မန္တလေးတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် MDY PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီလ ၁၉
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အိမ်အမှတ် (၈၀) နေ ရာအိမ်မှူး ဦးဝင်းဦးသည် နေအိမ်အနီးရှိ “အောင်ကျော်စိုး” ကွမ်းယာဆိုင်ရှေ့၌ ထိုင်နေစဉ် (စိစစ်ဆဲ) ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့သောကြောင့် ရာအိမ်မှူး ဦးဝင်းဦးသည် လည်ပင်းကျည်ဖောက် ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများကြောင့် ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၈ x ၄၉ လမ်းကြားတွင် တရားခံ နန်းဝင်းစိုး (ခ) နိုင်ဝင်းစိုး (၃၈) နှစ်နှင့် မင်းခန့် (ခ) ဂူးဂူး (၂၀) နှစ်တို့ ၂ ဦးအား နေအိမ်အတွင်းမှ ၉ မမကျည် ၁ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါနေ့ နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၇ x ၄၈ လမ်းကြားနေ ဆက်စပ်တရားခံဖြစ်သူ အောင်အောင် (ခ) အောင်လေး (၃၆) နှစ်အား လက်လုပ်ပစ္စတို ၄ လက်၊ ၉ မမကျည် ၁၇ တောင့်၊ MG1 ပလတ်စတစ် လက်ပစ်ဗုံး ၁၁ လုံး၊ 91 လက်ပစ်ဗုံး ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ နန်းဝင်းစိုး (ခ) နိုင်ဝင်းစိုး၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းတွင် စဉ့်ကိုင်မြို့နယ်၊ ဆယ့်နှစ်ကိုင်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆက်စပ်တရားခံ ဇော်ဇော်ထွန်း (ခ) ဇော်သက် (ခ) ဖက်တီး (၂၈) နှစ်၊ မြနန္ဒာရပ်ကွက်၊ ပလိပ်မြို့နေသူအားလည်းကောင်း၊ တရားခံ ဇော်ဇော်ထွန်း (ခ) ဇော်သက် (ခ) ဖက်တီး၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းတွင် ထွန်းထွန်းမြင့် (၅၀) နှစ်၊ ကျွဲနဖားကျေးရွာ၊ စဉ့်ကိုင်မြို့နယ်နေသူအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းတွင် တရားခံ သူရိန်ထွန်း (၂၆) နှစ်၊ အကွက်အမှတ် (၅၀၁)၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူအားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၆ ဦးတို့အား လက်လုပ်ပစ္စတိုသေနတ် ၄ လက်၊ ၉ မမ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် MDY PDF အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ မင်းသန့်ကျော် (ခ) ဝင်းထွန်း (ခ) ဖောင်းဒိုင်းနှင့် ရင်းနှီးခဲ့ကာ မင်းသန့်ကျော် (ခ) ဝင်းထွန်း (ခ) ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်လုပ်ပစ္စတိုသေနတ် ၄ လက်၊ ၉ မမ ကျည် ၃၁ တောင့်၊ လက်ပစ်ဗုံး ၁၅ လုံးတို့အား ယူဆောင်ခဲ့ပြီး အောင်အောင် (ခ) အောင်လေး၏ နေအိမ်တွင် သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ MDY PDF အကြမ်းဖက်အဖွဲ့ဝင် မင်းသန့်ကျော် (ခ) ဝင်းထွန်း (ခ) ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့နှင့် စဉ့်ကိုင်မြို့များအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၉ ကြိမ်နှင့် ဖောက်ခွဲဖျက်ဆီးမှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း-
(က) ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် စဉ့်ကိုင်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအဝင်ရှိ တံတားပေါ်၌ အပြစ်မဲ့ပြည်သူ ဦးအောင်ဝင်းအား နန်းဝင်းစိုး (ခ) နိုင်ဝင်းစိုးနှင့် အောင်အောင် (ခ) အောင်လေးတို့ ၂ ဦးမှ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
(ခ) ဇွန်လ ၂၉ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်ရှိ ရာအိမ်မှူး ဦးဖိုးကျော်အား နန်းဝင်းစိုး (ခ) နိုင်ဝင်းစိုး၊ အောင်အောင် (ခ) အောင်လေးတို့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး သူရိန်ထွန်းမှ အခြေအနေကြည့်ရူပေးခဲ့ကြောင်း။