📣 Hopeless 2023
ဒီတစ်ခါတော့ Song Joong Ki ရဲ့ ခပ်ကြမ်းကြမ်း ပုံစံကို ကြည့်ရမယ့် ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါ့မယ်နော်
အနာဂတ်ရော မျှော်လင့်ချက်ရော မရှိတဲ့ မြို့လေးထဲမှာ ယောင်းဂယူဟာ အသက် ၁၇ နှစ် ရောက်သည်အထိ မြို့အပြင်တောင် မထွက်ဖူးဘဲ ကြီးပြင်းလာခဲ့ပါတယ်။ ပထွေးဖြစ်သူရဲ့ ရိုက်နှက်နှိပ်စက်မှုတွေကို သည်းခံရင်းနဲ့ တစ်ချိန်ထဲမှာပဲ ပိုက်ဆံရှာရင်း နယ်သာလန်နိုင်ငံကို မိခင်နဲ့အတူ ထွက်သွားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
တစ်ရက်မှာတော့ ပထွေးရဲ့ သမီးဖြစ်သူ ဟာယန်းကို ကာကွယ်ဖို့နဲ့ ရန်ဖြစ်ခဲ့ရာကနေ ကျေအေးငွေမပေးနိုင်လို့ ဒုက္ခရောက်နေချိန် ဒီမြို့ရဲ့ အလယ်အဆင့် မာဖီးယားခေါင်းဆောင်ဖြစ်တဲ့ ချီဂွန်းက သူ့ကို ကူညီပေးခဲ့လာပါတယ်။ ဒီလိုနဲ့ပဲ ချီဂွန်းတို့ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်လာတဲ့ ယောင်းဂယူဟာ ချီဂွန်းရဲ့ ယုံကြည်မှုကို ရလာပြီးနောက် ဂိုဏ်းထဲမှာ ရှင်သန်ဖို့ ကြိုးပမ်းရာမှာ တဖြည်းဖြည်းနဲ့ အသက်ကိုပါ ထိပါးလာတဲ့ အန္တရာယ်တွေကို ရင်ဆိုင်လာရပါတော့တယ်။
သွားလေနစ်လေအခြေအနေမှာ ဒီလိုမြို့ထဲကနေ ထွက်သွားနိုင်ဖို့ ယောင်းဂယူ ဘယ်လိုလုပ်မလဲ။ဒီနေရာကနေရော သူ ထွက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ပေးပါဦးနော်