ဖြစ်သူ ဦးရန်ကျုံးရှော်(ခ) ဦးလောဝူအား လယ်ယာမြေပေါ်တွင် ဥပဒေနှင့် မညီသော အခြားနည်းအသုံးပြုခြင်းအတွက် ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ မော်တော်ယာဉ်များမှာ မြေပိုင်ရှင်ဖြစ်သူ ဦးလောဝူ ပိုင်ဆိုင်သောယာဉ်များ မဟုတ်ဘဲ ခေါက်ကြေးငွေဖြင့် ငှားရမ်း၍ သွားရောက်ချပေးသော ကျောက်သယ်ယာဉ်(၁၃)စီးအား ပုသိမ်ကြီး မြို့နယ်တရားရုံးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါသည်။
သို့အတွက် ညီညီအောင်ပါ ယာဉ်မောင်း(၁၃)ဦးတို့က အောင်မြေသာစံ ခရိုင်တရားရုံးတော် သို့ (၁၈-၁၁-၂၀၂၄)ရက်နေ့တွင် အယူခံပြင်ဆင် တက်ရောက်ခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ (၁၄-၁-၂၀၂၅)ရက်နေ့တွင် မော်တော် ယာဉ်(၁၂)စီး Loaderယာဉ်(၁)စီးတို့ကို ပြန်လည်ပေးအပ် စေရန် ဥပဒေစီရင်ထုံးနှင့်အညီ ရည်ညွှန်းချက်(၂)ပါစာဖြင့် ပြင်ဆင်အမိန့်ချမှတ်ခဲ့ပါသည်။
ဖော်ပြပါ အမှုမှ မော်တော်ယာဉ်(၁၃)စီးတို့ကို (၁၅-၁-၂၀၂၅)ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးသို့ သွားရောက်ထုတ်ယူရာတွင် အမှုတွဲရောက်ရှိပြီး ဖြစ်သော်လည်း မန္တလေးတိုင်း တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေမှ ဖုန်းဖြင့် အမှုတွဲတောင်းယူသွား၍ ပုသိမ်ကြီးမြို့နယ် တရားရုံးမှ နောက်တစ်ပတ်မှ ပြန်လာထုတ်ယူရန် ပြောကြားခဲ့သဖြင့် (၂၃-၁-၂၀၂၅)ရက်နေ့တွင် အောင်မြေသာစံ ခရိုင်တရားရုံးတော်မှ ရည်ညွှန်းချက်(၃)ပါ စာဖြင့် သွားရောက်ထုတ်ယူသည့် အခါတွင် မူလရုံးအမှုတွဲကို မန္တလေးတိုင်း ဒေသကြီး တရားလွတ်တော်မှ အမှုတွဲတောင်းခေါ် သွားသည့်အတွက် ယနေ့အချိန်ထိ ယာဉ်(၁၂)စီးနှင့် Loaderယာဉ်(၁)စီးကို ထုတ်ယူခြင်းကိစ္စ ဆိုင်းငံခြင်း ခံခဲ့ရပါသည်။
သို့ဖြစ်ပါ၍ အောင်မြေသာစံခရိုင်တရားရုံးမှ ပြန်လည်ပေးအပ်စေရန် ပြင်ဆင်အမိန့်ချမှတ် ပြီးသော မော်တော်ယာဉ်(၁၂)စီးနှင့် Loaderယာဉ်(၁)စီးကို ဥပဒေနှင့်အညီ မူလပိုင်ရှင်မှ ပြန်လည် ထုတ်ယူခွင့် ရရှိစေရေး သက်ဆိုင်ရာ ဌာနများသို့ လမ်းညွှန်မှုပြုပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။
ရိုသေလေးစားစွာဖြင့်
ဦးမင်းစောထွန်း၊ ဦးဌေးဇော်အောင်
(မှတ်ချက် - အဆိုပါ ဖြစ်စဉ်မှ မော်တော်ယာဉ်မောင်းများ၏ မိသားစုဝင်များ အသနားခံတင်ပြစဉ်ကလည်း မြန်မာနေရှင်နယ်ပို့စ်မှ သတင်းဖော်ပြပေးခဲ့ပါသည်။ ဆက်စပ်ပေးပို့လာသော အိတ်ဖွင့်ပေးစာကို တာဝန်ရှိသူများ သိရှိ၍ ပြည်သူများ နစ်နာမှုမရှိစေရေး ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်သာ ဖော်ပြပေးခြင်း ဖြစ်ပါသည်။ - မြန်မာနေရှင်နယ်ပို့စ် )
#MNP #News #OpenLetter
Join - https://t.me/MyanmarNationalPost

