ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား ရောင်တော်ဖွင့်ကုသိုလ်ပြု
ဖေဖော်ဝါရီ ၂၅
ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား ရောင်တော်ဖွင့်ကုသိုလ်ပြုခြင်းအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်ကကျင်းပခဲ့ပါတယ်။
စိန်ဖူးတော်အား တရော်ကင်ပွန်းရေ၊ ပရိတ်ပဋ္ဌာန်းရေ၊ နံသာရေများဖြင့် ကုသိုလ်ပြုရောင်တော်ဖွင့်ခြင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့် စုံလင်းနှင့် တာဝန်ရှိသူများ၊ စေတီတော်မြတ်ကြီး၏ ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့ဝင်များက ကုသိုလ်ယူပြုလုပ်ခဲ့ကြပါတယ်။
ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက ရတနာငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား အနီးကပ်ဖူးမျှော်စစ်ဆေးမှုများပြုလုပ်ခဲ့ကြပါတယ်။