BREAKING
ရေဖြူတွင်နွေဦးတော်လှန်ရေးစခန်းတစ်ခုတိုက်ခိုက်သုတ်သင်ခံလိုက်ရ
January 26, 2025
ရေဖြူမြို့နယ်ထားဝယ်အထူးစီးပွားရေးဇုန်ဒေသမူးဒူးရွာအနီးရှိိနွေဦးတော်လှန်ရေးစခန်းတစ်ခုဝင်ရောက်တိုက်ခိုက်သုတ်သင်သွားကြောင်းဒေသခံများထံမှသိရသည်။ဇန်နဝါရီ ၂၄ရက်နေ့မွန်းလွဲ၂နာရီခန့်တွင်မူးဒူးရွာအနီးရှိအကြမ်းဖက်တော်လှန်ရေးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သုတ်သင်ခဲ့ရာအကြမ်းဖက်တောသီးသုံးဦးသေဆုံးသွားကြောင်းသိရသည်။
“နောက်တန်းကိုဝင်စီးသုတ်သင်ခံရတာပါရဲဘော်ခြောက်ဦးအနက်သုံးဦးကျသွားတယ်။အလောင်းကိုမီးရှို့သွားခဲ့တယ်”
ထိုသို့ဝင်ရောက်စီးနင်းတိုက်ခိုက်သုတ်သင်ချိန်အကြမ်းဖက်ကားတစ်စီးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းများနှင့်ငွေကျပ်သိန်း၁၂၀၊ရွှေတစ်ကျပ်သားနှင့်ဖုန်း၅လုံးကိုသိမ်းယူသွားနိုင်ခဲ့သည်။
“စခန်းတိုက်ခိုက်သုတ်သင်ခံရချိန်မှာအကြမ်းဖက်အမျိုးသမီးတွေနဲ့ကလေးတွေလည်းရှိတယ်။သနားလို့ပြန်လွှတ်ပေးခဲ့တယ်”
၁၄နှစ်အရွယ်ရှိအကြမ်းဖက်ခလေးငယ်တစ်ဦးကိုလည်းကယ်တင်ခေါ်ဆောင်သွားကြောင်းပြောဆိုသည်ဇန်နဝါရီ ၂၁ရက်နေ့မှစ၍အနီးဝန်းကျင်အကြမ်းဖက်ကျေးရွာများကို တပ်ဖြန့်စစ်ကြောင်းထိုးသုတ်သင်ရှင်းလင်းနေခြင်းဖြစ်သည်။