31.01.202501:54
မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများ ခွင့်ပြုပေးထားပြီ
နေပြည်တော်၊ ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပရာ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း ခွင့်ပြုပေးထားကြောင်း သိရသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍမှ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တစ်ခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၃ ခုတို့ကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၈၄ သန်းနှင့် ငွေကျပ် ၃၄၅၈၆၃ ဒသမ ၀၄၃ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၁၅၄၄ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ယခု အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့လည်း ပါရှိသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသ ပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ စီးပွားရေးကဏ္ဍ ၁၂ ရပ်အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
#MNP #Naypyitaw

24.02.202516:03
ဆက်ကြေးလား/ အသက်ပေးမလား
ရွှေဘိုနယ် လယ်သမား
တကယ်များ သနားဖွယ်...။
ထမိန်ခြုံ ပဒက်စုတ်
စက်ဆုပ်ခြင်ဘွယ်...။
ကျွေးတဲ့လက် ပြန်ကိုက်တယ်
မန်လိုက်မယ် အမျိုး...။
အရောင်မတူလို့
တောင်သူကို သတ်ဖြတ်တဲ့
ရက်စက် အငြှိုး ...။
ပညာဝံသ (မျိုးချစ်သမဂ္ဂ)
#News #MNP
https://t.me/MyanmarNationalPost
ရွှေဘိုနယ် လယ်သမား
တကယ်များ သနားဖွယ်...။
ထမိန်ခြုံ ပဒက်စုတ်
စက်ဆုပ်ခြင်ဘွယ်...။
ကျွေးတဲ့လက် ပြန်ကိုက်တယ်
မန်လိုက်မယ် အမျိုး...။
အရောင်မတူလို့
တောင်သူကို သတ်ဖြတ်တဲ့
ရက်စက် အငြှိုး ...။
ပညာဝံသ (မျိုးချစ်သမဂ္ဂ)
#News #MNP
https://t.me/MyanmarNationalPost

24.02.202514:06
မြိတ်မြို့၊ ဖားအောက်တောရဗုဒ္ဓသာသနာ့ရိပ်သာရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
12.02.202503:00
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားကွင်း၌ (၁၂.၂.၂၀၂၅)ရက်နေ့ နံနက် (၇ ၀၀)အချိန်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ နိုင်ငံရေးပါတီများ၊ မြို့နယ်စစ်မှုထမ်းဟောင်း၊ မြို့နယ်ကြက်ခြေနီအဖွဲ့များ၊ အရန်မီးသတ်အဖွဲ့များ၊ YMBA အသင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း အင်အား(၁၁၅၀)ဦးခန့် တတ်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအားဖတ်ကြားပြီးနောက် ၂၀၂၅ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်း(၈)ဦးတို့အား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပလျက်ရှိသည်။
#News #MNP
web - https://www.mmnationalpost.com/
telegram - https://t.me/MyanmarNationalPost
tiktok - https://www.tiktok.com/@ko.lay.naung

25.02.202506:40
ဥတ္တရသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ နေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရသီရိမြို့နယ်တွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၈၇) စု၊ စုစုပေါင်းလူဦးရေ (၃၁၃) ဦးအတွက် ငွေကျပ် (၆,၂၆၀,၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း

