Mavka The Forest Song (2023)
ဒီတစ်ခေါက်မှာတော့ The Forest Song ဆိုတဲ့ပြဇာတ်လေးကိုအခြေခံပြီးတင်ဆက်ထားတဲ့ "Mavka The Forest Song"ဆိုတဲ့ကာတွန်းကားလေးကို
အပန်းပြေကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကြောင်းအရာလေးကတော့ မာဗကာဟာ တောထဲကအစောင့်အရှောက်နတ်မိမယ်လေးဖြစ်ပြီးတော့အရမ်းကိုရိုးအလွန်းပြီး
စိတ်ကောင်းရှိတဲ့သူလည်းဖြစ်၊ ကြင်နာတတ်တဲ့သူလည်းဖြစ်ပါတယ် မာဗကာတို့ရဲ့တောကို တစ်ချိန်တုန်းကလောဘစိတ်မွှန်နေတဲ့လူသားတွေ
တိုက်ခိုက်ပြီးအန္တရာယ်ဖြစ်ခဲ့ဖူးတာကြောင့် လူသားတွေကို လုံးဝတားမြစ်ခွင့်ပိတ်ပင်ထားတဲ့နေရာဖြစ်ပါတယ် လူးကတ်စ်ကတော့ ဂီတကိုချစ်မြတ်နိုးတဲ့
လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ နာမကျန်းဖြစ်နေတဲ့ဦးလေးဖြစ်သူကို ဆေးကုဖို့အတွက်ငွေလိုနေတဲ့သူပါ
ဒီလိုနဲ့တစ်ရက်မှာတော့မြို့ထဲကိုလူချမ်းသာအမျိုးသမီးတစ်ယောက်ရောက်လာပြီးတော့ ဒီတောထဲကိုသွားပြီး သူရှာခိုင်းတဲ့သစ်ပင်ကိုရှာနိုင်ရင်
ငွေတွေအများကြီးပေးမယ်လို့ ကမ်းလှမ်းလာပါတယ် ငွေလိုနေတဲ့လူးကတ်စ်တစ်ယောက် မာဗကာရှိတဲ့တောထဲကိုသွားရဖို့အကြောင်းဖန်လာတာပေါ့
မာဗကာနဲ့လူးကတ်စ်တို့ ဘယ်လိုမျိုးတွေ့ဆုံပြီး ချစ်ကြိုက်သွားကြမလဲ၊ တာဝန်နဲ့အချစ်ကြားမှာ မာဗကာတစ်ယောက် ဘာကိုရွေးချယ်သွားမလဲဆိုတာကိုတော့
ဆက်လက်ပြီးတော့ စောင့်ကြည့်ပေးကြပါဦးနော်