25.02.202503:51
ယူကရိန်းဆီက သိမ်းထားတဲ့ မြေတွေကနေ မြေရှားသတ္တုတွေကို အမေရိကန်နဲ့ပေါင်းထုတ်မယ်လို့ ပူတင်ပြော
ဖေဖော်ဝါရီ - ၂၅ ( အင်္ဂါနေ့ )
မော်စကိုသည် ဒွန်နက်စ် နှင့် လူဂန်စ်ပြည်သူ့သမ္မတနိုင်ငံ၊ ခါဆန်ဒေသနှင့် ဇာပိုရောဇီး ဒေသများအပါအဝင် မြေရှားသတ္တုသိုက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝါရှင်တန်နှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက မော်စကိုနှင့် ယူကရိန်းနိုင်ငံကို တွန်းအားပေးနေတဲ့ မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ရုရှား 1 TV သတင်းထောက် ပေဗယ်ဇာရူဗင် နဲ့ အင်တာဗျူးမှာ ပူတင်က အခုလိုပဲ ပြောသွားတာပါ။
ယူကရိန်းနိုင်ငံရဲ့ မြေရှားသတ္တုသိုက်များ၏ အမှန်တကယ်တန်ဖိုးကို မြင်တွေ့နေရဆဲဖြစ်ကြောင်း၊ မော်စကိုသည် စီးပွားရေး ကဏ္ဍများစွာတွင် ၎င်းတို့၏ အရေးပါမှုဖြင့် ၎င်း၏ကိုယ်ပိုင် သတ္တုတွင်းထွက်များ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ၊ ကျနော်တို့ရဲ့ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ စိတ်ဝင်စားမှုပြခဲ့မယ်ဆိုရင် ဒါကို ကမ်းလှမ်းဖို့ ကျနော်တို့ကတော့ အဆင်သင့်ဖြစ်နေကြာင်း ပြောသွားပါတယ်။
ရှားပါးမြေတွင်းထွက်သတ္တုကြွယ်ဝမှုနှင့် ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ရုရှားသည် ၎င်း၏သတ္တုသိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒီမှာ နယ်မြေသစ်တွေ ရှိပါတယ်၊ ရုရှားဖက်ဒရေးရှင်းကို ပြန်ပေးခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ သမိုင်းဝင်နယ်မြေသစ်တွေ မှာလည်း သိသာထင်ရှားတဲ့ သတ္တုသိုက်တွေရှိပါတယ်။” လို့ဆိုပါတယ်။
Donetsk ဒွန်းနက်စ် နဲ့ လူဂန်စ် ပြည်သူ့သမ္မတနိုင်ငံတွေက ယူကရိန်းရဲ့ အရှေ့ဘက် ခွဲထွက်ရေးသမားတွေ တည်ထောင်ထားတဲ့ နိုင်ငံတွေဖြစ်ပြီး ခါဆန်ဒေသနဲ့ ဇာပိုရိုက်ဇီး ဒေသတွေကလည်း ၂၀၂၂ ကတည်းက ဒေသတွင်းလူထုဆန္ဒခံယူပွဲလုပ်ကာ ရုရှား နိုင်ငံနဲ့ ပူပေါင်းခဲ့ပါတယ်။ ယူကရိန်းမှာ မြေရှားသတ္တုသိုက်များ၏ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅ ထရီလျံနီးပါး ခန့်ရှိပါတယ်။ မြေရှားသတ္တုသိုက် ထက်ဝက်နီးပါးသည် ဒွန်နက်စ်နဲ့ လူဂန်စ် နိုင်ငံများမှာ ရှိနေတာပါ။
REF - RT
#MNP #News

24.02.202514:07
မြိတ်မြို့၊ ဖားအောက်တောရဗုဒ္ဓသာသနာ့ရိပ်သာရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဖားအောက်တောရဗုဒ္ဓသာသနာ့ရိပ်သာ ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါရိပ်သာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၂ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၃၀ ပါးနှင့် ဒေသခံပြည်သူ ၉ ဦးတို့အား အရိုးအကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေ ပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များအား နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သည်။
ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

24.02.202513:57
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၅၀ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၅၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိရာ၂၀၂၅ခုနှစ်၊ဇန်နဝါရီ ၃၀ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၂၃၇၀ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ၎င်းတို့အနက်မှ ၆၇၃ ဦး ကို ထိုင်းနိုင်ငံ မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၆၉၇ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသား ၂၃၇၀ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ကင်ညာ၊ ကာဇတ်စတန်၊ ကမ္ဘောဒီးယားနှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။

25.02.202500:40
မြန်မာလုပ်သားများ ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
24.02.202513:50
PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်ယာလုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦး လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာ များရရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်လုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအမျိုးသမီး ၃ ဦးလက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ခွန်တောင်းကြီးကျေးရွာနေ မသန္တာထွေး(ဘ)ဦးဝင်းမြင့်၊ မသန်းသန်းစိုး (ဘ)ဦးဝင်းဘိုနှင့် ဒေါ်ပပဦး(ဘ)ဦးစိန်သန်းတို့ ၃ ဦးသည် ကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၁၁၀၀ ခန့်အကွာရှိ လယ်ကွင်းများအတွင်း ပေါင်းမြက်များ ရှင်းလင်းနေစဉ် ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက် သမားများက လယ်ကွင်း၏ အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ငယ် များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ၎င်းတို့တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

24.02.202516:47
ရုရှားနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ရုရှားသံရုံး၏ သတင်းထုတ်ပြန်ချက်
ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဓာတ်မြေသြဇာထုတ်လုပ်ရေး၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် စက်မှုလုပ်ငန်းအတွက် အလားအလာသစ်များအားလုံးသည် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှု အကူအညီဖြင့် လက်တွေ့ဖြစ်လာမည်ဖြစ်ကြောင်း၊
ရုရှားနိုင်ငံသည် ဆိုက်ဘာလုံခြုံရေးမှသည် e-government အထိ လူများ၏ဘဝပိုမိုအဆင်ပြေလုံခြုံစေရန်အတွက် မြန်မာနိုင်ငံနှင့် အဆင့်မြင့်အိုင်တီဖြေရှင်းနည်းများကို မျှဝေပေးမည်ဖြစ်ကြောင်း၊
ရုရှားနိုင်ငံသားများသည် မြန်မာနိုင်ငံရှိ ဟိုတယ်များနှင့် ဆိုင်များတွင် Mir ကတ်များဖြင့် ငွေပေးချေနိုင်မည်ဖြစ်ပြီး မြန်မာကျောင်းသားများသည် ရုရှားတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်မည်ဖြစ်သည်။ ဗီဇာကင်းလွတ်ခွင့်အတွက်လည်း ဆွေးနွေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။
#News #MNP
https://t.me/MyanmarNationalPost
ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဓာတ်မြေသြဇာထုတ်လုပ်ရေး၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် စက်မှုလုပ်ငန်းအတွက် အလားအလာသစ်များအားလုံးသည် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှု အကူအညီဖြင့် လက်တွေ့ဖြစ်လာမည်ဖြစ်ကြောင်း၊
ရုရှားနိုင်ငံသည် ဆိုက်ဘာလုံခြုံရေးမှသည် e-government အထိ လူများ၏ဘဝပိုမိုအဆင်ပြေလုံခြုံစေရန်အတွက် မြန်မာနိုင်ငံနှင့် အဆင့်မြင့်အိုင်တီဖြေရှင်းနည်းများကို မျှဝေပေးမည်ဖြစ်ကြောင်း၊
ရုရှားနိုင်ငံသားများသည် မြန်မာနိုင်ငံရှိ ဟိုတယ်များနှင့် ဆိုင်များတွင် Mir ကတ်များဖြင့် ငွေပေးချေနိုင်မည်ဖြစ်ပြီး မြန်မာကျောင်းသားများသည် ရုရှားတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်မည်ဖြစ်သည်။ ဗီဇာကင်းလွတ်ခွင့်အတွက်လည်း ဆွေးနွေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။
#News #MNP
https://t.me/MyanmarNationalPost

24.02.202513:50
PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်ယာလုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦး လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာ များရရှိ
Войдите, чтобы разблокировать больше функциональности.